"ဌာနဆိုင်ရာပေါင်စုံမှာ သိမ်းထားသောမြေ
များ ထဲ့မှ ပိုမြေများကိုပြန်ပေးစေလိုဟုဆို"
------------------------------------------
ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်
သပိတ်ကျင်းမြို့နယ် တကောင်းမြို့အတွင်း
ကမြို့နယ်ဖွံဖြိုးအတွက် မတရားသိမ်းထား
သည့်ယာမြေများကို လက်ရှိရုံးပေါင်စုံဆော
က်ထားသည့်နေရာကလွဲ၍ ပိုမြေယာများ
ကိုမူလပိုင်ရှင်များက မိမိတို့ နစ်နာကြေးမ
ပေးဘဲ သိမ်းယူထားသောမြေများ၏ရုံးဧရိယာ
နဲ့ လွတ်သော နေများအား ပြန်လည်ပေးစေ
ရန်မန္တလေးမြို့ မဟာအောင်မြေမြို့နယ်
၇၅ လမ်း ၃၆လမ်း၃၇လမ်းရှိ ၈၈ ကဖေး
တွင်ဒီဇင်ဘာလ ၂၈ ရက်နေ့က ဒေသခံ
တောင်သူများကစာနယ်ရှင်လင်းပွဲကျင်ပ
ပြုလုပ်ခဲ့သည်။
ကျွန်တော်တို့  တကောင်မြို့အတွင် အမြဲတမ်းနေထိုင်ကြသောဒေသခံ တောင်သူ ဘိုးဘွားပိုင် ဓါးမဦးချ ခုတ်ထွင်
ရှင်းလင်းပြီး ထွန်ယက်စိုက်ပျိုးခဲတဲ့ယာမြေ
ပေါင် ဧက ၁၂၀ ကျော် ဒေသခံ တောင်သူ
ဦး ၂၀ ပိုင်ဆိုင်ထားသော ယာမြေများကို
သပိတ်ကျင်းမြို့နယ် တကောင်းမြို့နယ်
ဒေသခံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့်ပြည်ခိုင်ဖြိုး
ပါတီတို့ မှအတင်အဓမ္မ အနိုင်အထက်ပြုကျင့်၍ သိမ်းဆည်ထားခြင်းတို့ အားကျေနပ်မှုမရှိ
သဖြင့် အခုလို မန္တလေးမြို့အထိလာရောက်
ပြီးစာနယ်ဇင်ရှင်လင်းပွဲပြုတာပါ
ကျွန်တော်မြေနေရာက သူတို့ ရုံးဆောက်
ထားသောနေရာနောက်ကပါ ရုံးတွေနဲ့လွတ်
ပါတယ် ရုံးနေရာပါတဲ့သူတွေကလည်း
ကျန်နေရာလေးတွေ ကို လုပ်စားခွင်ပြန်ရ
စေလိုသဖြင့် အထက်အဆင့်ဆင့်ကိုလည်း
အရင်က တိုင်စာများတင်ခဲ့ပါတယ်
ထူးခြားမှုမရှိပါဘူး ဒေသခံမူလပိုင်ရှင်များကို လုပ်စားခွင်မပေး
ဘဲ တစ်ခြားဒေသကလာရောက်လုပ်စားသူ
များကို ကျွန်တော်တို့ မြေတွေ သိမ်းထားပြီး
သီးစားချလုပ်ကိုင်ခွင့်ပေးထားတာ ကျွန်တော်တို့  ဒေသခံတောင်သူတွေကို
ဒီနေရာ မြို့နယ်ဖွံဖြိုးဖို့ သိမ်းလိုက်ပြီးဆိုတာ
ဘဲသိရပါတယ် နစ်နာကြေးလျှော်ကြေးလည်းမပေးပါဘူး
ကျွန်တော်တို့ မြေများသိမ်းတာက ၂၀၀၃
က ၂၀၀၇ လောက်မှာ ဆက်သွယ်ရေးရုံး
အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရေးရုံး
ဓါက်ဆီးဆိုင် မြို့နယ်ဆေးရုံ ပြည်ခိုင်ဖြိုး
ပါတီရုံး များဆောက်လုပ်ထားပါတယ်
ကျွန်တော်တို့ က ရုံးဆောက်ထားသော
မြေနေရာကို မတောင်းပါဘူး ပိုမြေနေရာ
တွေမှ လက်ရှိနေထိုင်သူတွေလည်းရှိပါတယ်
ကျွန်တော်တို့ မြေတွေလည်းသိမ်းသေတယ် လမ်းဖြက်
သွားခွင့်တောင်မပေးသဖြင့် ဒေသခံတောင်
သူတွေ စုပြီးဒီပွဲလုပ်ရတာဟု မြေးသိမ်းခံ
တောင်သူတွေက ပြောသည်။
သူတို့ က သိမ်းတဲ့နေရာကို လမ်းဘေးကနေပိတ်ပြီး အဆောက်ဦးတွေ
ဆောက်ထားပါတယ် ကျွန်တော်နေရာဆို
မြန်မာနိုင်ငံရဲတပ်ဖွဲက သိမ်းထားပြီး ဘာမှ
မလုပ်ဘဲ သစ်ကွင်အဖြစ် ကုမဏီကို ဌား
ထားတာပါ ကျွန်တော်ယာတဲအခုထိရှိပါ
သေတယ် ကျွန်တော်ဒေသကတောင်သူ
တွေ လုပ်စားစရာမြေမရှိလို တခြားဒေသ
တွေသွားပြီး မှိုင် ၂၀ လောက်သွားရောက်
လုပ်စားနေရတာပါဟုဦးလှိုင်မြင့်ဦးကပြော
သည်။
အဆိုပါ မြေများသိမ်းယူထားခြင်းကို မိမိ
တို့ ဒေသဖွံဖြိုးရေးအတွက် ရုံးများဆောက်
လုပ်ထားသောမြေ နေရာများကို ကြည်ဖြူ
စွာပေးပါတယ် အခုဟာက မတရားအများ
ကြီး နေရာအကုန် ယူထားပြီး တရုတ်ကုမ
ဏီများရောင်စားထားခြင်း ဘာမှအသုံးမပြု
ဘဲထားသောပိုမြေများကို မူလပိုင်ရှင်ထံ
ပြန်ပေးစေလိုသည်ဟုဆရာတော်ဦးကဝိသာရကမိန့်ကြားခဲ့ပါသည်။
အဆိုပါ မြေယာသိမ်းဆီးခံရမှုနဲ့ပက်သက်၍
သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးထံ
ဆက်သွယ်မေးမြန်ခဲ့သောလည်း ဒီကိစ္စများ
ကသူလက်ထက်မှာမဟုတ်သဖြင့်မသိရကြောင်းဖြေကြားခဲ့ပါသည်။

posted from Bloggeroid
No comments:
Post a Comment