Monday, December 29, 2014

သတင်းများနဲ့ တောင်သမာန်

"တောင်သမန်အင်းကြီးပြသာနာတွေက
တရားမ၀င် ငါးဖမ်းသူများကြောင့် ဖြစ်ပေါ်ခဲ့သည်ဟုဆို"

မန္တလေးမြို့ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် ဒီဇင်ဘာလတတိယအပတ်က ငါးများ အစုအလိုက် သေဆုံးခဲ့မှုသည် တရားမ၀င် ငါးဖမ်းသူများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု တောင်သမန်အင်းဒိုင် ဦးချစ်ခိုင်မှ ပြောသည်။
တောင်သမန်အင်းတွင် မကြာသေးမှီက အင်းအတွင်း ကြေးနန်းချထားမှုများ တွေ့ရှိပြီးနောက် တောင်သမန် အင်းအရှေ့ဘက်တွင် ငါးများ ကမ်းတင်၍ အစုအလိုက် အပြုံလိုက် သေဆုံးနေမှုခဲ့ရာ သက်ဆိုင်ရာဌာနမှ အင်းတွင်း စစ်ဆေးမှုများရာ ရေကြောင့် သေဆုံးခြင်းမဟုတ်ဟု အဖြေများ ထွက်ပေါ်ခဲ့ပြီး အောက်စီဂျင် နည်းပါးခြင်းကြောင့် ဖြစ်နိုင်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အင်းအတွင်း ကြေးနန်းချတာ မရှိပါဘဲ မိမိပိုင် အိမ်တွင် မီးတပ်ဆင်နေခြင်းကြောင့် ကြေးနန်းကြိုးများ ၀ယ်၍ ခြံထဲ ထားထားစဉ် အခိုးခံရတာ ဖြစ်နိုင်ကြောင်း၊ တရားမ၀င်ငါးခိုးဖမ်းသူများကို မိမိတို့ဖက်မှ ပြန်လည်ခုခံ တိုက်ခိုက်ခြင်းမရှိခဲ့ကြောင်း၊ အင်းအရှေ့ဖက်ခြမ်းကို အင်းစတင်၍ လေလံရချိန်ကတည်းက လက်ရှိအချိန်ထိ သွားရောက်ကြည့်ရှုနိုင်ခြင်း၊ စစ်ဆေးခြင်း မရှိနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိခဲ့ခြင်းမရှိဘဲ ယင်းကိစ္စဖြစ်ပေါ်လာခြင်းမှ တရားမ၀င်ငါးခိုးဖမ်းသူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း တောင်သမန်အင်းဒိုင် ဦးချစ်ခိုင်က ပြောသည်။
‘‘ အင်းအတွင်း အဲဒီလို ကိစ္စတွေ မဖြစ်ပေါ်ခင်ကတည်းက သက်ဆိုင်ရာကို စာတင် အကြာင်းကြားပြီး အသိပေးခြင်းများဆောင်ရွက်ခဲ့ပါတယ်၊ ဒါပေမယ့် ဘာမှ ဆောင်ရွက်ပေးတာ မရှိခဲ့ဘူး၊ အင်းအတွင်း တရားမ၀င်ငါးခိုးဖမ်းတဲ့ သူတွေကို သက်ဆိုင်ရာက လာဖမ်းပေးတာမရှိဘူး၊ ကျွန်တော်တို့က ဖမ်းပြီး သွားအပ်တော့လည်း အမှုကို ဖွင့်ပေးခြင်းသလိုလို မဖွင့်ပေးခြင်းသလိုလို လုပ်နေတယ်၊ တရားမ၀င်ငါးခိုးဖမ်းတဲ့သူတွေနဲ့ သက်ဆိုင်ရာက လူတွေ ပေါင်းလုပ်နေတယ်လို့တောင် ထင်မိပါတယ်၊ လက်ရှိ သက်ဆိုင်ရာမှာ အလုပ်လုပ်နေတဲ့ သူတွေက ဘာမှ အားကိုးမရဘူး ’’ ဟု တောင်သမန်အင်းဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တောင်သမန်အင်းတွင် ငါးဖမ်းလှေ(၃၅၀)ကျော်ရှိပြီး ငါးဖမ်းသမား(၈၀၀)ကျော်ရှိရာ အင်းအတွင်း ပိုက်ဖြင့် ငါးဖမ်းပါက တစ်ပိဿာ ကျပ်(၂၅၀)၊ လက်ဖြင့် ငါးဖမ်းပါက ကျပ်(၃၀၀) စသည့်ဖြင့် ဖမ်းသည့်ပုံစံပေါ်မူတည်၍ ဈေးသတ်မှတ်ထားသည်။ တောင်သမန်အင်းတွင် တရားမ၀င် ငါးဖမ်းသူများသည် နေ့စဉ် (၂၄)နာရီ ပတ်လုံး ငါးခိုးဖမ်းမှုများ ပြုလုပ်နေကြခြင်းကြောင့် သက်ဆိုင်ရာမှ လာရောက် ဖြေရှင်းရင် လိုအပ်လျက်ရှိရာ စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှု မဖြစ်အောင် ဆောင်ရွက်မှုများ ပြုလပ်ရန် လိုအပ်သည်။
