
"မန္တလေးတွင် ဆိုင်ကယ်ခိုးမှု(၇)နဲ့ဆိုင်ကယ်
(၇)စီး ဖမ်းဆီးဖော်ထုတ်နိုင်ဟုဆို"
====================
ဇန်နဝါရီ ၆
မန္တလေးမြို့ပေါ်ရှိ ဆိုင်ကယ်ခိုးမှုများဖော်
ထုတ်ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်း
ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရဲမှူးကြီး ဟန်ထွန်း
၏ညွန်ကြားမှုဖြင့် ခရိုင်ဒုတိယ ရဲမှူးကြီး
စိန်ထွန်း၏ အနီးကပ်ကြီးကြပ်၍ မန္တလေး
ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်တာဝန်ခံ
ရဲအုပ်ကြည်ဇင် ဦးစီး၍ ရဲအုပ် ဝင်းမင်းထွန်း
ရဲအုပ်ဗိုလ်ဗိုလ်အောင် ရဲအုပ်သိဒ္ဓိထွန်း
ရဲတပ်ကြပ် အောင်ကိုလတ် ဒုတပ်ကြပ်
ကျော်ထွေးဦး သက်သေ ချမ်းအေးသာစံမြို
နယ် ဟေမာဇလရပ်ကွက် အုပ်ချုပ်ရေးမှူး
ရုံးမှအကွက်မှူးအောင်ဆွေ ချမ်းမြသာစည်
မြို့နယ် မြို့သစ်(၅)ရပ်ကွက် အုပ်ချုပ်ရေး
မှူးရုံမှ အကွက်မှူး သိန်းထွန်းနှင့်အတူ
(22-12-2014)၁၉ နာရီအချိန်ခန့်တွင် ကျူး
လွန်ထားကြောင်းသတင်းရရှိထားသူ
ဝင်နိုင်ထွန်း(ခ)ဝတုတ်အား မသင်္ကာဖွယ်
တွေ့ရှိ၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသိုခေါ်
ဆောင်၍ သက်သေများရှေ့စစ်မေးရာ ၎င်း
သည် (၂၁.၁၂.၂၀၁၄)ရက်နေ့ နေ့လည်
(၁၁း၀၀) အချိန် ခန့်က မဟာအောင်မြေ
မြို့နယ် မန္တလေးတက္ကသိုလ်အတွင်းရှိ(၄)
ထက်ဆောင် စီးပွားရေးပညာဌာနရှေ့ရေ
တမာပင်အောက်တွင် ရပ်ထားသော ၂၁ယ
/၄၇၃၂၃ နံပါက်ပါ ZONG SHEN-110
(အနက်ရောင်)ဆိုင်ကယ်(၁)စီးအား ၎င်း
တစ်ဦးတည်း ဇက်သော့ချို ဆော့ကပ်ဖြုတ်
ခိုးယူခဲ့ပြီး အောင်မြေသာစံမြို့နယ် ၈၁လမ်း
၁၅လမ်း ၁၆ လမ်းကြားရှိ ကွမ်းယာဆိုင်ကို
၂ သိန်းကျပ်ဖြင့်ပေါင်းနှံခဲ့ကြောင်း စစ်ဆေး
ပေါ်ပေါင်သဖြင့် သွားရောက်သိမ်းဆည်းရာ
တွေ့ရှိ၍ အဆိုပါဆိုင်ကယ်အား ဝင်းနိုင်ထွန်း(ခ)ဝတုတ်နှင့် ကွမ်းယာပိုင်ရှင်
တို့ (၂)ဦးထံမှ သက်သေများရှေ့တွငါ ရဲအုပ် ဝင်းမင်းထွန်းမှ ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရမိသော သက်သေခံပစ္စည်
၂၁ယ/၄၇၃၂၃နံပါက်ပါ ZONG SHEN-110 အမျိုးအစား အနက်ရောင် ဆိုင်ကယ် (၁)စီး စက်အမှတ်ဘောင်အမှတ် အတူ ကမ(၃)
မူရင်းမိတ္တူတစ်စုံတို့ကို သိမ်းဆည်းရမိသော
သက်သေခံပစ္စည်းများမှ အမှတ်(၉)မြို့မ
ရဲစခန်းတွင်(ပ)၆၃၉/၂၀၁၄ ပြစ်မှုပုဒ်မ၃၇၉
(မဆ)အမှုမှသက်သေခံပစ္စည်းများဖြစ်
အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉)မြို့မရဲစခန်း သို့ရဲအုပ်
ဝင်းမင်းထွန်းမှလွဲပြောင်းပေးအပ်ခဲပြီး
တရားခံဝင်းနိုင်ထွန်း(ခ)ဝတုတ်အား ဒီဇင်ဘာလ ၂၈ နေ့ ၂၀၁၄ ခုနှစ် နံနက်
၁၁း၀၀နာရီးအချိန်ခန့်တွင် အမှုကွင်ဆက်များ ဆက်လက်စစ်မေးရာ
ဒီဇင်ဘာလ အတွင်းခိုးယူထားသောဆိုင်ကယ် (၇)စီး
အထိဇန်နဝါရီလ ၆ ရက်တွင်ခိုးမှု (၇)မှု
ဆိုင်ကယ် ၇ စီး တို့အားပေါ်ပါက်သဖြင့်
၎င်းတရားခံ မန္တလေးမြို့ ခရိုင် ရဲတပ်ဖွဲ့ရုံ
တွင် စစ်ဆေးဖော်ထုတ်လိုသက်သေခံအဖြစ် သိမ်းစည်းထားသော ဆိုင်ကယ် (၇)စီးနှင့်အတူတွေ့ ရသည်။
တရားခံ ဝင်းနိုင်ထွန်း(ခ)ဝတုတ်အားပြစ်မှု
ဆိုင်ရာဥပဒေပုဒ်မ (၃၇၉)မဆ
အမှတ်(၉)မြို့မရဲစခန်း(ပ)၆၃၉/၂၀၁၄ပြစ်မှု
ပုဒ်မ၃၇၉ နည်တူ ၆၁၈/၂၀၁၄-၈/၂၀၁၄-
၇/၂၀၁၄-၁၀/၂၀၁၅ -၁၁/၂၀၁၅ပြစ်မှုပုဒ်မ
၃၇၉/၅၄ တို့ဖြစ် ၅ မှု့ဖြစ်ပြီး အမှတ်(၁၁)
နယ်မြေ ရဲစခန်း(ပ)၆/၂၀၁၅ ပြစ်မှုပုဒ်ပ ၃၇၉တို့ ဖြင့်အမှုဖွင်အရေးယူထားကြောင်း
ခရိုင်ရဲတပ်ဖွဲ့ မှုးရုံမှ တာဝန်ရှိသူရဲတပ်ဖွဲ့ ဝင်
တစ်ဦးက Orien talNewsသတင်းဂျာနယ်ကိုပြောသည်။

No comments:
Post a Comment