Monday, December 29, 2014

စစ်အရိတ်

Once a soldier, always a soldier

OppositeyesToday, 5:24 PM“Once a soldier, always a soldier” ၊ တခါစစ်ထဲဝင်ခဲ့ဘူးတာမို. အခုထိစစ်သား စိတ်ဓာတ်ကမပျယ်ဘူးဖြစ်နေတယ်။ အထူးသဖြင့် တိုင်းရေးပြည်ရာနဲ.ပါတ်သက်လို. နယ်မြေထိကပါးရိကပါးဖြစ်လာမဲ့ကိစ္စတွေမှာ ထိုင်ရမလို ထ,ရမလိုနဲ.ဂဏာမငြိမ် ပါဘူး။ ဒါကလဲ-ရင်ထဲမှာကိန်းအောင်းနေတဲ့ “ဒို.မြေကိုတလက်မမှအထိမခံဘူးဟေ့” ဆိုတဲ့စိတ်ဓာတ်ကြောင့်ဘဲဖြစ်မှာပါ။ တပ်မတော်သားစစ်စစ်တိုင်းရဲ.စိတ်ဓာတ်ပါဘဲ။ဟိုတနေ.နဲ.မနေ.ကသတင်းစာတွေထဲမှာ မြန်မာ-တရုပ်နယ်နိမိတ်နဲ. မြန်မာ-အိန္ဒိယ နယ်နိမိတ်ပြဿ နာ တချို.ကို နိုင်ငံခြားရေးဝန်ကြီးဌာနကကျိုးစားဖြေရှင်းနေတယ် ဆို တာနဲ. မြန်မာ-ထိုင်း Border Committee အစည်းအဝေးပြီးဆုံးတဲ့သတင်းဓာတ်ပုံေ တွ ဝေေ၀ဆာဆာဖော်ပြထားတာ တွေ.လိုက်ရပါတယ်။ ဒါတွေမြင်တော့ အရင်တုန်း က ကျန်ခဲ့တဲ့ကိစ္စတခုကိုသွားအမှတ်ရမိတယ်။ ၁၉၉၅/၉၆ခုနှစ်လောက်ကဖြစ်လိမ့် မယ် ထင်တယ်။ဘိန်းဘုရင်ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း သူ.ရဲ. MTA (Mong Tai Army) တပ် လှုပ်ရှားနယ်မြေနဲ.စခန်းနေရာ(၃၀)ကျော်ကိုထိုင်းတပ်တွေဝင်ရောက် သိမ်းပိုက် တပ် စွဲ ခဲ့တဲ့ကိစ္စပါဘဲ။ အရင်တုန်းက ဘိန်းကုန်ကူးလို.ကမ္ဘာမှာနာမည်ဆိုး ( Notorious) နဲ.ကျော်ကြားနေတဲ့ ဘိန်းဘုရင်ခွန်ဆာရဲ.တပ်စခန်းတွေ ထိုင်းနိုင်ငံထဲမှာ တစိုးတစိ မျှမရှိပါဘူး၊ လက်ခံမထားပါဘူးဆိုပြီးတလျှောက်လုံးမျက်စိပိတ်ငြင်းဆိုလာခဲ့တဲ့ ထိုင်းတပ်မတော်က၊ ဟော- ခွန်ဆာလည်းဒီကနေ.လက်နက်ချရော နောက်တနေ. မှာ သူ.စခန်းတွေဟာ ထိုင်းနိုင်ငံပိုင်နက်ထဲမှာပါဆိုပြီး အထူးတပ်ဖွဲ.တွေဟယ်လီေ က်ာပတာနဲ.ဒရောသောပါး စေလွှတ်ကာနေရာဝင်ယူခဲ့တယ်။မှတ်မိသလောက် ဆိုရင် အရင်ခွန်ဆာရဲ.ဌာနချုပ်ဖြစ်တဲ့ လွယ်လန်းတောင်ကုန်း(Doi lam) အပါအ၀င် လွယ်ဆမ်ဆော( Loi Sam Saw)၊ လွယ်ပခန်း( Loi Pa Kham) နဲ.