တောင်သမန်အင်းကို (၂၀၁၄)ခုနှစ် ဧပြီလက အင်းဒိုင် ပြောင်းလဲခြင်းဖြစ်ပြီး (၃)နှစ် စာချုပ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အင်းကို စတင်လုပ်ကိုင်ခွင့် ရချိန်မှ စတင်၍ လက်ရှိအင်းဒိုင်သည် အင်းအတွင်းရှိ ရေအောက်တွင် ရောက်ရှိနေသော လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ပြုလုပ်လျက်ရှိကြောင်း၊ ကျန်ရှိနေသည့် လယ်ယာမြေများကို လာမည်နှစ်ဆန်းပိုင်းတွင် ပြန်လည် ပေးအပ်နိုင်မည်ဖြစ်ကြောင်း၊ အင်းအတွင်း ရေများကို တံတားဖြူ ဂိတ်ဖက်မှ ထုတ်ပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း တောင်သမန်အင်းဒိုင်က ပြောသည်။
ယခင်က တောင်သမန် အင်းသည် မြေဧက(၂၀၀)ခန့် ကျယ်ဝန်းပြီး လက်ရှိတွင် မြေဧက(၅၀၀)ကျော် ရေအောက်တွင် ရှိနေပြီး တောင်သူများအား လယ်ယာမြေ ပြန်လည်ပေးအပ်ရန် မြေဧက(၃၀၀)ကျော် ကျန်ရှိနေ၍ အဆိုပါ မြေများ ပြန်လည်ရရှိရန် ဆောင်ရွက်လျက်ရှိရာ တလခန့် ကြာမြင့်မည်ဖြစ်သည်။ အဆိုပါ မြေယာများ ပြန်လည်ရရှိတော့မည်ဆိုသော သတင်းများကြောင့် ယင်းနေရာများတွင် မြေဈေးမြင့်တက်လျက်ရှိပြီး မြေပိုင်ရှင်များက လက်ညှိုးထိုး ခဲပစ် ရောင်းချနေမှုများ ရှိနေသည်။
တောင်သမန်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဆောင်ရွက်မှု လိုအပ်ချက်များရှိနေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်ရန် နှင့် သဘာဝဂေဟာစနစ်များ ပျက်စီးမှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် စက်မှုဖက်မှ ရေဆိုးစွန့်ပစ်မှုများကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
ကျွန်တော် အနေနဲ့ သူခိုးဖမ်းဖို့ ကိစ္စကို
ကျုံးထောင်စရာမလိုပါဘူး ဆင်ဖမ်းတာမှ
မဟုတ်တာ လက်ရှိအာဏာပိုင်တွေ က
သူခိုးမိတော့မှ သွားအပ်မှတာဝန်ယူပေးတာ
ဒီလိုပြသာနာတွေ မကြခဏဖြစ်ရတာဟာ
သူခိုး ထောင်ထွက် အလုပ်ကိုတရားဝင်မလုပ်စာသူတွေ ဒီဒေသတွေမှ နေပြီး အခုလိုဖြစ်ပွားအောင်
သက်သက်လုပ်ထားသလိုခံစားရပါတယ်
ကျွန်တော် ဒီအင်းကြီးကိုလေ့လံဆွဲသော
ရည်ရွယ်ချက်ဟာ အင်းရဲသာဘာဝအလှ
သုံးရာဆီကိုအများပြည်သူခံစားခွင့်ရရှိအော
င်အာဏာရှင်တွေနဲ့ ပေါင်ပြီးစားနေသူများ
လက်ထဲ့ မှရအောင်ယူပြီး ဒေသခံတောင်သူ
တွေ ရှေးယခင်ခေတ်တွေကလိုလယ်ယာ
များလုပ်ခွင့်ရရှိရေးအတွက် အင်းဧရိယာ
နေရာဘဲရေကိုမူလအတိုင်းထားပြီး ယခုလက်ရှိဆောင်ရွက်လျက်ရှိကြောင်း၎င်း
ရှင်လင်းပြောကြားခဲ့သည်။

