Wednesday, December 31, 2014

မန္တလေး လက်ပံထောင်းအရေး ဆန္ဒထုတ်ဖော်နေဆဲ

"လက်ပံထောင်းတောင်" "အကြမ်းဖက်လူသတ်မှု အမှုမှန်မဖော်ထုတ်ပေးသဖြင့် ၂၀၁၅ နှစ်သစ်တွင် ဒုတိယအကြိမ် ဆန္ဒဖော်ထုတ်သည်ဟုဆို"
==================
ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေး
အင်အာစုများကကဦးစီးပြီး လက်ပံထောင်း အကြမ်းဖက်လူသတ်မှုကို
အမှုမှန်ဖော်ထုတ်မစစ်ဆေးသေသဖြင့်
န ဒုတိယအကြိမ်ဆန္တဖော်ထုတ်ဖြစ်တာ
နေ့ တစ်နာရီ အချိန်မှ မန္တလေး မြို ချမ်းအေ
းသာစံမြို့နယ် နဲ့ မဟာအောင်မြေကြား ၃၅
လမ်း ၈၅ လမ်း ၈၆လမ်းမှာ၃၅ လမ်းမကြီး
အတိုင် ၇၈ လမ်းကြမှာ ၂၆ လမ်း ၈၄
၃၅ သိုပြန်လည်ရောက်ရှိခဲ့ပါသည်အကြောင်းမထူးဘူးဆိုရင်နောက်တစ်ကြိမ် ထက်ပြအုံးမယ်ဟု ပါဝင်သူများကOriental
Newsကိုပြောသည်။

လူသတ်အစိုးရ အလိုမရှိ အလိုမရှိ
လူသတ်ဝါဒ ကျရှုံးပါစေ ကျရှုံးပါစေ
လယ်သမား ရန်သူ တို့ ရန်သူ တို့ရန်သူ
အလုပ်သမား ရန်သူ တို့ ရန်သူ တို့ ရန်သူ
ပြည်သူကိုမတရား ပြုကျင့်သောအစိုးရ
အလိုမရှိ အလိုမရှိ
ဦးပိုင်လဝမ်ပေါင် အလိုမရှိ အလိုမရှိ
ဒေါ်ခင်ဝင် မတရားအသတ်ခံရမှု ဖော်ထုတ်
ပေးရေး တို့ အရေး တို့ အရေး
စသည်ဟစ်ကြွေးသံများနှင့်အတူ ဆန္ဒဖော်
ထုတ်သူများသည် နိုင်ငံတော်သီချင်းကို
ညီညာစွာ သီဆိုဟစ်ကြေးသံများဖြင့်လမ်း
လျှောက်ဆန္ဒဖော်ထုတ်ခဲ့ ကြသည်။


ဒီလိုရှိနေသောမြန်မာ

KIA အဖွဲ့မှ သင်းအုပ်ဆရာများအား ရိက္ခာနှင့် ဆက်ကြေးငွေများ ကောက်ခံရန် တာဝန် ပေးစေခိုင်းနေ

OppositeyesYesterday, 11:00 PMဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၁၄ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကာမိုင်းမြို့နယ် အတွင်းမှ ၎င်း တို့ စခန်းငယ်တစ်ခုအား အစိုးရတပ်များ ၀င်ရောက်သိမ်းပိုက်ခြင်းခံရမှုနှင့် ပက်သက်ပြီး KIA ခေါင်းဆောင် တစ်ဦး မှ ပြောကြား ခဲ့ကြောင်းသိရသည်။ယင်းဖြစ်စဉ်နှင့် ပက်သက်၍ ကာမိုင်းမြို့နယ် အတွင်းရှိ စခန်းတိုက်ခိုက်ခံရခြင်း မှာ KIA တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားပြောဆို မှုများအား အခြားသူတစ်ယောက်မှ သိရှိသွားခြင်းကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းနှင့် အလားတူ သတင်းများ ထပ်မံ မပေါက်ကြားစေရေး ဂရုစိုက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း KIA အဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှသိရသည်။တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာပါက KIA အဖွဲ့ဝင်များ စားသောက်ရန် အတွက် အစားအသောက်များနှင့် ဆက်ကြေးငွေများအား ဒေသခံများ ထံမှ တောင်းခံရာတွင် မြို့နယ်ကျေးရွာများအလိုက် ဘာသာရေးသင်းအုပ်/ ဓမ္မဆရာများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များမှ တဆင့် တောင်းခံခိုင်းသွား မည်ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်း ကာမိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောသည်။ထို့အပြင် နိုဝင်ဘာလ အတွင်းတွင်လည်း ခရစ်ယာန် ဘာသာရေး သင်း အုပ်ဆရာများ KIA အဖွဲ့မှ လူသစ် စုဆောင်းရန်အတွက် ကျေးရွာများရှိ ကချင်လူငယ်များအား ဘာသာရေးအကြောင်းပြပြီး ဟောပြောစည်းရုံး ခိုင်းခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံ ကချင်ရွာသား တစ်ဦးမှပြောပြခဲ့သည်။“ကျနော်တို့ ကချင်မျိုးနွယ်စုတွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေ ယုံကြည် ကိုးကွယ်တဲ့ ဒီဘာသာရေး သင်းအုပ်ဆရာတွေကို KIA အဖွဲ့တွေက လက်နက် အားကိုးပြီး သူတို့ရဲ့ လက်အောက် စစ်သားတွေလို စေခိုင်း နေခြင်းကို ကျနော့် အမြင်ပြောရမယ်ဆိုရင် ဒါဟာဘာသာရေးကို စော်ကားနေတာပဲဗျ… လုံးဝ မဖြစ် သင့်ပါဘူး” ဟုသူ၏အမြင်ကို ဆက်လက် ပြောပြသွားခဲ့ပါသည်။ဇော်ထောင် (ဖားကန့်)CommentsVisit website

ဘာကြောင့် ဘာကြောင့်

လစာတိုးဖို့ ဘာ့ကြောင့် စစ်တမ်း ကောက်ရသလဲ၊ ၂၀၀၈ ပြင်ဆင်ရေးကျတော့ ဘာ့ကြောင့် စစ်တမ်း မကောက်လဲ

OppositeyesToday, 12:30 AMလစာတိုးဖို့ ဘာ့ကြောင့် စစ်တမ်း ကောက်ရသလဲ၊ ၂၀၀၈ ပြင်ဆင်ရေးကျတော့ ဘာ့ကြောင့် စစ်တမ်း မကောက်လဲ၊ ပညာရှင်တွေသုံးသပ်တဲ့ ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်တဲ့ အပေါ်ဘယ်လိုမြင်သလဲ။ [အမေး-အဖြေ] (Source -RFA )မေး - လွှတ်တော်ကနေအဆိုပြုထားတဲ့ ၀န်ထမ်းတွေ လစာတိုး ဖို့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ သမ္မတရုံး website မှာစစ်တမ်း ကောက်ယူ နေတယ်လို့ သိရပါတယ်။ ဘာ့ကြောင့်လဲခင်ဗျ။ဖြေ -ပထမဆုံးအနေနဲ့ ဒီကောက်ယူတဲ့ဟာက အားလုံးပြည့်စုံတယ်လို့ ပြောလို့ မရဘူး။ စမ်းသပ်ပြီးကောက်ခံတာပေါ့။ ပထမဆုံး နံပါတ် ၁ က ပြည်သူ့ သဘောထား ပေါ့။ Public Opinion ကိုကောက်ခံခြင်းပေါ့။ အဲဒီလို Public Opinion ကိုကောက်ခံတဲ့နေရာမှာ အမျိုးမျိုးရှိ တယ်။ အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး စစ်တမ်းကောက်တာရှိတယ်။ Mediaတွေက၊ အဖွဲ့ အစည်းတွကတစ်ဆင့် ကောက်ကွက်သတ်မှတ်ပြီးတော့ ကောက်သင်းကောက် ကောက်တာ ရှိတယ်။ နောက်တစ်ဆင့်က ပြည်သူ့သဘောထားတွေကိုဖော်ပြနေတဲ့မီဒီယာတွေ၊ အဖွဲ့အစည်း တွေကနေမှတစ်ဆင့် အသံတွေ ယူရတာရှိတယ်။Online က ဒါက အစိုးရဘက်က ပထမဆုံး စပြီး ကောက်တဲ့သဘော ပေါ့နော်။ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု၊ ဒီပေါ်မှာဘယ်လောက်ထိပါမလဲ၊ ဘယ်လောက်ထိဝင်ပြီးဖြေကြ မလဲ၊ အဲဒီအပေါ်မှာကျွန်တော်တို့က စောင့်ကြည့်ဖို့လိုအပ်သေးတယ်။ ဒါကတော့ ပထမဆုံးအနေနဲ့ စလုပ်ကြည့်တဲ့သဘောပေါ့။မေး - သမ္မတရုံးက နိုင်ငံ့ဝန်တမ်းတွေလစာတိုးဖို့ ဒီအွန်လိုင်းကနေပြီးတော့မှ စစ်တမ်း ကောက်တဲ့ အပေါ်မှာ တစ်ချို့နိုင်ငံရေးပါတီတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဘာ့ကြောင့် စစ်တမ်း မကောက် ယူသလဲ ဆိုပြီးတော့ သုံးသပ်နေတာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘယ်လို မြင်ပါသလဲခင်ဗျ။ဖြေ - အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင်ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ့နော်။ လက်ရှိ ကျွန်တော်တို့နိုင်ငံကကျင့်သုံးလိုက်နာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေကို နားလည်ဖို့ လိုမယ် လို့ ပထမဦးဆုံး အနေနဲ့ ပြောချင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက ပြည်ထောင်စုလွှတ်တော်ကဆောင်ရွက်ရတယ်။ နောက်ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ပြီးသွားရင် ပြည်သူတွေရဲ့ သဘောဆန္ဒကို ခံယူရမယ့်အခါကျရင် ပြည်သူ့ဆန္ဒခံယူပြီး ပြင်ရမယ်။အုပ်ချုပ်ရေးရဲ့အခန်းကဏ္ဍ မပါပါဘူး။ ဒါကို သိထားဖို့လိုပါတယ်။နောက်- -၀န်ထမ်းလစာကတော့ ဘာနဲ့သွားဆိုင်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဘတ်ဂျတ်၊ ၀န်ထမ်းတွေကိုပေးမယ်ဆိုရင်ဘတ်ဂျတ်အရ လျာထားပြီးတော့ ပေးရပါတယ်။ ခွဲဝေပေးရပါတယ်။ အဲဒီတော့လွှတ်တော် ကို တင်သွင်းတဲ့ ဥပဒေကြမ်းထဲမှာ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တင်သွင်း နိုင်ခွင့်ရှိတဲ့ ဥပဒေကြမ်း ၃ ခုရှိပါတယ်။ အဲဒါက နိုင်ငံတော်ရဲ့စီမံကိန်း၊ နိုင်ငံတော်ရဲ့ဘတ်ဂျတ်၊ နောက် နိုင်ငံတော်ရဲ့အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း။ ဒီဥပဒေကြမ်း ၃ခုက အစိုးရကဘဲ တင်သွင်းရမှာ။ ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ တင်သွင်းလို့မရဘူး။အဲဒီတော့အုပ်ချုပ်ရေးက လုပ်ဆောင်ရမယ့်ကိစ္စ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြော ထားတယ်။ပြောထားတဲ့အတွက်ဝန်ထမ်းလစာကိစ္စသည် အုပ်ချုပ်ရေးကသာ လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သည် လွှတ်တော်က လုပ်ရမယ့်ကိစ္စဖြစ်တယ် ဒါက constitutionမှာခွဲထားပြီးသား။ အဲဒီတော့ အုပ်ချုပ်ရေးက ဘာလို့ ဒီလိုစစ်တမ်း ကောက်ယူ သလဲ ဆိုရင် ဒီဝန်ထမ်းလစာ တိုးမြင့်ရေးသည် ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက် ပေးရမယ့် ကိစ္စဖြစ်နေတယ်။ အုပ်ချုပ်ရေးအလုပ်ဖြစ်နေတယ်။ ဒီတော့ Constitution ပြင်ဆင်ရေးသည် လွှတ်တော်အလုပ်။ ၀န်ထမ်းလစာ အစိုးရက တိုးမြင့်ရေးသည် အုပ်ချုပ်ရေးအလုပ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့အစိုးရဘက်က အုပ်ချုပ်ရေးအနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့ အခန်းကဏ္ဍမှာ မရှိတဲ့ Constitution ပြင်ဆင်ရေးက လွှတ်တော်ကပဲ လုပ်ပိုင်ခွင့်ရှိတယ်။ လွှတ်တော် ရဲ့အလုပ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က သွားပြီးတော့ နှောက်ယှက်တာတို့ ဘာညာလည်း မလုပ်ဘူး။ နောက်လွှတ်တော်ကလည်း ဒါတွေ လုပ်နေတယ်။ဝန်ထမ်းလစာကတော့ အစိုးရအလုပ် ဖြစ်တဲ့အတွက် အစိုးရကဒီပေါ်မှာ စဉ်းစားဆုံးဖြတ်ရမယ်။ အဲဒါနဲ့ပတ်သတ်တဲ့ ပြည်သူ့သဘောထား ကောက်ခံတယ်။ သို့သော်လည်း Online Voting ဖြစ်တဲ့အတွက်ဘယ်လောက် ထိဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့နော်။မေး - လစာတိုးလိုက်တယ်ဆိုရင်ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်တယ်လို့ ဒီတစ်ချို့ ပညာရှင်တွေကသုံးသပ်နေတာလဲရှိပါတယ်ခင်ဗျ။အဲဒီအပေါ်မှာ ရောဘာများပြောခြင်ပါသလဲခင်ဗျ။ဖြေ- ကျွန်တော်တို့ နိုင်ငံရဲ့လစာ တိုးခဲ့တဲ့ သမိုင်းပေါ့၊ ၁၉၅၀ ကျော်ကနေစပြီးတော့ တိုးမြှင့် လာလိုက်တဲ့ ဟာကို ပြန်ကြည့်လိုက်ရင် လစာတိုးတိုင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တယ်။ Inflation ဖြစ်တယ်။ အဲဒါ ကတော့ ကျွန်တော်တို့ တူညီတဲ့ အချက်တစ်ချက်ကိုပြန်သွား တွေ့နေ တယ်။ အခု နောက်ဆုံး ဒီလွှတ်တော်ကိုယ်စားလှယ်တွေ တစ်လကို ၁၆ သိန်း တိုးမြှင့်ရေးနဲ့ ဒီဝန်ထမ်းလစာကို တိုမြှင့်ရေး ၈ ဆပေါ့နော်။ ဒီလိုပြောတဲ့အခါမှာ မီဒီယာ တွေမှာ ဖော်ပြတဲ့အပေါ်မှာမူတည်ပြီး ကုန်ဈေးနှုန်းတွေချက်ချင်း လက်ငင်းတက် သွားတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းပေါ့ ကျွန်တော်တို့ပင်စင်စားအပါအ၀င် အားလုံးက ၁.၆သန်း ဘဲရှိတယ်။အဲဒီတော့မြန်မာနိုင်ငံ လူဦးရေသန်း ၅၀ကျော်နဲ့နှိုင်းယှဉ်ကြည့်ရင် ဒါကတော်တော်လေးကိုနည်းတဲ့ ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီတော့ ငွေကြေး လှည့်လည်မှု လှည့်လည်နေတဲ့ ငွေကြေးထဲကိုဝန်ထမ်း လစာဝင်သွားတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ Side Effect ဘေးထွက်ဆိုးကျိုး တွေ အကုန်လုံးကို သီအိုရီအရရော၊ လက်တွေ့ ဖြစ်ခဲ့တဲ့ သာဓကတွေရော၊ လက်တွေ့နိုင်ငံ တော်ရဲ့ ငွေကြေး လည်ပတ်နေတဲ့အခြေအနေ၊ ဒါတွေကို မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ စဉ်းစားသုံးသပ်နေတယ်လို့တော့ပြောလို့ရပါတယ်။ [Listen RFA's Sound file : https://soundcloud.com/burmeserfa/rd4tsq05twifCommentsVisit website

နိုင်ငံပိုင်သတင်းစာကဒီလိုရှိနေသောမြန်မာ


နိုင်ငံပိုင်သတင်းစာဖြန့်ချိရေးမှ ငွေကျပ်သိန်းနှစ်ထောင် အလွဲသုံးစားမှုဖြင့် ပြန်ကြားရေးဝန်ထမ်းသုံးဦးကို ထောင်ဒဏ် အနှစ်လေးဆယ်ချ

OppositeyesToday, 1:00 AMရန်ကုန်၊ဒီဇင်ဘာ၃ဝဘဏ္ဍာနှစ် လေးနှစ်အတွင်း နိုင်ငံပိုင် သတင်းစာဖြန့်ချိရေးမှ ငွေကျပ်သိန်းနှစ်ထောင် အလွဲသုံး စားပြုမှုဖြင့် ပြန်ကြားရေးဝန်ထမ်း သုံးဦးကိုဒီဇင်ဘာ ၃ဝရက်တွင် အ နောက်ပိုင်းခရိုင်တရားရုံးမှ ထောင် ဒဏ်နှစ်လေးဆယ် ချမှတ်လိုက် သည်။၂ဝဝ၈-ဝ၉ ဘဏ္ဍာနှစ်မှ ၂ဝ၁၁-၁၂ ဘဏ္ဌာနှစ်အထိ လေး နှစ်တာကာလအတွင်း ကျပ်သိန်း ပေါင်း ၂၈၈၆ သိန်းကို အလွဲသုံး စားလုပ်ခဲ့ကြောင်း ထင်ရှားသည့် အတွက် သတင်းစာတိုက်မန်နေ ဂျာအပါအဝင် သုံးဦးကို ထိုသို့ပြစ် ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။၎င်းတို့ကို ၁၉၆၃ ခုနှစ် အ များနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ (အပက) ဖြင့် တရားစွဲလိုက်ခြင်း ဖြစ်ပြီး ၄င်းတို့အလွဲသုံးစားလုပ်ခဲ့ သော ဘဏ္ဍာနှစ်တစ်နှစ်အတွက် ထောင်ဒဏ် ဆယ်နှစ်နှုန်းဖြင့် ချ မှတ်လိုက်ခြင်း ဖြစ်သည်။မြန်မာ့အလင်း သတင်းစာ တိုက်စီမံရေးပိုင်းမှ တာဝန်ရှိသူ မန်နေဂျာ အဆင့်ရှိသူ တစ်ဦး၊ လက်ထောက်မန်နေဂျာ အဆင့် ရှိသူနှစ်ဦးစလုံးကို နှစ်လေးဆယ် စီ ချမှတ် လိုက်ခြင်းဖြစ်သည်။လက်ရှိ အစိုးရလက်ထက် တွင် လာဘ်စားသည်ဟု နာမည် ထွက်ခဲ့သော ပြည်ထောင်စုဝန်ကြီး အချို့ကို အရေးမယူဘဲ တာဝန်မှ အနားပေးလိုက်ခြင်း ဆိုသည့် အသုံး အနှုန်းကိုသာ ကြားဖူးနေသည့် အတွက်ယခုဖြစ်စဉ်သည်ထူးဆန်း အံ့သြဖွယ်ရာ ကောင်းကြောင်း လည်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ဆိုသည်။”ဥပဒေဆိုတာမျိုးက ပင့်ကူ အိမ်နဲ့ အလားသဏ္ဌာန်တူတယ်၊ ကြီးမားတဲ့ သတ္တဝါတွေကို မမိ တတ်ဘူး၊သေးငယ်တဲ့သတ္တဝါတွေ ကိုတော့ မိတတ်တယ်၊ ဒီလို မဖြစ် ဖို့လို တယ်”ဟု၎င်းက ပြောသည်။ယခု အမိန့်ချလိုက်သည့်အမှု ကို ၂ဝ၁၁ ခုနှစ်ကစ၍ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီး ဦးဆန်း ဆင့်အား ငွေသိန်း ၇ဝ ကိုယ်ကျိုး အသုံးချမှု၊ အကြည်ညိုပျက်စေမှု တို့ ဖြင့်ထောင်ဒဏ် ၁၃ နှစ်ချပြီး နောက်အစိုးရဝန်ထမ်းသုံးဦးအပေါ် အလွဲသုံးစားမှုဖြင့်ထပ်မံအရေးယူ လိုက်သည့်အမှုတစ်ခု ဖြစ်သည်။P-NewsCommentsVisit website

အအသစ်ဆိုတာ ဘာလည်း

၂၀၁၅

by naywoon niMyanmar Gazette News Media Forum NetworkToday, 12:28 AMအစဉ်​အလာမပျက်​ မနက်​ဖြန်​နံနက်​ဆို ငါ့အိမ်​​ပေါ်ကို မင်းသမီးအသစ်​တစ်​လက်​ တက်​လာ​တော့မယ်​ ။ လက်​ရှိမင်းသမီး အ​ဟောင်းကိုဖယ်​ရှား တက်​သစ်​စ မင်းသမီးကို​နေရာ​ပေးရ​တော့မယ်​ ။ ဘ၀ ဆိုတာထဲမှာ ခရစ်​သက္ကရာဇ်​​လေး တစ်​ခု​ပြောင်းတာဟာ ရင်​ခုန်​ဖို့ မ​ကောင်းလှပါဘူးကွယ်​ ။ ဘယ်​​နေ့ ဘယ်​အ​ကွေ့မယ်​ ဘယ်​သူနဲ့​တွေ့မယ်​ဆိုတာ ပြဌာန်းမထားတဲ့ သင်​ခန်းစာထဲမှာ အစဉ်​အလာ​တွေ​ဘေးချိတ်​ ...CommentsVisit website

posted from Bloggeroid

နှစ်သစ်ခွန်အား နဲ့အဟောင်းတွေကိုမေ့လိုက်ပါ


နှစ်သစ်ခွန်အား

by ကာရံMyanmar Gazette News Media Forum NetworkYesterday, 11:36 PMနှစ်သစ်ခွန်အား စွန့်ပြစ်လိုက်ပါ အမုန်းများစွာကိုပေါ့ ဆက်လျှောက်လှမ်းပါ အပြုံးတရားနဲ့လေ ဟောင်းသွားသည့်ကနှစ်တစ်နှစ်ထဲ မဟုတ်ပါဘူး ရင်မှာအစွန်းအထင်းမခံပါနဲ့နော် အပြောင်းအလဲများနဲ့ ကြိုနေမယ့်နေ့ရက်တိုင်းမှာ အချိန်ကုစားခြင်းကို မခံရလေအောင် မာနကိုထက်အောင်သွေးလိုက်ပါ မာန်တော့မတက်လိုက်ပါနဲ့နော် တောက်ပလာတဲ့ အရည်အသွေးကို အလံထူကြည့်လိုက် သူသူငါငါ ရင်ဘောင်တန်းစေဖို့ နှစ်သစ်ရဲ့အစမှသည် နောင်ရာစုသစ်ဆီသို့ ချီတက်လှမ်းရအောင် သူငယ်ချင်း အားသစ်စကြပါစို့ ...CommentsVisit website

posted from Bloggeroid

ဒီပြသာနာ ဖြေရှင်မယ်တဲ့



Skip to main contentSkip to main NavigationSkip to Search အသံဖိုင် TV အစီအစဉ်မြန်မာ

