Thursday, December 25, 2014

"မန္တလေးတွင်ဘက်လိုက်သောတရားသူကြီးအလိုမရှိဟစ်ကြေးသံများဖြင့်တရားရုံး
လမ်းမကြီးပေါ်တွင်ဆန္ဒထုတ်ဖော်"

ဒီဇင်ဘာ ၁၅
မန္တလေးမြို့ပြီးခဲ့သောနိုဝင်ဘာ ၂၇ ရက်နေ့
ကအလွတ်သတင်းထောက်ကိုပါကြီးကို
မတရားအသတ်ခံရ၍အမှုမှန်ဖော်ထုတ်ပေး
ရန်ကျုံးထောင့်တွင် တောင်းဆိုဆန္ဒပြခဲ့သူ
မြန်မာနိုင်ငံ ကုန်ဈေးနှုံန်းကျဆင်းရေးအဖွဲ့
(MDCF)မှကိုသိန်းအောင်မြင့် တစ်ဦးတည်း
ကိုသာပုဒ်မ ၁၈ ဖြင့်အောင်မြေသာစံတရား
ရုံတွင်အမှုဖွင့်အရေးယူခြင်းခံခဲ့ရသော်လည်
းတရားသူကြီးမှဘက်လိုက်မှုများရှိနေသဖြင့်
တရားရုံးရှေ့လမ်းမကြီးပေါ်တွင်ဆန္ဒဖော်ထု
တ်ဖြစ်တာဟု အဆိုပါဆန္ဒဖော်ထုတ်ထည်
ပါသူများကပြော၍သိရသည်။

ဘက်လိုက်သောတရားသူကြီး အလိုမရှိ ၂
ကိုပါကြီးအသတ်ဖြက်ခံရမူ အမှုမှဖေါ်ထုတ်
ရေး ...ဒို့ အရေး ၂
တရားဥပဒေစိုးမိုးရေး ဒို့ အရေး၂
စသည့်ဟစ်ကြေးသံများဖြင့်နံနက် ၉ နားရီး
မှနေ ၁၁ နာရီးအချိန်အထိ ၂၆ လမ်း၈၆
လမ်းထောင့်မှ ၈၆ လမ်းမကြီးအတိုင် ၁၃
လမ်းအထိဆန္ဒဖော်ထုတ်ခဲ့ကြပါသည်
အဆိုပါဆန္ဒဖော်ထုတ်သူများကို အမှတ် ၅
ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်အင်အား ၃၀ ခန့်မှ
လုံခြုံရေးပေးဖြင့်လိုက်ပါနေတာကိုတွေ့မြင်ခဲ့ရပါသည်။

ကိုပါကြီးမတရားအသတ်ခံရမှုအပေါ် အမှု
မှန်ဖော်ထုတ်ပေးဘို့ နှင့်တာဝန်ရှိခဲ့သူတွေ
ကိုအပြစ်ပေး အရေးယူပေးဘို့ မန္တလေးမြို့
ကျုံးထောင့်တွင် နိုဝင်ဘာလ ၂၇ ရက်နေ့
ညက နိုင်ငံရေးအင်အားစုများနဲ့အတူ
တောင်းဆိုဆန္ဒပြခဲ့ခြင်းကို ကျွန်တော်အား
ပုဒ်မ ၁၈ ဖြင့်တစ်ဦးတည် တရားစွဲအရေး
ယူကာ အောင်မြေသာစံမြို့နယ် တရားသူကြီးရုံးမှ တရားလူကြီးက ဒီဇင်ဘာ
လ ၈ ရက်နေ့ က တရားစွဲခံရသူကျွန်တော်
အား တရားခွင်ရပိုင်ခွင် တရားဝန်အခွင့်
အရေးကို မပေးသက်ဆိုင်ရာ ရဲတပ်ဖွဲ့ ဘက်သို့ ဘက်လိုက်ဆောင်ရွက်နေပါသဖြင့်
တရားဥပဒေစိုးမိုးရေး တရားရေးမဏ္ဍိုင်
တည့်မတ်ရေးအတွက် မန္တလေးမှထုတ်ပြန်
ထားသော ငြိမ်း/စီ ဥပဒေဖြင့် ဒီဇင်ဘာလ
၉ ရက်နေထည်းကတရားဝင်ခွင်ပြုမိန်လျှောက်ထားခဲပါသော်လည်း
သက်ဆိုင်ရာမှ ကျွန်တော်၏လျှောက်ထားချက်အတိုင်း ခွင့်
မပြုပါသက်ဆိုင်ရာမှ ခွင့်ပြုသည်ဖြစ်စေ
မပြုသည်ဖြစ်စေ ကိုပါကြီး မတရားအသတ်
ခံရမှု အမှုမှန်ဖော်ထုတ်ပေးရေး တာဝန်ရှိခဲ့
သူတွေကို အမြန်ဆုံးအရေးယူေးတရားဥပဒေစိုးမိုးရေး
တရားရေးမဏ္ဍိုင်တည်မတ်ရေး ဘက်လိုက်
သောတရားသူကြီးအလိုမရှိမန္တလေးမြို့မှ
ကျွန်တော်သူငယ်ချင်းများ နိုင်ငံရေးအင်
အားစုမျာနဲ့အတူအခုလိုဆန္ဒဖော်ထုတ်ဖြစ်
တာဟုမြန်မာနိုင်ငံကုန်ဈေးနှုံန်းကျဆင်းရေး
(MDCF)အထက်မြန်ပြည်တာဝန်ခံကိုသိန်း
အောင်မြင့်မှNews Watchကိုပြောသည်။

posted from Bloggeroid

No comments:

Post a Comment