ဒီဇင်ဘာလ၏ အေးဒဏ်များကနံနက်
စောစောထခါ နေအိမ်မှ ထွက်လာခဲ့ရာ
အမရပူရမြို့၏တောင်သမာန်အင်းအလှတရားကိုတွေ့ လိုက်ရပါတယ် မနက်ခင်းရဲ
အရသာနှင့်တောင်သမာန်အင်းကြီးကိုကြည်လိုရာ အင်းအတွင်း မှဒေသခံငါးဖမ်းသ
မား အုပ်စုကတော့ ပိုက်များကို ရေထဲချခါ
အဝက်မပါဘဲ ငါးဖမ်းနေသော လူများကို
တွေ့ ရပါတယ် မိနှစ် ၃၀ ခန့် ရေထဲမှနေပြီး
ပိုက်သိမ်းခါ ကုန်ပေါ်တက်လာပြီး ပါလာ
သော ငါးများကို ဝိုင်ဖြုတ်လိုက် ရေထဲ ကို
အမြန်ပြန်ဆင်လိုက်လုပ်နေသူများကို
တွေ့ ရသဖြင့် သူတို့ဘဝဟာ အလွန်အေး
သောရာသီဥတုအအေးဒဏ်ကို ဂရုမစိုက်
ဘဲလုပ်နေတာဟာ မိသားစုအတွက် အင်း
ပိုင်မသိအောင် တရားမဝင် ငါးဖမ်းနေတာ
သူတို့ အလုပ်ဟာ ငါးခိုးဖမ်းတယ်တာဆိုတာ တစ်နေ့ ကို
၃ သောင်းလောက်အထိရတယ် ငါးက
လိုက်ရောင်းစရာမလိုဘူး ဖောက်သည်ယူ
မယ်သူတွေက ဆိုင်ကယ်နဲ့ နေရာတွင်
လာရောက်ယူတာတွေ တွေ့ ရတော့
အင်းဒိုင်က ဒါတွေကို မဖမ်းဘူး ဒေသခံ
တွေ လုပ်စားနေတာ သူသိတယ်ဆိုတာ
သတင်းစာရှင်လင်းပွဲလုပ်ပြီးပြောထားသော်
စကားများအမှန်တကယ်ဖြစ်နေတာတွေ့ရ
တော့ ဒီအင်းပိုင်ရှင်ရဲ စိတ်ဒဏ်ကိုလေးစား
မိလိုက်တယ် တောင်သမာန်အင်းကြီးမှ
မကြာခဏဆိုသလို ပြသာနာ ဘာကြောင့်
တက်နေလည် ဆိုတော့ တရားမဝင် ဒေသ
ခံငါးဖမ်းသူများက မိမိတန်းထားသောပိုက်
များကို အင်း၏လုံခြုံရေးတာဝန်များက
သူတို့ ခိုးပိုက်များလာရောက်သိမ်းရာကနေ
သူတို့ ပိုက်များ ပါမသွားအောင် လုံခြုံရေး
အင်းပက်များကို လောက်လေဂွများဖြင့်ပစ်
ခြင်းများပြုလုပ်ရကနေ ပြန်ခုခံပစ်ရာက
နေ ပြသာနာမကြာခဏဖြစ်ပွားတာတွေ
လည် တစ်နေ့ထဲ့မှတွေရပါတယ် တရားမ
ဝင်ငါးဖမ်းသူများကို အပြစ်မရှိသလို သူတို့
က ကျွန်တော်ကိုပြောပါတယ် သူတို့စကား
များ ဟာ အင်းအတွင်းစက်လှေဖြစ် အင်း
ပက်တာကို သူတို့ သဘောမကျဘူးဖြစ်နေ
ပါတယ် သူတို့ပိုက်တွေယူသွားတယ်လို
