မြန်မာ့ အခြေအနေဆိုင်ရာရှင်းတမ်း ဗြိတိန် အစိုးရ ထုတ်ပြန်
သတင်းများToday, 10:05 AMမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် ဗြိတိန်အနေနဲ့ ပိုမိုအားပေး ကူညီသွားမှာဖြစ်သလို၊ လူ့အခွင့် အရေးအခြေအနေတွေ တိုးတက် လာအောင်လည်း တွန်းအားပေးသွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရ ၀န်ကြီးချုပ် ရုံးဝန်ကြီး Hugo Swire က မနေ့က နေ့စွဲနဲ့ ကြေညာချက် နှစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံအခြေအနေတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဗြိတိန်ပြည်သူ တွေထံကပေးပို့ကြတဲ့ စာတွေ၊ အီးမေးလ်တွေ အများအပြား လက်ခံရရှိတဲ့ အတွက် ဗြိတိန်အစိုးရက ကြေညာချက် နှစ်စောင် ထုတ်ပြန် ရှင်းလင်း ခဲ့ပါတယ်။တစ်စောင်က မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းနေတဲ့ ကိစ္စဖြစ်ပြီး၊ နောက်တစ်စောင်က မြန်မာ နိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ တိုးပွားလာနေတဲ့ကိစ္စအကြောင်း ဖြစ်ပါတယ်။မြန်မာပြုပြင်ပြောင်းလဲမှုအခြေအနေတွေ ရပ်တန့်နေပြီး၊ တချို့နေရာတွေမှာ နောက်ကြောင်းပြန်လှည့် နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး၊ ဗြိတိန်အစိုးရ အနေနဲ့ မြန်မာ့အခြေအနေတွေအပေါ် အားရကျေနပ်နေတာ မဟုတ် သလို၊ ဒေါ်အောင်ဆန်း စုကြည် နဲ့တခြားပုဂ္ဂိုလ်တွေရဲ့ သံသယတွေကိုလည်း နားလည်ကြောင်း၊ စိုးရိမ်စရာတွေ နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ပုံမှန်တိုင်ပင်ဆွေးနွေးနေသလို၊ ကဏ္ဍ အတော်များများမှာလည်း အတူဆောင် ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာ့အပြောင်းအလဲတွေကို အသိအမှတ် ပြုရမှာဖြစ်ပေမဲ့၊ သွားရမယ့် ခရီး ဝေးသေးတယ်ဆိုတာ သိမြင်ကြောင်း၊ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ တွေ့မြင်ခဲ့ရသလို၊ တဘက်မှာ လည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမည်သည်မှာ နေ့ချင်းညချင်း မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ပြီးမြောက်အောင်မြင် သွားတာမျိုးမဟုတ်ကြောင်း၊ ဗြိတိန် အနေနဲ့ မြန်မာ့အပြောင်းအလဲ အတွက်၊ အမျိုးသမီးတွေ အပေါ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေးအတွက် လက်တွေ့ကျပြီး ထိရောက်တဲ့ အကူအညီတွေ ပေးခဲ့သလို၊ လူအား၊ငွေအား၊ အသိပညာအားတွေနဲ့ ဆက်လက်ကူညီသွားမှာ ဖြစ်ကြောင်း အကိုးအကားတွေနဲ့ တကွ ထုတ်ပြန် ခဲ့ပါတယ်။CommentsVisit website

No comments:
Post a Comment