Monday, December 29, 2014

အသက် ၇၀ ကျော်မှကလေးမွေးသောအဘွားအို

Become a fanAbout UsMyanmar Latest NewsMyanmarLatestNews.com is a One-stop information source for all Myanmar latest news.HomeNewsJournalCelebritiesEntertainmentTechLifestyleSportDecember 29, 2014 1:57 pmYou are here:Home News အသက် (၇၀) နှစ်အရွယ်မှာ ကလေးမွေးခဲ့တဲ့ အဘွားအို0

အသက် (၇၀) နှစ်အရွယ်မှာ ကလေးမွေးခဲ့တဲ့ အဘွားအို

Posted by admin on December 29, 2014 အိနိ္ဒယနိုင်ငံက အသက် (၇၀) နှစ်အရွယ်ရှိ အဘွားအိုဟာ ကလေးမွေးခဲ့ တာကြောင့်  အသက်ကြီးဆုံး ကလေးမိခင် အဖြစ် စံချိန်တင် သွားခဲ့ ပါတယ်။ အိုအမ် ကာရီပန်ဝါဟာ အသက် (၇၀) နှစ် အရွယ်မှာ ကလေးရ ခဲ့တာ ဖြစ်ပြီး အမြွှာလေးမွေးခဲ့ တာကြောင့် အားလုံး အံ့အားသင့်ခဲ့ရ ပါတယ်။ ပန်ဝါ ဟာ ယခင်က သမီးနှစ်ဦး ရှိနေပြီး မြေးငါးဦး ပိုင်ဆိုင် ထားပြီး ဖြစ်ပေမယ့် သားယောက်ျားလေး ရရှိလို တာကြောင့် အသက်ကြီးမှ ကလေးရ ယူဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။ပန်ဝါတို့ ဇနီးမောင်နှံဟာ လယ်သမားတွေ ဖြစ်ကြပြီး လုပ်ငန်းခွင် ကနေ အနားယူခဲ့ကြပြီ ဖြစ်ပါတယ်။ ကလေး ရယူဖို့ ကြိုးစား ရာမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ခဲ့ရပြီး ပန်ဝါရဲ့ သားအိမ်ကို ကုသမှု ပြုလုပ်ရာ ဒေါ်လာ (၉၀၀၀) ခန့် ကုန်ကျခဲ့ ပါတယ်။ ဒီငွေကြေးကို ရဖို့ လယ်တွေ၊ နွားတွေ ရောင်းချခဲ့ရ ပါတယ်။ ပန်ဝါရဲ့ ခင်ပွန်းဖြစ်သူ ဆင်းက အမြွှာလေး ရလာ သဖြင့် ၀မ်းသာ မိကြောင်း၊ မိမိတို့ အနေဖြင့် ယောက်ျားလေး လိုချင် ခဲ့ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးကြောင့် မျှော်လင့်ချက်များ ပြည့်လာကြောင်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပန်ဝါတို့ အနေနဲ့ အသက်ကြီးမှ ကလေးယူ ခဲ့တာ ကြောင့် ပတ်ဝန်းကျင်က ဝေဖန်ခဲ့ကြ ပါတယ်။ပန်ဝါ ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ အများကြီး တွေ့ခဲ့ ရကြောင်း ဆရာဝန်တွေက ဟြေကြားခဲ့ ပါတယ်။ အိနိ္ဒယနိုင်ငံမှာ သားယောက်ျားလေးကို ပိုမို တန်ဖိုး ထားကြောင်း ဒီဖြစ်ရပ်က သက်သေပြသ သွားခဲ့ ပါတယ်။ ယခင် ကလေးရယူ နိုင်ခဲ့တဲ့ အသက် အကြီးဆုံး အမျိုးသမီးက ရိုမေးနီးယား နိုင်ငံက ဖြစ်ပြီး အသက် (၆၆) နှစ်အရွယ်မှာ သမီး ကလေးမွေးခဲ့တာ ဖြစ်ပါတယ်။ ကလေးရယူ နိုင်ခဲ့တဲ့ အသက် အကြီးဆုံး အမျိုးသား ကလည်း အိနိ္ဒယ နိုင်ငံက ဖြစ်ပြီး အသက် (၉၁) နှစ် အရွယ်မှာ (၂၁) ဦးမြောက် ရင်သွေးကို မွေးဖွားနိုင် ခဲ့တာ ဖြစ်ပါတယ်။Credit : MessengerFiled in: News

About admin

View all posts by admin →

Leave a Reply

 Name (Required) Mail (will not be published) (Required) WebsiteSubmit CommentAnti-spam protectionProve that you are Human by typing the emphasized characters:VFYFRVJDWIUMVXWQQRFABVMV

Categories

CelebritiesEntertainmentHealth & BeautyJournalLifestyleNewsReligionSportTechTravelUncategorized© 2014 Myanmar Latest News. All rights reserved. XHTML / CSS Valid.

posted from Bloggeroid

No comments:

Post a Comment