Tuesday, December 30, 2014

အဲအေရှာလေယာဉ်တစ်စီးဖီလစ်ပိုင်တွင်ပြေးလမ်းချော်


အဲအေးရှားလေယာဉ်နောက်တစီး ဖိလစ်ပိုင်မှာ ပြေးလမ်းချော်

The Irrawaddy's BlogToday, 10:04 PMဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာ အဲအေးရှား ဇက်စ်တ် လေယာဉ်တစီးဟာ ဖိလစ်ပိုင်းနိုင်ငံ အလယ်ပိုင်း ကာလီဘို နိုင်ငံတကာ လေဆိပ်မှာ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပါတယ်။  ဖိလစ်ပိုင်းမှာ ပြေးလမ်းချောတဲ့ အဲအေးရှားလေယာဉ်၊ ဓာတ်ပုံ-nydailynews.comခရီးသည် ၁၅၉ ဦး လေယာဉ်ပေါ်တင်ပြီး ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကနေ ပျံသန်းလာတဲ့ အဲအေးရှား ဇက်စ်တ် အဲ ဘတ်စ် A 300-200 လေယာဉ် တစီးဟာ ဖိလစ်ပိုင်း အလယ်ပိုင်း ကာလီဘို လေဆိပ်မှာ ဆင်းသက်ချိန် လေတိုက်နှုန်း မြင့်နေတဲ့ ရာသီ ဖြစ်လို့ ပြေးလမ်းချော်ခဲ့ရာတာပါ။ အဲဒီလို မတော်တဆ ပြေးလမ်းချော်ခဲ့ပေမယ့် ခရီးသည်တွေရော လေယာဉ်အမှုထမ်းတွေပါ ထိခိုက်ဒဏ်ရာ ရမှု မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။  လေယာဉ်အမှုထမ်းတွေကလည်း လေယာဉ်အရေးပေါ် တံခါးတွေကနေ ခရီးသည်ျွှေကို အရေးပေါ် ဆင်းဖို့ စီစဉ်ပေးခဲ့တယ် လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။  လေယာဉ်ဘီးတွေကလည်း ရွှံ့နွံတွေထဲ နစ်နေလို့ အတော်ပဲ ကြိုးစားလုပ်ဆောင်ခဲ့ရတယ်လို့ ဖိလစ်ပိုင် နိုင်ငံ လေကြောင်း ထိန်းသိမ်းရေး ဌာန ပြောခွင့်ရ အိရစ်ခ် အပိုလိုနီယိုက ဖုန်းနဲ့ ဖြေဆိုတယ်လို့ သိရပါ တယ်။ သူ့အဆိုအရ လေယာဉ်အ၀င်အထွက်များတဲ့ လေဆိပ်မှာ ခဏတော့ ပိတ်ရနိုင်တယ်လို့ ပြောဆို ထားပြီး လေယာဉ်ပြေး လမ်းချော်သွားတဲ့အတွက် ပြေးလမ်းဝန်းကျင် အနည်းငယ် အပျက်အစီးရှိနိုင်တယ်လို့ ဆိုပါတယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုသလို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက်စောစောက အဲအေးရှားလေကြောင်း လိုင်း အင်ဒိုနီးရှား ဌာနခွဲက လူ ၁၆၂ ဦးပါ ဂျက်လေ ယာဉ်တစီး ပျက်ကျသွားခဲ့ပြီး အဲအေးရှား ဖိလစ်ပိုင်ရဲ့ လက်ခွဲတခုဖြစ်တဲ့ အဲအေးရှားဇက် စ်တ် လေယာဉ်အခုလို ပြေးလမ်း ချော်ခဲ့တာလည်းဖြစ်ပါတယ်။ အိမ့်သံစဉ် ~ CommentsVisit website

posted from Bloggeroid

No comments:

Post a Comment