ပြောနေပါတယ် တောင်သမာန်ဆိုတာ
သာဘာဝအလှတရားအပြည့်ရှိသောနေရာ
တစ်ဆိုင် မမှားပါဘူး နိုင်ခြားခရီးသွားဧည်
သည်များစိတ်ဝင်စားသောမြင်ကွင် ဆောင်
ခိုငှက်များ၏ ပျော်မွေ့ ရာနေရာ အမရပူရ
နန်းတော်ကြီး၏သစ်သားတိုင်များဖြင့်တည့်
ဆောက်ထားသော ကမ္ဘာ သစ်သားတံတား
အရှည်ဆုံးတည်ရှိနေတာဟာ ကျွန်တော်
မန္တလေးမြို့၏သမိုင်ကို လာသူတိုင် နောက်
တစ်ခေါက်လာစေခြင်းအောင်ဆွဲဆောင်ထားသောနေတစ်ခုဖြစ်ယနေတိုင်တည်ရှိ
နေတာကို အင်းအတွင်းတရားမဝင်ငါးဖမ်း
သူများကြောင့် မကြာခဏပြသာနာတက်
နေတာဟာ အလွန် အဆိုးဝါလှပါတယ်
ဒေသခံတွေ ကို အင်းအတွင်းငါးဖမ်းလုပ်
သားအဖြစ်နဲ့ အင်းတာဝန်ကို အလုပ်မပေး
ဘူးလာမေးတော့ မဟုတ်ပါဘူး ကျွန်တော်
တို့က ဒီတောင်သမာန်အင်းကိုလေ့လံစွဲစဉ်
ကဒေသခံငါးဖမ်းလုပ်သားအဖြစ်ခေါ်ပါတယ် အခုလည်ခေါ်ပါတယ် သူတို့က လာမ
လုပ်ဘဲ ကျွန်တော်တို့ စီးပွားရေးကိုသက်
သက်ဒုက္ခပေးနေတာပါ အကျိုးတူစီးပွားရေးအဖြစ်နဲ့ လုပ်ဖိုရည်ရွယ်
ပြီး အင်းပိုင်အဖြစ်လုပ်တာပါ ဒီအင်းကြီး
ကိုလေလံဆွဲရတာကလည်း သာဘာဝန်ကျင်ကိုထိမ်းသိတဲ့အနေနဲဆွဲ
ဖြစ်ပါဟု အင်းပိုင်ရှင်ကဖြေထားသောစကား
များ ဟာ အမှနိဖြစ်နေပါတယ်
သုံးရောင်ချယ်တောင်သမာန်အင်းကြီးကို
ရာသီအလိုက်သာဘဝအတိုင် သူလက်ထက်မှ ထာဖို့ လေလံဆွဲခဲသော
အင်းပိုင်ရှင်က သူပြောသော်စကားအရ
တောင်သမာန်အင်းကြီးကိုလေ့လာခဲရာ
အရင် အင်ဒိုင်များလက်ထက်ကလို ရေကို
မလောင်းထားခြင်း အင်းဧရိယာအတွင်းသာ မွေးငါးများမွေးမြူ
ခြင်း ဒေသခံတောင်သမာန် အင်အတွင်း
က အရင်ခေတ်ကလို လယ်စိုက်ခွင့်မရသောဒေသခံတောင်သူများ
စိုက်ပျိုးခွင့်ရခြင်း သာဘာဝပက်ဝန်ကျင်
အလှတရာများဖြစ်ပေါ်လာအောင် အမှိုက်
များကောက်ယူထားခြင်း ရေဆိုးများမရှိအောင် အင်းပိုင်ရှင်မှ ပြုလုပ်
ပေးထားတာတွေကိုလည်းတွေ့ ရပါတယ်

