Monday, December 29, 2014

ပြင်ပေးသင့်တာကြာပြီး

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည်

by mmnewshubMyanmar News HubToday, 6:24 PM29December 2014   —-  ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အပါအ၀င် လွှတ်တော်အသီးသီးကို  လာမယ့် ဇန်န၀ါရီ ၁၉  ရက်နေ့မှာ စတင်ယူခေါ်သွားမယ်လို့ အစိုးရက သတင်းထုတ်ပြန် လိုက်ပါတယ်။ အခု ပြန်စမယ့် လွှတ်တော်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း တင်သွင်းပြီး မဲခွဲဆုံးဖြတ်ကြဖို့လည်း ရှိနေပါတယ်။ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေကိုတော့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရပ်နားခဲ့ပြီး ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးခဲ့ကြသလို ၆ ပွင့်ဆိုင် တွေ့ဆုံဖို့အတွက်လည်း ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် လွှတ်တော်အမတ်တွေကို လစာ ၁၀ သိန်းပေးဖို့ နေ့တွက်စရိတ်တွေကိုလည်း တနေ့ ကျပ် ၂ သောင်းပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေ လစာတိုးဖို့ ဆုံးဖြတ်ခဲ့သလို ပြည်နယ်တိုင်း အမတ်တွေလစာ ကျပ် ၅ သိန်းတိုးပေးဖို့နဲ့ နေ့တွက်စရိတ် ကျပ် ၂ သောင်းတိုးဖို့လည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။By ဒီဗွီဘီCommentsVisit website

posted from Bloggeroid

No comments:

Post a Comment