
ဓါးမြတိုက်တာလား ၊ ဆက်ကြေးကောက်တာလား KIA
OppositeyesToday, 12:00 PMကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာသို့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှရောက်ရှိလာပြီး ကျေးရွာများမှ စပါးများ အတင်းအဓမ္မကောက်ခံထားကြောင်း ယင်းဒေသခံရွာသားများထံမှတဆင့် သိရှိရပါသည်။သူတို့ဟာက ဆက်ကြေးကောက်တာနဲ့ မတူတော့ဘူး ဓါးမြတိုက်နေသလို ဖြစ်လာပြီ..။ တော်ရုံတန်ရုံ လောက်ဆို ကျွန်တော်တို့ရွာသားတွေ ပေးနိုင်ကြပါတယ်..။ အခုဟာက တစ်အိမ်ထောင် ကို စပါး(၁၀)တင်း တောင်းထားတာ ၊ကျွန်တော်ဆီမှာ မြေမရှိ ၊လယ်မရှိ ၊ခိုင်းစရာ နွားမရှိလို့ လက်လုပ် လက်စား လုပ်စားနေရတဲ့ သူတွေ အများကြီးရှိတယ်လေ...။ သူတို့တွေက ဘယ်က ရစရာရှိလို့ ပေးနိုင်မှာတုန်း…။ တစ်နှစ်ကို ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လာတောင်းကြတာ..။ ငွေတောင်းလိုက်၊ သီးနှံပေါ်ချိန် သီးနှံဖိုးတောင်းလိုက် ၊ စပါးပေါ်ချိန် စပါးတောင်းလိုက် နဲ့ ကျွန်တော် တို့ ရွာသူ/သားတွေ တော်တော် ဒုက္ခရောက်ကြပါတယ်ဆိုပြီး ပြောပါ တယ်..။ကျွန်တော်တို့ ရွာတစ်ရွာတည်း မဟုတ်ဘူး… အစိုးရစစ်တပ်နှင့် အလှမ်းဝေးတဲ့ ရွာတွေဆို သူတို့ အခုလိုပဲ သေနတ်ကိုင်ပြီး အနိုင်ကျင့်နေကြမြဲပါ...။ကျွန်တော်တို့ ဘ၀တွေကကိုယ့်ဝမ်းစာအပြင် KIA တွေရဲ့ စားဝတ်နေရေးကိုပါ ဖြေရှင်းပေးနေရသလို ဖြစ်နေပြီ..။ကျွန်တော်တို့ တနေ့ထက် တနေ့ ပင်ပင်ပန်းပန်း နဲ့ရှာထားရတဲ့ ပိုက်ဆံလေးတွေကို သူတို့ အရက်သောက်ဖို့ ၊ ဘိန်းစားဖို့ ၊ ဆေးခြောက် သုံးဖို့ ပေးနေရတာ တကယ်ကို မကျေနပ်စရာပါပဲ..။ ဒါ့ပေမယ့် ဘာမှ မတတ်နိုင်ဖူးလေ.. ဘယ်သူ့ကို မှလဲ မတိုင်ရဲသလို ၊ ဘယ်သူက သူတို့ကို အရေးယူပေးမယ်ဆိုတာလဲ ကျွန်တော်တို့ မသိဘူး..။ သေချာတာ တစ်ခုက ကျွန်တော်တို့ သူတို့အပေါ် မချေမငံပြောမိရင် သူတို့ စခန်းတွေဆီကို ခေါ်သွား ပြီး ဖမ်းချုပ်တော့တာပါပဲဟု ဒေသခံတစ်ဦးမှ ပြောပါသည်..။KIA အနေဖြင့် ၂၀၁၄ မကုန်ခင် ရက်ပိုင်းအတွင်း ဆက်ကြေးများ အဆမတန်ကောက်ခံ၍ လူသစ် စုဆောင်းမှုများ အတင်းအဓမ္မလုပ်ဆောင်လာခြင်းဟာ သမရိုးကျ ပုံမှန် အခြေအနေမဖြစ်နိုင် ကြောင်းနှင့် ယခု လုပ်ရပ်တွေဟာ ပြည်သူတွေ လိုလားနေတဲ့ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ဟု ၎င်းဒေသခံတစ်ဦးမှ သူ့ရဲ့အမြင်ကို ပြောပါသည်..။အစိုင်းCommentsVisit website
posted from Bloggeroid
No comments:
Post a Comment