



ကိုနေမျိုးဇင်၊ဒေါ်နော်အုန်းလှ၊ဒေါ်စိန်ထွေးတို.အား ပုဒ်မ ၅ ခုဖြင့် တရားစွဲပြီး အင်းစိန်ထောင်ပို.
OppositeyesToday, 8:55 PMယမန်နေ့က ပြုလုပ်ခဲ့သည့် လက်ပတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုအား ဦးဆောင်သူ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေးတို့အား ရန်ကုန်အနောက်ပိုင်းခရိုင် ဒဂုံရဲစခန်းတွင် စစ်ဆေးမေးမြန်းပြီးနောက် ပုဒ်မ၅ ခုဖြင့် စတင်တရားစွဲဆိုနေပြီဖြစ်သည်။ရန်ကုန်မြို.တော်ခန်းမမှ ဒဂုံမြို.နယ်ရှိ တရုတ်နိုင်ငံသံရုံးအားဆန္ဒပြချီတက်မှုတွင်ပါဝင်ခဲ့သည့် ၄င်းတို့ ၃ ဦးအား ယနေ့မနက်တွင် ရဲများကလာရောက်ခေါ်ယူခဲ့ပြီးနိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ တရားမ၀င်စီတန်းလည့်လည်မှု၊ ပုတ်ခတ်ဆဲဆိုမှု ပုမ်မ ၅ ခုဖြင့် အမှုဖွင့်ပြီး ဒဂုံမြို.နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။တရားရုံးတွင်းသို့ မီဒီယာများနှင့် လာရောက်ကြည့်ရှုသူ ပရိတ်သတ်တို့အား ၀င်ခွင့်မပေးသဖြင့် ဒေါ်နော်အုန်းလှက မိနစ်အနည်းငယ်မျှ တရားရုံးရှေ.တွင် လှဲ၍ ဆန္ဒပြခဲ့သည်။တရားတွင်စွဲချက်တင်ပြီးနောက် ၄င်းတို့ ၃ ဦးအား ရမန် ၂ ပတ်ပေး၍ရန်ကုန်အင်းစိန်ထောင်သို့ ချုပ်နှောင်ရန်ခေါ်ဆောင်သွားခဲ့သည်။ဒေါ်စိန်ထွေးမှာ တရုတ်သံရုံးထိပ်တွင် ပိတ်ဆို့ထားသော ရဲအတားအဆီးများကို အလံကိုင်ဆောင်၍ ကျော်ဖြတ်ရန်ကြိုးစားခဲ့သူဖြစ်သည်။ကြေးနီစီမံကိန်းဖျက်သိမ်းရေးအပြင် “သိန်းစိန်အစိုးရဖြုတ်ချရေး”လူသတ်အစိုးရအလိုမရှိဟူသောကြွေးကြော်ချက်များ ဟစ်ကြွေးခဲ့သည့် လူအင်အားရာချီရှိသည့်ဆန္ဒပြပွဲကို ကိုနေမျိုးဇင်ဦးဆောင်သော မြန်မာလူမှုဘ၀ ဖွံ့ဖြိုးရေးအသင်း၊ ဒေါ်နော်အုန်းလှ၏ဒီမိုကရေစီနှင့် အမျိုးသမီးကွန်ယက် နှင့် ဦးဘမြင့်ဦးဆောင်သော ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ.တို့ကအကြမ်းဖက်ရန် ဦးဆောင်ခဲ့သည်။သတင်း- Yangon GlobeCommentsVisit website
posted from Bloggeroid
No comments:
Post a Comment