Tuesday, December 30, 2014

ကလေးငယ်ကိုကယ်တဲ့ လူငယ်လူမဲ




ကလေးငယ်အတွက် လူစွမ်းကောင်း ဖြစ်ခဲ့သူ Temar

International news for MyanmarToday, 8:45 PMပုံအထက်မှာ မြင်တွေ့နေရတဲ့ အသက် ၁၅ နှစ်အရွယ် အမျိုးသားဟာ ကလေးငယ် ပြန်ပြေးဆွဲခံရမယ့် အခြေအနေကနေ လွတ်မြောက်သွားအောင် ကယ်တယ်ပေးခဲ့သူ ဖြစ်ပါတယ်။ Temar Boggs လို့အမည်ရတဲ့ အသက် ၁၅ နှစ် လူငယ် ဖြစ်ပြီး အဲ့တုန်းက ၂၀၁၃ ဇူလိုင်ဆိုတော့ ယခုဆိုရင် တစ်နှစ်ကျော်မက ရှိနေပါပြီ။ ၎င်းတို့ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ အသက်ငါးနှစ်အရွယ် ခလေးမလေး ပျောက်ဆုံးကြောင်း ရဲများ ပြာဆိုလို့ ရှာနေချိန် လူငယ်ဟာ သူ့သူငယ်ချင်းနဲ့အတူ စက်ဘီးစီးနေပါတယ်။ မမျော်လင့်ပဲ လမ်းတစ်နေရာမှာ ကားပေါ်မှာ ခလေးမလေးကို တွေ့ပါတယ်။ ကလေးမလေးကို ကားပေါ်တင်ပြေးခြင်း ဖြစ်ပါတယ်။ ဒါကို မြင်တော့ Temar နဲ့ သူငယ်ချင်းဟာ စက်ဘီးကို အရှိန်မြင့်မောင်းနှင်ပြီး လိုက်တဲ့အခါ ၁၅ မိနစ်အတွင်း ကားကို အမှီလိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကားထဲက လူဟာလည်း ကလေးငယ်ကို ချပြီး ပြန်ထွက်ပြေးတာကြောင့် ကလေးငယ်ကိုပါ ပြန်လည် ကယ်ဆယ်နိုင်ခဲ့ ပါတယ်။ ကလေးငယ်ဟာ ကယ်ဆယ်တဲ့ လူငယ်ကို အားကိုးတကြီး ပြေးဖက်လို့ ငိုပြီး အမေကို ခေါ်ပေးဖို့ တောင်းဆိုပါတယ်။ဒါကြောင့် သူမ အမေဆီ ပို့ဆောင်ပေးခဲ့ပြီး ယင်း မြို့မှာ နေထိုင်တဲ့ လူတိုင်းက Temar နဲ့ သူငယ်ချင်းကို သူရဲကောင်း စစ်စစ်များ အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။ ကလေးငယ်ရဲ့ မိခင်လည်း သူ့ကို ထွေးပွေ့လို့ ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။Ref: Metroအောင်ခမ်း (www.innewsmyanmar.com).CommentsVisit website

posted from Bloggeroid

No comments:

Post a Comment