လက်ပံတောင်းတင်းမာမှု သတ္ထုတွင်းဝန်ကြီး တွေ့ဆုံဖြေရှင်းလို

31.12.2014 23:36မအေးအေးမာလက်ပံတောင်းတောင် ဒေသခံတွေက ကိုယ့်လယ်မြေ ပြန်ရရေး သပိတ်စခန်းဖွင့်ထားတဲ့အတွက် နှစ်ဘက်ပြေလည်မှုတွေရဖို့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ သတ္ထုတွင်းဝန်ကြီးနဲ့ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။ဒီအတွက် တောင်သူတွေဘက်ကလည်း သပိတ်စခန်း ဆက်ဖွင့်ထားသလို အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးအင်အားတွေနဲ့ ဆက်လက် နေရာယူထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းက လူသေဆုံးမှုဖြစ်ရတဲ့အထိ တင်းမာမှုဖြစ်နေရတဲ့ လက်ပံတောင်းတောင်မှာ တောင်သူတွေဘက်ကလည်း သူတို့မြေပြန်ရရေး သပိတ်စခန်းဖွင့်ထားသလို အာဏာပိုင်တွေကလည်း လုံခြုံရေးအင်အားတွေနဲ့ နေရာယူထားတာကြောင့် နှစ်ဘက်တင်းမာမှုတွေကတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏနဲ့ အာဏာပိုင်တွေ ညှိနှိုင်းခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ဘူးလို့ စန်းမြ၀တီကျောင်းတိုက်က ဆရာတော် ဦးစန္ဒာသီရိက မိန့်ပါတယ်။“သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်က ဆရာတော် ဦးတက္ခဥာဏနဲ့ ဆွေးနွေးထားတဲ့ဟာကနေပြီးတော့ ဒေသခံတောင်သူလယ်သမားတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖြေရှင်းမယ်လို့ ပြောပေမဲ့လည်း ဟုတ်လား ညနေ ၃ နာရီမှာ သူ လာရောက်ခြင်း မရှိခဲ့ဘူးပေါ့။ သူလာရောက်ခြင်းမရှိတဲ့အတွက် ဖုန်းဆက်ပြီး အကြောင်းကြားတဲ့အခါကျတော့ သတ္ထုတွင်းဝန်ကြီး ဦးသန်းထိုက်ကိုယ်တိုင်က သူ ဒီကိစ္စတွေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ပါဘူးဆိုပြီး ဖုန်းဆက်တဲ့အတွက် နောက် သူကိုယ်တိုင်လည်း မလာရောက်နိုင်ကြောင်း ပြောတဲ့အတွက် သူတို့က ဒေသခံတွေနဲ့ ညှိနှိုင်းမယ်လို့ ပြောပေမဲ့ ညှိနှိုင်းဖို့ အဆင်မပြေလိုက်ဘူး သူကလေ။”ပြီးခဲ့တဲ့အပတ်က ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ အရေးအခင်းအတွင်းမှာ တောင်သူတွေဘက်က ဒေသခံတဦး သေဆုံးမှုကို သေမှုသေခင်း ဖွင့်ခဲ့တာပါ။ ဒီရက်ပိုင်းအတွင်း ခြံစည်းရိုးတွေကို ချိုးဖျက်ပြီး သူတို့လယ်တွေပြန်ရရေး ကြိုးစားကြတဲ့ ဒေသခံတောင်သူတွေကို အာဏာပိုင်တွေက အမှုဖွင့်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။“တရားရုံးက ကျနော်တို့ဆီကို အကြောင်းမကြားသေးဘူး။ တကယ်စွဲထားသလား၊ မစွဲထားသလားဆိုတာ ကျနော်တို့လည်း သေချာမသိသေးဘူးပေါ့နော်။”မေး။ ။ ဒါဆို မြန်မာဝမ်ပေါင်ကုမ္ပဏီက မသိသေးဘူးဆိုတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီက စွဲတာ မဟုတ်သေးဘူးပေါ့။ဖြေ။ ။ “စွဲမယ်ဆိုရင်တော့ ဦးပိုင်က စွဲမလားမသိဘူး။ ၀မ်ပေါင်စွဲမလား၊ ဦးပိုင်စွဲမလားဆိုတာ အခုက ဆွေးနွေးနေတုန်းပဲ။ နောက်ဆုံးဟိုဟာ မဖြစ်သေးဘူး။ သူတို့ကလည်း မိမိတို့ဝန်ထမ်းကို ၀ိုင်းပြီးတော့ လာချတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်မှာ တော်တော်များများ ဒဏ်ရာရတာလေ။”တောင်သူတွေကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အပြုသဘောလက်ခံကြောင်းနဲ့ ဒီအစီရင်ခံစာကို လိုက်နာဆောင်ရွက်မှု မရှိတဲ့အတွက် သူတို့လယ်မြေပြန်ရရေးအတွက် သပိတ်စခန်း ဖွင့်ထားရတာဖြစ်ကြောင်းကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာအရ အစားထိုးမြေပြန်ပေးဖို့ ပြောဆိုထားတာပါ။ ဒေသခံတွေကတော့ သူတို့မြေယာတွေကိုသာ ပြန်လိုချင်တယ်လို့ ဆည်တဲရွာသူတဦးက ဆိုပါတယ်။“ဒေသခံတွေအပေါ်မှာ အစီရင်ခံစာအတိုင်း လုပ်ဆောင်တာတွေ အခုထိ မတွေ့ခဲ့ရသေးဘူးအမ။ အစီရင်ခံစာအတိုင်းဆိုရင်တော့ ညီမတို့ ဒေသခံတွေရဲ့ တောင်းဆိုတဲ့ အချက်အလက်တွေ ပြီးပြည့်စုံအောင် လိုက်နာဆောင်ရွက်ပေးမယ်ဆိုရင် ညီမတို့အနေနဲ့ စဉ်းစားမယ်။ နောက်တချက်က အခု ညီမတို့ကိုပေါ့နော် ဒီ ယာကို ပြန်လည်ရရှိရေးဆိုတဲ့ ကိစ္စမှာလည်း ညီမတို့ ဒေသခံတွေက လျော်ကြေးစကားမပြေဘူး။ ဒီညဆိုရင် ညီမတို့ရဲ့ တောင်သူတွေကပေါ့နော် ၁ ဧကကို နှမ်း ၁၀ ကျော် ၂၀ ထွက်ပါတယ်။ ဒီနှစ်ဆိုရင် တောင်ပိုကြီးတဲ့သူက နှမ်း ၁၅၀ ကျော်ရပါတယ်။ အဲ့ဒီ နှမ်း ၁၅၀ အပေါ်မှာ ညီမတို့ တောင်သူတွေက နှမ်း ၁ တင်းကို ၄ သောင်းနှုန်းရတယ်။ နှမ်း ၁၀၀ ဆိုရင် သိန်း ၄၀၊ နှမ်း ၁၅၀ ဆိုရင် ဒီညတည်းနဲ့ သိန်း ၆၀ ၀င်နေတဲ့အတွက် ဒီတောင်သူလယ်သမားတွေက ကိုယ်လယ်ယာကိုယ်ပဲ ပြန်ရချင်ပါတယ်။ ကိုယ့်လယ်ကိုယ်ပဲ ပြန်လိုချင်တယ်။”လက်ပံတောင်းမှာ အခုလို လူသေဆုံးမှုအထိ ဖြစ်ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ မြန်မာပြည်တ၀ှမ်း ဆန္ဒပြမှုတွေဖြစ်ခဲ့ရာမှာ မနေကတော့ ကျောက်ပန်းတောင်းမြို့က သံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့ ဆန္ဒပြဖို့ ကြိုးစားသူတွေကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ အပါအ၀င် ပုဒ်မ ၇ ခုနဲ့ ဒဂုံတရားရုံးမှာ တရားစွဲဆိုပြီး အာမခံမပေးဘဲ ဖမ်းဆီးလိုက်ပါတယ်။လက်ပံတောင် ကြေးနီစီမံကိန်းဟာ မြန်မာဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာစီးပွာရေး ဦးပိုင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းလုပ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ၂၀၁၂ မှာ သပိတ်စခန်းဖွင့် ကန့်ကွက်သူတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲမှုဖြစ်အပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးစေခဲ့ပြီးတဲ့နောက်မှာတော့ စာချုပ်အသစ် ပြန်လည်ချုပ်ဆိုခဲ့ပြီး အကျိုးခံစားခွင့်ထဲမှာ မြန်မာအစိုးရပါ ပါဝင်လာတာ ဖြစ်ပါတယ်။နောက်ထပ် သတင်းဆောင်းပါးများ မြန်မာRELATED MULTIMEDIAလက်ပံတောင်းတင်းမာမှု သတ္ထုတွင်းဝန်ကြီး တွေ့ဆုံဖြေရှင်းလိုအပေါ်သို့ ပြန်သွားရန်ဗွီအိုအေ၏ လူမှုကွန်ယက်များဗွီအိုအေ Facebookဗွီအိုအေ Google+ဗွီအိုအေ Twitterဗွီအိုအေ YouTubeFollow us on SoundCloudမြန်မာသတင်းဌာနအကြောင်းကိုယ်ရေး လျှို့ ဝှက်ချက်ဆိုင်ရာမိုဘိုင်းလ် App များကို အခမဲ့ ဒေါင်းလုတ် ရယူရန်မူရင်းစာမျက်နှာအပြည့်အစုံ»

posted from Bloggeroid

မွေးနေ့ နဲ့အားသုဘ ပြသာနာ

အသစ်မြင်တော့ အဟောင်းမေ့

by min kyansixMyanmar Gazette News Media Forum NetworkYesterday, 11:44 PMခေါင်းရင်းအိမ်က မွေးနေ့ပွဲဟာ ခြေရင်းအိမ်က အသုဘကို နဲနဲလေးမှအားမနာသလိုဘဲ လူတွေဟာ အသစ်မြင်တော့ အဟောင်းကိုမေ့တာ သဘာဝတဲ့လား တကယ်ဆိုရင် သုံးဆယ့်တစ်ရက် ဆယ့်နှစ်လ နှစ်ထောင့်ဆယ့်လေးဟာ တစ်ရက် တစ်လ နှစ်ထောင့်ဆယ့်ငါးအတွက် စတေးပေးလိုက်ရတယ် ဘာကြောင့်များ လောကွပ်ဟာ ချော်တောငေါ့သွားရတာလဲ နှစ်ထောင့်ဆယ့်လေးရေ မင်းပေးတဲ့တစ်နှစ်တာသင်ခန်းစာတွေနဲ့ နှစ်သစ်ကို ငါအနိုင်တိုက်သွားမှာပါ သန်းခေါင်ယံအချိန်တောင်နီးလာပြီ မင်းရဲ့မျက်လုံးတွေကိုမှိတ်လိုက်တော့နော် ဘာမှအားမငယ်နဲ့ ...CommentsVisit website



posted from Bloggeroid

ဘာကြောင့်စစ်တမ်းကောက်ရလည်း၂၀၀၈


Jan 1, 2015

လစာတိုးဖို့ ဘာ့ကြောင့် စစ်တမ်း ကောက်ရသလဲ၊ ၂၀၀၈ ပြင်ဆင်ရေးကျတော့ ဘာ့ကြောင့် စစ်တမ်း မကောက်လဲ

လစာတိုးဖို့ ဘာ့ကြောင့် စစ်တမ်း ကောက်ရသလဲ၊ ၂၀၀၈ ပြင်ဆင်ရေးကျတော့ ဘာ့ကြောင့် စစ်တမ်း မကောက်လဲ၊ ပညာရှင်တွေသုံးသပ်တဲ့ ငွေကြေးဖောင်းပွမှုဖြစ်လာနိုင်တဲ့ အပေါ်ဘယ်လိုမြင်သလဲ။ [အမေး-အဖြေ] (Source -RFA )မေး - လွှတ်တော်ကနေအဆိုပြုထားတဲ့ ၀န်ထမ်းတွေ လစာတိုး ဖို့ ကိစ္စနဲ့ပတ်သတ်ပြီးတော့ သမ္မတရုံး website မှာစစ်တမ်း ကောက်ယူ နေတယ်လို့ သိရပါတယ်။ ဘာ့ကြောင့်လဲခင်ဗျ။ဖြေ -ပထမဆုံးအနေနဲ့ ဒီကောက်ယူတဲ့ဟာက အားလုံးပြည့်စုံတယ်လို့ ပြောလို့ မရဘူး။ စမ်းသပ်ပြီးကောက်ခံတာပေါ့။ ပထမဆုံး နံပါတ် ၁ က ပြည်သူ့ သဘောထား ပေါ့။ Public Opinion ကိုကောက်ခံခြင်းပေါ့။ အဲဒီလို Public Opinion ကိုကောက်ခံတဲ့နေရာမှာ အမျိုးမျိုးရှိ တယ်။ အိမ်တိုင်ရာရောက် ကွင်းဆင်းပြီး စစ်တမ်းကောက်တာရှိတယ်။ Mediaတွေက၊ အဖွဲ့ အစည်းတွကတစ်ဆင့် ကောက်ကွက်သတ်မှတ်ပြီးတော့ ကောက်သင်းကောက် ကောက်တာ ရှိတယ်။ နောက်တစ်ဆင့်က ပြည်သူ့သဘောထားတွေကိုဖော်ပြနေတဲ့မီဒီယာတွေ၊ အဖွဲ့အစည်း တွေကနေမှတစ်ဆင့် အသံတွေ ယူရတာရှိတယ်။Online က ဒါက အစိုးရဘက်က ပထမဆုံး စပြီး ကောက်တဲ့သဘော ပေါ့နော်။ ဒီအပေါ်မှာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု၊ ဒီပေါ်မှာဘယ်လောက်ထိပါမလဲ၊ ဘယ်လောက်ထိဝင်ပြီးဖြေကြ မလဲ၊ အဲဒီအပေါ်မှာကျွန်တော်တို့က စောင့်ကြည့်ဖို့လိုအပ်သေးတယ်။ ဒါကတော့ ပထမဆုံးအနေနဲ့ စလုပ်ကြည့်တဲ့သဘောပေါ့။မေး - သမ္မတရုံးက နိုင်ငံ့ဝန်တမ်းတွေလစာတိုးဖို့ ဒီအွန်လိုင်းကနေပြီးတော့မှ စစ်တမ်း ကောက်တဲ့ အပေါ်မှာ တစ်ချို့နိုင်ငံရေးပါတီတွေကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ဘာ့ကြောင့် စစ်တမ်း မကောက် ယူသလဲ ဆိုပြီးတော့ သုံးသပ်နေတာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘယ်လို မြင်ပါသလဲခင်ဗျ။ဖြေ - အဲဒီမေးခွန်းကို ဖြေရမယ်ဆိုရင်ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ့နော်။ လက်ရှိ ကျွန်တော်တို့နိုင်ငံကကျင့်သုံးလိုက်နာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပြဌာန်းချက်တွေကို နားလည်ဖို့ လိုမယ် လို့ ပထမဦးဆုံး အနေနဲ့ ပြောချင်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးက ပြည်ထောင်စုလွှတ်တော်ကဆောင်ရွက်ရတယ်။ နောက်ပြည်ထောင်စုလွှတ်တော်ကပြင်ဆင်ပြီးသွားရင် ပြည်သူတွေရဲ့ သဘောဆန္ဒကို ခံယူရမယ့်အခါကျရင် ပြည်သူ့ဆန္ဒခံယူပြီး ပြင်ရမယ်။အုပ်ချုပ်ရေးရဲ့အခန်းကဏ္ဍ မပါပါဘူး။ ဒါကို သိထားဖို့လိုပါတယ်။နောက်- -၀န်ထမ်းလစာကတော့ ဘာနဲ့သွားဆိုင်လဲ ဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဘတ်ဂျတ်၊ ၀န်ထမ်းတွေကိုပေးမယ်ဆိုရင်ဘတ်ဂျတ်အရ လျာထားပြီးတော့ ပေးရပါတယ်။ ခွဲဝေပေးရပါတယ်။ အဲဒီတော့လွှတ်တော် ကို တင်သွင်းတဲ့ ဥပဒေကြမ်းထဲမှာ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ အဖွဲ့ကသာ တင်သွင်း နိုင်ခွင့်ရှိတဲ့ ဥပဒေကြမ်း ၃ ခုရှိပါတယ်။ အဲဒါက နိုင်ငံတော်ရဲ့စီမံကိန်း၊ နိုင်ငံတော်ရဲ့ဘတ်ဂျတ်၊ နောက် နိုင်ငံတော်ရဲ့အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း။ ဒီဥပဒေကြမ်း ၃ခုက အစိုးရကဘဲ တင်သွင်းရမှာ။ ဘယ်လွှတ်တော် ကိုယ်စားလှယ်ကမှ တင်သွင်းလို့မရဘူး။အဲဒီတော့အုပ်ချုပ်ရေးက လုပ်ဆောင်ရမယ့်ကိစ္စ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်းပြော ထားတယ်။ပြောထားတဲ့အတွက်ဝန်ထမ်းလစာကိစ္စသည် အုပ်ချုပ်ရေးကသာ လုပ်ရမယ့် ကိစ္စဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သည် လွှတ်တော်က လုပ်ရမယ့်ကိစ္စဖြစ်တယ် ဒါက constitutionမှာခွဲထားပြီးသား။ အဲဒီတော့ အုပ်ချုပ်ရေးက ဘာလို့ ဒီလိုစစ်တမ်း ကောက်ယူ သလဲ ဆိုရင် ဒီဝန်ထမ်းလစာ တိုးမြင့်ရေးသည် ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက် ပေးရမယ့် ကိစ္စဖြစ်နေတယ်။ အုပ်ချုပ်ရေးအလုပ်ဖြစ်နေတယ်။ ဒီတော့ Constitution ပြင်ဆင်ရေးသည် လွှတ်တော်အလုပ်။ ၀န်ထမ်းလစာ အစိုးရက တိုးမြင့်ရေးသည် အုပ်ချုပ်ရေးအလုပ်။ ဒါ့ကြောင့်မို့ ကျွန်တော်တို့အစိုးရဘက်က အုပ်ချုပ်ရေးအနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့ အခန်းကဏ္ဍမှာ မရှိတဲ့ Constitution ပြင်ဆင်ရေးက လွှတ်တော်ကပဲ လုပ်ပိုင်ခွင့်ရှိတယ်။ လွှတ်တော် ရဲ့အလုပ်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က သွားပြီးတော့ နှောက်ယှက်တာတို့ ဘာညာလည်း မလုပ်ဘူး။ နောက်လွှတ်တော်ကလည်း ဒါတွေ လုပ်နေတယ်။ဝန်ထမ်းလစာကတော့ အစိုးရအလုပ် ဖြစ်တဲ့အတွက် အစိုးရကဒီပေါ်မှာ စဉ်းစားဆုံးဖြတ်ရမယ်။ အဲဒါနဲ့ပတ်သတ်တဲ့ ပြည်သူ့သဘောထား ကောက်ခံတယ်။ သို့သော်လည်း Online Voting ဖြစ်တဲ့အတွက်ဘယ်လောက် ထိဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးပေါ့နော်။မေး - လစာတိုးလိုက်တယ်ဆိုရင်ငွေကြေးဖောင်းပွမှုတွေဖြစ်လာနိုင်တယ်လို့ ဒီတစ်ချို့ ပညာရှင်တွေကသုံးသပ်နေတာလဲရှိပါတယ်ခင်ဗျ။အဲဒီအပေါ်မှာ ရောဘာများပြောခြင်ပါသလဲခင်ဗျ။ဖြေ- ကျွန်တော်တို့ နိုင်ငံရဲ့လစာ တိုးခဲ့တဲ့ သမိုင်းပေါ့၊ ၁၉၅၀ ကျော်ကနေစပြီးတော့ တိုးမြှင့် လာလိုက်တဲ့ ဟာကို ပြန်ကြည့်လိုက်ရင် လစာတိုးတိုင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်တယ်။ Inflation ဖြစ်တယ်။ အဲဒါ ကတော့ ကျွန်တော်တို့ တူညီတဲ့ အချက်တစ်ချက်ကိုပြန်သွား တွေ့နေ တယ်။ အခု နောက်ဆုံး ဒီလွှတ်တော်ကိုယ်စားလှယ်တွေ တစ်လကို ၁၆ သိန်း တိုးမြှင့်ရေးနဲ့ ဒီဝန်ထမ်းလစာကို တိုမြှင့်ရေး ၈ ဆပေါ့နော်။ ဒီလိုပြောတဲ့အခါမှာ မီဒီယာ တွေမှာ ဖော်ပြတဲ့အပေါ်မှာမူတည်ပြီး ကုန်ဈေးနှုန်းတွေချက်ချင်း လက်ငင်းတက် သွားတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်းပေါ့ ကျွန်တော်တို့ပင်စင်စားအပါအ၀င် အားလုံးက ၁.၆သန်း ဘဲရှိတယ်။အဲဒီတော့မြန်မာနိုင်ငံ လူဦးရေသန်း ၅၀ကျော်နဲ့နှိုင်းယှဉ်ကြည့်ရင် ဒါကတော်တော်လေးကိုနည်းတဲ့ ရာခိုင်နှုန်းဖြစ်တယ်။ အဲဒီတော့ ငွေကြေး လှည့်လည်မှု လှည့်လည်နေတဲ့ ငွေကြေးထဲကိုဝန်ထမ်း လစာဝင်သွားတဲ့အချိန်မှာ ဖြစ်လာနိုင်တဲ့ Side Effect ဘေးထွက်ဆိုးကျိုး တွေ အကုန်လုံးကို သီအိုရီအရရော၊ လက်တွေ့ ဖြစ်ခဲ့တဲ့ သာဓကတွေရော၊ လက်တွေ့နိုင်ငံ တော်ရဲ့ ငွေကြေး လည်ပတ်နေတဲ့အခြေအနေ၊ ဒါတွေကို မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ စဉ်းစားသုံးသပ်နေတယ်လို့တော့ပြောလို့ရပါတယ်။ [Listen RFA's Sound file : https://soundcloud.com/burmeserfa/rd4tsq05twifOppositeye myanmar at 12:30 AMShare 

No comments:

Post a Comment

သင်အမြင်ကို သင်မြင်သည့်အတိုင်း ရေးသားနိုင်သည်။ သင်၏ အပြောအဆိုနှင့် သင်၏အတွေးသည် သင်၏အရည်အချင်းပင်ဖြစ်သည်။‹›HomeView web versionPowered by Blogger.

posted from Bloggeroid

နှစိသစ်မှာ ဖုန်းမလာပါနဲ့


နှစ်သစ်မှာ မြန်မာလူမျိုးများအတွက် ဦးလေးကြီး လက်ဆောင်

ဝင်းကမ္ဘာကျော်Today, 8:06 PMဒီနေ့ တော့ ဦးလေးကြီး နှစ်သစ်မှာ မြန်မာလူမျိုးများအတွက်မြန်မာapkလေးနဲ့  ဖြတ်သန်းသွားဖို့ ဖုန်းမလာပါနဲ့ apkလေးတခု ဦးလေးကြီး လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်ဒီapkလေးရဲ့ ဆွဲဆောင်မှုကတော့ ခပ်လန်းလန်းမီန်းကလေးတယောက်ကိုထိုင်ငေးနေသလိုမျိုး ဖြစ်တတ်တယ်နော် ဘာလိုလဲဆိုတော့မိမိဖုန်းကိုတခြားဖုန်းခေါ်ဆိုမှုတွေကို ပိတ်ပင်ထားပြီး ဖုန်းမလာအောင်ချုပ်ကိုင်ထားပါတယ် ဒီကောင်းလေးရဲ့ အားသားချက် လုပ်ဆောင်ချက်များကိုဦးလေးကြီးရှင်းပြပေးပါမယ်မိမိဖုန်းထဲမှာမှတ်သားထားတဲ့  ဖုန်းများအကုန်လုံးကိုမလာအောင်ပြုလုပ်လိုရခြင်းဘယ်ဖုန်းပဲခေါ်ခေါ် ဖုန်းအားလုံးကို မလာအောင်ပြုလုပ်လိုရခြင်းmessageပို့ လိုမရအောင် ပိတ်ထားလိုရခြင်းဘယ်သူပဲmessageပို့ ပို့  -ပို့ လိုမရအောင် ပိတ်ထားလိုရခြင်းNotification သတိပေးခိုင်းလိုရခြင်း Notification သတိမပေးအောင် လုပ်လိုရခြင်းတစ်ဦးတစ်ယောက်ထဲကိုပဲ ဖုန်းမလာစေအောင်လုပ်လိုရခြင်းတစ်ဦးတစ်ယောက်ထဲကိုပဲ messageပို့ လိုမရအောင် လုပ်လိုရခြင်းစသည်ဖြင့် အချက်များစွာပါဝင်ပါတယ် မိမိက ဥပမာ  ဘယ်ဖုန်းပဲခေါ်ခေါ် ဖုန်းအားလုံးကို မလာအောင်ပြုလုပ်ချင်းရင်တော့အမှန်ခြစ်ပေးပါ စသည်ဖြင့် သင့်ကိုယ်တိုင်းလုပ်ဆောင်လိုရပါတယ်Downloads link 4ခုချပေးထားပါတယ် မိမိနှစ်သက်တဲ့  Downloads linkကနေကြိုက်သလို ဒေါင်းယူနိုင်ပါတယ်(သတိ-၁ခုပဲဒေါင်းယူပေးပါ)ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေgroupထဲJoin Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)``ဦးအာကာ-အမေး-အဖြေ group  facebook pageသို့ like နှိပ်ပေးပါအုံး(အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)``Facebook page (acme mobile) free Downloads link ဖုန်းမလာပါနဲ့ apk Download1 (zippyshare) Download2 (solidfiles) Download3 (sendmyway) Download4 (rghost)ဦးအာကာ(acme mobile)www.ooarkar.comCommentsVisit website

posted from Bloggeroid

၂၀၁၅ နှစ်လုံးသားဘဝ


ကောင်မလေး

မောင်ပေါက် ( Maung Pauk )Yesterday, 11:13 PMဲအပြုံးနဲ့ရောတဲ့အမုန်းတွေ မင်းပေးမယ်ဆိုလဲပေးပါတော့ခါးသီးရက်စက်တဲ့ အချစ်တွေကိုရင်ထဲထိမျိုချမာနကိုခဝါချပြီးနှလုံးသားကိုပူဇော်အချစ်ကြီးသူ အမုန်းတော်လှန်ရေးသမားရဲ့ရှုံးချင်းအဆုံသတ်မှာအသည်းကွဲပိုင်ဆိုင်သူမရှိတဲ့တမ်းချင်းအလွမ်းသီချင်းတွေကို ညည်းညူဒီရင်ထဲအပူတွေငြိမ်းအောင်ငါဘယ်လိုလုပ်ရမလဲကောင်မလေး။Admin…………လင်းလက်လွန်းph no …………09972085931CommentsVisit website

