
လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကိုကူညီ ပေးမည့်အစီအစဉ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
OppositeyesToday, 3:10 PMWednesday, December 31, 2014ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့်မြန်မာနိုင်ငံသား နှစ်ဦးကို တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌအနေနှင့် ကူညီလုပ်ဆောင်ပေးရန်အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဆက်စပ်လုပ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစိုးရက လုပ်ပေးနေတယ်လို့ပဲ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။အမှုမှ လွတ်မြောက်ရေး အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အဖမ်းဆီခံ မြန်မာနှစ်ဦးအကျဉ်းထောင်အတွင်းမှစာရေးသား ပေးပို့ထားမှုနှင့် ပတ်သက်၍ The Voice၏မေးမြန်းမှုကို၎င်းကအထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။လက်ရှိ အခြေအနေတွင် မြန်မာအစိုးရအနေနှင့် ရှေ့နေများ ငှားရမ်း၍ တရားဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးနေပြီး တရားခံဟု စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရားဥပဒေအရ အခွင့်အရေး အပြည့်အဝ ရရှိရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ “တရားဥပဒေစိုးမိုးရေးတရားခံများဟာ ရာနှုန်းပြည့်ရရမယ်” ဟု၎င်းကဆိုသည်။စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးအတွက် အစိုးရ၏ကူညီဆောင်ရွက်ပေးမှုသည် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ မူဝါဒနှင့်ကိုက်ညီမှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကထပ်လောင်း ပြောကြားသည်။ဖမ်းဆီးခံမြန်မာနှစ်ဦး ရေးသားပေးပို့သည့် စာကို ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်ထံသို့ မေးလ်မှတစ်ဆင့် ဒီဇင်ဘာလလဆန်းပိုင်းတွင် ပေးပို့ခဲ့သည်။The Voice WeeklyCommentsVisit website
posted from Bloggeroid
No comments:
Post a Comment