လွယ်တုံး(Loi Tum)ကြောတွေသာမက မိုင်းဆတ်တောင်ဘက်ကပ်လျက် မိုင်းဝလေး(အိုမီဂါ)နေရာထိ ကျူးကျော်ဝင်ရောက်အခြေချထားခဲ့တယ်။ ဒီကိစ္စကို သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင်လည်းသိမှာပါ။ အဲ့တုန်းက သူကတြိဂံတိုင်း စစ်ဌာန ချုပ်တိုင်းမှူး။ သူမခံချင်လွန်းလို. နဲ.တူတယ်။ သူ.တပ်တွေ လွယ်ဆမ်ဆောနားက ထိုင်းတပ်စခန်းတခုကို Dawn-Attack နဲ.၀င်တိုက်ပြီး သိမ်းပိုက်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က ပြည်ပနိုင်ငံရေးဖိအားတွေအထွဋ်အထိပ်တက်နေချိန်၊ ASEAN အဖွဲ. ကြီးထဲဝင်ဘို.စိုင်းပြင်းနေချိန်မို. နောက်ထပ်နိုင်ငံရေးပြဿ နာအသစ်တခုထပ်ဖြစ် လာမှာမို. မကြာခင်မှာဘဲ စခန်းကနေပြန်ခွာပေးခဲ့ရပါတယ်။ (အဲ့လိုပြန်ဆုတ်ဘို. လူကြီးတွေပေးတဲ့အမိန်.ကို ကျနော်ဘဲလက်ဆင့်ကမ်းဖုန်းဆက်ခဲ့တာ)။တပ်မတော် တိုက်ရည်ခိုက်ရည်ပြည့်ဝအောင် ဘယ်လောက်များလေ့ကျင့်ထားသလဲဆိုရင် အဲဒီ ထိုင်းတပ်စခန်းထဲကို ၀င်စီးသိမ်းပိုက်တဲ့အချိန်ရော၊ ပြန်လည်ဆုတ်ပေးခဲ့တဲ့အချိန် ထိပါ ထိုင်းတပ်ဖွဲ.၀င်တွေ လုံးဝမသိရှိလိုက်ပါဘူး။ အားလုံးအိပ်ပျော်နေကြလို.ပါ။ (ဒီဖြစ်စဉ်တွေ အားလုံး မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းစစ်သံမှူး Colonel Prajan ကိုတရား ၀င်ရှင်းပြခဲ့ရတာလည်း ကျနော်ပါဘဲ)၁၉၇၄ခုနှစ် ဇူလိုင်လ ၆ရက်(စနေနေ.)၊ တပ်မတော်(လေ)ရဲ. T-33 တိုက်လေယာဉ် (၅) စင်းတောင်နဲ.တိုက်ပျက်ကျပြီးတဲ့နောက်၊ လေယာဉ်အားလုံးပျံသန်းမှုရပ်နား လိုက်တဲ့အခါ ကျနော်နဲ.သူငယ်ချင်းသုံးဦး Fighter Squadron ကနေ မှော်ဘီအမှတ် (၄) အုပ်ကို Bomber Pilot များအနေနဲ.ပြောင်းရွှေ.ခဲ့ရတယ်။ နောက်ပိုင်း၊ရှမ်းပြည် အနှံ. ဗကပ နဲ.ဘိန်းရာဇာတွေကို ချေမှုန်းဗုံးကြဲတိုက်ခိုက်ဘို. အတွက်Beechcraft D-18S အမျိုးအစားလေယာဉ်နဲ.စစ်ဆင်ရေးထွက်ကြရပါတယ်။ခွန်ဆာတပ်တွေအခြေပြုခဲ့တဲ့ ဒီနေရာ ဒီတောင်ကုန်းတွေဟာ မြန်မာနိုင်ငံထဲမှာမို. အရင်တုန်းက ကျနော့် Beechcraft D-18S လေယာဉ်နဲ.အဲဒီနေရာတွေကို ဗုံးကြဲ တိုက်ခိုက်တိုင်း ထိုင်းနယ်စပ်မကျော်မိအောင် သတိထားပျံသန်းခဲ့ရတဲ့နယ်မြေေ တွပေါ့။ ဘာလို.