posted from Bloggeroid

သံဆူကြိုးများ ၅ရက်အတွင်းမဖယ်ပေးရင်


သံဆူးကြိုးများ ၅ ရက်အတွင်း ဖယ်ရှားရန် လက်ပံတောင်းတောင်သူများ တောင်းဆို

by နော်နိုရင်းDVB | DVBToday, 3:54 PMလျော်ကြေးမယူတဲ့လယ်မြေအပေါ် ခတ်ထားတဲ့ သံဆူးကြိုးတွေကို ၅ ရက်အတွင်း ဖယ်ရှားပေးဖို့ လက်ပံတောင်းတောင်သူတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါ တယ်။ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ တောငင်သူတွေရဲ့ လယ်ယာမြေတွေ ပေါ်မှာ မတရားကျူးကျော်ခြံစည်းရိုးခတ်ထားခြင်းကို ကြေညာချက်ထွက်ရှိပြီး ၅ ရက်အတွင်း အမြန်ဆုံးဖယ်ရှားဖို့၊  သိမ်းဆည်းထားတဲ့မြေယာတွေကို မူလတောင်သူဆီ ပြန်လည် ပေးအပ်ဖို့ အပါအ၀င် အချက် ၄ ချက်ကို တောင်းဆိုထားပါတယ်။ဒါ့အပြင် ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး ဥပေဒနဲ့အညီ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။“ဒေါ်ခင်ဝင်းကို ပစ်ခတ်ခဲ့ခြင်းမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြိုခွင့်မှုပုံစံ မဟုတ်ဘဲနဲ့ လက်ဖြောင့် သေနတ်သမားက ရည်ရွယ်ချက်ရှိရှိပစ်ခတ် သတ်ဖြတ်လိုက် တာဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဇီးတောရွာက ဦးဇင်း ဦးစန္ဒာသီရိက မိန့်ပါတယ်။လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့ပါတယ်။ ဒီဇင်ဘာလ ဒီဇင်ဘာလ ၂၉ ရက်နေ့ကမှာတော့ ရွာသားတွေက ခတ်ထားတဲ့ သံဆးကြိုးကို ဖျက်ပြီး သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ လက်ရှိမှာလည်း တောင်သူ ၁၅၀ လောက်အဲဒီစခန်းမှာ ဆန္ဒထုတ်ဖော်နေပါတယ်။The post သံဆူးကြိုးများ ၅ ရက်အတွင်း ဖယ်ရှားရန် လက်ပံတောင်းတောင်သူများ တောင်းဆို appeared first on DVB.CommentsVisit website

posted from Bloggeroid

အဆိုးဝါးဆုံးဖြစ်ကနေဒါ



ကနေဒါတွင် နှစ် ၆၀ အတွင်း အဆိုးရွားဆုံးအစုလိုက် လူသတ်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်

by ဒီဗွီဘီDVB | DVBToday, 4:31 PMကနေဒါနိုင်ငံအနောက်ပိုင်း အဒ်မွန်တွန်မြို့က လူ ၉ ယောက် သေဆုံးခဲ့တဲ့ အမှု ၃ ခုဟာ အဆက်အစပ် ရှိနိုင်တာကြောင့် ဒါဟာ နှစ် ၆၀ နီးပါးအတွင်း အဆိုးရွားဆုံး အစုလိုက် လူသတ်မှုနဲ့ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပုံရတယ်လို့ ရဲတွေက ပြောပါတယ်။တနေရာထဲမှာ လူ ၇ ယောက်နဲ့ တခြားနေရာမှာ လူ ၁ ယောက် အသတ်ခံရအပြီး အနားကမြို့မှာ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ ယောက်ျားတယောက်က သူကိုယ်သူ သတ်သေခဲ့တယ်လို့ ရဲက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောပါတယ်။သေဆုံးသူတွေထဲမှာ ကလေး ၂ ယောက်၊ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၂ ယောက်တို့ ပါပြီး ဒါဟာ အိမ်တွင်းအကြမ်းဖက်မှုလို့ မြို့ရဲချုပ် ရော့ဒ် နတ်ထ်က ပြောပါတယ်။လူဦးရေ ၈ သိန်း ကျော်ရှိတဲ့ အဒ်မွန်တွန်မြို့မှာ ၂၀၁၃ ခုနှစ် ၁ နှစ်လုံးမှာ လူသတ်မှု ၂၇ မှုသာ ရှိပြီး အစုလိုက်လူသတ်မှုက မကြားဖူးသလောက်နီးပါ ဖြစ်ပါတယ်။အယ်လ်ဘာတာပြည်နယ်ရဲ့ မြို့တော်လဲ ဖြစ်ပြီး ဒီမြို့က ရေနံသဲတွေဟာ အမေရိကန်ကို ရေနံတင်ပို့မှုရဲ့ အကြီးဆုံး ရင်းမြစ်လဲ ဖြစ်ပါတယ်။အယ်လ်ဘာတာပြည်နယ် ကယ်လ်ဂါရီမြို့နားမှာ ဧပြီလက ဓားထိုးမှုအတွင်း လူ ၅ ယောက် သေဆုံးမှုဟာ ကယ်လ်ဂါရီမြို့အတွက် အဆိုးရွားဆုံး အစုလိုက် လူသတ်မှု ဖြစ်ခဲ့ဖူးပါတယ်။The post ကနေဒါတွင် နှစ် ၆၀ အတွင်း အဆိုးရွားဆုံးအစုလိုက် လူသတ်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု ဖြစ် appeared first on DVB.CommentsVisit website

posted from Bloggeroid

အိမ်ယာဝင်အချစ်များဖြစ်စေ




အိမ်ထောင်ဖက်နဲ့အတူ အိပ်တဲ့ပုံစံ၊ ကိုယ်ခန္ဓာအနေအထားတွေက သင်တို့အချစ်ရေး

OppositeyesToday, 7:00 PMကိုယ့်ချစ်သူ၊ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူအိပ်တဲ့အခါ သင်တို့နှစ်ဦးရဲ့ အိပ်စက်ပုံအိပ်စက်နည်းတွေက သင်တို့ရဲ့အချစ်ရေးက ဘယ်လိုရှိတယ်ဆိုတာ ထောက်ပြပေးနေသလိုပါပဲ။ ခန္ဓာဗေဒက ပြောပြပေးတဲ့ တိကျတဲ့အရာတွေထဲမှာ ဒီ အိပ်စက်တဲ့ပုံစံတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် ခြွင်းချက်တွေအနေနဲ့ ရှိမနေဘူးလားလို့ မေးလာရင်တော့ ရှိကောင်းရှိနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ ကိုယ့်ချစ်သူက ကိုယ့်အနားက ခပ်ခွာခွာအိပ်တတ်လို့ အချစ်ရေး အဆင်မပြေတာမျိုး မရှိပါဘူးလို့ ဆိုချင်လည်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် သေချာတာက သင့်ရဲ့ချစ်သူကသာ အိပ်တဲ့ပုံစံပြောင်းသွားပြီဆိုရင်တော့ ဒီအချက်ကလေးတွေ ဖတ်ကြည့်လိုက်ပေါ့။၁။သင်ကို သင့်ချစ်သူက နောက်ကနေ သိုင်းဖက် အိပ်စက်တတ်တယ်ဆိုရင်ပုံမှာပြထားသလို သင့်ချစ်သူက သင့်ကိုနောက်ကနေ သိုင်းဖက်ပြီး အိပ်စက်တတ်တယ်။ ဒီလို အိပ်စက်တဲ့ပုံမျိုးက သင့်ချစ်သူက သင့်ကို သူ့ရင်ဘတ်ထဲ သွင်းထားချင်တဲ့သဘောလို့ ဆိုရမှာပါ။ ဒါ့အပြင် သင့်ကို သူလုံခြုံစေချင်တယ်။ တစ်နည်းအားဖြင့် သင့်ကို ယုံကြည်တယ်လို့လည်း သတ်မှတ်လို့ရပါတယ်တဲ့။၂။သင်က သင့်ချစ်သူကို နောက်ကနေ သိုင်းဖက်အိပ်စက်တတ်တယ်ဆိုရင်ပုံမှာပြထားသလို သင်ကနောက်ကနေ သင့်ချစ်သူကို ဖက်သိုင်းပြီး အိပ်စက်တတ်တယ်ဆိုရင် သင်ဟာ သူ့အတွက် ကာကွယ်ပေးချင်တဲ့စိတ်တွေ အပြည့်ရှိပါတယ်။ သင်က သူ့အပေါ် အတ္တနည်းနည်းကြီးတယ်ဆိုရင်တောင် သူ့အတွက် ဘယ်တော့မှ နောက်ဆုတ်မသွားဘူးဆိုတဲ့ လူမျိုးပါ။၃။သင်နဲ့ သင့်ချစ်သူက အနည်းငယ် ခွာထားကာ စောင်ခြုံပြီး အိပ်တတ်တယ်ဆိုရင်အိပ်စက်တိုင်း စောင်ခြုံအိပ်စက်တတ်ခြင်းဟာ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ ကိုယ် သိပ်မရင်းနှီးသေးတဲ့ သဘောကိုဆောင်ပါတယ်။ အိပ်တဲ့အခါမှာလည်း နည်းနည်းလေးခွာထားမယ်။ ဒါပေမယ့် သူက ကိုယ့်ကိုနောက်ကနေတော့ သိုင်းဖက်ထားတယ်ဆိုရင် ဒါဟာ သင်ပြသနာတက်တိုင်း၊ တစ်ခုခုဖြစ်တိုင်း သူအမြဲတမ်း သင့်နောက်မှာ ရှိနေမယ်။ သူ့ကိုအမြဲထည့်တွက်စေချင်တဲ့ သဘောပါပဲတဲ့။၎။သင့်ချစ်သူက ကျောနဲ့အိပ်ယာ တစ်သားတည်းကျအောင် အိပ်တတ်ပြီး သင့်ကို သူ့ရင်ဘတ်ပေါ် ဆွဲသွင်းအိပ်တတ်တယ်ဆိုရင်သင့်ချစ်သူဟာ ပုံမှာပြထားသလို ကျောနဲ့အိပ်ယာတစ်သားတည်း အိပ်တတ်ပေမယ့်၊ သင့်ကို သူ့ရင်ဘတ်ပေါ် ခေါင်းတင်အိပ်စက်စေမယ်၊ သင့်ခေါင်းကိုလည်း သူလက်နဲ့ ခုလို ကိုင်ထားပေးတယ်ဆိုရင် သူဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိတဲ့လူမျိုးပါ။ သင့်ကို သူကာကွယ်ပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိစေချင်တဲ့သဘောပါတဲ့။ သင့်ရဲ့အိပ်စက်ပုံက ပုံထဲက အမျိုးသမီးလိုဆိုရင်တော့ သူ့ကို အားကိုးယုံကြည်တယ်ဆိုတာ ပြသလိုက်တာပါပဲ။၅။နှစ်ယောက်စလုံး မှောက်လျှက်အနေအထားအိပ်တတ်ကြတယ်ဆိုရင်ခုလိုအနေအထားမျိုးနဲ့ မှောက်လျှက်အိပ်တတ်တဲ့ စုံတွဲတွေဟာ ဒေါသကြီးတတ်တဲ့သဘော၊ တစ်ဦးနဲ့တစ်ဦး လိင်ကိစ္စယုံကြည်မှု နည်းပါးကြတဲ့ သဘောလို့ ဆိုပါတယ်။ တကယ်လို့များ သင့်အိမ်ထောင်ဖက်က ခုလို မှောက်လျှက်အနေအထား အိပ်နေပြီဆိုရင်တော့ သူ့စိတ်တွေ အရင်လို ပြန်လည်လန်းဆန်းလာအောင်နဲ့ သူ့ကိုအကာအကွယ်ပေးနိုင်အောင် သင့်ဘက်က ကြိုးစားဖို့ လိုပါတယ်။၆။တစ်ယောက်နဲ့တစ်ယောက် မထိပဲ၊ မကြည့်ပဲ ဟိုဘက်ဒီဘက်လှည့်အိပ်တတ်တယ်ဆိုရင်ဒီလိုအိပ်တတ်တဲ့သူ နှစ်ယောက်စလုံးဟာ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တယ်လို့ ယူဆတဲ့သူတွေ ဖြစ်ဖို့များပါတယ်တဲ့။ ဒါ့အပြင် သင်တို့ရဲ့ အသားအရေက ပူတာကြောင့် နှစ်ဦးသား ထိရတာ အဆင်မပြေတာမျိုး၊ သူက ယောင်ပြီး ကန်ကြောက်တာမျိုး လုပ်တတတ်တာကြောင့် ခုလို အိပ်စက်ရတာမျိုး မဟုတ်ရင် အလုပ်မှာ စိတ်ပင်ပန်းတာကြောင့် ဖြစ်စေ၊ ဒါမှမဟုတ် လျှို့ဝှက်ချက်တစ်ခုခုရှိနေတာကြောင့်လည်း ဖြစ်တတ်ပါတယ်။၇။တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းအိပ်တတ်ပေမယ့် ကျောချင်းထိပြီး အိပ်တတ်တယ်ဆိုရင်နှစ်ယောက်စလုံးက ကိုယ့်ရပ်တည်မှုအတွက် ကိုယ်ကျေနပ်ကြသလို သီးခြားစွမ်းရည်တွေရှိနေကြတယ်။ ယုံကြည်မှုလည်း ပြင်းထန်ကြတယ်။ ကျောချင်းထိစပ်နေတဲ့သဘောကတော့ နှစ်ယောက်စလုံးက လိင်ကိစ္စကိုတော့ စိတ်ပါနေကြတုန်းပဲ။ နောက်တစ်ချက် စဉ်းစားလို့ရနိုင်တာက တစ်ယောက်ကနေမကောင်းတာကြောင့် တစ်ယောက်ကို ကိုယ့်အတွက် အနှောင့်အယှက်မဖြစ်စေချင်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့။၈။နှစ်ဦးသား လုံးထွေးဖက်ပွေ့ပြီး အိပ်တတ်တယ်ဆိုရင်ပုံမှာပြထားသလို သင်တို့နှစ်ဦး အိပ်စက်တတ်ကြတယ်ဆိုရင်တော့ သင်တို့ဟာ တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်ဘူးဆိုတဲ့ သဘောကို ပြပါတယ်။ အိပ်နေရင်တောင် ချစ်လို့ မ၀ဘူးဆိုတဲ့သဘောပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းဂရုစိုက်တတ်ကြပြီး ကိစ္စတစ်ခုကို နှစ်ယောက်အတူတူ ဆောင်ရွက်တတ်ကြပါတယ်တဲ့။၉။တစ်ယောက်က ကုတင်ထိပ်နားကပ်နေအောင်အိပ်ပြီး ကျန်တဲ့တစ်ယောက်က အောက်ဘက်နားရောက်နေတတ်တယ်ဆိုရင်ကုတင်ထိပ်ဘက်နား ကပ်အိပ်တတ်တဲ့သူတွေဟာ သူတစ်ပါးကို လွှမ်းမိုးချင်တတ်သလို ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပြင်းထန်တတ်ကြပါတယ်။ အောက်ဘက်နား ဆင်းဆင်းပြီး အိပ်တတ်တဲ့သူတွေဟာ ခုနဖော်ပြတဲ့အချက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ အတွဲတွေဟာ တစ်တန်းတည်း အိပ်တတ်တယ်ဆိုရင် သူတို့ဟာ တူညီနေကြပါသေးတယ်။ ပုံမှာပြထားသလိုဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အားနည်းတဲ့ဘက်ရောက်နေပါတယ်တဲ့။Ref:cosmopolitan.comမေသော် Trend MyanmarCommentsVisit website



posted from Bloggeroid

မတရားမှုများနဲ့ ရန်ကုန်

ရန်ကုန်ရဲ့ တရားဥပဒေစိုးမိုးမှုကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့တဲ့ နှစ်တစ်နှစ်

OppositeyesToday, 2:30 PMတစ်နှစ်ထက်တစ်နှစ်လျော့ကျမှု မရှိဘဲ တိုးပွားလာသောအရာ များတွင် မှုခင်းဖြစ်စဉ်များလည်း ပါဝင်နေပေသည်။ ၂ဝ၁၄ ခုနှစ် ကုန်ဆုံးခြင်းနှင့်အတူ မှုခင်းဖြစ် သည့်ဖြစ် စဉ်များနှင့် အမှုများမှာ ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အမှုပေါင်း ၇ဝဝ ကျော်ပိုမိုများ ပြားနေသည်။ထိုဖြစ်ရပ်များက လူဦးရေ ရှစ်သန်းကျော်နေထိုင်သည့် နိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန် ၏ မှုခင်းဖြစ်ပွားမှုအခြေအနေပင် ဖြစ်သည်။ယခုနှစ်ဇန်နဝါရီလ ၁ ရက် နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းဖြစ်ပွားမှုနှုန်းမှာ စုစုပေါင်း ၃၄၃၆ဝ မှုရှိနေပြီး ၂ဝ၁၃ ခုနှစ် တွင် မှုခင်းဖြစ်ပွားမှုနှုန်း စုစုပေါင်း ၃၃၅၈၂ မှုနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ၇၇၄မှု ပိုမိုများပြားလာသည်ကိုတွေ့ရှိရသည်။ဖြစ်ပွားမှုအများဆုံးမှာ ရဲ ဘက်ပြေးအမှုဖြစ်ပြီး အမှုပေါင်း ၁ဝဝ၆၉ ဖြစ်သည်။►ရက်စက် ကြမ်းကြုတ်လာသည့် ရန်ကုန်ယခု ၂ဝ၁၄ ခုနှစ်အတွင်းအထူးစီမံချက်များဖြင့်ဖမ်းဆီးမှုတွင်ဓားတို၊ ဓားရှည်၊လှံများ၊ တုတ်များ အစရှိသည့် လက်နက်များဖမ်း ဆီးရမိခဲ့သဖြင့် လက်နက်ပုန်းဖမ်း ဆီးရရှိသည့် အမှုပေါင်း ၇၉၇ မှု ရှိခဲ့သည်။ တုတ်၊ဓားလက်နက်ကို ရာဇဝတ်မှု ကျူးလွန်ရာတွင်ပိုမို အသုံးချလာသည့်သဘောဟု ကောက်ချက်ချနိုင်သည်။၂ဝ၁၄ ခုနှစ်အတွင်း လူ သတ်မှုပေါင်းမှာ ၁၇၆ မှုရှိနေပြီး ၂ဝ၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃၆ မှု ပို၍ဖမ်းမိခဲ့သည်။ ထို့အပြင် ဓားပြမှုမှာလည်းစုစုပေါင်း ၆မှုရှိ ပြီး ၂ဝ၁၃ ခုနှစ်ထက် ၂ မှုတိုး လာသည်ကိုတွေ့ရသည်။ထိုနည်းတူယာဉ်ထိန်းရဲများ ကိုလည်း ဓားဖြင့်ထိုးသည့် အမှု များ ရှိနေသည်။ယခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် မင်္ဂလာဈေး မီးပွိုင့်အနီးက ယာဉ်ထိန်းရဲကင်းကို ၁ဝ၅ ယာဉ် လိုင်း(အပြာ)မှ ယာဉ်နောက် လိုက်က ဂက်စ်စာအုပ်ပြန်ပေးဖို့ တောင်း ရင်း အသင့်ပါလာသည့် ဓားရှည်နှင့် ကင်းတဲထဲရှိ ယာဉ် ထိန်းနှစ်ဦးကို ထိုးသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ထို့အပြင် အဆိုပါအမှု ကျူးလွန်ရာတွင် ယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ပြီးယာဉ်ပေါ်တွင် အသင့်ပါလာသောဓားတစ်ချောင်း ပါဖမ်းမိခဲ့သည်။ သို့သော်လည်း ယာဉ်နောက် လိုက်ကိုမူ ဖမ်းဆီးရ မိခြင်းမရှိသေးကြောင်းသိရသည်။ထို့အတူအင်းစိန်တွင်လည်း အလားတူအမှုမျိုး ဖြစ်ပွားခဲ့ပြီး၊ ကန်တော်ကြီးပတ်လမ်းတွင်လည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦး အပါ အဝင် မိသားစုဝင်များက ယာဉ်ထိန်းရဲ တစ်ဦးကိုဝိုင်းရိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ဆိုရသော် ရန်ကုန်တွင် ဒုစ ရိုက်မှုကျူးလွန်ရန် ဝန်မလေး သော လူတန်းစားတစ်ရပ် ရှိနေ ပြီး ယင်းတို့ကြောင့်ပင် ရန်ကုန်မြို့ ၏ နေရာအချို့တွင်လူများ ကျီး လန့်စာစားဖြစ် ခဲ့ရသည့် ဖြစ်ရပ် တို့လည်းရှိခဲ့သည်။ နာကျင်စေမှု ကဲ့သို့သော သာမန်ရာဇဝတ်မှုများကတော့ ယမန်နှစ်ကထက် အနည်းငယ် လျော့ပါးလာသည် ဟု ဆိုနိုင်သည်။ဂိုဏ်းဆန်ဆန်ဖွဲ့စည်းထား သော အဖွဲ့များက တာဝန်ကျရဲ များကို လက်နက်ဖြင့်ပြန်လည် ခုခံတိုက်ခိုက်မှုများကြောင့် ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် ဖမ်းဆီးမှုများပြုလုပ် ခဲ့ရသည်။ ၂ဝ၁၄ ခုနှစ်အတွင်း အများမျက်ခုံးပင့်စရာ မှုခင်းအချို့မှာ…►ရန်ကင်းလူသတ်မှုရပ်ကွက်အတွင်း လမ်း လျှောက်ရာမှ လူချင်းတိုက်မိ၍ စကားများခဲ့ကြပြီးအိမ်သို့ပြန် ကာဓားကိုယူ၍ ရက်စက်စွာ သတ်ဖြတ်ခဲ့သော လူသတ်မှု တစ် ခု ရန်ကင်း တွင်ဖြစ်ပွားခဲ့သည်။ထိုသို့ သတ်ဖြတ်ခြင်းကြောင့် ရန်ကင်းရှိ ရပ်ကွက်သူ ရပ်ကွက် သားများက ထိထိရောက်ရောက် အရေးယူရန် ဆန္ဒပြတောင်းဆိုခြင်း များလည်း ရှိခဲ့သည်။တရားရုံးကလည်း ရက်စက် စွာသတ်ဖြတ်ခဲ့သော ရန်ကင်းလူ သတ်မှုတွင် ကျူးလွန်ခဲ့သော တရား ခံအားလည်း သေဒဏ်အမိန့်ချ မှတ်ခဲ့သည်။ထိုကဲ့သို့ လူသတ်မှုကျူးလွန် သူများကိုလည်းသေဒဏ်ဟူသည့် ပြစ်ဒဏ်မျိုးသာ ချမှတ်သင့် ကြောင်း၊ သို့မှသာ လူသတ်မှု ကျူးလွန်သူများအနေဖြင့် မိမိ သေဒဏ်ပေးခံ မည်ကိုစိုးရွံ့သော ကြောင့်ကျူးလွန်ရန် အဟန့် အတားတစ်ခုဖြစ်စေနိုင်ကြောင်းလူအများစုကဝေဖန်သည်။►လှိုင်သာယာ လူသတ်မှုလှိုင်သာယာမြို့နယ်ရှိ လက် ဖက်ရည်ဆိုင်တွင် အသက် ၂ဝ ကျော် လူငယ်တစ်ဦးက ဆိုင်တွင်း စားသုံးနေသူတစ်ဦးအား လူအုပ် စု ဖြင့်ရိုက်နှက်၍ ဓားဖြင့်ထိုးသည့် ဗီဒီယိုမှာ လူမှုကွန်ရက်စာမျက် နှာတွင် ပျံ့နှံ့ခဲ့သည်။ အဆိုပါ အဖွဲ့တွင်ဆယ်ကျော်သက်အရွယ် လူငယ်များလည်း ပါဝင်နေသည်။ လှိုင်သာယာအမှုတွင် ပါဝင်ကျူး လွန်သူများကို ယခုချိန်ထိ အမိန့် ချခြင်း မရှိသေးပေ။►ပျော်ပျော်ပါးပါး လောင်းကစားလောင်းကစားများမှာလည်းရပ်ကွက်အတွင်း နှစ်လုံးသုံးလုံး ဒိုင်များတွင် ငွေတစ်ရာဖိုးမှစ၍ အလွယ်တကူ ပြုလုပ်နိုင်ခြင်းကြောင့် လူအများစု ဘဝပျက်ခဲ့ရသည်။ရန်ကုန်တိုင်းဒေသကြီးတွင်းလောင်းကစားမှုကျူးလွန်သူများ အား ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှ စီမံချက်ဖြင့် ဖမ်းဆီးအ ရေးယူရာ စုစုပေါင်း ၈၆၈ မှုဖမ်း မိခဲ့ပြီး ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၁၈၈မှုလျော့ကျသွားခဲ့သည်။အဆိုပါလောင်းကစားမှုတွင် ဖဲရိုက်သည့် လောင်းကစား၊ နှစ်လုံး၊ သုံးလုံးလောင်းသည့်လောင်းကစား တို့ကိုအများဆုံး ဖမ်းမိခဲ့သည်။သို့ရာတွင် ယခင်နှစ်များ အတိုင်းပင် ပင်ရင်းဒိုင်ကို ဖမ်းမိ သည်ဟူ၍ မကြားရ။►သူခိုးတွေနည်းသွားသည့် ရန်ကုန်ယခုနှစ်ဇန်နဝါရီ ၁ ရက်နေ့ မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ခိုးမှုများအား ဖမ်းဆီးမှုမှာစုစုပေါင်း ၁ဝဝ၃ မှုရှိ နေပြီး ၂ဝ၁၃ ခုနှစ်နှင့်နှိုင်းယှဉ် ပါက ၆၇ မှုလျော့ကျသွားသည် ကိုတွေ့ရသည်။ဖမ်းဆီးထားသောခိုးမှုများ မှာ ၆(၁) ၃၅ မှု၊ စက်ဘီးခိုးမှု ၈မှု၊ ဆိုင်ကယ်ခိုးမှု ၅၇ မှု၊ ကားခိုးမှု ၉ မှု၊ ခါးပိုက်နှိုက်ခိုးမှု ၅၆ မှု၊ ရိုး ရိုးခိုးမှု ၇၇၂ မှုနှင့်ပစ္စည်းများပြင် ဆင်ပြီးခိုးမှု (ခိုးမှု ၃၈၂) ၆၆ မှု စုစုပေါင်း ၁ဝဝ၃ မှုရှိနေသည်ကို တွေ့ရသည်။►မူးယစ်ဆေး အမြစ်တွယ်ဆဲမူးယစ်ဆေးဝါးတွင် လူအ များအသုံးပြုနေသည့် ဆေးခြောက် နှင့်WY စာတန်းပါ ဆေးပြား များ၊ ကော်ရှူရန် ကော်ဘူးများ မှာလည်းအလွယ်တကူ ဝယ်ယူရရှိ နိုင်ပြီး သုံးစွဲသူများကို ဖမ်းဆီး ရာတွင်လည်း ယခင်နှစ်နှင့် နှိုင်း ယှဉ်ပါက ၁၃၁ မှု တိုးလာသည်ကို တွေ့ရသည်။ရန်ကုန်တိုင်းဒေသကြီးအ တွင်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့ အထိ မူးယစ်ဆေးဝါးဖမ်းဆီးမှု စုစုပေါင်း ၄၁၇ မှု ရှိနေပြီး ၂ဝ၁၃ ခုနှစ်နှင့် နှိုင်း ယှဉ်ပါက ၁၃၁ မှု တိုးလာသည်ကိုတွေ့ရသည်။►ဆန္ဒကိုသိက္ခာနှင့် ထိန်းလာနိုင် သည့် ရန်ကုန်မုဒိမ်းမှုများမှာ မကြာခဏ ကြားနေရပြီး ယခင်နှစ်နှင့်နှိုင်းယှဉ် ပါက ၂၇ မှု လျော့ကျသွားသည်ကို ရဲတပ်ဖွဲ့၏ သတင်းအချက် အလက်များက ညွှန်းဆိုနေကြ သည်။၂ဝ၁၄ ခုနှစ်ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့ အထိ မုဒိမ်းမှုကျူးလွန်ခြင်းမှာ စုစုပေါင်း ၁၂၅ မှုရှိပြီး ၂ဝ၁၃ ခုနှစ် နှင့်နှိုင်းယှဉ်ပါက ၂၇ မှု လျော့ကျ သွားခဲ့ သည်။၂ဝ၁၃ ခုနှစ်တွင်ဖြစ်ပွား ခဲ့သောမုဒိမ်းမှုမှာစုစုပေါင်း ၁၅၂ မှု ရှိနေသည်ကိုတွေ့ရသည်။ပြစ်မှုကျူးလွန်သူများအား သေဒဏ်ပေးသင့်ကြောင်း၊ သို့မှ သာ မုဒိမ်းမှုကျူးလွန်သူများ အနေဖြင့် မိမိသေဒဏ်ပေးခံမည် ကို စိုးရွံ့သောကြောင့် ကျူးလွန် ရန် အဟန့် အတားတစ်ခုဖြစ်စေ နိုင်ကြောင်း၊ ယခုပေးထားသော ပြစ်ဒဏ်များမှာလည်း နည်းနေသော ကြောင့်ကျူးလွန်မှုများမှာ ရှိနေ ဆဲဖြစ်နေကြောင်း လူအများ၏ ဝေဖန်မှုများရှိနေ သည်။►ပြည့်တန်ဆာများ ပေါတဲ့မြို့ပြည့်တန်ဆာများအားလည်း ရန်ကုန်မြို့လယ် နေရာများတွင် တွေ့ရှိရတတ်ပြီး အနှိပ်ခန်းအချို့ တွင်လည်း ၄င်းတို့ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သည်။တရားဝင်ခွင်ပြုခြင်း၊ မပြု ခြင်းကအသာထား၊ သူတို့တွေ များပြားလာနေသည်က ငြင်းမရ။ထို့ကြောင့်ပြည့်တန်ဆာ ဖမ်း ဆီးမှုများမှာလည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၄၁ မှုတိုးလာ သည်ကို တွေ့ရှိရသည်။၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့မှ ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ပြည့်တန်ဆာမှုစုစုပေါင်း ၁၇ဝ၃ မှုဖမ်းဆီးအရေး ယူခဲ့ပြီး ၂ဝ၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၄၁မှု တိုး လာ သည်။ ၂ဝ၁၃ ခုနှစ်တွင်မူ ပြည့်တန်ဆာမှုပေါင်း ၁၄၆၂ မှု တို့အား စစ်ဆေးဖမ်းဆီး အရေးယူနိုင်ခဲ့သည်။►ဘာသာရေးနှင့်ဆက်နွှယ်ခဲ့သည့်မှုခင်းများယခုနှစ်အတွင်း သာသနာ ညှိုးနွမ်းစေသည်ဟူသည့် ပုဒ်မ မျိုးနှင့် ဖြစ်ပွားခဲ့သောမှုခင်းများ လည်းရှိသည်။ယခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သော လူသိများသည့် ဖြစ်စဉ်တစ်ခုမှာ ဘားတစ်ခု၏ အ ရောင်းမြှင့်တင်ရေးအား လုပ် ဆောင်ရာတွင် ဗုဒ္ဓမြတ်စွာဘုရား ပုံတော် တွင် နားကြပ်တပ်ထား သောဒီဇိုင်းပုံစံဖြင့် ပြုလုပ်ဖြန့်ဝေ ခဲ့ခြင်းကြောင့် လူအများကြား ဝေဖန်မှုခံခဲ့ရသည်။ထိုသို့ ပြုလုပ်ရာတွင် ဆိုင်ပိုင် ရှင်မြန်မာနိုင်ငံသားနှင့် ဆိုင်၏မန်နေဂျာ နယူးဇီလန်နိုင်ငံသားတို့ ကို သာသနာ ညှိုးနွမ်းစေမှု၊ သာ သနာ အကြည်ညိုပျက်စေမှုနှင့် ည အချိန်မတော် ဘားဖွင့်သည့် ပုဒ်မ (၁၈၈) ဖြင့်အရေးယူခဲ့သည်။►၂ဝ၁၅ မှုခင်းအခြေအနေ၂ဝ၁၄ ခုနှစ်မှုခင်းဖြစ်ပွားမှုများတွင်ပြည်သူများအနေဖြင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်း ကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေပြီး ရဲအင်အားနည်းခြင်းမှာ လည်း အကြောင်းအရင်းတစ်ခု အဖြစ် ပါဝင်နေသည်။ရဲတပ်ဖွဲ့ တစ်ဦးလျှင် ပြည်သူ ၁၃ဝဝ ခန့်ကိုထိန်းချုပ်နေရ ကြောင်းလည်း ရဲတပ်ဖွဲ့စာရင်း များအရ သိရသည်။၂ဝ၁၅ ခုနှစ်တွင် မှုခင်းဖြစ် ပွားမှုလျော့ကျရန် EU အဖွဲ့ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း ကာစီမံချက်များနှင့် မှုခင်းနှိမ်နင်း မှုလျော့ကျစေရန်ဆောင်ရွက်ခြင်း၊ တရား ဥပဒေစိုးမိုးရေး ဆောင် ရွက်ခြင်းတို့ ပြုလုပ်ပါကမှုခင်းဖြစ် ပွားမှုနှုန်းမှာ လျော့ကျလာမည်ဟု ယူဆရသည်။ထို့အပြင် နိုင်ငံတော်မှလည်း ရဲတပ်ဖွဲ့အင်အား တိုးချဲ့ပေးခြင်း၊ ရဲအသုံးအဆောင်ပစ္စည်းများအား ပံ့ပိုးပေးပါကလည်း မှုခင်းလျော့ ကျရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း ပြည်သူများ က သုံးသပ်ကြသည်။CommentsVisit website