(တောင်သမာန်အင်းကြီးလေလံဆွဲထားသူမှ
လေလံတစ်ဝက်ဘဲပိုင်တယ်ဟုဆို)

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
တောင်သမာန်အင်းကြီးကိုမန္တလေးတိုင်း
စည်ပင်သာယာရေးကော်မတီနှင့်ချစ်ခိုင်ကု
မဏီတို့ မှအကျိုးတူစီးပွားရေးအဖြစ် အင်း
လေလံအခွန်များပေးပြီး လုပ်ကိုင်ခွင့်ရခဲ့
သော်လည် ငါး ခိုးဖမ်းသူများကြောင့် အင်
လေလံတစ်ဝက်ဘဲခံစားခွင်ရှိပြီး အဆိုပါ
တဝက်လောက်ခံစားရတာတောင်ယနေလို
မွေး ငါး များလွတ်ထားသော ယင်းတန်းမျာ
းဖျက်ဆီးခံရတာတွေအမြဲကြုံတွေ့ နေရသည်ဟု အင်းတာဝန်ခံ တဦးမှပြောသည်။

ကျွန်တော် အင်း လုံခြုံရေးအတွက်တာဝန်
ယူထားတာပါ နေ့စဉ် အင်ပက်ကြည်နေစဉ်
တောင်သမာန်အင်းကြီး၏တောင်ဘက်ခြမ်း
မွေး ငါး များလွတ်ထားသောနေရာမှ ငါးခိုး
ဖမ်းသူများက ပိုက်များတန်း၍ငါးခိုးဖမ်းနေ
တာတွေ့ ၍သွားရောက်ပြီးသူတို့ ငါးတန်း
ထားသောပိုက်ကို ရုပ်သိမ်းနေစဉ်အမှိုက်စု
တောင်ရပ်က ငါးခိုးဖမ်းသူများအဖွဲ့ မှလော
က်လေးဂွဖြင့်ပစ်သဖြင့် ကျွန်တော်တို့  အင်း
လုံခြုံရေးအဖွဲ့ စက်လှေဖြင့်ပြန်ပြေးခဲ့ရတာ
ဒါတောင်ကျွန်တော်ကို မှန်ပါသေတယ်
ကျောမှန်လိုတော်သေတယ် သူတို့က ငါး
လည်ခိုးဖမ်းသေတယ် အင်အား ၅၀ ခန့် 
လောက်ကကုန်ပေါ်ကနေ ဒုတ်ဓါးလေဂွများ
ဖြင် မကြခဏာအန္တရယ်ပေးခြင်းခံရပါတယ်
ကျွန်တော်တို့က အဆင်ပြေအောင် အင်
တာဝန်ခံက ကျွန်တော်တို့ ဝန်ထမ်းတွေ
အားလုံးကိုပြန်မလုပ်ရဘူး ပြေလည်အောင်
လုပ်လိုမှထားပါတယ် ကျွန်တော်တို့ကလည် ခိုးပိုက်ဘဲသိမ်းတာ
ဒါတင်အားမရသေဘူး ကျွန်တော်တို့ အင်း
တဲ့ပြန်သွားချိန်မှ မွေးငါးများကိုကာထား
သော ယင်း တန်းကိုပါဖျက်ဆီးသွားပါတယ်
ကျွန်တော်တို့ က အဝေကနေကြည်နေတာ
ပါ လူကများတယ် ငါးခိုးဖမ်းသူအဖွဲ့ တွေ
ကအမှိုက်စုနယ်မြေက ခါးကုန် မိုးဒီ
အေးမင်းထွန်း ပုလင် ရဲကျော် ပိုင်သက်ကျော် မှင်စာ ငနီ တင်ဋ္ဌေးဦး(ခ)
ဘုတင်နဲ့သူတို့ မိန်မတွေပါ ငါးလည်ခိုးဖမ်း
သေတယ်ကျွန်တော်တို့ ကိုလည်ရန်ပြုပါ
တယ်တို့ အင်း လုံခြုံရေးတာဝန်ခံတဦးမှ
ပြောသည်။

