အဲအေးရှားလေယာဉ် ပင်လယ်ကြမ်းပြင်အောက် ရောက်နေဖို့များကြောင်း ရှာဖွေရေးခေါင်းဆောင် ပြော
by mmnewshubMyanmar News HubToday, 6:42 PM29December 2014 —- အဲအေးရှားလေယာဉ်ပျောက်ရှာဖွေရေး အင်ဒိုနီးရှားအဖွဲ့ခေါင်းဆောင်က လေယာဉ်ဟာ ပျောက်ဆုံးသွားတဲ့နေရာရဲ့ ပင်လယ်ကြမ်းပြင်အောက် ရောက်နေဖို့များတယ်လို့ ဒီနေ့ မနက်ပိုင်းက ထုတ်ဖော်ပြောဆိုပါတယ်။လေယာဉ်ရဲ့ နောက်ဆုံးရရှိခဲ့တဲ့ ရေဒါအချက်အလက်တွေ၊ လေယာဉ်ပျံသန်းတဲ့လမ်းကြောင်းနဲ့ အချိန်တွေကို တွက်ချက်မှုတွေအရ လေယာဉ်ဟာ ပင်လယ်ကြမ်းပြင်မှာ ရောက်ရှိနေတာ ဖြစ်နိုင်တယ်။ဒါကြောင့် ရေအောက်ရှာဖွေရေးလုပ်ငန်းတွေအတွက် တခြားနိုင်ငံတွေရဲ့ အကူအညီတွေ လိုအပ်ကောင်း လိုအပ်နိုင်တယ်လို့ အင်ဒိုနီးရှားရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က သတင်းထောက်တွေကို ပြောဆိုပါတယ်။ အခုချိန်အထိတော့ လေယာဉ်ဟာ ဘယ်ရောက်နေ တယ်ဆိုတာကို ရှာဖွေရေးတွေ မသိကြသေးပါဘူး။ပျောက်ဆုံးနေတဲ့ အဲအေးရှား ခရီးသည်တင်လေယာဉ်ကို ရှာဖွေရေးလုပ်ငန်းတွေ ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အစောဆုံး ပြန်စခဲ့ကြပါတယ်။လေယာဉ်ခရီးစဉ် QZ8501 ဟာ အင်ဒိုနီးရှားနိုင်ငံကနေ စင်ကာပူနိုင်ငံကို ပျံသန်းရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ မနက်စောစောက ဂျာဗားပင်လယ်ပေါ်မှာ ပျောက်ဆုံးသွားခဲ့တာပါ။ရာသီဥတု ဆိုးဝါးလို့ လေယာဉ်လမ်းကြောင်းပြောင်း ပျံသန်းဖို့ လေယာဉ်မှူးတွေ တောင်းဆိုခဲ့အပြီးမှာပဲ လေယာဉ်က ရေဒါက ပျောက်သွားပြီး အရေးပေါ်အချက်ပေးမှုတွေလည်း မရရှိခဲ့ဖူးလို့ လေကြောင်းထိန်းသိမ်းရေးစခန်းက ဆိုပါတယ်။ဒီဇင်ဘာ ၂၈ ရက်နေ့ညက လေယာဉ်ရှာဖွေမှု လုပ်ငန်းအများစုကို ရပ်ဆိုင်းခဲ့ပေမယ့် သင်္ဘောတချို့တော့ ဆက်လက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး အာဏာပိုင်ကတော့ လေယာဉ်ပျောက်ရှာဖွေရေး အတွက် တတ်နိုင်သမျှ အဖွဲ့အစည်းပေါင်းစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုပါတယ်။အင်ဒိုနီးရှားနိုင်ငံက ရှာဖွေရေးသင်္ဘော ၁၂ စီး၊ ရဟတ်ယာဉ် ၃ စီးနဲ့ လေတပ်လေယာဉ် ၅ စီးနဲ့ ရှာဖွေနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောဆိုပါတယ်။စင်ကာပူနဲ့ မလေးရှားနိုင်ငံကလည်း C-130 လေယာဉ်တစီးစီ၊ သင်္ဘော ၃ စီးနဲ့ ကူညီ ရှာဖွေဖို့ ရှိပါတယ်။By ဒီဗွီဘီCommentsVisit website

posted from Bloggeroid
No comments:
Post a Comment