Wednesday, December 31, 2014

ဘာကြောင့်စစ်တမ်းကောက်ရလည်း၂၀၀၈


Jan 1, 2015

လစာတိုးဖို့ ဘာ့ကြောင့် စစ်တမ်း ကောက်ရသလဲ၊ ၂၀၀၈ ပြင်ဆင်ရေးကျတော့ ဘာ့ကြောင့် စစ်တမ်း မကောက်လဲ

လစာတိုးဖို့ ဘာ့ကြောင့် စစ်တမ်း ကောက်ရသလဲ၊ ၂၀၀၈ ပြင်ဆင်ရေးကျတော့ ဘာ့ကြောင့် စစ်တမ်း မကောက်လဲ၊ ပညာရှင်တွေသုံးသပ်တဲ့ ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်တဲ့ အပေါ်ဘယ်လိုမြင်သလဲ။ [အမေး-အဖြေ] (Source -RFA )မေး - လွှတ်တော်ကနေအဆိုပြုထားတဲ့ ၀န်ထမ်းတွေ လစာတိုး ဖို့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ သမ္မတရုံး website မှာစစ်တမ်း ကောက်ယူ နေတယ်လို့ သိရပါတယ်။ ဘာ့ကြောင့်လဲခင်ဗျ။ဖြေ -ပထမဆုံးအနေနဲ့ ဒီကောက်ယူတဲ့ဟာက အားလုံးပြည့်စုံတယ်လို့ ပြောလို့ မရဘူး။ စမ်းသပ်ပြီးကောက်ခံတာပေါ့။ ပထမဆုံး နံပါတ် ၁ က ပြည်သူ့ သဘောထား ပေါ့။ Public Opinion ကိုကောက်ခံခြင်းပေါ့။ အဲဒီလို Public Opinion ကိုကောက်ခံတဲ့နေရာမှာ အမျိုးမျိုးရှိ တယ်။ အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး စစ်တမ်းကောက်တာရှိတယ်။ Mediaတွေက၊ အဖွဲ့ အစည်းတွကတစ်ဆင့် ကောက်ကွက်သတ်မှတ်ပြီးတော့ ကောက်သင်းကောက် ကောက်တာ ရှိတယ်။ နောက်တစ်ဆင့်က ပြည်သူ့သဘောထားတွေကိုဖော်ပြနေတဲ့မီဒီယာတွေ၊ အဖွဲ့အစည်း တွေကနေမှတစ်ဆင့် အသံတွေ ယူရတာရှိတယ်။Online က ဒါက အစိုးရဘက်က ပထမဆုံး စပြီး ကောက်တဲ့သဘော ပေါ့နော်။ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု၊ ဒီပေါ်မှာဘယ်လောက်ထိပါမလဲ၊ ဘယ်လောက်ထိဝင်ပြီးဖြေကြ မလဲ၊ အဲဒီအပေါ်မှာကျွန်တော်တို့က စောင့်ကြည့်ဖို့လိုအပ်သေးတယ်။ ဒါကတော့ ပထမဆုံးအနေနဲ့ စလုပ်ကြည့်တဲ့သဘောပေါ့။မေး - သမ္မတရုံးက နိုင်ငံ့ဝန်တမ်းတွေလစာတိုးဖို့ ဒီအွန်လိုင်းကနေပြီးတော့မှ စစ်တမ်း ကောက်တဲ့ အပေါ်မှာ တစ်ချို့နိုင်ငံရေးပါတီတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဘာ့ကြောင့် စစ်တမ်း မကောက် ယူသလဲ ဆိုပြီးတော့ သုံးသပ်နေတာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘယ်လို မြင်ပါသလဲခင်ဗျ။ဖြေ - အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင်ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ့နော်။ လက်ရှိ ကျွန်တော်တို့နိုင်ငံကကျင့်သုံးလိုက်နာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေကို နားလည်ဖို့ လိုမယ် လို့ ပထမဦးဆုံး အနေနဲ့ ပြောချင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက ပြည်ထောင်စုလွှတ်တော်ကဆောင်ရွက်ရတယ်။ နောက်ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ပြီးသွားရင် ပြည်သူတွေရဲ့ သဘောဆန္ဒကို ခံယူရမယ့်အခါကျရင် ပြည်သူ့ဆန္ဒခံယူပြီး ပြင်ရမယ်။အုပ်ချုပ်ရေးရဲ့အခန်းကဏ္ဍ မပါပါဘူး။ ဒါကို သိထားဖို့လိုပါတယ်။နောက်- -၀န်ထမ်းလစာကတော့ ဘာနဲ့သွားဆိုင်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဘတ်ဂျတ်၊ ၀န်ထမ်းတွေကိုပေးမယ်ဆိုရင်ဘတ်ဂျတ်အရ လျာထားပြီးတော့ ပေးရပါတယ်။ ခွဲဝေပေးရပါတယ်။ အဲဒီတော့လွှတ်တော် ကို တင်သွင်းတဲ့ ဥပဒေကြမ်းထဲမှာ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တင်သွင်း နိုင်ခွင့်ရှိတဲ့ ဥပဒေကြမ်း ၃ ခုရှိပါတယ်။ အဲဒါက နိုင်ငံတော်ရဲ့စီမံကိန်း၊ နိုင်ငံတော်ရဲ့ဘတ်ဂျတ်၊ နောက် နိုင်ငံတော်ရဲ့အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း။ ဒီဥပဒေကြမ်း ၃ခုက အစိုးရကဘဲ တင်သွင်းရမှာ။ ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ တင်သွင်းလို့မရဘူး။အဲဒီတော့အုပ်ချုပ်ရေးက