posted from Bloggeroid

လိပ်ကျွန်းလူသတ်မှုဒေါ်အောင်ဆန်စုကြည်ပြောကြား


လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကိုကူညီ ပေးမည့်အစီအစဉ်မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

OppositeyesToday, 3:10 PMWednesday, December 31, 2014ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့်မြန်မာနိုင်ငံသား နှစ်ဦးကို တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌအနေနှင့် ကူညီလုပ်ဆောင်ပေးရန်အစီအစဉ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။“ဆက်စပ်လုပ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ အစိုးရက လုပ်ပေးနေတယ်လို့ပဲ နားလည်ပါတယ်” ဟု ၎င်းကဆိုသည်။အမှုမှ လွတ်မြောက်ရေး အကူအညီပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အဖမ်းဆီခံ မြန်မာနှစ်ဦးအကျဉ်းထောင်အတွင်းမှစာရေးသား ပေးပို့ထားမှုနှင့် ပတ်သက်၍ The Voice၏မေးမြန်းမှုကို၎င်းကအထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။လက်ရှိ အခြေအနေတွင် မြန်မာအစိုးရအနေနှင့် ရှေ့နေများ ငှားရမ်း၍ တရားဥပဒေနှင့်အညီ ကူညီဆောင်ရွက် ပေးနေပြီး တရားခံဟု စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား နှစ်ဦးအတွက် တရားဥပဒေအရ အခွင့်အရေး အပြည့်အဝ ရရှိရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ “တရားဥပဒေစိုးမိုးရေးတရားခံများဟာ ရာနှုန်းပြည့်ရရမယ်” ဟု၎င်းကဆိုသည်။စွပ်စွဲခံထားရသော မြန်မာနိုင်ငံသား နှစ်ဦးအတွက် အစိုးရ၏ကူညီဆောင်ရွက်ပေးမှုသည် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ မူဝါဒနှင့်ကိုက်ညီမှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကထပ်လောင်း ပြောကြားသည်။ဖမ်းဆီးခံမြန်မာနှစ်ဦး ရေးသားပေးပို့သည့် စာကို ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်ထံသို့ မေးလ်မှတစ်ဆင့် ဒီဇင်ဘာလလဆန်းပိုင်းတွင် ပေးပို့ခဲ့သည်။The Voice WeeklyCommentsVisit website

posted from Bloggeroid

ရိက္ခာနှင့်ဆက်ကြေး

ရိက္ခာနှင့် ဆက်ကြေးငွေကောက်ခံမှုအပေါ် ကန့်ကွက်စာပို့သည့်ဒေသခံ ရှမ်းတိုင်းရင်းသားများအား KIA အဖွဲ့မှ ခြိမ်းခြောက်

OppositeyesToday, 3:52 PMဒီဇင်ဘာ ၃၁ ရက်၊ ၂၀၁၄ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ နန်းထွက်ကွင်းသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ရောက်ရှိလာပြီး ကျေးရွာများမှ ဆန်နှင့် ဆားများလာရောက်ကောက်ခံခဲ့ကြောင်း ဒေသခံ ရွာသားများထံမှ သိရသည်။“တစ်ရွာကို ဘယ်လောက်ပေးရမယ်ဆိုပြီး တောင်းတယ်၊ ဦးတို့က မပေးနိုင်တော့ အစည်းအဝေးလုပ်ပြီး လိုင်ဇာဌာနချုပ်ကို ကန့်ကွက်စာပို့ခဲ့တယ်”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။အဆိုပါအဖွဲ့အား ကျေးရွာများမှ လယ်သမားတစ်ဦးလျှင် ဆန်(၁)အိတ်၊ ဆား(၁)ပြည် ပေးဆောင်ရမည်ဖြစ် ကြောင်း ရွာသားတစ်ဦးထံမှ သိရှိရပါသည်။ “သူတို့ ရိက္ခာ၊ဆက်ကြေးငွေ ကောက်တာကို ကန့်ကွက်စာပို့တဲ့ကိစ္စသိသွားလို့ တို့ဒေသခံရှမ်းတိုင်းရင်းသားတွေ ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေပြုလုပ်လာတယ်၊ ဟိုနေ့က လိုင်ဇာဌာနချုပ်ကိုပို့လိုက်တဲ့စာ သူတို့ သိတယ်ပေါ့ ဘယ်သွားသွားဘယ်လာလာသတိထားနေပါ၊ မင်းတို့ရှမ်းတိုင်းရင်းသားတွေ အဓိကသတိထားနေ ”ဟု ခေါ်ယူပြောဆိုခဲ့ကြောင်း ရှမ်းတိုင်းရင်းသားတစ်ဦးကပြောသည်။ယခုလို KIA အဖွဲ့မှ ဆက်ကြေးကောက်ခံနေမှုအပေါ် KIA ဗဟိုဌာနချုပ်သို့ ကန့်ကွက်စာများပေးပို့ဆောင်ရွက် ခဲ့သည့်အတွက်ကြောင့် ဒေသခံရှမ်းတိုင်းရင်းသားများအား KIA အဖွဲ့မှ အသက်အန္တရာယ်ကိုခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာပြည်(မြောက်ပိုင်း)ရှမ်းတိုင်းရင်းသားရေးရာအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ သည်။စိုင်းခွန်စစ်CommentsVisit website