ဆို-နည်းနည်းကျော်မိတာနဲ. ထိုင်းတပ်က(0.5) စက်သေနတ် နဲ. လှမ်းပစ်တဲ့အပြင် လေယာဉ်ပြန်မဆင်းခင်စစ်ရုံးကိုတိုင်စာပို.လေ့ရှိတတ်လို.လေ။လွယ်လန်းကုန်းရဲ.အလယ်လူသွားလမ်းအရှေ.ဖက်ခြမ်းဟာ ထိုင်းပိုင်နက် နယ်မြေ ဖြစ်တာမို. မှားပြီးဗှုံးကျဲခံရမှာစိုးတဲ့အတွက် ဂိုဒေါင်လိုလို၊ ခလေးကျောင်းလိုလို အဆောက်အအုံကြီး တခုဆောက်လုပ်ထားပြီး ခေါင်မိုးပေါ်မှာ ထိုင်းအလံ အကြီးကြီး တခုမြင်သာအောင်ဆေး ချယ်ထားတာမှတ်မိနေတယ်။ လွယ်လန်းကိုဗုံးကြဲတိုက်ခိုက် တိုင်း အဲဒီအဆောင်ကိုထိမှာစိုးလို. ကျနော် တို.လေယာဉ်တွေရှောင်လိုက်ရတာ အမော။ တခါမှာ သူ.ကိုသတိထားရှောင်လိုက် တုန်း လေယာဉ်ဘယ်ဘက်တောင်ပံ ကို ခွန်ဆာ့ကျည်ထိမှန်ခံရတဲ့အတွက် နမ့်ဆန်လေယာဉ် ကွင်းကို အပြေးပြန် လှည့် ခဲ့ရဘူးပါတယ်။နောက်တကြိမ်မှာလည်း ခွန်ဆာတပ်က လွယ်လန်း ကုန်းပေါ် ကိုေ လယာဉ်ခပ်နိမ့်နိမ့်ကပ်မ ပျံနိုင်အောင် Weather Balloon(မိုးပျံဗူဘောင်းအကြီး စား)ေ တွရဲ့အောက်မှာ နို.ဆီခွက်အ ခွံတွေတွဲလောင်းချိတ်၊ အဲဒီ နို.ဆီခွက်ခွံထဲမှာမှ လက်ပစ်ဗုံး Safety Pin ဖြုတ်ထည့် ထားပြီး လေထဲလွှင့်တင်ထားတာကို ကျနော်တို.လေ ယာဉ်နဲ.ဗြုန်းကနဲတိုးမိတော့မ လိုဖြစ်တဲ့အတွက် အပေါ်ကိုဆွဲတင်ရှောင်ကွင်းခဲ့ရပြီး သီသီလေးလွတ်ခဲ့ပါတယ်။ ( အဲ့တုန်းက- Cessna Citation လေယာဉ်နဲ.။ အတူေ မာင်းတဲ့Pilot က ဗိုလ်မှူးညွန်.တင်၊ သံအမတ်ကြီး အငြိမ်းစား၊ ယခု အမျိုးသား လွှတ်တော်အမတ်)။ အခုအဲဒီ ကုန်းတခုလုံးသူတို.ပိုင်သလို သိမ်းပစ်ခဲ့တယ်။တကယ်တော့ ခွန်ဆာ့ MTA တပ်တခုထဲဘိန်းကုန်ကူးတာမဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ ဗကပလက်အောက်ခံတပ်ဖွဲ.(၀၊ ကိုးကန်.၊ ရှမ်း၊ ပလောင်၊ ကော်အပါအ၀င်) အားလုံး ဘိန်းကုန်ကူးကြတာပါ။ ဒါမှလည်း သူတို.လက်နက်၊ရိက္ခာဝယ်လို.ရမှာလေ။ သူတို.သယ်လာ တဲ့ဘိန်းတွေ၊ ရွှေချောင်းတွေ၊ ကျောက်စိမ်းတွေ မဆုံးရှုံးအောင် ခွန်ဆာ့တပ်တွေက အငှား လုံခြုံရေး( Escort) လိုက်ပေးရတာလည်းရှိသပေါ့။ သံ လွင်အရှေ.