Monday, December 29, 2014

ကိုကိုးကျွန်ဒေသအတွက် ဂြိုဟ်တုဖုန်းများ

ကိုကိုးကျွန်းဒေသအတွက် ဂြိုဟ်တုနှင့် ချိတ်ဆက်၍ မိုဘိုင်းဝန်ဆောင်မှုပေးမည်

by adminMyanmar Latest NewsToday, 7:07 PMရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မိုဘိုင်းကွန်ရက်ဖွံ့ဖြိုးမှုအနည်းဆုံးသောကျွန်းစုမြို့ ဖြစ်သည့် ကိုကိုးကျွန်းကိုဂြိုဟ်တုနှင့်ချိတ်ဆက်၍မိုဘိုင်းဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MECTEL)မှသတင်းရရှိသည်။‘‘လက်ရှိမှာဝန်ဆောင်မှုပေး နေတာတွေရှိပေမယ့်ကျွန်းကရန်ကုန်နဲ့အလှမ်းကွာတာကြောင့်မိုဘိုင်းဖုန်းအသုံးပြုသူဦးရေကတော်တော်လေးနည်းပါးသေးတယ်။အဲဒါကြောင့်ဆက်သွယ်ရေးကွန်ရက်ဖွံ့ဖြိုးစေဖို့အတွက်လုပ်ပေးတာဖြစ်ပါတယ်’’ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသည် MPTနှင့်တွဲဖက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ရန်ကုန်နှင့်အလှမ်းကွာနေသော ကိုကိုးကျွန်းတွင် ဂြိုဟ်တုနှင့်ချိတ်ဆက်ကာ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးရန် ကျပ်သန်း ၃၀၀ ကျော်အထိအသုံးပြုထားကြောင်း သတင်းရရှိသည်။ယင်းဒေသအတွက်CDMA800MHz(MECTEL)ဆင်းမ်ကတ်များ ရောင်းချပေးခြင်း၊အင်းဝဘဏ်ရုံးခွဲဖွင့်လှစ်ပြီး မိုဘိုင်း Money၀န်ဆောင်မှုအသုံးပြုနိုင်စေရန်ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ကိုကိုးကျွန်းသည် ရန်ကုန် မြို့နှင့် မိုင် ၂၆၀ခန့်ကွာဝေးသော ကျွန်းမြို့တစ်မြို့ဖြစ်ပြီး မိုဘိုင်းကွန်ရက်ချဲ့ထွင်ရန်ခက်ခဲသည့်အတွက် IP Starဖြင့် လူရာဂဏန်း ခန့်ကိုသာ ဆက်သွယ်ရေးဝန် ဆောင်မှုများပေးနိုင်သေးကြောင်းသိရသည်။ Credit : 7Day DailyCommentsVisit website

posted from Bloggeroid

No comments:

Post a Comment