ငါးခိုးဖမ်းသူတွေကခတ်တယ်ဗျာသူတို့က
ခိုးဖမ်းရုံတင်မဟုတ်တော့ဘူး အကျိုးဖျက်
ဆီးတဲ့အထိဖြစ်နေပြီးယနေ့ ဒီဇင်ဘာလ
၁၄ နေ့ နေလည် ၂ နာရီးခန့်က ငါးလည်
ခိုးဖမ်းတယ်ယင်းတန်းပါဖျက်ဆီးတဲ့အထိ
ပါဘဲ ရဲစခန်းကိုအကြောင်းကြားထားပြီးပါ
ပြီး အကိုမြင်တဲ့အတိုင်ပါဘဲ
ဒီတောင်သမာန်အင်းကြီးကို၂၀၁၄ နှစ်စက
မန္တလေးမြို့စည်ပင်သာယာရေးကော်မတီး
နှင့်ချစ်ခိုင်ကုမဏီတို့ကအကျိုးတူစီးပွားရေး
အဖြစ်လေလံအခွန်အခအများကြီးပေးပြီး
စတင်လုပ်ကိုင်ခဲ့ကျတာပါ ဒီလိုကိစ္စတွေမ
ဖြစ်ပွားအောင် အဆိုပါဒေသခံရွာတွေက
ငါးဖမ်းလုပ်သားတွေကို အင်း အလုပ်သမား
များအဖြစ်လုပ်ကိုင်ခွင့်ပေးထားတာပါ သူတို့က
လာမလုပ်ဘဲ ငါးကိုဘဲအမြဲခိုးဖမ်းနေတာ
ခိုးဖမ်းရုံတင်မဟုတ်ဘဲ အင်လုံခြုံရေး
အလုပ်သမားများကိုရန်ပြုခြင်းများ အခုလို
မွေးငါးများကာထားသောယင်းတန်းများဖျက်ဆီးခြင်တွေအထိ လုပ်လာတာ
ကျွန်တော်တို့ က ယင်းတချောင်းကျိုးရင်
ငါးတစ်သောင်ဆုံးရှုံးပါတယ်ဒီအဖြစ်ပြက်
တွေကို မြိုယ်နယ်ရဲစခန်းပြမယ်လိုမကာ
သေတာပါ ရဲစခန်းကိုဖုန်းဆက်အကြောင်း
ကြားထားသောလည်အခုအချိန်အထိမလာ
သေပါဘူး ငါးခိုးဖမ်းတာနဲ့တော့တရားမစွဲ
ပါဘူး အကျိုးဖျက်ဆီးမှုနဲ့ ဒီအမည်မှတ်မိသူ
၉ဦးကိုတရားစွဲမှပါ ဒီလူတွေက ဒီဒေသခံ
တွေပါ ကျွန်တော်တို့နဲ့လည်အကျိုးတူ ငါး
ဖမ်းလုပ်သားအဖြစ်လာမလုပ်ဘဲ သက်သက်ဒုက္ခပေးနေတာပါအခုအလုပ်သ
မားတွေကလည် ဒီဒေသကလူတွေပါဘဲ
အကိုမေးကြည့်လိုရပါတယ်
ကျွန်တော်တို့ကအကျိုးတူလုပ်ဖိုကန်လှမ်း
သော်လည် ငါးခိုးဖမ်းသူတွေက မလာဘဲ
တကယ်အလုပ် လုပ်ခြင်သူလက်ရှိအင်းလုပ်
သား ၁၀၀ကျော်ဘဲလာရောက်ပူပေါင်ပြီး
လုပ်ပါတယ် ငါးအများဆုံး ခိုးဖမ်းတဲ့ရွာတွေ
ကတော့ နံသာကျေးရွာ ပြသာင်္ကြီး
တရုတ်တန်း ဖန်ချက် အမှိုက်စု ကြေးသွန်း
အဲဒီရွာအောက်ဆွဲနေထိုင်သူများ များပါတယ် လက်ရှိကျွန်တော်တို့ လေလံ
ဆွဲထားတာခံစားခွင်က တစ်ဝက်ဘဲခံစား
ရပါတယ် ကျန်တစ်ဝက်ကတော့ ငါးခိုးဖမ်း
သူတွေနယ်ထဲ့ရောက်နေပါတယ်
ငါးခိုးဖမ်းတာကို အရေးမယူပါဘူး အခုဟာ
ကအကျိုးဖျက်ဆီးပြီးအင်းလုပ်သားတွေကို
ရန်မှုပြီးအန္တရယ်အမျိုးမျိုးပေးနေတာ
သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ တား
မြှစ်ပေစေလိုပါတယ်လို့ အင်းတာဝန်ခံ
ဒေါက်တာမြတ်ဇော်ဟိန်မှပြောသည်။