ဘက်ခြမ်းမှာ မိုင်းဖီး၊ မိုင်းအင်၊ မိုင်းပုကြီးခွင်လမ်းကြောင်း၊ နမ့်ဆင်းေ ချာင်းအတိုင်း မိုင်းဆတ်အနီးကနေဖြတ်ပြီး မိုင်းတွမ်တောင်ကြောအတိုင်းသယ်ကြ သလို သံလွင်အနောက်ခြမ်းအတွက်ဆိုရင်လည်း နမ့်ဆန်နဲ.ကွန်ဟိန်းကြား ဟိုခဲ၊ ၀မ်ကျန်းကတဆင့်ကျိုင်းတောင်းကျိုင်းခမ်းဘက်က တလမ်း၊ နောက် မိုးနဲ/မောက်မယ်/မိုင်းပန်/ မုန်းထာဘက်ကတလမ်း၊သယ်ကြ သပေါ့။ နောက်ဆုံးစုရပ်ကတော့ လွယ်လန်းနဲ.ဟိုမိန်းတို.ပါဘဲ။ထိုင်းဘက်ကလာတဲ့ဘိန်းအ၀ယ်တော်တွေ၊ မူးရစ်ဆေးဝါးထုတ်လုပ်သူတွေက အဲသည်နေ ရာတွေမှာစောင့်နေကြတာလေ။ ဘိန်းချက် စခန်းတွေလည်း အဲဒီနေရာနားမှာတင် တည်ထားခဲ့ကြတာ။ မြန်မာက ဘိန်းထုတ်လုပ်တယ်ဆိုပြီး ကမ္ဘာမှာနာမည် သာကြီးနေတာ၊ မွဲနေတာ။တကယ်မူးရစ်ဆေးဝါးချက်လုပ်ပြီး ချမ်းသာနေတာက အဲဒီနိုင်ငံကကောင်တွေဘဲ။ (အခုနောက်ပိုင်းပြည်တွင်း သူပုန်အဖွဲ.အားလုံးဘိန်းကုန်ကူးရုံမက မူးရစ်ဆေးလုံးတွေပါ ထုတ်လုပ်ေ ရာင်းချ၊၀င်ငွေပိုရပြီးလက်နက်ဝယ်ကာ တပ်မတော်ကိုရင်ဆိုင်ဘို.တဲ့လေ)ရန်သူ.ဘိန်းတန်းတွေဟာ စခန်းအတည်တကျမချဘဲ လားအကောင် (၂၀၀-၃၀၀) နဲ.စစ်ကြောင်းဖွဲ.ချီတက်လှုပ်ရှားသွားလာလေ့ရှိတာမို. တပ်မတော်စစ်ကြောင်းေ တွအနေနဲ.ရှာဖွေရင်ဆိုင်တိုက်ဘို.ခက်ပါတယ်။ သူတို.ကလည်း တိုက်ပွဲဖြစ်ရင် ဘိန်းတွေ၊ရွှေငွေကျောက်မျက်ပစ္စည်းတွေဆုံးရှုံးမခံနိုင်လို. ပုန်းလျှိုးကွယ်လျှိုးသွား လာကြတာပါ။မှတ်မိသေးတယ်။ ၁၉၇၅ခုနှစ် အောက်တိုဘာလထဲကတရက်။ လဲချားဘက်ကနေဆင်းလာတဲ့ အင်အား၃၀၀ လောက်ရှိတဲ့ ဘိန်းတန်းတခု၊ နမ်.ဆန်နားကနေ ဖြတ်သွားပြီး မိုးနဲ/မိုင်းပန် ဘက်ဆင်းသွားတယ်၊ အဲဒီကတဆင့် ဟိုမိန်းကိုသွားမယ်ဆိုလို. ရှာဖွေတိုက်ခိုက်ဘို. ကျနော်နဲ. ဗိုလ်မှူးအောင်ဘော်( ယခုကွယ်လွန်၊ ရုပ်ရှင်မင်း သမီးကြီး မေနွဲ.၏သား)တို. Beech လေယာဉ် နဲ.တက်ခဲ့ကြတယ်။ ထုံးစံအတိုင်းဗုံးေ တွ တောင်ပံ၂ဖက်အောက်မှာအပြည့်။ အရင်အခေါက်ေ တွတုန်းကတော့ဗိုလ်မှူးသူရ ခင်မောင်စော(ကွယ်လွန်)၊ ဗိုလ်မှူးမြင့်လွင်(ဆန်နီ၊ကွယ်လွန်)၊ ဗိုလ်ကြီးစိန်မြ(ကွယ် လွန်)တို.နဲ.တက်ခဲ.