လုပ်ဆောင်ရမယ့်ကိစ္စ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြော ထားတယ်။ပြောထားတဲ့အတွက်ဝန်ထမ်းလစာကိစ္စသည် အုပ်ချုပ်ရေးကသာ လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သည် လွှတ်တော်က လုပ်ရမယ့်ကိစ္စဖြစ်တယ် ဒါက constitutionမှာခွဲထားပြီးသား။ အဲဒီတော့ အုပ်ချုပ်ရေးက ဘာလို့ ဒီလိုစစ်တမ်း ကောက်ယူ သလဲ ဆိုရင် ဒီဝန်ထမ်းလစာ တိုးမြင့်ရေးသည် ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက် ပေးရမယ့် ကိစ္စဖြစ်နေတယ်။ အုပ်ချုပ်ရေးအလုပ်ဖြစ်နေတယ်။ ဒီတော့ Constitution ပြင်ဆင်ရေးသည် လွှတ်တော်အလုပ်။ ၀န်ထမ်းလစာ အစိုးရက တိုးမြင့်ရေးသည် အုပ်ချုပ်ရေးအလုပ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့အစိုးရဘက်က အုပ်ချုပ်ရေးအနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့ အခန်းကဏ္ဍမှာ မရှိတဲ့ Constitution ပြင်ဆင်ရေးက လွှတ်တော်ကပဲ လုပ်ပိုင်ခွင့်ရှိတယ်။ လွှတ်တော် ရဲ့အလုပ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က သွားပြီးတော့ နှောက်ယှက်တာတို့ ဘာညာလည်း မလုပ်ဘူး။ နောက်လွှတ်တော်ကလည်း ဒါတွေ လုပ်နေတယ်။ဝန်ထမ်းလစာကတော့ အစိုးရအလုပ် ဖြစ်တဲ့အတွက် အစိုးရကဒီပေါ်မှာ စဉ်းစားဆုံးဖြတ်ရမယ်။ အဲဒါနဲ့ပတ်သတ်တဲ့ ပြည်သူ့သဘောထား ကောက်ခံတယ်။ သို့သော်လည်း Online Voting ဖြစ်တဲ့အတွက်ဘယ်လောက် ထိဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့နော်။မေး - လစာတိုးလိုက်တယ်ဆိုရင်ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်တယ်လို့ ဒီတစ်ချို့ ပညာရှင်တွေကသုံးသပ်နေတာလဲရှိပါတယ်ခင်ဗျ။အဲဒီအပေါ်မှာ ရောဘာများပြောခြင်ပါသလဲခင်ဗျ။ဖြေ- ကျွန်တော်တို့ နိုင်ငံရဲ့လစာ တိုးခဲ့တဲ့ သမိုင်းပေါ့၊ ၁၉၅၀ ကျော်ကနေစပြီးတော့ တိုးမြှင့် လာလိုက်တဲ့ ဟာကို ပြန်ကြည့်လိုက်ရင် လစာတိုးတိုင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တယ်။ Inflation ဖြစ်တယ်။ အဲဒါ ကတော့ ကျွန်တော်တို့ တူညီတဲ့ အချက်တစ်ချက်ကိုပြန်သွား တွေ့နေ တယ်။ အခု နောက်ဆုံး ဒီလွှတ်တော်ကိုယ်စားလှယ်တွေ တစ်လကို ၁၆ သိန်း တိုးမြှင့်ရေးနဲ့ ဒီဝန်ထမ်းလစာကို တိုမြှင့်ရေး ၈ ဆပေါ့နော်။ ဒီလိုပြောတဲ့အခါမှာ မီဒီယာ တွေမှာ ဖော်ပြတဲ့အပေါ်မှာမူတည်ပြီး ကုန်ဈေးနှုန်းတွေချက်ချင်း လက်ငင်းတက် သွားတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းပေါ့ ကျွန်တော်တို့ပင်စင်စားအပါအ၀င် အားလုံးက ၁.၆သန်း ဘဲရှိတယ်။အဲဒီတော့မြန်မာနိုင်ငံ လူဦးရေသန်း ၅၀ကျော်နဲ့နှိုင်းယှဉ်ကြည့်ရင် ဒါကတော်တော်လေးကိုနည်းတဲ့ ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီတော့ ငွေကြေး လှည့်လည်မှု လှည့်လည်နေတဲ့ ငွေကြေးထဲကိုဝန်ထမ်း လစာဝင်သွားတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ Side Effect ဘေးထွက်ဆိုးကျိုး တွေ အကုန်လုံးကို သီအိုရီအရရော၊ လက်တွေ့ ဖြစ်ခဲ့တဲ့ သာဓကတွေရော၊ လက်တွေ့နိုင်ငံ တော်ရဲ့ ငွေကြေး လည်ပတ်နေတဲ့အခြေအနေ၊ ဒါတွေကို မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ စဉ်းစားသုံးသပ်နေတယ်လို့တော့ပြောလို့ရပါတယ်။ [Listen RFA's Sound file : https://soundcloud.com/burmeserfa/rd4tsq05twifOppositeye myanmar at 12:30 AMShare 

No comments:

Post a Comment

သင်အမြင်ကို သင်မြင်သည့်အတိုင်း ရေးသားနိုင်သည်။ သင်၏ အပြောအဆိုနှင့် သင်၏အတွေးသည် သင်၏အရည်အချင်းပင်ဖြစ်သည်။‹›HomeView web versionPowered by Blogger.

posted from Bloggeroid

No comments:

Post a Comment