
ရန်ကုန် တိုင်းတရားလွှတ်တော်တွင် အခြားအလံတတ်ဆင်ခဲ့သူအား ဥပဒေအရအရေးယူပေးရန် တိုင်ကြားထား။
Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 6:30 PM၂၀၁၅ခုနှစ်ဆန်းဖြစ်သော ယနေ့နံနက်က ရန်ကုန်မြို့ လယ်ရှိ တိုင်းတရားလွှတ်တော်နာရီစင်အလံတိုင်တွင် လွှင့်ထူထားခဲ့သည့်နိုင်ငံတော်အလံအစား အခြားအလံကိုတတ်ဆင်ခဲ့သူအားဥပဒေအရအရေးယူပေးရန် ကျောက်တံတားရဲစခန်းသို့ တိုင်းတရားရေးဦးစီးမှုးရုံးကသွားရောက်တိုင်ကြားလိုက်ပြီဟုသတင်းရရှိသည်။စီမံထောက်ပံ့ဌာန ဒုတိယညွှန်ကြားရေးမှုးအဆင့်ရှိ ဒေါ်နန်းရွှေမြင့်ကတိုင်ကြားခြင်းဖြစ်ပြီးကျောက်တံတားရဲစခန်းကအမှုဖွင့်ရန်ဆက်လက်ဆောင်ရွက်နေကြောင်းစခန်းမှုးကပေါ်ပြူလားနယူးစ်သို့ ပြောသည်။သုံးရောင်ခြယ်ဒေါင်းအလံကို လွှင့်ထူထားတာဗျဟု မျက်မြင်တွေ့ခဲ့သူတစ်ဦးကဆိုသည်။( ပေါ်ပြူလားနယူးစ် )CommentsVisit website



No comments:
Post a Comment