ဘူးပေမဲ့ ဘိန်းတန်းအင်အားသိပ်မကြီးခဲ့ပါဘူး။ဒီတခါ ကေ တ်ာတော်ကြီးပါတယ်။ပုံမှန်ဆိုရင် ဘိန်းတန်းတွေက လေယာဉ်သံကြားရတိုင်း လျှိုမြောင်ချောက် ကမ္ဘား၊ ချောင်းေ ခြာက်တွေထဲဝင်ခိုပြီးငြိမ်နေတတ်တာမို.ကျနော်တို.လေယာဉ် ကို ပေ၅ေ ထာင်လောက်မှာဝဲပြီး ရှာဖွေခဲ့ပေမဲ့ ဘာမသင်္ကာစရာမှမတွေ.ခဲ့ရပါဘူး။ ဒီလိုရန်သူ ကိုမတွေ.ရလို.ဗုံးတွေ ချိတ်လျက်နဲ.နမ့်ဆန်လေတပ်စခန်းကိုပြန်ရရင်အန္တရာယ်မသေး တာမို. တွေ.အောင်ရှာမယ် ဆိုပြီး ပေ ၂၀၀၀ ထိဆက်ဆင်းကာ ရန်သူပစ်ခတ်ခံရေ အာင်စစ်မြှူခဲ့ပါတယ်။ သူပစ်မှသူ. Position ကို spot လုပ်နိုင်မှာမို.လေ။ နဲနဲတော့ Risky ပေါ့။ Beech လေယာဉ်က အောက် တိန်းလေယာဉ်ဆီထည့်သုံးရတာမို. ကျည်ဆံမှန်လို.ကတော့ပေါက်ကွဲပြီးသေနိုင် မယ်မှန်းသိပြီးသားပါ။ ဒါပေမဲ့တခြား နည်းလမ်းမှမရှိဘဲလေ။မိုးနဲ/လင်းခေးရဲ.အရှေ.ဘက်၊ နမ့်တိန်ချောင်းပေါ်အဖြတ်မှာ လက်ကနဲပစ်ခတ်မှု၂- ခုတွေ. လိုက်ရတာမို လေယာဉ်ကို ပေ ၅၀၀၀ထိ ချက်ချင်းဆွဲတင်လိုက်ပြီး ညာဘက် ၆၀ံစောင်းကာ မသင်္ကာတဲ့နေရာကို ပျောက်မသွားအောင် တောင်ပံနဲ.ထောက် ပြီး ကွေ.ရင်းထပ်ကြည့်ပါတယ်။ ဘာလှုပ်ရှားမှုမှထပ်မတွေ.ရပါဘူး။ဒါနဲ.-မထူးတော့ဘူး၊ အချိန်မရှိတော့ဘူးဆိုပြီး ခုနနေရာ ကိုဦးတည်ဒိုက်ထိုးဆင်းကာ၊ သစ်ပင် ထိပ်ဖျားလောက်အရောက်မှာ လေယာဉ်ကိုပြန် တည့်မတ်လိုက်ပါတယ်။ ပြီးတောမှ့ အင်ဂျင်ပါဝါကိုအတိုးအလျှော့လုပ်ကစားရင်းအရှိန်လျော့လိုက်တဲ့အခါ၊ အားပါးပါး-ကဆုန်ပေါက်ထွက်ပြေးလာလိုက်တဲ့ မြည်းနဲ.လားအုပ်ကြီး၊ မနည်းပါဘဲလားဗျာ။ အကောင်ရာနဲ.ချီပါတယ်။ ကျောကုန်းပေါ်မှာ အိတ်ကြီးတွေအပြည့်တင်ထားပြီး ဦးတည်ရာမဲ့လျှောက်ပြေးနေလိုက်ကြတာ။Beech လေယာဉ်အင်ဂျင်နှစ်လုံးရဲ.အသံဟာ အလွန်ပြင်းထန်ပါတယ်။ သူ.အသံကို လူတွေအောင့်အီးခံနိုင်ပေမဲ့ တိရိစ္ဆာန်ဖြစ်တဲ့ မြည်းနဲ.လားတွေမခံနိုင်တာမို. ထိန်း မနိုင် သိမ်းမရဖြစ်ပြီး ကဆုန်ပေါက်ထွက်ပြေးကုန်ကြတာပါ။ အဲသည်တော့မှဘဲ- ရန်သူ.တည်နေရာရှာတွေ.ပြီမို. ပါလာသမျှဗုံးတွေနဲ. အနီးရှိလျှိုတွေအားလုံးထဲကို ဆက်တိုက်ကြဲချခဲ့ပါတယ်။တချိန်ထဲမှာ အောက်ကနေလိုက်နေတဲ့ ခြေလျင်စစ်ေ ကြာင်းတွေထံကိုလည်း ရန်သူ.