Tuesday, December 30, 2014

ကိုယ်သွေးကိုသောက်ပြီး ပျော်နေပြီးလား


ကိုယ့်သွေး ကိုယ့်သောက်ပြီး ပျော်နေမိပြီးလား…

OppositeyesToday, 9:11 PMအက်စကီးမို လူမျိုးတွေက ဘာအားမှ သုံးစရာမလိုပဲ ဝက်ဝံရိုင်းတွေကို ဖမ်းနိုင်တယ်.. ဘာကြောင့်ဆို ဝက်ဝံတွေရဲ့ လောဘကို အသုံးချနိုင်လိုပါ.. သွေး.အရမ်းကြိုက်တဲ့ ဝက်ဝံတွေကို ဖမ်းဖို့ဆိုရင် သူတို့က ဖျံတစ်ကောင်ကိုအရင်သတ်လိုက်ပြီး ဖျံရဲ့သွေးနဲ့ အသွားနှစ်ဖက်ပါတဲ့ ဓါးမြှောင်ကို ပုံးတစ်ခုထဲ ပေါင်းထည့်လိုက်တယ်..အရမ်းအေးတဲ့ဒေသမို့ အချိန်တိုအတွင်းမှာ သွေးခဲသွားတယ်.. ပြီးရင် ဓါးမြှောင်ပါတဲ့ ဖျံသွေးခဲ့ကို ရေခဲပြင်မှာပစ်ထားလိုက်ရုံပါပဲ..အနံ့ခံကောင်းတဲ့ဝက်ဝံတို့ဟာ သွေးညှီနံ့နောက် လိုက်ပြီး သွေးခဲကိုခြေရာခံမိတာနဲ့ အငမ်းမရ လျှာနဲ့ လျက်စားပါတော့တယ် လျက်ရင်းလျက်ရင်းခဲနေတဲ့သွေးကပိုချိုလာ၊ ပိုလတ်ဆတ်လာ၊ပိုပူနွေးလာတယ်..အအေးဓာတ်ကြောင့် ထုံနေတဲ့ လျှာကနာကျင်တာကို မခံစားမိတော့ဘူး.. သွေးခဲထဲက ဓါးမြောင်းကို လုံးဝမေ့ပြီး နှာခေါင်းထဲက လတ်ဆတ်တဲ့ သွေးနံ့ရလေလျက်နှုန်း က မြန်လေဖြစ်ပြီး ကိုယ့်သွေးကိုယ် ပြန်သောက်နေမိတယ် .. နောက်ဆုံး..သွေးထွက်လွန်ပြီးမူးလဲသွားတဲ့ အချိန်မှာ ထိုသူတွေက ဘာအင်အားမှ မသုံးဘဲဖမ်းလိုက်ရုံပါပဲ..အားလုံးမှာလိုချင်တပ်မက်ခြင်းလောဘဆိုတာရှိကြပါတယ်.. လူသားတွေကတော့ လောဘလေးထားပြီး အလုပ်လုပ်ကြလို့လည်းအောင်မြင်သင့်သလောက် အောင်မြင်ကြပါတယ်.. သူဌေးကြီးဘီလ်ဂိတ်ကဘယ်လိုပြောလဲဆိုရင် “ခင်ဗျားဆင်းဆင်းရဲရဲမွေးလာတာခင်ဗျားအပြစ် မဟုတ်ပါဘူး၊ ဆင်းဆင်းရဲရဲနဲ့သာသေဆုံးသွားမယ် ဆိုရင်တော့ ဒါဟာခင်ဗျာအပြစ်” တဲ့.. ဒါကြောင့် ငွေနောက်ကိုအသည်းအသန်လိုက်နေကြတယ်.. ငွေရှာတဲ့အချိန်မှာ အတွေးအခေါ်၊ အယူအဆတွေ လွဲမှားခဲ့ရင် ပိုလာဝက်ဝံနဲ့ တူသွားနိုင်တယ်..တင်းတိမ်ရောင့်ရဲနိုင်တဲ့လူကဘယ်တော့မှမဆင်းရဲပါဘူး.. မတင်းတိမ်နိုင်တဲ့လူသာအမြဲဆင်းရဲနေတယ်။ ဒါကြောင့် Yangon life ရဲ့ မိတ်ဆွေတွေအားလုံးကိုလဲ ရောင့်ရဲနိုင်တဲ့သူတွေ ဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြလိုက်ပါတယ်..#Yangonlife#SocialinterestCredit to - မူကြိုဆရာCommentsVisit website

posted from Bloggeroid

No comments:

Post a Comment