posted from Bloggeroid

ကရင်ပဋိပက္ခ


ကရင်ရွာမှ ပဟေဠိလူသား

OppositeyesToday, 4:30 PMအိမ်ဦးခန်း ဘုရားစင်ရှေ့ ပလ္လင်ပေါ်တွင် သစ်လွင်တောက်ပသော အ၀ါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိုင်နေသည်။ ပလ္လင်ရှေ့တွင် ၀တ်ဖြူစင်ကြယ်နှင့် သက်ကြီးရွယ်အို နှစ်ဆယ်ခန့်က လက်အုပ်ချီမိုး ရှိခိုးနေကြသည်။ ပေနှစ်ဆယ်ပတ်လည်ခန့်သာကျယ်သည့် ထိုအိမ်လေးပေါ်တွင် လူအပြည့်ဖြစ်သည်။ ထို့ကြောင့် ၀တ်ဖြူစင်ကြယ်ဝတ်အချို့မှာ အိမ်ရှေ့မြေကွက်လပ်မှနေ၍ပင် ၎င်းရှိရာဘက်သို့ မျက်နှာမူကာ လက်အုပ်ချီလျက်။ ပလ္လင်ပေါ်မှပုဂ္ဂိုလ်က ၎င်း၏ရှေ့ အနီးဆုံးနေရာတွင် လက်အုပ်ချီထားသည့် ဆေးပိုက်တန်းလန်းနှင့် လူနာအဘွားအို၏ ခန္ဓာကိုယ်ကို လက်ဖြင့်လှမ်းထိကာ စူးရှနက်ပြာသောအသံဖြင့် ကရင်ဘာသာစကားအချို့ အော်ပြောနေပြီး ကျန်သူများက သူပြောသည့်အတိုင်း တိုင်မင်ကိုက် လိုက်ပြောကြသည်။ သုံးမိနစ်ခန့်အကြာတွင် ပလ္လင်ပေါ်မှထ၍ ပြန်ရန်ဟန်ပြင်ချိန်၌ အိမ်ရှင်က အသေအချာ စည်းနှောင်ထားခြင်းမရှိသည့် ငါးသောင်းကျပ်ခန့်ရှိမည်ဟု ခန့်မှန်းရသည့် တစ်ထောင်တန်အထုပ်တစ်ထုပ်ကို လက်အုပ်ချီလျက်ဖြင့် ၎င်းပုဂ္ဂိုလ်ထံပေးလိုက်သည်။ အိမ်ရှင်နည်းတူ ဒေသခံအချို့ကလည်း လက်အုပ်ချီလျက် ငွေစက္ကူအချို့ လှူဒါန်းကြသည်။ ထို့နောက် အဆိုပါအိမ်ကလေးမှ ၎င်းပုဂ္ဂိုလ် ထွက်ခွာသွားသည်။ ဖိုးတခေတ်ကို အလှူအိမ်တစ်ခုတွင် ကိုးကွယ်သူများနှင့်အတူတွေ့ရစဉ်/ဓာတ်ပုံ - အောင်သစ်လွင် ဒီဇင်ဘာလကုန်တွင် ကရင်ပြည်နယ် ဘားအံ-ကော့ကရိတ် ကားလမ်းဘေးရှိ ကော့ကသောင်ရွာမှ မြင်ကွင်းတစ်ခုဖြစ်သည်။ ထိုနေ့က ကော့ကသောင်ရွာဒေသခံ အဘွားအိုတစ်ဦး ကျန်းမာရေးမကောင်းသောကြောင့် အ၀ါရောင်ဝတ်ရုံဝတ် ၎င်းကို ပင့်ကာ တရားနာ၍ သဒ္ဓါဆွမ်းကျွေးခြင်းဖြစ်ကြောင်း အိမ်ရှင်က ရှင်းပြသည်။ ၀တ်ဖြူစင်ကြယ်များနှင့် ဒေသခံသက်ကြီးရွယ်အိုများက အဘိုးဟုခေါ်ကာ လက်အုပ်ချီကန်တော့ခံနေသူမှာ မှတ်ပုံတင်အမည် စောကျော်လှသန်းဟုခေါ်သည့် အဝေးသင်တက္ကသိုလ်တက်နေဆဲ အမျိုးသားတစ်ဦး။ အသက်က(၃၈)နှစ်ခန့်။ ၎င်းမှာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများကြား ကရင်စာပေအရ ဖူးတခီးတစ်ဖြစ်လဲ ဒေသတွင်းတွင် ဖိုးတခေတ်ဟု လူသိများနေသည့် ပဟေဠိလူသားတစ်ဦးဖြစ်သည်။ ‘‘သူတို့က သက်သတ်လွတ်စားတယ်။ ဘုရားတည်တယ်။ ဒါပေမဲ့ ဘုရားတည်တဲ့ပုံလေးတွေက ကျမ်းဂန်ပါဠိတော်နဲ့တော့ သိပ်မညီဘူးပေါ့လေ။ အဲဒီလိုလေး တွေ့ရတယ်။ ဒါက သူတို့အယူအဆပေါ့လေ။ သူတို့ဘာသာ အဖွဲ့နဲ့နေတာပဲ။ သူတို့က စာပေရေးရာဖော်ထုတ်တဲ့ အဖွဲ့တစ်ဖွဲ့ပေါ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာလိုင်းနဲ့တော့ နည်းနည်းလွဲနေတယ်’’ဟု ကရင်ပြည်နယ် သာသနာရေးမှူး ဦးထွန်းသန်းက ပြောသည်။ ကရင်နှင့် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများအကြား ဖိုးတခေတ်ကို မသိသူမရှိ။ သူက ဘားအံမြို့နယ် ဂျိုင်းရွာအနီးတွင် ကိုယ်ပိုင်ကရင်အမျိုးသားရွာတစ်ရွာ ထူထောင်ထားပြီး ယင်းရွာတွင် ဘုရင်တစ်ပါးကဲ့သို့ နေထိုင်သူဟု ဒေသခံများက ပြောသည်။ နေရာတစ်ခုမှတစ်ခုသို့သွားလျှင် မည်သည့်ရိုးရာဝတ်စုံမှန်း ပြောရန်ခက်ခဲသည့် ၀တ်ရုံဆန်းဝတ်ဆင်လျက် ဝေါယာဉ်ဖြင့်သွားသည်။ ယခုမူ ကားဖြင့်သွားသည်။ ဖိုးတခေတ်ဦးဆောင်သည့် ကရင်တိုင်းရင်းသားရိုးရာပွဲများတွင် ဆိတ်ငါးကောင်ဖြင့်ဆွဲသည့်လှည်းကို စီးလေ့ရှိသည့်အပြင် သမင်များကိုပါ လှည်းဆွဲခိုင်းသောကြောင့် ၎င်းကို ထူးဆန်းသော လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် စိတ်ဝင်စားကြသည်။ တစ်ခါတစ်ရံ ပွဲတော်မဟုတ်သည့်တိုင်အောင် အနီးဝန်းကျင်နေရာများသို့ ဆိတ်ငါးကောင်ဆွဲသော လှည်းစီးကာ ထွက်လာလေ့ရှိကြောင်း ဂျိုင်းကျေးရွာဒေသခံများက ပြောသည်။ ဖိုးတခေတ်အသုံးပြုသော ဝေါယာဉ်အချို့/ဓာတ်ပုံ - အောင်သစ်လွင် ဖိုးတခေတ်ထံတွင် ၎င်း၏သားသမီးများအဖြစ် ခံယူထားသည့် ၀တ်ဖြူစင်ကြယ်ဝတ်အလှူခံပုဂ္ဂိုလ် သက်ကြီးရွယ်အိုများရှိနေပြီး ၎င်းတို့က ကရင်နှင့် မွန်ပြည်နယ်အနှံ့ အလှူခံထွက်၍ရသော အလှူငွေများကို ဖိုးတခေတ်ထံတွင် အပ်ကြရသည်။ ဖိုးတခေတ်ရွာ၌ အိမ်ခြေတစ်ရာကျော်ရှိကြောင်း ဖိုးတခေတ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်သိန်းကပြောပြီး အိမ်တိုင်းတွင် ဘုရားပုံတော်၊ သာမညဆရာတော်ပုံတော်နှင့် တစ်တန်းတည်းထားကာ ဖိုးတခေတ်၏ဓာတ်ပုံကို ဘုရားစင်တင်၍ ကိုးကွယ်ထားသည်။ အချို့အိမ်များတွင် ဖိုးတခေတ်၏ ဓာတ်ပုံတစ်ပုံတည်းသာ ပန်း၊ ရေချမ်းတို့ဖြင့် ကိုးကွယ်ထားသည်။ ထိုလုပ်ရပ်များကိုသိသည့် ကရင်တိုင်းရင်းသားအများစုက ဖိုးတခေတ်သည် ရိုးသားသည့် ကရင်တိုင်းရင်းသားအချို့အပေါ် သူလိုချင်သည့်ပုံစံတစ်ခုကို ရည်ရွယ်ချက်ရှိရှိ သွတ်သွင်းနေသူဖြစ်ကြောင်း သုံးသပ်ဝေဖန်ကြသည်။ အချိန်နှင့်အမျှ တိုးတက်နေသော နည်းပညာခေတ်တွင် ဖိုးတခေတ်က ရှေးရိုးစွဲအယူအဆများဖြင့် လူ့အဖွဲ့အစည်းတစ်ခုကို အရည်းကြီးကိုးကွယ်သူများကဲ့သို့ဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း ဝေဖန်သံများလည်း ဆူညံစွာထွက်ပေါ်နေသည်။ ‘‘သူ့အယူက တစ်မျိုးဗျ။ သူပြောဆိုနေတာတွေက ယုတ္တိတော့မတန်ဘူး။ ဘာသာရေးပဋိပက္ခတွေဖြစ်လို့ သွေးချောင်းစီးရန်ပွဲတွေဖြစ်ပြီး နောက်ဆုံး ဘာသာအားလုံးပျောက်သွားရင် ပေါ်လာမှာက ဖိုးတခေတ်သာသနာလို့ ပြောတယ်။ မယုံကြည်သူတွေရှိသလို ယုံနေတဲ့သူတွေလည်းရှိနေတယ်။ မယုံသူတွေအတွက်ကတော့ သူက ရူးနေတာလို့ ပြောကြတာပေါ့’’ဟု ကရင်တိုင်းရင်းသား စောဖိုးလှကပြောသည်။ ဖိုးတခေတ်နှင့် အနီးကပ်နေသူ အဖွဲ့ဝင်များက ၀တ်ဖြူစင်ကြယ်ဝတ်ရသည်။ ဆံပင်လုံးဝမညှပ်ရဘဲ အရှည်ထားရသည်။ အမျိုးသမီး၊ အမျိုးသားအားလုံး နားကပ်ပန်ရသည်။ ပုတီးများ ချိတ်ဆွဲထားရသည်။ မည်သည့်နေရာသွားသွား ဖိနပ်မစီးရ။ ထိုအချက်များသည် ပုဂံခေတ်က ထွန်းကားခဲ့ဖူးသည့် အရည်းကြီးများနှင့် ဆင်တူနေကြောင်း ကရင်တိုင်းရင်းသား စောဖိုးလှက ပြောသည်။ဖိုးတခေတ်၏ဇာတိမှာ ဘားအံမြို့ ဇွဲကပင်တောင်ခြေရှိ ဒုံရင်းရေတံခွန်အနီး ကော့မူးနုပ်ရွာဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်နီးပါးက လူမျိုးစုတစ်စု၏ ဘုရင်တစ်ပါးအဖြစ် မိမိကိုယ်ကိုယ်သမုတ်ကာ ဒုံရင်းရေတံခွန်အနီး၌ ၀ိနည်းနှင့် လွဲချော်နေသော ဘုရားစေတီများ တည်ဆောက်ရာမှ ဒေသခံ ကရင်ဗုဒ္ဓဘာသာများနှင့် ထိပ်တိုက်တွေ့ကာ ဘားအံမြို့နှင့် မိုင် ၃၀ ကျော်ဝေးသော ဂျိုင်းရွာသို့ ပြောင်းရွှေ့သွားခဲ့ရခြင်းဖြစ်ကြောင်း ဘားအံမြို့ဒေသခံအများစုက ပြောသည်။ ဂျိုင်းရွာအနီး ဖိုးတခေတ်၏ ရွာမြေနေရာကိုလည်း ကရင်ပြည်နယ်အစိုးရကိုယ်တိုင် ပေးခဲ့ခြင်းဖြစ်ကြောင်း ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အတည်ပြုနိုင်ခဲ့သော်လည်း အသေးစိတ်ကို ရှင်းမပြတတ်ကြောင်း အဆိုပါရုံးမှ ၀န်ထမ်းအချို့က ပြောသည်။ ဂျိုင်းရွာအနီး ဖိုးတခေတ်၏ ကရင်အမျိုးသားရွာတွင် ခန့်မှန်းလူဦးရေ ကိုးရာနီးပါးရှိကြောင်း ဖိုးတခေတ်၏ လူယုံ ဦးခင်သိန်းက ပြောသော်လည်း ဂျိုင်းရွာအုပ်ချုပ်ရေးမှူးကမူ ထိုရွာမှာ ဒေသအုပ်ချုပ်ရေးမှူးအောက်တွင် ရှိမနေသကဲ့သို့ ဖြစ်နေကြောင်း ပြောသည်။ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းစစ်ဖို့ကိုပင် ဖိုးတခေတ်က ခွင့်မပြုသောကြောင့် စစ်ဆေး၍မရသေးကြောင်း ဂျိုင်းရွာအုပ်ချုပ်ရေးမှူး ဦးစိုးသန်းက ပြောသည်။ ‘‘ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကျေးရွာအုပ်စုအလိုက် ကောက်နေတယ်။ သူ့ကျေးရွာအတွက် စာရင်းဇယားမှန်မှန်ကန်ကန်ဖြစ်ဖို့ စာရင်းတောင်းတာ အခုထိမရသေးဘူး။ ဟိုမှာ ဒုံးသွားကတယ်တို့၊ ဟိုကိုသွားတယ်လို့ ပြောတယ်။ ဒါ နိုင်ငံတော်နဲ့ ပတ်သက်ရင် သူလုပ်ပေးရမယ့် တာဝန်ရှိတယ်လေ။ သွားတွေ့တော့ အတွေ့မခံတာလို ဟိုရှောင်ဒီရှောင်နဲ့ လုပ်နေတာ’’ဟု ပြောသည်။ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့် (၅)နှစ်အောက် ကလေးများ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးရေး စီမံချက်တွင်လည်း ၎င်း၏ ခွင့်ပြုချက်မရသောကြောင့် ကလေးများအား ကာကွယ်ဆေးမတိုက်ခဲ့ရသည့် အတွေ့အကြုံရှိခဲ့ကြောင်း ဦးစိုးသန်းက ပြောသည်။ ထိုရွာတွင် ကျောင်းနေအရွယ်ကလေးများစွာ တွေ့ခဲ့ရသော်လည်း မိဘများကိုယ်တိုင် ကျောင်းပညာရေး စိတ်မ၀င်စားသကဲ့သို့ ကလေးများအား အစိုးရကျောင်းတွင် မထားကြပေ။ ဒေသတွင်းရှိ လူမှုရေးအဖွဲ့အစည်းများ၊ အင်န်ဂျီအိုများက ကလေးများပညာရေးအတွက် အကောင်အထည်ဖော်ရန် တိုက်တွန်းကြသော်လည်း ဖိုးတခေတ်က လက်မခံခဲ့ကြောင်း သိရသည်။ ရွာတည်ထောင်ခဲ့သည်မှာ နှစ်နှစ်ဆယ်နီးပါးရှိနေပြီဖြစ်သော်လည်း စာသင်ကျောင်းဖွင့်ခြင်းမရှိခဲ့ဘဲ ဝေဖန်မှုများကြောင့် ပြီးခဲ့သည့်နှစ်က သစ်သားကျောင်းဆောင်တစ်ဆောင် ဆောက်ခဲ့သည်။ သို့သော် အဆိုပါကျောင်းသို့ အစိုးရပညာရေးဝန်ထမ်းများ သင်ခွင့်မပြုဘဲ ၎င်း၏အစီအစဉ်ဖြင့်သာ စာသင်သည်။ ‘‘သူ့ပါရမီနဲ့သူလေ။ သူများလိုက်လို့မထိတာ သူလိုက်ရင်ထိတယ်။ သူက ပြောတယ်။ မင်းတို့ ငါ့စကားနားထောင်။ မင်းတို့လုပ်လို့ မထိတာ ငါလုပ်ပေးမယ်။ သက်သတ်လွတ်ပဲ စားရတယ်။ ဘာမှမလုပ်ရဘူး’’ဟု ဖိုးမိုက်ကဆိုသည်။ ထို့ပြင် ဖိုးတခေတ်၏ သားသမီးအဖြစ် သစ္စာခံပြီးပါက အရက်သေစာမသောက်ရန် ကျိန်စာဆိုထားရကြောင်း ပြောသည်။ ထို့ပြင် ဖိုးတခေတ်မှာ ၎င်းထက် အသက်ငယ်သော်လည်း ပါရမီနှင့် တန်ခိုးအာဏာရှိသည်ဟု ယုံကြည်ကြောင်း ပြောသည်။ ဖိုးတခေတ်ရွာအနီးတွင် သီတင်းသုံးသည့် သံဃာတော်တစ်ပါးက ဖိုးတခေတ်အနေဖြင့် ၎င်းထူထောင်ထားသည့် ကျေးရွာကို အမှန်တကယ်တိုးတက်စေချင်သည့်စိတ်ဖြင့် ဒေသတွင်းလူမှုရေးအဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ပါက ထိုရွာတွင် ဆယ်စုနှစ်နှစ်ခုအတွင်း အလယ်တန်းအဆင့်ကျောင်းတစ်ကျောင်းပင် ဖြစ်သင့်နေပြီဖြစ်ကြောင်း သုံးသပ်သည်။ ‘‘အသက်(၃၀)ကျော်ကျော်လောက်မှာ ဒီအင်အားတွေနဲ့၊ အဖွဲ့အစည်းတစ်ခုနဲ့ နေရတယ်ဆိုတာ လုပ်ရည်ကိုင်ရည်တော့ ရှိပါလိမ့်မယ်။ သူ့ရွာမှာ သူအကြီးဆုံးဆိုတော့ ဘုန်းကြီးမကိုးကွယ်ကြတော့ဘူး’’ဟု ဂျိုင်းကျေးရွာအုပ်စုမှ ဆရာတော်တစ်ပါးက မိန့်သည်။ ဖိုးတခေတ်၏ ရွာထဲရှိ အိမ်များမှာ ဧက ၁၇၀ နီးပါးရှိနေသည်ဆိုသည့် မြေနေရာတွင် နေရာကွက်၍ ဟိုတစ်စုသည်တစ်စု ဆောက်ထားကြခြင်းဖြစ်ပြီး အားလုံးက ဖိုးတခေတ်ပေါ်တွင် ယုံကြည်အားကိုးမှုရှိသည်ကို အရှင်းသားတွေ့ရသည်။ အသက်(၆၀)အရွယ် ဖိုးတခေတ်၏ တပည့်ဆိုသူ ဒေါ်ကြည်မြင့်က ၎င်းနေထိုင်သည့်အိမ်၏ ဘုရားစင်တွင် ဖိုးတခေတ်ပုံကိုသာတင်၍ ကိုးကွယ်ထားသည်။ ဖိုးတခေတ်ကို ညတိုင်းရှိခိုး၍အိပ်ကြောင်း ပြောသည်။ ထို့ပြင် ကျန်းမာရေးမကောင်း၍သာ အိမ်တွင်နေခြင်းဖြစ်ပြီး မကြာမီတွင် အဘိုးအတွက် အလှူခံထွက်မည်ဖြစ်ကြောင်း ပြောသည်။ ဘားအံ-ကော့ကရိတ်ကားလမ်းမဘေးတွင် ဖိနပ်မပါခြေဗလာဖြင့် တွေ့ရသည့် ဖိုးတခေတ်၏ သားတပည့်ဖြစ်သူဟုဆိုသူ အသက်(၇၀)အရွယ်ခန့်ရှိ အဘိုးကောက်ရက ဖိုးတခေတ်အတွက် အလှူခံထွက်လာခြင်းဖြစ်ပြီး သံလွင်မြစ်အရှေ့ဘက်ပိုင်းအနှံ့ အလှူခံထွက်မည်ဖြစ်ကြောင်း ပြောသည်။ အလှူခံတစ်ခါထွက်လျှင် ဆယ်ရက်ခန့်ကြာတတ်ပြီး ကျပ်ဆယ်သိန်းခန့်ရကာ အားလုံး ဖိုးတခေတ်ထံအပ်ကြောင်း ပြောသည်။ ‘‘အများအကျိုးဆောင် ကိုယ့်အကျိုးအောင်လေ။ ထိုင်နေလို့ ဘာသွားရမလဲ’’ ၎င်းကပြောသည်။ သက်ကြီးရွယ်အိုတစ်ယောက် ဖိနပ်ဗလာဖြင့် လမ်းလျှောက်နေသည့်အပေါ် မေးမြန်းရာ ရှေးရှေးတုန်းက ဖိနပ်မပေါ်မီက ရှေးလူကြီးများလည်း ဖိနပ်မစီးကြကြောင်း ရယ်မောပြောဆိုသည်။ ရသည့်အလှူငွေဖြင့် ၎င်းတို့အတွက် အဆောက်အအုံများဆောက်ကာ သာရေးနာရေးကိစ္စများတွင် အသုံးပြုကြောင်း အဘိုးကောက်ရက ပြောသော်လည်း ရွာထဲတွင် ပြောပလောက်အောင် သေသပ်သော အဆောက်အအုံမတွေ့။ အစားအသောက်နေရာမှာလည်း သန့်ရှင်းမှုမရှိ။ ၀တ်ဖြူစင်ကြယ်ဝတ်ကြသော်လည်း ညစ်ပတ်ပေရေနေသော အသွင်အပြင်သာ တွေ့ရသည်။ ၎င်း၏ထိန်းသိမ်းမှုအောက်တွင် ကျောင်းသား၊ ဥပါသကာ၊ ဖိုးသူတော်၊ ကပ္ပိယ၊ ကိုရင်၊ ဦးပဉ္စင်းဟူ၍ အဆင့်ဆင့်ရှိပြီး အားလုံးဆံပင်အရှည်ထားရသည်။ ကရင်တိုင်းရင်းသားဝတ်စုံကိုသာ ၀တ်ရသည်။ သို့သော် အဖွဲ့ဝင်လူငယ်များအတွက် ရွာထဲတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးလေ့ရှိကြောင်း ပြောသည်။ ‘‘ကာလသမီး၊ ကာလသားတွေကျတော့ ပုတီးစိပ်ခိုင်းရင် မစိပ်နိုင်ဘူးလေ။ မစိပ်နိုင်ရင် ကဲ ပျော်ပါးချင် ဇာတ်သွားက၊ သက်သတ်လွတ်စား၊ လူပျိုတွေကျတော့ ပုတီးစိပ်ခိုင်းလို့ရမလား။ အပျော်အပါးလိုက်ချင်ရင် ဇာတ်သွားကလေ။ လောကီလေ။ ကလေးက များတယ်လေ။ အကြိုက်ချင်း မတူဘူးလေ။ အချိုကြိုက်ရင် အချိုပေးတယ်။ အခါးကြိုက်ရင် အခါးပေးတယ်’’ဟု ဖိုးတခေတ်၏ရွာထဲမှ ၎င်း၏အဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပြီးခဲ့သော နိုဝင်ဘာအတွင်း ဖိုးတခေတ်၏ မွေးနေ့ပွဲတွင် လေးရက်ဆက်တိုက် ဇာတ်ပွဲ ၁၂ ပွဲ စင်ပြိုင်ကပြစေခဲ့၍ အနီးအနားရွာဒေသခံများက ယင်းလုပ်ရပ်ကို အံ့သြခဲ့ရကြောင်း ပြောသည်။ ‘‘ကရင်တိုင်းရင်းသားတွေရဲ့ တကယ့်ပွဲတော်တွေမှာတောင် လွန်ရောကျွံရော ဇာတ်နှစ်ခုပဲ။ အခုက ၁၂ ဇာတ်။ ပြီးတော့ ညဥ့်သန်းခေါင်အချိန်မှာ ပွဲခင်းထဲရှိနေသေးတဲ့ လူတွေကို တစ်ယောက် မုန့်ဖိုးငါးထောင်လိုက်ပေးတယ်။ ဘာတွေလုပ်တာလဲတော့ နားမလည်ဘူး’’ဟု ဂျိုင်းရွာဒေသခံတစ်ဦးကဆိုသည်။ ဖိုးတခေတ်က ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်ရာထူးဖြင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနေသူအဖြစ် ၎င်း၏ရပ်တည်ချက်ကို အကောင်းမြင်သူများလည်း ရှိသည်။ ‘‘ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရိုးရာအမွေအနှစ်တွေကို သူက ထိန်းသိမ်းထားတာပဲ။ ဖိုးတခေတ်ကို ကရင့်ရိုးရာရဲ့အချုပ်လို့ဆိုရင် ပိုမှန်နိုင်မယ်ထင်တယ်။ သူ့ကို ယုံကြည်သူတွေ ဖွဲ့ထားတဲ့ အဖွဲ့လည်း ရှိတယ်။ တိုင်းရင်းသားရိုးရာပွဲတွေမှာ သူတို့ဆိုတဲ့ တေးသီချင်းတွေက ကရင်ရိုးရာသီချင်းတွေ။ ကရင်ယဉ်ကျေးမှုရဲ့ အဆင့်မြင့်ဆုံးတွေပဲ။ တစ်ခုကျေးဇူးတင်ရမှာက သူတို့ရှိလို့ ကရင်ယဉ်ကျေးမှုအစစ်တွေကို ဖော်ထုတ်ခွင့်ရနေတာပဲဗျ’’ဟု ကရင်တိုင်းရင်းသားလူငယ်တစ်ဦးက ပြောသည်။ ကရင်ပြည်နယ် ယဉ်ကျေးမှုဦးစီးအရာရှိ ဦးစောဝင်းကျော်ကျော်က ဖိုးတခေတ်မှာ ကရင်တိုင်းရင်းသား ရိုးရာအလေ့အထကို တန်ဖိုးထားထိန်းသိမ်းသည့်အဖွဲ့ဖြစ်ကြောင်း ပြောသည်။ သို့သော် ကရင်လူမျိုးသမိုင်းတွင် အသိအမှတ်ပြုထားသည့် တလခုမ်းနှင့် လဲကယ်လူမျိုးစုတို့၏ ယုံကြည်ကိုးကွယ်ကဲ့သို့ ဖိုးတခေတ်ကိုးကွယ်ယုံကြည်မှုကို ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင်အသိအမှတ်ပြုမထားကြောင်း ပြောသည်။ ‘‘အထက်လမ်းတွေ၊ အောက်လမ်းတွေ၊ ဘာသာရေးတွေ၊ နိုင်ငံရေးတွေ၊ လူမျိုးရေးတွေမပါဘဲ သူတို့ ဓလေ့ထုံးစံကို ကြည့်မယ်ဆိုရင် သူတို့ယုံကြည်ရာကို ဘယ်သူမှမထိခိုက်ဘဲလုပ်နေတာကို တွေ့ရပါတယ်။ နှစ်သစ်ကူးပွဲမှာဆိုရင်တော့ သူပါရင် ရိုးရာပွဲပိုစည်ကားတယ်’’ဟု ဖိုးတခေတ်နောက်သို့ မှတ်တမ်းလိုက်ယူခဲ့သည့် ဓာတ်ပုံဆရာတစ်ဦးကပြောသည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ခရီးဆန့်သူများ လမ်းခရီးတွင် နွမ်းပါးသော ၀တ်ဖြူစင်ကြယ် သက်ကြီးရွယ်အိုအချို့ တွေ့ရနိုင်သည်။ ၎င်းမှာ ပြည်တွင်းရော ပြည်ပမှ ကရင်တိုင်းရင်းသားများကိုယ်တိုင် တိတိပပသိချင်နေသည့် စောကျော်လှသန်း (ခေါ်) ဖိုးတခေတ်၏အဖွဲ့ဝင်များပင် ဖြစ်ပါသည်။ အောင်သစ်လွင်CommentsVisit website