တည်နေရာသတင်းပေးပို.နိုင်ခဲ့ပါတယ်။ ဗုံးတွေ ကုန်သွားတဲ့အခါ မြည်းတွေ၊လားတွေကို မိမိစစ်ကြောင်းတွေရှိရာဘက်ဦးတည်ေ ပြးအောင် ဆက်လက်ချောက်လှန်.မောင်းပေးခဲ့ပါသေးတယ်။( နောက်ပိုင်းသတင်းဆက်တွေအရ လျှိုထဲကရန်သူအများအပြားကျဆုံးကာ ခြေလျင် တပ်ရင်း--- ကဘိန်းနဲ.ရွှေချောင်းတွေအများကြီးသိမ်းဆည်းရမိခဲ့ပါတယ်။ နောက် တခေါက် နမ့်ဆန်ရောက်တော့ အဲဒီတပ်ရင်းက ကျနော်တို.ကို ထမင်းကောင်းေ ကာင်းချက်ကျွေးသဗျ။ သူတို.တောလိုက်ပြီးရထားတဲ့ ဂျီသား၊ဆတ်သားဟင်းတွေနဲ.)ပြန်ကောက်ရရင်၊ ကိုယ့်ပိုင်နက်ထဲမှာ ကိုယ်တသက်လုံးရင်ဆိုင်ဖြေရှင်းလာခဲ့ ရတဲ့ ကိစ္စ၊ အခုလိုခွန်ဆာနဲ.အဖွဲ.လက်နက်နဲ.ငြိမ်းချမ်းရေးလဲလှယ်တော့မှ သူ.လှုပ်ရှား နယ်မြေတွေအားလုံး ထိုင်းနိုင်ငံပိုင်တယ်ဆိုပြီးဝင်သိမ်းခဲ့တဲ့လုပ်ရပ်က တကယ်ေ တာ့ ကြက်နှစ်ကောင်ခွပ်ခိုင်းပြီး ကြက်လည်းမော( တချို.ကြက်လည်းသေ)၊ ယာ လည်းညက်သဘောမျိုးထားပြီး လူလည်ကျတဲ့လုပ်ရပ်လို.ခံစားခဲ့မိပါတယ်။တခါ-ခုတလော ထိုင်းဘုရင့်အကြံပေးပုဂ္ဂိုလ်ဗိုလ်ချုပ်ကြီးဟောင်းတဦးဆီမှာ ကျနော် တို.ဆီကမွေးစားသားခံမယ်တို.ဘာတို.သတင်းတွေကြားနေရတာမို. သိပ်စိတ်မရွှင်လှပါဘူး။ “မွေးစား” ဆိုတဲ့အတိုင်း သူများက ကိုယ့်ကိုမွေးပြီး တိုင်းပြည်နယ်မြေကို စားသွားမှာစိုး မိပါတယ်။ ဘာကြောင့်ဆို အဲဒီနယ်မြေအတွက်ကျနော်တို.သွေးချွေးပေးပြီးကာကွယ် ထားခဲ့ရလို.ပါ။ဒါကြောင့် ထိုင်းနယ်စပ်ဘက်က နယ်နိမိတ်အခြေအေ နကိုလည်းစစ်ဆေးကြည့်စေချင်ေ ကြာင်းနဲ. နိုင်ငံရေးသမားများအနေနဲ.လည်း ပြည် တွင်းမှာ ပြဿ နာတွေဖန်တီးနေတဲ့အချိန် တဖက်ကကိုယ့်နိုင်ငံကို ကျားချောင်းေ ချာင်းနေသူတွေ ဘာလုပ်သွားနိုင်တယ်ဆိုတာကိုပါ သတိရှိကြဘို.ပါခင်ဗျား။(ကျနော်ကတော့ ဒီကိစ္စတွေမပြောချင်ပေမဲ့ ကြာရင်တချိန်ချိန်မှာ ကိုယ့်နိုင်ငံရဲ. နယ်မြေကို ထိုင်းအပိုင်လို.ယုံပြီး သမိုင်းကြောင်းထဲပါသွားမှာစိုးတဲ့အတွက် မသေခင်ပြောရမှာပါဘဲဗျာ)လေးလွင်CommentsVisit website

posted from Bloggeroid

No comments:

Post a Comment