Monday, December 29, 2014

နိုဆို့ကလေးငယ်



ဗြိတိန်နိုင်ငံက အသက်အကြီးဆုံး နို့စို့ကလေးငယ်ဖြစ်လာသည့် ခြောက်နှစ်သမီး

by adminMyanmar Latest NewsToday, 7:24 PMလန်ဒန်၊ မြို့တော် အင်စ်လင်တန်က အသက် ၄၄ နှစ်အရွယ်ရှိ က လေးနှစ်ယောက်မိခင်တစ်ဦးက သူမရဲ့ ကလေးနှစ်ယောက်ကိုတစ် ပြိုင်နက်တည်း နို့တိုက်ကျွေးမွေးနိုင်လို့ ဝမ်းသာကြည်နူးနေပါတယ်။မိခင်ဖြစ်တဲ့ ဒီနီစမ်ပ်တာ သူမက သူမရဲ့ သမီးတစ်ယောက် သား တစ်ယောက်တို့ကို တစ်ဖက်နို့တစ်လုံးစီကနေ တစ်ပြိုင်နက်တည်း တိုက်ပါတယ်။ အံ့သြစရာကောင်းတာတစ်ခုက သူမရဲ့ ကလေးနှစ် ယောက်က အမွှာလည်းမဟုတ်သလို အသက်လည်း အရမ်းမနီးပါ ဘူး။ကလေး အကြီးမလေးက အသက် ၆ နှစ်ရှိပြီး အငယ်လေးကတော့ အသက် ၁၈ လသားလေးဖြစ်ပါတယ်။ ဒီကလေးနှစ်ယောက်မှာ အကြီးလေးကနို့သောက်ဖို့ အရွယ်လွန်နေသော်လည်းငယ် သူမရဲ့ အောက်ကအငယ်လေးနည်းတူ ယနေ့အထိနို့အပြိုင်လိုက်သောက် နေတုန်းပါပဲ။ ဒီလိုသောက်လို့လည်း မိခင်ဖြစ်သူက နည်းနည်းလေး မှ မပင်ပန်းပါဘူး။ နို့ရည်ခန်းခြောက်သွားတာလည်း မရှိပါဘူးလို့ သိရပါတယ်။မိခင် ဒီနီက သူမရဲ့ ကလေးမလေးကို ချစ်လွန်းအားကြီးလို့ အလို လိုက်ပြီးတော့ ဒီအရွယ်ထိလုံးဝမငြိုငြင်ပဲ တိုက်နေခဲ့တာဖြစ်ပါတယ်။ သူမနေနဲ့ နို့တိုက်တာကိုတားဆီးမှာမဟုတ်ပဲ သမီးငယ်ဆက်လက် သောက်သုံးနေရင်လည်း ဆက်လက်တိုက်သွားဖို့ရှိတယ်လို့ ဆိုပါ တယ်။ ဒီအသက် ၆ နှစ်အရွယ်ကလေးမလေးကဗြိတိန်နိုင်ငံရဲ့အသက်အကြီးဆုံး နို့စို့ကလေးတစ်ယောက်လည်းဖြစ်လာခဲ့တာပဲဖြစ် ပါတယ်။www.myanmarlatestnews.comPhothutawCommentsVisit website

posted from Bloggeroid

No comments:

Post a Comment