posted from Bloggeroid

၅+၁ကို ၆ ပွင့်ဟုခေါ်သည်


၆ ပွင့်ဆိုင်က အကျပ်အတည်း တစ်ခု ဆီသို့ တွန်းပို့ လိုက်သည်လား

OppositeyesToday, 5:00 PMလက်ရှိ မြန်မာနိုင်ငံရေး အခြေ အနေကို အရှုပ်အထွေး များဖြင့် ပြွန်းတီးလွန်း သည်ဟုမြင်သည်။ အကွေ့အဝိုက် များ ပို များလာသည်။ အဖုံးအကွယ် ပရိယာယ် များပိုလာ သည်။ သို့သော်လည်း ကြည့် တတ်သူ လေ့လာသူများ ကမူ လျှို့ဝှက် ထားဟန်ရှိသော အရာ အားလုံးကို အထင်းသား တွေ့နေရပြန်သည်။ ဒါရိုက် တာက ပရိသတ်ကို Surprise ဖြစ်စေရန် ကြိုးစား သော်လည်း၊ မြန်မာနိုင်ငံရေး ပရိသတ်ကမူ ဘယ်အခန်း ပြီးလျှင် ဘယ်အခန်း လာတော့မည် ကို သိနေနှင့် ပြန်သည်။ အမျိုးသား နိုင်ငံရေး ဟု မည်သို့ ဆိုစေကာမူ ပုဂ္ဂ လိကနိုင်ငံရေး များဘက် ပိုပိုသာသာ ရောစွက် လာသည်ဟု ဝေဖန်သံများ ပို ၍ကျယ်ပြန့် လာသည် ကိုလည်း ကြားမိ ပြန်သည်။ဖိအားပေးခြင်းသည်နိုင်ငံရေး၏တစ်ခုတည်းသော နည်းလမ်းမဟုတ်နိုင်ငံရေး ဆိုသည် သီအိုရီထဲ ကလောက် မရိုးရှင်းပါ။ သို့သော်လည်း ဖိအားပေး ခြင်းသည်လည်း နိုင်ငံရေးဖြစ်စဉ် အတွက် တစ်ခုတည်းသော နည်းလမ်း မဟုတ်ပြန် ။ မြန်မာနိုင်ငံရေး ဖိအား များလွန်းလှသည် ဟု ယူဆရသည်။ ဖိအားပေးတိုင်း နိုင်ငံ ရေး အဖြေတွေ့သည် မဟုတ်။ ဒီမိုကရေစီ နောက်ကြောင်းပြန် ၈ဝ ရာခိုင်နှုန်း ကျော်ကို သုတေသန ပြုကြည့်လျှင် ဖိ အား လွန်သောကြောင့်ဖြစ်သည်ကို တွေ့ရ ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး ဤလမ်း ကြောင်းပေါ် မသိမသာ ရောက်လာသည် ဟု ယူဆနိုင် ဖွယ် ရာဖြစ်လာသည်။အမေရိကန် အပါအဝင် အနောက် ကမ္ဘာ တစ်ခုလုံး မြန်မာနိုင်ငံ အပေါ်နှစ် ၂ဝ ကျော် ဖိအားကို ကြံ့ကြံ့ခံခဲ့သည်ကို မေ့မ ထားသင့်။ အပြောင်းအလဲ အစတွင် “Stick” အလုပ် မဖြစ်ကြောင်း ထောက်ပြ ခဲ့ရာ၌ သူတို့အနေဖြင့် မဟာဗျူဟာပြောင်း ခဲ့နိုင်သော်လည်း ပြည်တွင်းရှိ အမြဲထိတွေ့ နေကြသော ကိုယ့် လူမျိုးက မမြင်နိုင်ခြင်း အပေါ် အံ့သြ မိသည်ဟုသာဆိုရတော့မည်။၆ပွင့်ဆိုင်၊ ၄ပွင့်ဆိုင်ကို မည်သို့ စဉ်းစားခဲ့ကြသနည်း၎ပွင့်ဆိုင်ကို တောင်းဆိုခဲ့ပါသည်။ သမ္မတဘက်မှ အင်စတီကျူးရှင်း ၅ ခုကို ကိုယ်စားပြုနိုင် ရာသည့် ၁၄ ဦးဆွေးနွေး ပွဲကို စတင်ဆောင်ရွက် ပေးခဲ့သည်။ ရက် ပိုင်းအတွင်း မှာပင် ပြည်သူ့ လွှတ်တော်မှ အရေးကြီး အဆိုတင်သွင်းပြီး ၆ ပွင့်ဆိုင် ကို တိုက်တွန်းခဲ့သည်။ သမ္မတ၏ ပြော ရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးက အားလုံး ကိုယ် စားပြုမှုနှင့် ဆန့်ကျင်နေ မှုကြောင့် မဖြစ်နိုင်သေးဟု ပယ်ချခဲ့သည်။အဆိုပြုသူ ဘက်မှ တောင်အာဖရိက စေ့စပ်ဆွေးနွေးမှု ကို ဥပမာပေး၍ ထိပ် ဆုံးပုဂ္ဂိုလ်များ စတင်သင့်သည် ဟု ဆို သည်။ (မင်ဒဲလားနှင့် လူဖြူတို့ ညှိနှိုင်းခြင်း တွင် မည်သည့် ပုံစံမျိုးဖြင့် ညှိနှိုင်းအဖြေ ရှာသွားနိုင်သည်ကို စေ့စေ့ငုငု မသိဘဲ အပေါ်ယံ သဘောဖြင့် ဥပမာပေးနေဆဲ ဖြစ် လျှင် ထိုခရီးဝေးနေဦး မည်သာ ဖြစ် သည်။ သေချာသည် ကတော့ မင်ဒဲလားသည် ၁၄ ပွင့်ကို ၆ပွင့် တွေ့ဆုံ ဆွေးနွေးရေးမျိုးဖြင့် မတုံ့ပြန်ခဲ့သည် ကတော့ အမှန် ပင်ဖြစ်ပါ သည်။ မင်ဒဲလား အောင်မြင် ခဲ့ရခြင်း ၏ အကြောင်းရင်း မှာသူ အကျိုးစီးပွား ထက် သူ့အမျိုးသား အကျိုးစီးပွား အပေါ်သာ မှန်မှန်ကန်ကန် အာရုံထားခဲ့ခြင်း၊ အခြား တစ်ဖက်ကို အကျပ်အတည်း တစ်ခုသို့ တွန်းပို့ သလို ဖြစ်စေခြင်းမျိုးကို ပါးနပ်စွာ ရှောင်ရှားနိုင်ခဲ့ခြင်း၊ အသားရောင် ဆိုင်ရာ ပါဝင်သဖြင့် လူမဲအားလုံး ၏ထောက်ခံ မှုကို အမှန်တကယ် ရရှိခဲ့ခြင်းများ ဖြစ်ပါ သည်။)ဤတွင် ယုတ္တိမတန်သောအချက်အချို့ကိုထောက်ပြရန် ဖြစ်လာတော့သည်- မြန်မာ့ဖြစ်စဉ်အပြောင်းကို စတင် စဉ်က Inclusiveness ကို အခြေခံ ခဲ့သည်။ ထို့ကြောင့် ၂ဝ၁၂ တွင် ကြားဖြတ်ရွေး ကောက်ပွဲ တစ်သီးတခြား ကျင်းပပေးပြီး NLD ကို လွှတ်တော် ထဲဝင်ခွင့်ပေးခဲ့သည်။- တောင်အာဖရိကတွင် မင်ဒဲလားကအားလုံးကိုကိုယ်စားပြုထားသည်။- ဒီကလပ်ကို ဖိအားပေးသဘောမျိုး မပြုခဲ့၊ လျှို့ဝှက်စွာဦးဆုံး ဆွေးနွေးခဲ့သည်။- ၄ ပွင့်ဆိုင်တွင် သမ္မတက အုပ်ချုပ် ရေးမဏ္ဍိုင်၊ ဦးစီးချုပ်က တပ်မတော် အင်စတီကျူးရှင်းကို ကိုယ်စားပြုသည် မှန်သော်လည်း လွတ်လပ်စွာ ရပ်တည်နေ ကြ သော လွှတ်တော် နှစ်ရပ်အတွက် ၂ ဦး ဖြစ်စေသင့်သည်။- ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးပါတီ အားလုံးကို ကိုယ်စားပြု သည့် အချက်မှာ မေးခွန်း ထုတ်စရာဖြစ် လာသည်။- အလားတူပင် ၆ပွင့်ဆိုင် ကို ထပ်မံ၍ တောင်းဆိုခြင်းတွင် လည်း ကိုယ်စားပြုမှု မှာ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပြန်ပါသည်။ Informal Meeting သို့မဟုတ် (Track 1.5) ပုံစံမျိုး ဆိုလျှင်လည်း Publicly မဖြစ်သင့်၊ Transparency ရှိမှုကို အခြေ ခံသည်ဟု ဆိုလျှင် အားလုံးကို ကိုယ်စားပြု မှု (Inclusiveness) ကို ချန်ထား၍ မရစ ကောင်း၊ Informal ပုံစံကို အများသိ တောင်းဆိုမှု ဖြစ်စေလျှင် ဤအချက်က လက်တွေ့ ဆန်သော ညှိနှိုင်းရေး သဘာဝ နှင့် ယုတ္တိ မတန် နေပြန်သည်။ထွက်နေသောသတင်းများ၆ ပွင့်ဆိုင် တွေ့ဆုံရေးသည် အင်စတီးကျူးရှင်း အပေါ် အခြေမခံသော ကြောင့် အစိုးရဘက်မှ စဉ်းစားပုံနှင့် တစ် ထပ်တည်း မကျ၍ လောလောဆယ် မဖြစ် နိုင်သေးပါ ဟုဆို ထားသည်။ အင်စတီး ကျူးရှင်းများကို ကိုယ်စားပြုမှုဘယ် လောက် အာမခံချက် ပေးနိုင်ပါသနည်း ဟူသော မေးခွန်းဖြစ်လာ၏။ ကန့်ကွက်မှု များ ရှိလာလျှင် မည်သို့ တာဝန် ယူပါမည် နည်းဟုလည်း သိလိုကြပြန်သည်။ ၆ ပွင့် ဆိုင်သည် အားလုံး ပါဝင်ရေး Inclusiveness ပေါ် အခြေခံခြင်းလား သို့မဟုတ် Exclusive ဟူသော အထူး အခွင့်ခံတို့၏ ဆွေးနွေးမှု အပေါ် အခြေခံခြင်း ဖြစ်နေပြီ လားဟု မေးခွန်းများ ဖြစ်လာခဲ့သည်။ Representation ဟူသော ကိုယ်စားပြုမှု က ပြတ်ပြတ် သားသား မရှိခဲ့ ပါလျှင် ဆွေး နွေးပွဲ ခရီးတစ်ဝက်တွင် များစွာရှုပ်ထွေး နိုင်၊ မေးခွန်း ထုတ်နိုင်စရာဖြစ်လာမည် ကို စဉ်းစားသင့်သည်။၆ ပွင့်ဆိုင်ကို အစိုးရဘက် မှငြင်းဆို သည့်နောက် အပြင်သတင်း များထွက်လာ သည်။ တယ်လီဖုန်းဖြင့် မေးစမ်းသူ ၃၊ ၄ ဦးမက ဖြစ်လာသည်၊ အစိုးရက မလိုက် လျော လျှင် အစိုးရ အပေါ် အယုံအကြည် မရှိအဆိုကို လွှတ်တော်တွင် တင်သွင်း မည်ဟူသော သတင်းဖြစ်သည်။ အမှန်ဖြစ်ခဲ့လျှင် မြန်မာနိုင်ငံရေး သည် အကျပ်အ တည်းတစ်ခု စီ သို့ ဦးတည်သွားနေပြီဟု သာ ဆိုရပါလိမ့်မည်။ဦးဆုံး အဖြူအမည်း ခွဲထွက်ရမည့် ကိစ္စကို မှန်မှန်ကန်ကန် စဉ်းစားဖို့ လိုပါလိမ့်မည်။ တွေ့ဆုံ ဆွေးနွေးရေး အလုပ် (Function) သည် မည်သည့် မဏ္ဍိုင်၏ အောက်တွင် ရှိသော အလုပ် ဖြစ်ပါသနည်း။ အစိုးရအပေါ် တိုက်တွန်းမှု (အတင်းအကျပ် စေခိုင်းမှု/ အမိန့်ပေးမှု) အခွင့်အာဏာကို လွှတ်တော်တွင် အခြေခံ ဥပဒေကပေးအပ် ထားပါ သ လား။ နောက် တစ်ခုက ဤလုပ်ငန်းကို လွှတ်တော်က ဆောင် ရွက်ခွင့်ရှိပါသလား။ခွဲဝေကျင့်သုံးနေသော အာဏာများအာဏာရှင် စနစ်သည် ပါဝါအားလုံး ကို တစ်နေရာတည်း တွင် စုစည်း အသုံးပြု ၏။ ယနေ့ ဒီမိုကရေစီ ကျင့်စဉ်အရ အာ ဏာ ၃ ရပ်ကို ခွဲခြား ကျင့်သုံးနေသည်။ အာဏာ ၃ ရပ်တွင် မည်သည့် မဏ္ဍိုင်က မည်သည့် အလုပ်တာဝန် ကိုလုပ်ဆောင် ရမည် ဟူသည့် အချက်ကို ဖွဲ့စည်းပုံ အ ခြေခံဥပဒေ တွင် အတိအလင်းဖော် ပြထားပါသည်။ မိမိ တို့နှင့် သက်ဆိုင် သော အလုပ်၊ တာဝန် ဝတ္တရားများကို ဘောင်မကျော်၊ စည်းမကျော် ခွဲခြား ဆောင်ရွက်နိုင် ကြမှသာ ဒီမိုကရေစီကို မှန်ကန်စွာ ကျင့်သုံးနိုင်ခြင်း မည်ပါ လိမ့်မည်။ပြည်သူ့ လွှတ်တော်မှ အရေး ကြီးအဆိုကို တင်သွင်းပြီး ၆ ပွင့် ဆိုင် ဆွေးနွေးရန် ဆုံးဖြတ်လိုက် ခြင်းသည် မဏ္ဍိုင် တစ်ခုက တ ခြားမဏ္ဍိုင် တစ်ခုအား ဝင်ရောက် စွက်ဖက်ခြင်း ထက်ပင် ပိုလွန်နေ သော တစ်စုံတစ်ရာ လွှမ်းမိုးနိုင်ရေး ကို ရောင်ပြန်ဟပ် စေသည့် ဆောင်ရွက်ချက် ဖြစ်သည် (Excessive Interference)၊ သမ္မတမှ အင်စတီ ကျူးရှင်းပေါ် အခြေခံသော ၁၄ ပွင့်ကို စတင်ခဲ့ပြီး ရက်ပိုင်း အတွင်းဖြစ်၍ ပို၍ မဖြစ်သင့် ဟုမြင်သည်။ ဆွေးနွေး ညှိနှိုင်းမှုကို ထို့ထက် ပို၍ကောင်း သော နည်းလမ်း ကို ရှာဖွေသင့်သည်။လွှတ်တော်က အစိုးရကို ဖိအားပေး ခြင်း သို့မဟုတ် လွှမ်းမိုး သလိုဆောင်ရွက် ခြင်းသည် ကောင်းသော အစဉ်အလာ မဟုတ်သည့် အပြင်၊ အစိုးရဘက်မှ ယခု လို ငြင်း ဆန်မှုပြု သည့်အခါတွင် လည်း လွှတ်တော် အတွက် ကောင်းမွန်မည် မဟုတ်၊ ၁၄ ပွင့်ဆိုင်ကို ချေဖျက်၍ ၆ပွင့် ဆိုင်ကို အတင်းအကျပ် ပြုသည်ဖြစ် ၍ ပြန် လည် ငြင်းဆန် ခံရနိုင် ဖွယ်ရာမှာ လူ တိုင်း တွက်ဆနိုင်သော အဖြေဖြစ်ပါ သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ထိုသို့ ဆုံးဖြတ် ခဲ့ကြပါသနည်း။ အကျပ် အတည်း တစ်ခုကို ဖြစ်စေ လို၍ တွန်းပို့ လိုက်သည် လားဟု မေးစရာဖြစ်လာသည်။တစ်စုံတစ်ရာထက်ပိုသော မှားယွင်းမှုထပ်ဆင့်လာသည်မြန်မာ့နိုင်ငံရေး မှားယွင်းမှု ထပ်ဆင့် နေခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်မှန်း မသိ ဖြစ်နေသည်ဟု မြင်ပါသည်။ ၂ဝ၁၅ အလွန် အနာဂတ် မြန်မာနိုင်ငံရေး အာဏာ ခွဲဝေမှုနှင့် ပတ်သက်၍ ရိုက်တာ သတင်း ဌာနမှ ဖော်ထုတ်မှုကို ဒေါ်အောင်ဆန်းစု ကြည်နှင့် ဦးရွှေမန်း တို့က ပြည်သူသို့ ချပြ ရှင်းလင်း သင့်ပါသည်။ ရှင်းမပြနိုင်ခြင်း သည် ဆိတ်ဆိတ် နေခြင်းဖြင့် ဝန်ခံခြင်း ဖြစ်သည်ဟု ယူဆနေကြပါသည်။ ‘ပွင့်လင်း မြင်သာမှု’ ဟု တဖွဖွ ပြောနေပြီး ဤအချက်ပေါ် တွင် အဘယ်ကြောင့် ပွင့် လင်း မြင် သာမှု မပြနိုင်ကြပါသနည်း။ နိုင်ငံရေး ရှုပ်ထွေးစေမှု ထဲမှ တစ်ခုဖြစ်သည်၊ခေါင်းဆောင်နှင့် ခေါင်းဆောင်မှု ဟူသည်မှာ တာဝန်ယူရဲရသော သဘာဝ အပြည့်အဝ ရှိရတတ်ပါသည်။ ‘ရိုဟင်ဂျာ’ ဟူသော မရှိခဲ့ဖူးသည့် အမည် နာမပေါ် တွင် လည်း ပြတ်သားမှု မပြသခဲ့ပါ။ မြန်မာ လူမျိုး အပေါ် အခြေခံသော နိုင်ငံရေး ဟုတ်မှ ဟုတ်ရဲ့လားဟု မေးစရာ ဖြစ်လာပါ သည်။ မြန်မာနိုင်ငံရေး ဤမျှလောက်မှား ယွင်းမှု များ ထပ်ဆင့်နေခဲ့လျှင် နိုင်ငံရေး တိုးတက်မှုမှာ ထင်သလောက် အားကောင်း နိုင်မည် မဟုတ်ချေ။ ထင်သလောက် အား မကောင်းခဲ့လျှင်၊ မှန်း သလောက် ခရီး မပေါက် ခဲ့လျှင် မည်သူ့တွင် တာဝန် ရှိပါ သနည်း ဟူသော မေးခွန်းက ဖြစ်လာပြန်ပါ ဦးမည်။ယနေ့ လွှတ်တော် အခြေခံနိုင်ငံရေး ကိုကျင့်သုံးနေပါသည်၊ လွှတ်တော်တွင် Lobbying ဟူသော အလေ့အကျင့်ကို ကောင်းစွာ အသုံးမချနိုင်သေး ဟု မြင် သည်။ လွှတ်တော် တွင်း အမှန် စည်းရုံးရေး အားကောင်းအောင် ကြိုးစားရမည့် အစား တစ်နည်းဆိုလျှင် Brain Game ကိုဆောင် ရွက်ရမည့် အစား လက်ညှိုးထိုးနိုင်ငံရေး Blame Game ဘက်ကို အာရုံများနေ သည် ဟုမြင်သည်။ Brain Gameသည် အကျပ်အတည်း များကို ဖြေလျှော့ပေး တတ်ပြီး၊ Blame Game မှာ အကျပ် အတည်း များကို အမြဲ တစေ ဖန်တီးပေး နေတတ်သည် ကို သတိပြုမိရန် လိုသည်။မြန်မာနိုင်ငံရေး ကို တည်တည်ငြိမ် ငြိမ်၊ ဖြောင့်ဖြောင့် တန်းတန်းလေးဖြစ်စေ လိုပါသည်။ ရာစုနှစ် တစ်ဝက်လောက် တွင်မှ တစ်ခါသာ ရခဲသော ပြုပြင်ပြောင်း လဲရေးကို စုပေါင်း ထိန်းသိမ်း ဆောင်ရွက် ကြစေလိုပါသည်။ ယနေ့ ပြုပြင်ပြောင်းလဲ ရေးသည် ကိုယ့်အတွက် မဟုတ်သင့်ကြ ပါ။ နှစ်ရှည်ပင် ကဲ့သို့ နောက် မျိုးဆက်သစ် တို့ အတွက်သာ ဖြစ်သင့်ပါသည်။ ဆန္ဒစော ၍ အမှားများ ထပ်ဆင့်နေကြပါလျှင် လာ မည့် ၂ဝ၁၅ သည် ပဋိပက္ခတို့ ရောပြွန်းနေ သော နှစ် တစ်နှစ် ဖြစ်လာပါလိမ့်မည်။မြန်မာနိုင်ငံရေး အချို ကြိုက်သလား၊ အချဉ် ကြိုက်သလား ဟူသော ယဉ်ကျေးမှု ကို ကောင်းစွာ နားလည်ရန် လိုသည်ဟု မြင်သည်။ ပြောင်းလဲ ခဲ့သော Change Model ကိုလည်း သတိမမေ့ရန် လိုပါသည်။ နိုင်ငံရေးသည် များစွာ သိမ်မွေ့နက်နဲလှပါ သည်။ အထူး သတိကြီးစွာ ထားရပါသည်။ ဆန္ဒ၊ ဖြစ်ချင်မှု တို့ထက် ဖြစ်သင့်သည် တို့ ကို ဦးစားပေးသင့်သည် ဟု ယူဆပါသည်။ ကိုယ့်လက်ထက် မမီလျှင် နောက်မျိုးဆက် အတွက်ဟူသော စိတ်စေတနာ မှန်ကန် ရန်လိုပါသည်၊ သို့မဟုတ် ဘဲ နိုင် ငံရေး မောဟ များ ဖုံးလွှမ်းနေပြီး နိုင်ငံရေး လောဘ အပေါ် အခြေခံလွန်းကာ နိုင်ငံရေး ဒေါသများ ကြီးမားနေမည် ဆိုပါက ၂ဝ၁၅ သည် များစွာ စိုးရိမ်ဖွယ်ရာ ဖြစ် လာမည့် နှစ် တစ်နှစ် ဟုမြင်ပြီး အပြောင်း အလဲ တစ်ခု ဖြစ်လာနိုင်သော နှစ်တစ်နှစ် ဟုလည်း မြင်မိပါသည်။နေဇင်လတ်CommentsVisit website

posted from Bloggeroid

ကချင်ဒုက္ခသည်စခန်းမီးလောင်းမှုဖြစ်ပွား

ကချင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

by HeavyrainဧရာဝတီToday, 4:23 PMစင်ကြိုင် ဒုက္ခသည် စခန်း မီးလောင်နေစဉ် (ဓာတ်ပုံ – Kachin Land facebook)ကချင်ပြည်နယ်၊ ဝိုင်းမော် မြို့နယ်ပိုင် ဆဒုံ – ကန်ပိုက်တီ ဒေသရှိ စင်ကြိုင် စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွင် ဒီဇင်ဘာ ၂၉ ရက် ည ၉ နာရီခန့်က မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၁၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။စင်ကြိုင် ဒုက္ခသည်များကို ကူညီပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) ၏ ပြန်ကြားရေး တာဝန်ခံ ဦးလမိုင်ယောက “ဒုက္ခသည်တွေ အိပ်ဖို့နေရာ မရှိဘူး။ စားဖို့အတွက် ဘေးပတ်ဝန်းကျင်က လာပြီး ကူညီကြပါတယ်။ ဝါယာရှော့ခ်ကနေ စပြီး မီးလောင်တာပါ။ သူတို့တွေ နေထိုင်ဖို့ တဲအမြန် ဆောက်ပြီးဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။စင်ကြိုင် ဒုက္ခသည်စခန်းတွင် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁ ထောင်ကျော် နေထိုင်လျက်ရှိကြောင်း၊ ဆောင်းရာသီ ရောက်ရှိနေချိန်တွင် နေအိမ်တဲများ မီးလောင် ပျက်စီးသွားသဖြင့် ဒုက္ခသည်များသည် ရာသီဥတု အလွန်အေးပြီး စားဝတ်နေရေး အတွက် လိုအပ်မှုများ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။မီးလောင်မှုနှင့် ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသော ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာက “ကျနော်တို့ ထိန်းချုပ်တဲ့ နေရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေ ဘယ်လောက် ရှိသလဲဆိုတာ ကျနော်တို့ စာရင်း လုပ်နေတယ်။ ပြီးတော့ ဒုက္ခသည်တွေ အတွက် လုပ်ပေးစရာ ရှိတာ ဆက်လက် လုပ်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်ပြီး ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ကာ ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရှိရသည်။The post ကချင် စစ်ဘေးရှောင် ဒုက္ခသည်စခန်း မီးလောင်၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး appeared first onဧရာဝတီ.CommentsVisit website

posted from Bloggeroid

မြန်မာအာမခံပြီးပြောလိုမရသေဟုအိုဘားမား


မြန်မာပြည်အပြောင်းအလဲ အောင်မြင်မယ်လို့ အာမ မခံနိုင်ကြောင်း အိုဘားမား ပြော

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 4:16 PMမြန်မာပြည်အပြောင်းအလဲဟာ အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူးလို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အမေရိကန်အခြေစိုက် အန်ပီအာ မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။အမေရိကန် နိုင်ငံခြားရေးမူဝါဒအကြောင်းနဲ့ ပြည်တွင်း ပေါ်လစီတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဖြေကြားချက်ထဲမှာ မြန်မာပြည်အကြောင်းကို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။။မြန်မာပြည်မှာ ပွင့်လင်းနိုင်တဲ့ အခွင့်အရေး ရှိနေတာကို အမေရိကန်က အမိအရ ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ဒီအတွက်လည်း ယုံကြည်မှုအပြည့်နဲ့ ကျေကျေနပ်နပ် ရှိတယ်လို့ သမ္မတ အိုးဘားမားက ဆိုပါတယ်။မြန်မာပြည်မှာ လောလောဆယ် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ တိုင်းရင်းသားတွေ ရင်ကြားစေ့ရေး၊ စစ်တပ်အာဏာ လျော့ချရေး ကိစ္စတွေ စတဲ့ လောလောဆယ် ပြသနာပေါင်းစုံ ကြုံနေရတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။မြန်မာပြည် အပြောင်းအလဲ ဖြစ်ဖို့ မျှော်လင့်ချက် ရှိပေမယ့်၊ နောက်ဆုံးကျတော့ အပြောင်းအလဲ အောင်မြင်ဖို့ဟာ မြန်မာပြည်သူတွေနဲ့ မြန်မာခေါင်းဆောင်တွေ အပေါ်မှာပဲ မူတည်တယ်လို့ ဆိုပါတယ်။DVBhttp://burmese.dvb.no/archives/75643CommentsVisit website

posted from Bloggeroid

အခမဲ့ ကိုကျော်သူ

Happy Newyear အခမဲ့-ကျော်သူ

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 4:20 PMနာရေးလာထား … အခမဲ့ကျန်းမာရေးလား … အခမဲ့ပညာရေးကော … အခမဲ့အရေးပေါ်လည်း … အခမဲ့စိမ်းလန်းရေးကော … အခမဲ့မုန်တိုင်းဒဏ်လည်း … အခမဲ့စစ်ဘေးရှောင်လည်း … အခမဲ့အမှိုက်ကောက်မလား … အခမဲ့အားလုံး အားလုံး … အခမဲ့အခမဲ့ဆိုတာ တန်ဖိုးမဲ့မဟုတ်။အခမဲ့ ပေးဆပ်သူတွေဟာ အလကားလူတွေမဟုတ်။အလကားလူဆိုတိုင်းလဲ တန်ဖိုးမဲ့မဟုတ်။အခမဲ့ … အခမဲ့ … ပရဟိတ အခမဲ့ဗြဟ္မစိုရ်တရားတွေ လက်ကိုင်ပြု၊ စာနာစိတ်တွေ မွေးဖွား၊ အတ္တများကို ဖြုတ်ခဲ့ကြတဲ့ အခမဲ့လူသားများ ဖြစ်တယ်။ဒီကျင့်ဝတ်တွေကို ကျွန်တော်တို့တင်မက မင်းအစိုးရ၊ ပြည်သူလူထုတွေအားလုံး လူမျိုးဘာသာမရွေး ယခု ၂ဝ၁၅ နှစ်သစ်မှစပြီး ကျင့်သုံးကြမည်ဆိုပါက ကျွန်တော်တို့ (အခမဲ့လူသားများ)၏ အခမဲ့ခြေ လှမ်းမှတ်တိုင် (၁၄) နှစ်ခရီး လျှောက်လှမ်းရကျိုး နပ်ပေပြီ။(ဇန်နဝါရီလ (၁) ရက်နေ့သည် နှစ်သစ်မင်္ဂလာရက်မြတ်ဖြစ်သလို ကျွန်တော်တို့ နာရေးကူညီမှုအသင်း - ရန်ကုန်၏ အခမဲ့ ကူညီဖေးမမှု ၁၄ နှစ်ပြည့်သော မင်္ဂလာ ရက်မြတ်လည်း ဖြစ်ပေသည်။)ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံအတွင်းရှိ အခမဲ့ ပေးဆပ်သူ လူသားများအားလုံး ကို လေးစားဦးညွတ်ပါသည်။ဗြဟ္မစိုရ်တရားကမ္ဘာလွှမ်းစေရမည်။ကျော်သူCommentsVisit website

posted from Bloggeroid

အာမခံ ပယ်ချခံရသော စာရေးဆရာ

စာရေးဆရာ ထင်လင်းဦးအမှု ရုံးထုတ်၊ တရားလိုပြသက်သေ စစ်ဆေး

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 4:27 PMသာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်းဦး အမှုကို ဒီကနေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ သုံးပန်လှ ရွာအုပ်ချုပ်ရေးမှူးကို စစ်မေးပါတယ်။စာရေးဆရာ ထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ - အဂ္ဂသီဟ)စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က တတိယအကြိမ် အာမခံတင်တာလည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။“ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတယောက်ဖြစ်တဲ့ သုံးပန်လှရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို စစ်ပါတယ်။ ပြီးတော့ ကျနော်တို့ တတိယအကြိမ်အာမခံလျှောက်ပါတယ်။ ပယ်ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းပါတယ်။ အာမခံ ဘာညာကတော့ ဘေးပမ်းက ဖိအားရှိနိုင်ပါတယ်။ အခု အမှုစစ်ပြီးတော့ကို သံဃာအပါး ၂၀ လောက်ကလာပြီး အမျိုးဘာသာ သာသနာ အောင်ရမည်ဆိုပြီးတော့ လာထိုင်ကြွေးကျော်နေတာတွေ ရှိတဲ့အခါကျတော့ အဲ့ဒီအပေါ်မှာ ဒါရုံးက မသင့်တော်ဘူး။ အာမခံပေးလိုက်ရင် တစုံတရာ မလိုလားအပ်တဲ့ ပြဿ နာဖြစ်နိုင်တယ် ဆိုပြီးတော့ မပေးတာ ဖြစ်နိုင်တာပေါ့။”ဒီနေ့ရုံးချိန်းအပြီးမှာ ဦးထင်လင်းဦးရဲ့ ဇနီး ဒေါ်စောစန္ဒာနဲ့ မြို့ခံတချို့၊ ရှေ့နေဦးသိန်းသန်းဦး တို့ဟာ ချောင်ဦးမြို့နယ် သံဃာ့ဝန်ဆောင်ဆရာတော်တွေကို ၀န်ချတောင်းပန်ဖို့ ကန်တော့ပြီး တွေ့ဆုံခဲ့ကြပါတယ်။ကံဆောင်ထားတဲ့ ချောင်ဦးသံဃာတော်တွေ ဆုံတဲ့နေ့မှာ ၀န်ချတောင်းပန်ကန်တော့ဖို့ စီစဉ်နေတာဖြစ်ပြီး မကြာခင် ၀န်ချတောင်းပန် ကန်တော့ဖြစ်မယ်လို့လည်း ဆိုပါတယ်။စာရေးဆရာထင်လင်းဦးရဲ့ ဒီနေ့ ရုံးချိန်းကို အမျိုးဘာသာသာသနာအဖွဲ့က မဘသ ဆရာတော်တချို့နဲ့ ဦးထင်လင်းဦးကို ထောက်ခံတဲ့ သံဃာတော်တချို့ လာရောက်ခဲ့ကြပါတယ်။အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။Dvbhttp://burmese.dvb.no/archives/75666CommentsVisit website

posted from Bloggeroid

မနက်ဖြန် မြန်မားကြီးအကောင်းဖြစ်တော့မည်၂၀၁၅


၂၀၁၅ မှာ မြန်မာပြည် အဆိုးထဲက အကောင်းပြန်ဖြစ်မယ် (စံဇာဏီဘို)

