
မြန်မာ မလေးတွေ တန်ဖိုး ထားတတ်ကြပါစေ
OppositeyesToday, 4:00 AMအခုနောက်ပိုင်း ဖေ့စ်ဘွတ် People You May Known မှာ တစ်ခုသတိထားမိတာက မိန်းကလေး အကောင့် အချို့ရဲ့ ပရိုဖိုင်းပုံတွေကိုပါ.. ဖေ့စ်ဘွတ်သဘောအရ ကိုယ့်မိတ်ဆွေရဲ့ ဖရန့်ဖြစ်နေလို့ ဖော်ပြတာ ရှိသလို အကောင့် ထဲက အက်တစ်မဖြစ်တဲ့ အကောင့်တွေ ရှင်းထုတ်ပစ်လိုက်လို့ အဒ်ဖို့ရာ ပြပေးတာလဲ ဖြစ်နိုင်ပါတယ်.. ပြောလိုတာက မလုံမခြုံနဲ့ Sexy ဆန်ဆန်ပုံတွေကို တွေ့နေရလို့ပါ..ဒီလိုပြောဖို့ဖြစ်လာရတာကလဲ တွေ့မိရသလောက် ကောင်းမွန်တဲ့ မိသားစုအသိုင်းအဝိုင်း တွေထဲကဖြစ်ပြီး မိဘတွေကပဲ ဆိုဆုံးမမှု့ နည်းလေသလား.. ဒါမှမဟုတ် ကိုယ်တိုင်ကပဲ ဒီလိုတွေ လုပ်ပြရင် လူစိတ်ဝင်စားကြမယ် ထင်နေသလားတော့ မသိဘူး.. တွေ့မြင်ရတာတွေက ဘဝင်မကျစရာတွေပါပဲ.. မြင်လိုက်ကြတဲ့ လူအများစုမှာ အထင်သေးစိတ်တွေ ဝင်သွားပြီး ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး အလိုလိုနိမ့်ကျသွားမယ်ဆိုတာကို ထည့်မတွက်ကြတော့ဘူး.. တဒင်္ဂ ပေါ်ပင်သာယာမှု့ ကို မက်မောနေကြတယ်..မကြာသေးခင်ကလဲ အရှက်လုံရုံ ဝတ်စားထားပြီး စင်ပေါ်တက်ခဲ့တဲ့ အဆိုတော်တစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်.. ကိုယ့် အပြစ်ကိုမမြင်ပဲ ဝေဖန်သူတွေကို အမြင်မကျယ်သယောင် ပြောသွားပါသေးတယ်.. အထင်ကရရှိလှတဲ့ ကမ္ဘာ့မယ်စင်္ကြာဝဠာလို ပြိုင်ပွဲကြီးမှာတောင် ရေကူးဝတ်စုံနဲ့ ကိုယ်ဟန်ပြပြိုင်ရတဲ့ အစီအစဉ်ကို ဖြုတ်လိုက်ဖို့ ဆွေနွေးခဲ့ကြပါတယ်..မယ်စင်္ကြာဝဠာတွေဟာ မိန်းကလေးထုရဲ့ စံပြဖြစ်ပြီး ဆုရရှိပြီး နောက်ပိုင်းမှာလဲ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေရဲ့ သံတမာန်အဖြစ် လူမှု့ ကောင်းကျိုးများကို ဆောင်ရွက်ရလို့ ဒီပုံရိပ်ဟာ မသင့်တော်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်.. အရှက်လုံရုံ ဝတ်ကြရတဲ့ အဝတ်အစားမျိုးထက် အိနြေ္ဒသိက္ခာ မထိခိုက်စေမဲ့ ဝတ်စားဆင်ယင်မှု့ မျိုးကို အစားထိုးသွားမယ်လို့ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ #Julia Morley မှ အတည်ပြု ပြောကြားခဲ့ပါတယ်.. ၂၀၁၅ ခုနှစ်မှာ စောင့်ကြည့်ရပါမယ်..