ဒီဇင်ဘလ ၁၃ ရက်နေ့  နေ့  ၂ နာရီးအချိန်
ကတောင်သမာန်အင်းကြီး၏တောင်ဘက်
အခင်းဖြစ်ပွားရာ နေရာ အမှိုက်စုအောက်
ဆွဲရှိငါးဖမ်းစားနေသူတဦးမှအခုဖြေကြားခဲ့
သည်။
ကျွန်တော်တို့က ဒီအင်ထဲ့ကို ငါးဖမ်းပြီး
ရောင်ရသောငွေနဲအသက်မွေဝမ်းကြောင်း
လုပ်လာတာပါ ရှေးယခင်လက်ထက်ကနေ
ယနေအချိန်အထိဖမ်းနေကြပါ စစ်အစိုးရ
လက်ထက် အရင်အင်းဒိုင်လက်ထက်မှ
လည်ဒီလိုဘဲ အင်းဒိုင်မှအလုပ်သွားလုပ်ရင်
သူတို့ အလုပ်သမားအဖြစ်နဲ့နေရမှ ကိုယ်
ဟာကိုဖမ်းပြီးရတာလေတွေရောင်စားနေ
တာမိသားစုအစဉ်ပြေပါတယ်
ကျွန်တော်တို့ ထုတယ်ဆိုတာ ကျွန်တော်တို့
ဝယ်ထားသောပိုက်တွေ သူတို့မသိမ်းနိုင်
အောင်လုပ်တာပါ မိသားစုစားဝတ်နေရေး
အတွက်ဆက်ဖမ်းနေအုံးမှပါဟုပြောသည်။

အဆိုပါကိစ္စများနှင့်ပါက်သက်၍အင်းလေလံ
မှတရားဝင်အလုပ်သမားအဖြစ် ခန့် သော်
လည်ဒေသခံဆင်းရဲသားများအနေဖြင့်
အသိပညာနည်းပါးခြင်း ကျုံရာကြပန်း
အလုပ်သမားဖြစ်ခြင်း သက်ဆိုင်ရာအာဏာ
ပိုင်များ ကွင်ဆင်မှုမရှိခြင်းများအမြဲတွေရ
ပါတယ် အခုမှမဟုတ်ပါဘူး အင်းဒိုင်နဲ့ 
ငါးခိုးဖမ်းသူတွေဟာ ကြာလှပါပြီးဟိုအရင်
ထဲ့ကပါဘဲဦးဇင်အနေနဲ့ပြောရင်မြို့နယ်လုံခြုံ
ရေးအားငယ်တာတွေ တဘက်နဲ့တဘက်အပြန်အလှန်ပစ်ထုတာ
တွေမလုပ်ဘဲ သက်ဆိုင်ရာရဲစခန်းကိုအမူ
ဖွင့်ပြီးထိထိရောက်ရောက်အရေးယူပေးလိုက်တာပိုကောင်းပါတယ်
ငါးခိုးဖမ်းသူကအမြဲလိုရှိနေမှဘဲ အင်းလုပ်
သားအဖြစ်ခန့်လိုက်လည် နေမခိုးရင် ညခိုး
ဖမ်းနေတာပါဘဲ ခိုးဖမ်းသူကလည်မိသားစု
စားဝတ်နေရေးအတွက်ခိုးဖမ်းသလို တဘက်က အင်းဒိုင်ကလည်ငွေအများကြီး
လေလံခွန်ဆောင်ထားတယ်ဆိုတာသိပါတယ်တရားမျှတမှုရှိအောင်လုပ်စားကြတာ
ပိုကောင်းပါတယ်ဟု မျက်မြင်သက်သေ
ဆရာတော်တစ်ပါးမှပြောသည်။

posted from Bloggeroid

No comments:

Post a Comment