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 4:31 PM၂၀၁၅ ခုနှစ်မှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်လာပြီး အဆိုးထဲက အကောင်းပြန် ဖြစ်မယ်လို့ မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုက ဟောကိန်းထုတ်လိုက်ပါတယ်။၂၀၁၅ ခုနှစ်ထဲ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ ရှိပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ အကျပ်အတည်း ကြုံနိုင်တယ်လို့လည်း သူက ဟောကိန်း ထုတ်ပါတယ်။မြန်မာ့နက္ခတ်ပညာရှင် စံဇာဏီဘိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ဆရာတို့ နက္ခပညာအရ မြန်မာပြည်နိုင်ငံရေးအပေါ် တွက်ချက်ရထားတာတွေ ပြောပြပါ။“နံပတ် ၁ – စစ်ဘက်က အာဏာသိမ်းတာမျိုး မမြင်ပါဘူး၊ နံပတ် ၂ – ရွေးကောက်ပွဲ ကျင်းပမှာ မြင်ပါတယ်။ နံပတ် ၃ – နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လမ်းကြောင်းအနေအထားတွေမှာ ဇန်န၀ါရီ ၂၁ နဲ့ ဖေဖော်ဝါရီ ၁၉ ကြားမှာ ၁ ကြိမ်၊ မေ ၂၀ နဲ့ ဇွန် ၂၀ ကြားမှာ ၁ ကြိမ် နည်းနည်းလေး အနှောင့်အယှက်တွေ ရှိတယ်။ အဲဒါကတော့ နိုင်ငံရေးအရ ဖိနှိပ်မှုလေးတွေ အနည်းငယ် ရှိလိမ့်မယ်။ နိုင်ငံရေးဖိနှိပ်မှုနဲ့ ပတ်သက်တဲ့အတွက် အဖမ်းအဆီး ရှိနိုင်တာ သတိထားရမှာပေါ့။ အောက်တိုဘာ ၂၁နဲ့ နိုဝင်ဘာ ၂၀ ကြားမှာတော့ လမ်းကြောင်း ပြောင်းပြီးတော့ စီမံမှုအသစ်တွေနဲ့ ရွေးကောက်ပွဲဘက်ကို ဦးတည်တာ တွေ့ရတယ်။”ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ရောခင်ဗျ။“ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ အပြောင်းအလဲ တစုံတရာ မမြင်ပါဘူး။ ဒါပေမယ့် ကျနော့်အမြင်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို သွားတဲ့လမ်းကြောင်းမှာ ဖွဲ့စည်းပုံတခုလုံးကို ပြန်လည် ပြင်ဆင်ရမှာ တွေ့ရပါတယ်။ တခြားသော အကြောင်းအရာနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်မှာ မတွေ့ရပါဘူး။ ချွင်းချက်အနေနဲ့ ၂၀၁၅ ဧပြီ ၂၁နဲ့ မေ ၂၀ အကူးမှာတော့ အပြောင်းအလဲ တစုံတရာ ရှိနိုင်တယ်ဆိုတဲ့ အမှတ်အသားကို တွေ့ရတယ်။”အဲဒီအပြောင်းအလဲက ဘာပါလဲ။“အဲဒီ အပြောင်းအလဲက မူဝါဒဆိုင်ရာရဲ့ အခြေခံနဲ့ ပတ်သက်တဲ့အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဥပဒေသကြီးတခုလုံးကို ပြောင်းလဲတဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူး။ ကြေညာချက်တခု သို့မဟုတ် ဥပဒေကဲ့သို့ပြုသော အပြောင်းအလဲ တစုံတရာကို ပြဋ္ဌာန်းတာမျိုး ကျနော် မြင်တယ်။”လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဆရာတို့ ပညာအရ ဘယ်လို မြင်ရလဲ။“ကျနော်တို့အမြင်အရ သူ့ရဲ့ အခြေအနေ အနေအထားက အထူးကောင်းတာ တွေ့ရပါတယ်။ ခေါင်းဆောင်မှု အပြည့်အ၀ပေးနိုင်တဲ့ အရည်အသွေးကို တွေ့ရတယ်။ ခေါင်းဆောင်မှု အနေအထားကို ရရှိမယ့် ကံကြမ္မာကိုလည်း တွေ့ရတယ်။ ခေါင်းဆောင်မှု တခုကို ရနိုင်တဲ့ ထောက်ခံမှုရဖို့ကိုလဲ တွေ့ရတယ်။”ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရောခင်ဗျ။“ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လမ်းစလေးတွေ ကောင်းတယ်။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီ ၁၇ နဲ့ မတ် ၂၀ ကြားမှာ ၁ ကြိမ်၊ ဧပြီ ၂၀နဲ့ မေ ၂၀ ကြားမှာ ၁ ကြိမ်၊ ဇူလိုင် ၂၁နဲ့ သြဂုတ် ၂၀ ကြားမှာ ၁ ကြိမ်၊ အဲဒီဆွေးနွေးမှုတွေကနေ တစုံတရာ ရလာမယ်၊ အပစ်အခတ်ရပ်စဲမှုအထိ ရနိုင်မယ်။”၂၀၁၅မှာ မြန်မာ့စီးပွားရေး ထူးထူးခြာခြား တိုးတက်ပြောင်းလဲမှာ တွေ့ရလား၊“၂၀၁၅မှာ မြန်မာပြည်တင်မဟုတ်ဘူး ကမ္ဘာ့မှာပါ အလုပ်လက်မဲ့ဦးရေ များလာမယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမယ်။ အကျပ်အတည်း တစုံတရာ ဖြစ်ပေါ်မယ့်နှစ်။ မြန်မာပြည်မှာလည်း ဒီဂယက်နဲ့ တိုက်ဆိုင်နိုင်တယ်။ ဘာလို့ဆိုတော့ မြန်မာပြည်ရဲ့ ဇာတာကို စစ်လိုက်တော့ သူဌေးသူကြွယ်တွေရဲ့ စီးပွားယိုယွင်းခြင်း၊ အောက်ခြေလူတန်းစာတွေရဲ့ စီးပွားယိုယွင်းခြင်း ဒီ ၂ နေရာမှာ တွေ့တယ်။ စီးပွားရေးအနေနဲ့ စီးဆင်းမှုနဲ့ လည်ပတ်မှုနဲ့ စီးပွားဖြစ်ထွန်းမှုတို့က ရှိနေမယ်။ ကျနော်တို့ ပြောနေတဲ့ကိစ္စက အလုပ်လက်မဲ့ပြဿ နာရယ် ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿ နာရယ် တွက်ချက်လို့ ရထားပါတယ်။ ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ရှိမယ်။ ဒါပေမယ့် ပြည်တွင်းမှာ လက်ရှိလုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းတွေ အကျပ်အတည်း ကြုံမယ်။ ဘဏ်လုပ်ငန်းမှာလည်း အခြေအနေအဆိုးရှိတယ်။”လူမှုရေးအပိုင်း နိုင်ငံမှာဖြစ်တတ်တဲ့ လူမျိုးရေးဘာသာရေးပဋိပက္ခ ဘယ်လိုဖြစ်လာနိုင်မလဲ။“စနေဂြုင်္ိဟ် တူရာသီမှာ တည်တာရှိတယ်။ ကြာသပတေးင်္ဂြိုဟ် ကရကဋ်ရာသီမှာ နောက်ပြန် သွားနေတဲ့ အနေအထားတွေရှိတော့ အဲ့ဒီ အနေအထားတွေအရဆို ကမ္ဘာမှာလည်း အစွန်းရောက်တွေ တဘက်စွန်းကို သွားနေကြမယ်။ ပြည်တွင်းမှာလည်း အဲ့ဒီ အစွန်းရောက်ဝါဒ တွေကို နည်းနည်းတော့ အားလုံးက ၀ိုင်းပြီး ထိန်းဖို့ လိုပါမယ်။ လူမျိုးရေးပြဿ နာ မဟုတ်ဘူး။ အမျိုးသားရေးပြသနာအထိ ကျယ်ပြန့်လာစရာ အကြောင်းရှိတယ်။”အဲ့ဒီတော့ ဆရာတို့ နကတပညာအရ ၂၀၁၅ မြန်မာပြည်အခြေအနေကို ခြုံပြီး ပြောမယ်ဆိုရင် ဘယ်လို ပြောလို့ရမလဲ။“၂၀၁၄ ထက် ပိုပြီး သာလာမယ်။ အနာဂတ်အသစ်တခုကို စတင်ပြီးဖြစ်ပေါ်ဖို့အတွက် အခြေတည်တဲ့ နှစ်တခု ဖြစ်မယ်။ အဲ့ဒီအတွက်ကြောင့် မြန်မာပြည်ရဲ့ ကံဇာတာ ညှိုးမှိန်မယ်လို့ မဆိုလိုဘူး၊ ကံဇာတာ မြန်မာပြည်က ကောင်းတယ်။ ပြည်သူတွေရဲ့ ကံကြမ္မာကို ပိုပြီးတော့ တောက်ပြောင်ငြိမ်းချမ်းအေးချမ်းတဲ့ အနာဂတ်တခုကို စဉ်းစားဖန်တီးနိုင်တဲ့ ကံကြမ္မာကို ပိုင်ဆိုင်တဲ့ နှစ်တခုဖြစ်တယ်။ လာမယ့် ၂၀၁၅ ခုနှစ်ရဲ့ သဘာဝက နံပတ် ၈ ဂဏန်းကို ကိုယ်စားပြုတယ်။ မြန်မာပြည်က နံပတ် ၄ နဲ့ စတင်ပြီးတော့ လွတ်လပ်ရေးရရှိခဲ့တယ်။ မြန်မာပြည်ဟာ ၄ ဂဏန်းနဲ့ ၈ ဂဏန်းတို့ ပူးတွဲပြီးတော့ စတင်ဖြစ်တည်လာတာ။ အခု ၈ ဂဏန်းကို ရောက်တဲ့ကာလမှာ မြန်မာပြည်ရဲ့ အနေအထားဟာ အပြောင်းအလဲတွေ ဖြစ်လာပြီးတော့ အဆိုးထဲကအကောင်း ပြန်ဖြစ်မယ့်သဘော ကျနော် တွေ့တယ်။”dvbhttp://burmese.dvb.no/archives/75663CommentsVisit website

posted from Bloggeroid

ကလေးကြောင့်မိခင်သေ


နှစ်နှစ်သားလေးက စလင်းဘတ် အတွင်းမှ သေနတ်ကို ယူ၍ ဆော့ရန် ကြိုးပမ်းရာမှ ကျည်ထွက်ကာ မိခင်သေဆုံး

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 4:46 PMနယူးယောက်၊ ဒီဇင်ဘာ ၃၁။ အမေရိကန်နိုင်ငံ အိုင်ဒါဟို ပြည်နယ်ရှိဟေဒင်မြို့ ဝဲလ်မတ် စတိုးဆိုင်ကြီး အတွင်း ဈေးဝယ်နေသည့် မိခင်တစ်ဦးသည် လက်ကိုင် အိတ် အတွင်းဘေးကင်း ရန်ကာ စေရန် အတွက် လိုရမယ်ရ ဆောင်ထားသည့် သေနတ်ကို သားငယ် နှစ်နှစ်သား လေးက စမ်းမိပြီး ယူ၍ ဆော့ကစား ရန်ကျိုး ပမ်းစဉ် ကျည်ထွက်သွားရာမှ ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။ဟေဒင်မြို့မှ ဝဲလ်မတ် စတိုးဆိုင် ကြီးသို့ အသက် ၂၉နှစ်ရှိ ဗာရွန်နီကာ ဆိုသည့် အမျိုးသမီးသည် ကလေး တစ်သိုက်နှင့် ဈေးလာဝယ် ချိန်တွင် ယင်းသို့ သား ငယ် နှစ်နှစ်သားက သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိကာ သေဆုံးခြင်း ဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။ဗာရွန်နီကာ သည် လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်သူ ဖြစ်ကြောင်း၊ စတိုးဆိုင်ကြီး၏ နောက်ဖက် နားတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းတာ ဝန်ရှိသူ များက ပြောသည်။ ပစ်ခတ်မှု ဖြစ်ပွားသဖြင့် ယင်းစတိုးဆိုင်ကြီးကို ပိတ်ထားခဲ့ပြီး သိပ်မကြာမီ ပြန်ဖွင့်ဖွယ်ရှိသည်။သားငယ် ဖြစ်သူသည် စတိုးဆိုင်ကြီးတွင် အသုံးပြုသည့် ဈေးဝယ်လှည်း ပေါ်တွင် ထိုင်ကာ လိုက်ပါ လာခဲ့ခြင်း ဖြစ်ပြီး သေနတ်ကို စမ်းမိကာ ဆွဲထုတ် ချိန်ရွယ် စဉ်တွင် ကျည်ထွက်သွားခြင်း ဖြစ်သည်။ မျက်မြင်များနှင့် စီစီတီဗီ မှတ်တမ်းများ အရ သေနတ် ပစ်ခတ်မှုသည် မတော်တဆ ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်ကို ရဲများ က စစ်ဆေးနိုင်ခဲ့သည်။ ဗာရွန်နီကာတို့ မိသားတစ်စုသည် ဘလက်ဖုမြို့ မှ ဆွေမျိုး သားချင်းများ ရှိရာ ဟေဒင်သို့  အလည်လာခြင်း ဖြစ်သည်။    ကလေးမှာ အသက် နှစ်နှစ်သာ ရှိသောကြောင့် သေနတ်အတွင်း ကျည်ရှိမရှိနှင့် သူ၏ လုပ်ရပ် အတွက် အကျိုးအပြစ်တို့ကို သုံးသပ် နိုင်ခြင်း မရှိခဲ့ပေ။  ပစ်ခတ် မှုဖြစ်ပွား၍ ဆေးဝန်ထမ်းများ အပြေးအလွား ရောက်ရှိ လာခဲ့သော်လည်း ဗာရွန်နီကာ၏ အသက်ကို အချိန်မီ ကယ်တင်နိုင်ခြင်း မရှိခဲ့ကြောင်း တာဝန် ရှိသူများ က ပြောသည်။Ref: BBChttp://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/36039-2014-12-31-09-12-26CommentsVisit website

posted from Bloggeroid

သူတို့အမြင်




မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အတားအဆီးတွေက ဘာလဲ (သုံးသပ်ချက်)