ဝတ်စားဆင်ယင် ပြောဆိုနေထိုင်မှု့ မှာ ပွင့်လင်းလှပါတယ်ဆိုတဲ့ အနောက်တိုင်းလိုမျိုးမှာတောင် အခုလိုယဉ်ကျေးမှု့ စံတွေကို အလေးထားနေချိန်မှာ အိနြေ္ဒသိက္ခာ ကြီးမားပါတယ်ဆိုတဲ့ မြန်မာမိန်းကလေးတွေအနေနဲ့ အစဉ်အလာကို ပိုပြီးတန်ဘိုးထားစေချင်ပါတယ်.. နောက်ဆုံးအနေနဲ့လေဘာတီမမြရင်ရဲ့ အကြောင်းလေးနဲ့ နိဂုံးချုပ်ပါမယ်..မြန်မာ့အငြိမ့်သဘင်လောကမှာ အထင်ရှားဆုံးဖြစ်ကာ အဆို.. အက.. ဟန်ပန်မူယာ..ပြောစရာမလိုအောင်ထူးချွန်သူဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ ကာလသားတို့ အသဲစွဲပေါ့ဗျာ.. ဗြိတိသျှကိုလိုနီခေတ် နယ်မြို့လေးတစ်မြို့မှာ အငြိမ့်ကရပါတယ်.. မျက်နှာဖြူမြို့ပိုင်မင်းကိုယ်တိုင် လာကြည့်ပါတယ်.. အငြိမ့်မင်းသမီး မမြရင်ဟာ ကကွက်ပြောင်းတဲ့အချိန်မှာ ထဘီအနားစွန်းကိုခြေထောက်ခတ်ပြီး အနားသတ်ရပါတယ်..ဒီအချိန်မှာ တစ်ချက်တစ်ချက် ခြေသလုံးသား ပေါ်သွားတတ်တာကို မြို့ပိုင်မင်းက မြင်ပါတယ်.. ဒါပေမဲ့ ခြေအိတ်ဝတ်ထားတာကြောင့် ပကတိအသားကို မမြင်ရပါဘူး.. အားမလိုအားမရ ဖြစ်လာတဲ့မြို့ပိုင်မင်းဟာ ခြေအိတ်ချွတ်ကရင် ရွှေဒင်္ဂါးပြားဆုချမယ်လို့ ဆွယ်ပါတယ်.. မမြရင်က လက်မခံပါဘူး.. တစ်ပြားကနေ နှစ်ပြား.. သုံးပြား.. တိုးပေးပေမဲ့ လုံဝသဘောမတူပါဘူး..နောက်ဆုံးအတင်းအကြပ်ဖြစ်လာတော့မှ ရွှေဒင်္ဂါးလဲမမက်ဘူး.. ခြေအိတ်လဲ ချွတ်မကနိုင်ဘူးဆိုပြီး ပွဲကိုသိမ်းခဲ့ပါတယ်.. ဒါဟာတကယ့်ဖြစ်ရပ်မှန်ပါ.. အိနြေ္ဒသိက္ခာကြီးမားပြီး သဘင်အနုပညာကိုရွှေနဲ့တောင်မလဲ တန်ဘိုးထားတဲ့ မမြရင်ကို အဲ့ဒီခေတ်က မြန်မာပြည်သူပြည်သားတိုင်းက ချစ်ခင်လေးစားခဲ့ကြပါတယ်.. ဒါကြောင့်လဲ ကမ္ဘာ့အလယ်မှာ မြန်မာမိန်းကလေးတွေဟာ အရှက်အကြောက်ကြီးမားကြတယ်လို့ ပြောစမှတ်ပြုခံရပါတယ်.. ဒုတိယကမ္ဘာစစ်အတွင် စစ်ပြေးကြတော့ မမြရင်ဗုံးထိပြီး သေသွားတယ်ဆိုတဲ့ ကောလဟလသတင်း တစ်ပြည်လုံးပျံ့ ခဲ့လို့ တုံးကျော်မလေဘာတီ ဆိုတဲ့သီချင်းနဲ့ ပြန်ဖြေရှင်းခဲ့ရဖူးပါတယ်..မြန်မာ အမျိုးသမီးကောင်းလေးများအဖြစ် မိမိကိုယ်မိမိ တန်ဘိုးထားတတ်ကြပါစေ....။အက်ရှင်ဘဘ ဒီမို ( ၂၈.၁၂.၂၀၁၄ )Photo Credit : နှစ် ၁၅၀ ပြည့် မန္တလေးCommentsVisit website
posted from Bloggeroid
No comments:
Post a Comment