by ဒီဗွီဘီDVB | DVBToday, 5:10 PMနိုင်ဟံသာ (ယူအန်အက်ဖ်စီ)“အန်ကယ့်အမြင်ဘက်ကို ပြောရမယ်ဆိုရင် အန်ကယ်တို့ဆွေးနွေးလာတာ သြဂုတ်လအထိ ကတော့ တော်တော်လေး အခြေအနေကောင်းပါတယ်။ ဒါပေမယ့် စက်တင်ဘာလကျတော့ တပ်ဘက်က သူတို့လိုချင်တဲ့ပုံစံပေါ့လေ အဲဒါကို အတင်းတွန်းတဲ့ပုံစံ။ နောက် အရင့်အရင်က သဘောတူထားတဲ့ဟာတွေကိုပါ ပြင်ပြီးတော့ သူတို့လိုချင်တဲ့ပုံစံ သူတို့ အတင်းတွန်းတော့ အဲဒီမှာ သဘောတူညီမှုက ပိုပြီးတော့ လျော့ကျသွားတယ်။ နားလည်မှုအခြေအနေက နောက်ပြန်ဆုတ်သွားတယ်ဆိုတဲ့ သဘောမျိုးအထိ ဖြစ်သွားတယ်။ အဲဒါတွေကြောင့်ပါ။ အဲဒါတွေကြောင့် ၂၀၁၄ မှာ အပစ်မရပ်နိုင်ဘဲနဲ့ အလှမ်းဝေးသွားသလို ဖြစ်လာတာပေါ့။ အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့က အန်ကယ်တို့လည်း သဘောထားကြီးကြီးနဲ့ အမ်ပီစီကို ညှိနှိုင်းပါတယ်။ အဓိက ဦးအောင်မင်းကို ညှိနှိုင်းတယ်လေ။ ယူပီဒဗလျူစီနဲ့ အဲဒါ ဦးအောင်မင်းကိုယ်တိုင် ဒီဘက်ကို မလာနိုင်တဲ့အခြေအနေပေါ်မှာ အန်ကယ်တို့ နေပြည်တော်ထိ လိုက်သွားတယ်။ ဟိုမှာသွားပြီး ညှိနှိုင်းတယ်။ နောက်ပိုင်းမှာ အမ်ပီစီကလည်း ဦးအောင်မင်းတို့က အမ်ပီစီကလူတွေ လွှတ်ပြီးတော့ အန်ကယ်တို့နဲ့လာပြီးတော့ ညှိနေပါတယ်။ အလွတ်သဘောတော့ ညှိနေပါတယ်။ အဲသလို နည်းလမ်းရှာညှိနေတဲ့အချိန်မှာပဲ ဥပမာ လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းကို လက်နက်ကြီးနဲ့ထုလိုက်တော့ အန်ကယ်တို့ အန်စီစီတီ အဖွဲ့ဝင် တော်တော်များများ ထိခိုက်သွားတယ်လေ။ အဲဒီပေါ်မှာ အန်ကယ်တို့ဘက်က စိတ်မကျေမချမ်း ဖြစ်သွားတဲ့ကိစ္စတွေလည်း ပေါ်လာတယ်။ ယုံကြည်မှုလျော့ကျသွားတာပေါ့လေ။ အဲဒါတွေ ဖြစ်ပေမယ့်ပေါ့လေ ဒါတွေကတော့ တဖက်ကတော့ ကုစားရမှာပဲ အန်ကယ်တို့လည်း ၀ိုင်းကုစားပေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ကျေနပ်လောက်တဲ့အနေအထားတော့ မရသေးဘူး။ အခုကတော့ အန်ကယ်တို့ရော၊ ဦးအောင်မင်းတို့ဘက်ကရောပေါ့လေ နည်းလမ်းရှာပြီးတော့ ညှိနှိုင်းနေပါတယ်။ ဒါပေမယ့် တရားဝင်တော့ မဆွေးနွေးရသေးဘူး။ နားလည်မှုတော့ တိုးတက်လာပါတယ်။ ဒါပေမယ့် အဲဒီနားလည်မှုက တရားဝင် ဟိုဘက်က ယူပီဒဗလျူစီဘက်က အားလုံးလက်ခံတဲ့ပုံစံ မဟုတ်သေးတော့ ဒါက တရားဝင်တဲ့ အနေအထားမရောက်သေးတော့ တိုးတက်မှုရယ်လို့မဟုတ်သေးပေမယ့် ကြိုးစားနေပါတယ်။”“အန်ကယ့်အနေနဲ့ နှစ်သစ်မှာ ဆန္ဒပြုချင်တာကတော့ တစ်နှစ်တစ်နှစ်ကုန်တိုင်း ကုန်တိုင်းဆိုရင် တစ်ဖက်က ပြန်ပြောမယ်ဆိုရင်တော့ အဲဒီနှစ်တွေမှာ မအေးချမ်းနိုင်ဘူးဆိုရင် အန်ကယ်တို့ နိုင်ငံက လူထုတွေပေါ့လေ အများကြီးကို ဒုက္ခ ဖြစ်နေတယ်။ အဓိက အိုင်ဒီပီ (ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများ) စခန်းတွေမှာ စစ်ပြေးဒုက္ခသည်တွေပေါ့လေ။ သူတို့ရဲ့ဘ၀က တော်တော်လေးကို ကျပ်တည်းတယ်။ တချို့ကတော့ နိုင်ငံတကာက အကူအညီတွေ ပေးချင်ပေမယ့် ပို့ဖို့မလွယ်တဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ဥပမာ ကချင်ဒုက္ခသည်တွေလေ တော်တော်လေးကို သူတို့အတွက် စိတ်မကောင်းစရာပါပဲ၊ နောက်ပြီးတော့ တဖက်က ပြန်ကြည့်ရင် တနိုင်ငံလုံး အပစ်အခတ်မရပ်စဲနိုင်ဘူး၊ နိုင်ငံရေးဆွေးနွေးပွဲကို မလုပ်နိုင်ဘူးဆိုရင် ဒီပြဿ နာ ပြည်တွင်းစစ်ပြဿ နာက ဒီလိုပဲ ရှည်ကြာနေမယ်။ ရှည်ကြာရင် အန်ကယ်တို့နိုင်ငံက ဒီလိုပဲ လူထုတွေ ဒုက္ခရောက်နေမယ်လေ။ အဲဒီတော့ အန်ကယ်တို့အနေနဲ့ကတော့ ကိုယ့်နိုင်ငံကို နစ်မွန်းအောင်လုပ်နေတဲ့ ဖြစ်ရှိနေတဲ့ ဒီပြည်တွင်းစစ်ကို အမြန်ရပ်စဲချင်တယ်။ အဲဒါကို ရပ်ဆဲဖို့ဆိုတဲ့နေရာမှာ တနိုင်ငံလုံး အပစ်ရပ်ပြီးတော့မှ နိုင်ငံရေးဆွေးနွေးပွဲကို အမြန်တက်ချင်တယ်။ အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ အဲဒီအတွက် ၀ိုင်းဝန်းအားပေးစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီပြည်တွင်းစစ်ကို ရပ်စဲအောင်မလုပ်နိုင်ရင် နိုင်ငံကို တဖက်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေလည်း တိုးမြှင့်ဖို့ဆိုတာလည်း မဖြစ်နိုင်သလို စီးပွားရေးအရ ဒါကတော့ ပိုပြီးတော့မှ တိုးတက်မြင့်မားလာအောင် လုပ်လို့လည်းမရဘူး။ အစစအရာရာပေါ့လေ ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် ၂၀၁၅ မှာ  တဖက်က ရွေးကောက်ပွဲလုပ်ရမယ်။ ရွေးကောက်ပွဲကိုလည်း စစ်စစ်မှန်မှန်နဲ့ပေါ့လေ ဒါက ဖြစ်ဖို့လိုတယ်။ ပြည်သူလူထုအနေနဲ့လည်း တကယ့် နိုင်ငံပေါ်မှာ စေတနာမှန်၊ စေတနာကောင်းရှိတဲ့ပုဂ္ဂိုလ်တွေကို ရွေးချယ်ဖို့ လိုသလို တဖက်ကလည်း တနိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေး ဒါကလည်း အရေးကြီးတယ်။ တဖက်က ပြောမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံထဲကပေါ့လေ လိုအပ်တဲ့အပိုင်းတွေကို ပြင်ဖို့လည်းလိုတယ်။ ဒါတွေကို မပြင်နိုင်သမျှကတော့ ဘယ်လိုမှ မတိုးတက်နိုင်ဘူး။ တနိုင်ငံလုံး အပစ်မရပ်စဲနိုင်သမျှ ကတော့ ဘယ်လိုမှ ထွက်ပေါက်မရနိုင်ဘူး။ ဒါကြောင့် အရေးကြီးတဲ့အပိုင်းတွေကိုပေါ့လေ။  အဓိကအားဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အမြန်ရဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ အမြန်လုပ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံထဲက ပြင်သင့်တဲ့အပိုင်းတွေကို အမြန်ပြင်ဖို့၊ အဲဒီမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးတွေ အမြန်ဖော်ဆောင်ပြီးတော့ အန်ကယ်တို့နိုင်ငံကို အမြန်တိုးတက်အောင် လုပ်ဖို့သင့်တယ် အဲလိုလည်း အားလုံးက ၀ိုင်းကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။”ခွန်ထွန်းဦး (ယူအန်အေခေါင်းဆောင်)“အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ စကားပြောတယ်။ အပစ်ရပ်တယ်။ တပ်က ၀င်တိုက်လိုက် အဲဒီဟာကတော့ အဓိကအချက်တွေပါပဲ။ ကျနော်တို့ရှမ်းတွေ ဘန်ကောက်မှာ အစည်းအဝေးထိုင်တုန်းကလည်း ၀မ်ဖာဆောင်(ဖာဆောင်တံတား)ကို ၀င်ချသွားတယ်။ အဲဒါလည်း တနေ့တည်းတချိန်တည်း ချတာပါပဲ မထူးပါဘူး။ မလုပ်သင့်တဲ့အရာတွေ။ နောက်ပြီးတော့ ကရင်ဘက်ကအဖွဲ့တွေလည်း ဒီကေဘီအေလည်း ချတယ်။ နောက်ဆုံးကျတော့ အခု ကေအိုင်အေကို သွားချတယ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတဲ့ဟာကတော့ ရှင်းရှင်းပြောရရင် လုပ်နည်းလုပ်ဟန် မဟုတ်တော့ဘူးလေ။ ငြိမ်းချမ်းရေးကို ရချင်တဲ့လုပ်ရပ်မျိုး မဟုတ်တော့ဘူးလေ။ ဒါတွေကလည်း ယုံကြည်မှုတည်ဆောက်ရမယ့်အချိန် ဖြစ်နေတဲ့ အချိန်ဆိုတော့ ဒါယုံကြည်မှုတည်ဆောက်မှုလည်း မဟုတ်ဘူးလို့ ကျနော်ထင်တယ် ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ဒီကိစ္စမျိုးတွေကြောင့်လည်း ယုံကြည်မှုက မရှိတာပေါ့။ အခုလည်း မရသေးပါဘူး။”“ဒီအားနည်းချက်တွေ ပြေပျောက်ဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံး ပထမဆုံး စားပွဲဝိုင်း မှာ ထိုင်ပြီးတော့၊ စကားပြောပြီးတော့ အားလုံး ကိုယ်လိုချင်တာ၊ သူလိုချင်တာ ပါသင့်ပါထိုက်သူ တွေ ပါပြီး အကုန်လုံး နားထောင်ပြီးတော့ စကားပြောတာ အကောင်းဆုံးပဲ ကျနော် ထင်တယ်။ အမ်ပီစီနဲ့ လည်း မပြီးဘူး။ သဘောကတော့ အန်စီစီတီနဲ့လည်း မပြီးသေးဘူးပေါ့ဗျာ။ တပ်ကလည်း မပြီးသေးဘူး။ အစိုးရနဲ့လည်း မပြီးသေးဘူး။ ကျန်တဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေလည်း မပြီးသေးပါဘူး။ အဲဒီတော့ လူထုလူတန်းစားကိုယ်စားလှယ်တွေလည်း လိုတာပဲ။ အကုန်လုံး စားပွဲဝိုင်းမှာထိုင် စကားပြော၊ ဘာဖြစ်သင့်တယ် ဆွေးနွေးဖို့ကိစ္စတွေက ရှာရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုရင် အခု မဆွေးနွေးကြပဲနဲ့ ငါက ရပ်လိုက်၊ သူက ပစ်လိုက်။ သူက မပစ်ပေမယ့် ငါ ရပ်တယ် ဟိုဘက်က ထလုပ်လိုက်တယ်ဆိုတော့ ဘယ် ဒီ ငြိမ်းချမ်းရေးက ၆၇ နှစ်ရှိနေပြီ ဘယ်ငြိမ်းချမ်းရေး ပြီးနိုင်ပါ့မလဲ။ လူထုက ပင်ပန်းနေပြီ။ ၆၇ နှစ်လုံးလုံး အချင်းချင်း တိုက်လိုက်ကြတာ အားလုံးက ပင်ပန်းနေပြီ။ အဲဒါတောင်မှ မရပ်သေးဘူးဆိုရင်တော့ တိုင်းပြည်ရဲ့ကံကြမ္မာပဲပေါ့။ ဒီလိုမှ ကိုယ့်ကိုယ်ကို မသိကြဘူးဆိုရင် လုပ်ကြမယ်ဆိုရင် လုပ်ကြပေါ့။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ “တော်ပါတော့၊ ရပ်ပါတော့။ စကားပြောတို့ ငြိမ်းချမ်းရေးတို့ ဘာတို့ပြောနိုင်တာကလွဲလို့ ဒါကလွဲလို့ ဘာမှ မပြောနိုင်တော့ဘူးဗျာ”။ ဘယ်သူ့ကို ဘယ်သူမှ ယိုးမယ်ဖွဲ့ပြီး သွားဖို့ မကောင်းတော့ဘူးလေ။ ကဏ္ဍအသီးသီးကလည်း ယိုယွင်းနေပြီပဲ။ တယောက်ကို တယောက် ပုံချနေမယ့်အစား စားပွဲဝိုင်းမှာအားလုံး အတူထိုင်ပြီးတော့ ဒီပြဿ   နာကို ဖြေရှင်းရင် မကောင်းဘူးလား။ မြေယာပြဿ   နာ။ လာဘ်စားမှု အခြားအခြားသော နိုင်ငံရေးပြဿ  နာ။ စီးပွားရေးပြဿ နာတွေ။ တိုင်းရင်းသားပြသနာတွေ အကုန်လုံး ဘယ်လောက်ဆိုးလဲ တိုင်းပြည်ကြီးမှာ။ အဲဒါကို အားလုံးစားပွဲမှာထိုင်ပြီးမှ မဖြေရှင်းနိုင်ဘူးလား။ ဒီပြဿ  နာကြီးကို ၂၀၁၅ အထိ သယ်သွားဦးမှာတဲ့လား။ နောက်လာနောက်သားတွေကို ဒီပြဿ  နာကြီးကို ပေးခဲ့ဦးမှာလားဆိုတာ စဉ်းစားကြပါ။ ကိုယ့်တကိုယ်တည်း မကြည့်ပါနဲ့။ အားလုံးပြည်သူတွေမျက်နှာကို ကြည့်ပါ။ အဲလိုမှ ကျနော်တို့က ပြောင်းလဲချင်တဲ့စိတ်၊ တယောက်နဲ့တယောက် စာနာမှုစိတ်တွေ မထားဘဲနဲ့ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ဒီတိုင်းပြည်ဟာ တော်တော်လေးကို အန္တရာယ်များပါတယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။ အဲဒါ ကျနော့် ၂၀၁၅ ရဲ့ ဆန္ဒအစစ်အမှန်ပါ။စောသန်းမြင့် (ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒု ဥက္ကဋ္ဌ)ညီနောင်တိုင်းရင်းသားများပါတီ ဒုဥက္ကဋ္ဌ ဦးစောမြင့်သန်း“တပြည်လုံးအပစ်ရပ်လက်မှတ် မရေးထိုးနိုင်သေးတာဟာ နှစ်ဦးနှစ်ဘက်မှာ အားနည်းချက် ရှိတယ်ဗျ။ အစိုးရဘက်မှာလည်း ကျနော့်အထင် ၆ ကြိမ်မြောက်အစည်းအဝေးမှာ ယူပီဒဗလျူစီနဲ့ အန်စီစီတီကိစ္စမှာ တပ်မတော်ဘက် ပြန်ပြီးတော့ သဘောထားနည်းနည်းလေး ပြန်ပြီးတော့ တင်းမာလာတဲ့ သဘောရှိတယ်။ အဲဒီအခါမှာ အန်စီစီတီနဲ့ ညှိနှိုင်းတဲ့အခါမှာ အဆင်မပြေတာ ရှိတယ်။ ဒါက အစိုးရပိုင်းရဲ့ အားနည်းချက်ဖြစ်တာပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင်ရဲ့ အားနည်းချက်ကလည်း အမှန်အတိုင်းပြောရင် ရှိပါတယ်ဗျ။ ဘာလို့လည်းဆိုရင် အခုဆိုရင် မြန်မာပြည်မြောက်ပိုင်းမှာဖြစ်တဲ့ ကိစ္စတွေဟာ ဥပမာဆိုရင် ကေအိုင်အေနဲ့ ပလောင်မှာဖြစ်တဲ့ ကိစ္စ၊ ရှမ်းမြောက်မှာဖြစ်တဲ့ကိစ္စ ဥပမာ ရှမ်းမြောက်ဆိုရင် SSPP ဆိုရင် အပစ်အခတ်ရပ်စဲပြီး ဖြစ်တယ်လေ။ ပြီးခဲ့တဲ့ ဟိုတလောကဖြစ်ခဲ့တဲ့ ၀မ်ဟိုင်းဌာနချုပ်မှာ ဖြစ်တဲ့ကိစ္စတွေက ဒါကတော့ နှစ်ဘက်တပ်တွေက အောက်ခြေမှာ ထိတွေ့မှုက တော်တော်လေးပြင်းထန်လာတဲ့ အနေအထား ရှိတယ်။ အဲဒီတော့ ကျနော်တို့အမြင်ကတော့ အပစ်အခတ်ရပ်စဲဖို့ အန်စီအေ (တပြည်လုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်)မှာ လက်မှတ်မထိုးနိုင်တာက အစိုးရဘက်ကရော၊ ဒီ အန်စီစီတီထဲမှာ ပါဝင်တဲ့ အဖွဲ့တွေကရောပေါ့နော် အားနည်းချက်ရှိတယ်။ အဲဒါကို ပြန်ပြီးတော့ မညှိနှိုင်းနိုင်မချင်းကတော့ အန်စီအေ မှာ လက်မှတ်ထိုးဖို့ကတော့၊ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ ဖို့က အားနည်းချက် ရှိတဲ့အတွက် မဖြစ်နိုင်သေးဘူးလို့ မြင်တယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အားလုံးမျှော်လင့်တယ်ပေါ့လေ။ အမြန်ဆုံး လက်မှတ်ထိုးနိုင်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရမှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲဟာ အဆင်ပြေလာနိုင်တဲ့ အနေအထားရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မရဘူးဆိုရင် ၂၀၁၅ ရဲ့ ရွေးကောက်ပွဲမှာလည်း အများကြီး သက်ရောက်တဲ့အတွက် ကျနော်တို့က နှစ်ဖက် အားနည်းချက်တွေကို အမြန်ဆုံးညှိနှိုင်းပြီးတော့ ပြည်သူရဲ့အကျိုး၊ နိုင်ငံရဲ့အကျိုးကို ကြည့်ပြီးတော့ ဒီအားနည်းချက်တွေကို ညှိနှိုင်းဖြေရှင်းမယ်ဆိုရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲတဲ့အဆင့်တော့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။”“အဓိက အခက်အခဲက တပ်မတော်နေရာချထားရေး ဖြစ်တယ်လေ။ နှစ်ဘက်တပ် နေရာချထားရေးက အင်မတန်ခက်ခဲတယ်။ နောက်ပြီးတော့ FUA ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ကိစ္စကတော့ အဲဒီနှစ်ခုမှာ သွားပြီးဖြစ်တယ်လို့ ကျနော်မြင်တယ်လေ။ လက်ရှိ အစိုးရနဲ့ တပ်မတော်အနေနဲ့ FUA ကို လက်ခံနိုင်တဲ့ အနေအထား မရှိသေးဘူး။ အဲဒီမှာ သဘောထားတင်းမာတာရှိတယ်။ အစိုးရဘက်က၊ တပ်မတော်ဘက်က။ နှစ်ဘက်တပ်နေရာ ချထားရေးကလည်း အခုထိ ပီပီပြင်ပြင် ဘာမှ မလုပ်နိုင်သေးဘူး။ ကျနော်တို့အမြင်ကတော့ နှစ်ဘက် အပစ်ခတ်ရပ်စဲဖို့ကိစ္စမှာ နှစ်ဘက်တပ်နေရာချထားရေးနဲ့ FUA ကိစ္စ။ ဒီနှစ်ခု ကျော်လွှားနိုင်မယ်ဆိုရင်တော့ အန်စီအေ (တပြည်လုံးအပစ်ရပ်စာချုပ်) လက်မှတ်ထိုးဖို့ဟာ မခဲယဉ်းဘူးလို့ ကျနော် မျှော်လင့်တယ်။ ”“နှစ်သစ်ကူးအနေနဲ့ကတော့ ကျနော်တို့ တနိုင်ငံလုံးနဲ့ ပြည်သူအားလုံး လိုအပ်တာကတော့ ငြိမ်းချမ်းရေးဖြစ်တယ်ပေါ့နော်။ ၂၀၁၄ မှာတော့ ဘာပဲဖြစ်ဖြစ် ၂၀၁၁ က စလာတဲ့ ၂၀၁၄ ထိ လုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ အောင်မြင်မှု အများကြီးကို ရရှိခဲ့ပါတယ်။ ကျနော်တို့သုံးသပ်မယ်ဆိုရင် ၈၅-၉၀ ရာခိုင်နှုန်းလောက် အောင်မြင်မှုရလာပြီးတော့ ကျန်တာ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်။ အဲဒါကို နောက်ဆုံးအနေနဲ့ ညှိနှိုင်းမယ်ဆိုရင် လာမယ့် ၂၀၁၅ နှစ်သစ်ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲတဲ့အဆင့်၊ ငြိမ်းချမ်းရေးရနိုင်တဲ့အဆင့် ဖြစ်လာမယ်လို့ မျှော်လင့်တယ် ဒါကြောင့်မို့လို့ လာမယ့်နှစ်သစ်ကူး၊ မနက်ဖြန် စမယ့်နှစ်သစ်ကူး ၂၀၁၅ မှာတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးကိစ္စကို အောင်အောင်မြင်မြင်နဲ့ နှစ်ဘက်စလုံးက ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ နောက်ပြီးတော့ လာမယ့် လွှတ်တော်မှာလည်း အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြုပြင်ပြောင်းလဲ အနေအထား ဖြစ်ပါစေ။ ဒီနှစ်ခုကတော့ ကျနော်တို့ အဓိကလိုအပ်တဲ့ မျှော်လင့်ချက်ဖြစ်တယ်။ တောင်းဆိုချက် ဖြစ်တယ်လို့ ၂၀၁၄ အကုန်ဒီနေ့မှာ ဆုတောင်းတယ်။”ဦးခင်မောင်ဆွေ (ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် – အက်ဖ်ဒီအေ)ဦးခင်မောင်ဆွေ“လက်မှတ်မထိုးနိုင်တာကတော့ တဖက်နဲ့ တဖက် နိုင်ငံရေးယုံကြည်မှုပေါ့။ ယုံကြည်မှုကို အပြည့်အ၀ မရသေးလို့ပေါ့ဗျာ။ နောက်ပြီးတော့ တချို့ကိစ္စတွေမှာလည်းပဲ အပြန်အလှန် နားလည်မှုက ဘာခေါ်မလဲ။ တဖက်နဲ့ တဖက်ပေါ်မှာ နားလည်မှုကို အပြည့်အ၀ရအောင် ဆောင်ကြဉ်းဖို့ ကာလဒေသလည်း လိုနေသေးလို့ ဖြစ်ပါတယ်။ နောက် တဖက်ကလည်း နိုင်ငံနဲ့ ပြည်သူအကျိုးစီးပွားကိုသာ ကြည့်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနိုင်စရာအကြောင်း မရှိဘူးလို့ ယုံကြည်ပါတယ်။ ဒီအချက်တွေကို ဖြည့်ဆည်းဖို့ အဓိကကျတာကတော့ ကျနော်သိရသလောက်ကတော့ အစိုးရဘက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့အတွက် သူတို့ လိုလားမှု ရှိပါတယ်။ တပ်မတော်ဘက်ကလည်းပဲ ထိုနည်းလည်းကောင်းပဲ အပစ်အခတ်ရပ်စဲရေးကို လုပ်ချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ တိုင်းရင်းသားလက်နက်ကိုင်အုပ်စု အများစုကလည်းပဲ အဲလို ကျနော်တို့ လက်မှတ်ထိုးပြီးတော့ ငြိမ်းချမ်းရေးကို ဆက်သွားချင်တဲ့အနေအထားတွေ ရှိပါတယ်။ သို့သော်လည်းပဲ တပ်ပိုင်းဆိုင်ရာကိစ္စတွေမှာ နှစ်ဖက် သဘောတူဖို့ အချက်အချို့ ကျန်နေသေးတယ်လို့ ယူဆစရာ ရှိပါတယ်။ တပ်ပိုင်းဆိုင်ရာဆိုတာ တိုင်းရင်းသားလက်နက်ကိုင် တွေဘက်ကရော၊ တပ်မတော်ဘက်ကရော ညှိတဲ့နေရာတွေမှာ၊ တပ်ချင်းတပ်ချင်းညှိတဲ့ နေရာတွေမှာ အရှည်ဘယ်လိုလုပ်မလဲဆိုတာတွေကို ပြေပြေလည်လည်နဲ့ သဘောထားကြီးစွာနဲ့ အလျော့အတင်းနဲ့ သွားမယ်ဆိုရင်တော့ဖြင့် မဖြစ်နိုင်စရာမရှိလောက်ဘူးလို့ ထင်ပါတယ်။ တခြားအကျိုးစီးပွားတွေ ထည့်မစဉ်းစားဘူးဆိုရင်ပေါ့ဗျာ။ အဖွဲ့အစည်းအကျိုးစီးပွားပေါ့။ မိမိတို့ အဖွဲ့အစည်း အကျိုးစီးပွားတွေဟာ ဘယ်လောက်ရှိနေတယ်။ ဒီလက်မှတ်ထိုးလိုက်လို့ရှိရင် အဖွဲ့အစည်းအကျိုးစီးပွားကို ဘယ်လောက်ထိခိုက်မလဲဆိုတဲ့ ဒီလို စိတ်ကူးစိတ်သန်းမျိုးတွေကို လျော့ချပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက်ပဲ အဓိကကျတယ်၊ နိုင်ငံနဲ့ပြည်သူအကျိုးစီးပွားက အဓိကကျတယ်ဆိုတဲ့ သဘောထားပေါ်မှာ ခိုင်ခိုင်မာမာ တည့်တည့်မတ်မတ်ရပ်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးရော၊  ငြိမ်းချမ်းရေးဆွေးနွေးမှုပွဲကိုရော ရောက်သွားလိမ့်မယ်လို့ တထစ်ချ ယုံကြည်ပါတယ်။“ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အချုပ်အခြာအာဏာဟာ အဲဒီလူမျိုးပေါင်းစုံက ပိုင်ပါတယ်။ အစိုးရတခုတည်းပိုင်တာ မဟုတ်ပါဘူး အဲဒီတော့ ငြိမ်းချမ်းရေးဆိုတာဟာ ကမ္ဘာ့ပေါ်မှာ သက်တမ်းအရှည်ဆုံး အကြာဆုံးဖြစ်တဲ့ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းဖို့ရာ အင်မတန်မှပဲ အရေးကြီးပါတယ်။ ပြည်တွင်းစစ်ကို မချုပ်ငြိမ်းဘူးဆိုလို့ရှိရင်တော့ ကျနော်တို့ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်ကို ရောက်ရှိဖို့ အကြောင်း မရှိပါဘူး။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်ကို မရောက်လို့ရှိရင်လည်းပဲ ဖြစ်နေတဲ့ ဆင်းရဲမွဲတေမှု၊ တယောက်နဲ့ တယောက် မယုံသင်္ကာဖြစ်မှု၊ သယံဇာတတွေကို ခွဲဝေကျင့်သုံးမှု၊ တဖက်နဲ့တဖက် လွှမ်းမိုးချုပ်ချယ်နေတဲ့ဟာမျိုးတွေဟာမျိုးတွေကို ကျနော်တို့ ဖယ်ရှားနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ ပါကစ္စတန်နိုင်ငံလို ပြည်တွင်း မငြိမ်မသက်မှုတွေကို ဆက်ပြီးတော့ သွားမလား။ အင်ဒိုနီးရှားနိုင်ငံလို ပြည်တွင်းငြိမ်းချမ်းတဲ့၊ သာယာတဲ့ဆီကို သွားမလားဆိုတာမျိုးကို စဉ်းစားဖို့ လိုပါတယ်။ နောက်ပြီးတော့ အာဖဂန်နစ္စတန်လို စစ်မင်းတွေအုပ်ချုပ်တဲ့နိုင်ငံမျိုး မဖြစ်အောင်လည်းပဲ နားလည်မှု ရှိရှိနဲ့  ပူးပေါင်း ဆောင်ရွက်မှုက အရေးကြီးနေတဲ့အချိန် ဖြစ်တာမို့လို့ နှစ်သစ်ကူးမှာ ငြိမ်းချမ်းရေးဟာ ဆိုလို့ရှိရင် မြန်မာနိုင်ငံလူမျိုးအားလုံးအတွက် အဓိကကျတဲ့အချက်ကြီး ဖြစ်ပါတယ်။ အဲဒီအချက်ကြီးကို ရအောင် ကြိုးပမ်းကြဖို့တိုက်တွန်းကြောင်း ပြောလိုပါတယ်။”ကိုကိုကြီး (၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)တပြည်လုံးအပစ်အခတ်ရပ် လက်မှတ်မထိုးနိုင်တာဟာ တခွန်းတည်းပြောရရင် ယုံကြည်မှု အားနည်းတာပေါ့။ ယုံကြည်မှုအားနည်းတယ်ဆိုတာကလည်း အရင်အတိတ်က အတွေ့အကြုံ တွေပေါ်မှာ အကြောင်းပြုပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေး လုပ်တော့မယ်ဆိုတဲ့ အချိန်မှာ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အခါမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအတွက် လိုအပ်တဲ့ အခြေခံတွေ၊ အာမခံချက်တွေ ဘယ်လောက်ရှိမလဲဆိုတဲ့ ကိစ္စပေါ့နော်၊ ဆိုတော့ အဲဒီဟာတွေပေါ်မှာ သံသယလွန်ကဲတဲ့ ကိစ္စတွေပေါ့ အဲဒါမျိုးတွေလို့ ကျနော်တို့ မြင်ပါတယ်။ ဒီအားနည်းချက်ကို ဖြည့်ဆည်းဖို့ တခုကတော့ အရေးပါတဲ့ ခေါင်းဆောင်တွေကြားထဲမှာ ချောမွေ့တဲ့ဆက်ဆံရေးပေါ့။ ဥပမာ တခုခု အထစ်အငေါ့ဖြစ်တယ်။ မြေပြင်မှာ ထိတွေ့တိုက်ခိုက်မှု ဖြစ်တယ်ဆိုရင်လည်း ချက်ခြင်း ဆွေးနွေးဖြေရှင်းနိုင်တဲ့ hot line ပေါ့၊ အဲသလို လမ်းကြောင်းမျိုးတွေ ရှိဖို့လိုတယ်လို့ မြင်ပါတယ်။ နောက်တခုကတော့ ဒီတစ်ခါ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရင့်အရင်က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာတုန်းကလိုမျိုး မဖြစ်အောင်ပေါ့။ ဆိုလိုတာက အရင်က တစ်ဖွဲ့ချင်းနဲ့ အပေးအယူ လုပ်တယ်။ ဘယ်သူမှ မသိလိုက်ရဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်တခုက လက်နက်ကိုင်တွေအချင်းချင်းကြားထဲမှာပဲ သဘောတူညီမှုတွေ လုပ်တယ်။ အဲဒီတော့ သာမန်ပြည်သူတွေက သိခွင့် ပါဝင်ခွင့်မရခဲ့ဘူး။ ဒီတခေါက်မှာတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေသခံပြည်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအ၀င်ပေါ့နော် အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ဖြစ်စဉ် ဖြစ်ဖို့လိုပါတယ်။ နောက်တခုက တဖွဲ့ချင်းစီရဲ့ သတင်းထုတ်ပြန်ချက်တွေပဲ ဖြစ်ဖြစ်၊ မီဒီယာနဲ့ ဆက်ဆံတဲ့နေရာမှာပဲဖြစ်ဖြစ်၊ နောက် မြေပြင်ပေါ်မှာ ဆောင်ရွက်ချက်တွေပဲ ဖြစ်ဖြစ် အဲဒါတွေက တဖက်ကို တဖက် နားလည်မှု မလွဲအောင် ကျနော်တို့ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဂရိုစိုက်ဖို့ လိုပါတယ်။ မဟုတ်ရင် ကိုယ့်ရဲ့စိတ်ကူး၊ ကိုယ့်ရဲ့ ယုံကြည်ချက်၊ ခံယူချက်အရလုပ်လိုက်တဲ့ကိစ္စ ပြောလိုက်တဲ့ကိစ္စတွေဟာ တစ်ဖက်ကနေပြီးတော့ ဒါ လက်ဦးမှု ယူတယ်။ ဒါ အပေါ်စီးယူတယ် ဆိုတဲ့ အထင်အမြင်လွဲမှု ဖြစ်ပြီဆိုတာနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က ကြန့်ကြာသွားတဲ့သဘောမျိုးတွေ ဖြစ်နေတာတွေကို သတိထားပြီးတော့ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်။ ”“တကယ်တော့ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဒီမိုကရေစီတို့၊ ဖွံ့ဖြိုးတိုးတက်မှုတို့ဆိုတာ ဘယ်လိုမှ အာမခံချက်မရှိနိုင်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ လာမယ့်နှစ်သစ်မှာ ပြည်သူတရပ်လုံးကလည်း မျှော်လင့်တောင့်တနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်ထွန်းလာပါစေ လို့လည်း ကျနော် ဆုလည်းတောင်းပါတယ်။ဆုတောင်းရုံတင်မကဘဲနဲ့ လက်တွေ့ဆောင်ရွက်မှုတွေမှာလည်းပဲ အရေးပါတဲ့ ခေါင်းဆောင်များ အကြား၊ နောက် ငြိမ်းချမ်းရေးမှာ ဆက်စပ်နေတဲ့၊ ပတ်သက်နေတဲ့ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာပါစေ။ အနိမ့်ဆုံးအဆင့်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်လောက်ကိုတော့ ၂၀၁၅ ထဲမှာ အကောင်အထည်ပေါ်လာပါစေလို့ ကျနော်တော့ ဆုမွန်ကောင်းတောင်းပါတယ်။ဒေါ်ခွန်ဂျာ  (ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့)ဒေါ်ခွန်ဂျာတပ်မတော်ရဲ့ အခန်းကဏ္ဍကို အခြေခံဥပဒေနဲ့ ပြည်လည်ထိန်းချုပ်ပြီးတော့မှ အရပ်သား အစိုးရရဲ့ လက်အောက်မှာ ထားရှိနိုင်တဲ့အချိန်ကျမှသာ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံး ဖြောင့်ဖြူးနိုင်မယ်လို့ ယူဆပါတယ်။ကျမတို့ မြန်မာတနိုင်ငံလုံးကို  မြန်မာ့တပ်မတော်သည်လည်းကောင်း အစိုးရက သော်လည်းကောင်း တခုခုထိန်းချုပ်နိုင်စွမ်းမရှိတဲ့အခါမှာ ထိန်းကျောင်းဖို့အတွက် ကတော့ ပြည်သူလုထုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးမှာရော နိုင်ငံတည်ထောင်ရေးမှာပါ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ပါဝင်နိုင်ဖို့အတွက် အကုန်လုံးပြင်ဆင်ထားစေချင်ပါတယ်ရှင့်။၂၀၁၅ နဲ့  ၂၀၁၅ အလွန်မှာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး မိမိရည်မှန်းထားတဲ့အတိုင်း ဖြစ်ပေါ်လာဖို့အတွက် ငြိမ်းချမ်းသာယာတဲ့ နိုင်ငံ၊ စည်းလုံးညီညွတ်တဲ့နိုင်ငံ ဖြစ်ပေါ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။The post မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် အတားအဆီးတွေက ဘာလဲ (သုံးသပ်ချက်) appeared first on DVB.CommentsVisit website







posted from Bloggeroid