
ငါန်းဇွန်မြို့တွင် သေခံတောင်သူအင်အား ၁၀၀၀ခန့်  ဆန္ဒဖော်ထုတ်တောင်းဆို
=====================
ဇန်နဝါရီ ၅
မန္တလေးတိုင်း မြင်းခြံခရိုင်မှာ စက်မှုစီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက တစ်သောင်းကျော်အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့နဲ့ ဖမ်းဆီးထားတဲ့တောင်သူ ၁ဝ ဦးကို လွတ်ပေးဖို့  ဒေသခံတောင်သူတွေနဲ့ လယ်သမားအရေးကူညီနေသူတွေ တောင်သူ တစ်ထောင်ခန့် ဇန်နဝါရီလ ၅ရက်နေ့ နေ့  ၁၂း၀၀အချိန်က ငါန်းဇွန်မြို့  နယ်အတွင်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ကျွန်တော်က မန္တလေးကတောင်သူလယ်သမားအလုပ်သမားများ၏အခတ်အခဲများကို ချတ်ဆက်ကူညီဆောင်ရွက်ပေးနေ
သောအဖွဲ့(FNI)ကပါ မတရားလုပ်ထားတာ
တွေအတွက် တောင်သူတွေနဲ့ တွေ့ဆုံညှိုနှိုင်းမှုတွေမလုပ်ဘူးဆိုရင် မန္တလေးမြို့ မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုသွားမယ်လို့ ဆန္ဒဖော်ထုတ်ရေး
ကူညီပြီး ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးမျိုးဝင်းကOrinetalNews ကိုပြောသည်။
တွေ့ဆုံဆွေးနွေးတာမျိုး၊ ညှိနှိုင်းတာမျိုး လျော်ကြေးနစ်နာကြေးမရဘူးဆိုရင် တောင်သူတွေရဲ့ဆန္ဒက အစိုးရရုံးစိုက်ရာ မန္တလေးမြို့မှာ ဆက်ပြီးဆန္ဒပြသွားမယ်၊ သပိတ်စခန်းဖွင့်သွားမယ်ဆိုတဲ့ သဘောထားထုတ်ပြန်ထားပါပြီ၊ တကယ်လည်း အဲ့ဒီလိုလုပ်သွားမှာပါ"မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းက ငါန်းဇွန်မြို့ နယ်မှာ စက်မှုစီမံကိန်းဖော်ဆောင်ဖို့ဆိုပြီး MMDC အများပိုင်ကုမ္ပဏီက ၂ဝ၁၂ ခုနှစ်ကနေစပြီး သံဘိုကျေးရွာစိုက် ၊တောင်အောက်၊ လက်ပံကျင်း ၊ နဝရတ် စတဲ့ကျေးရွာပေါင်း ၁၄ ရွာက မြေဧက တစ်သောင်းကျော်ကို သိမ်းဆည်းခဲ့ပြီး။စီမံကိန်းဖော်ဆောင်နေတဲ့ ဧရိယာအတွင်း ဝင်ရောက်တားဆီးခဲ့တဲ့ ရွာသားဆယ်ယောက်ကို ကျူးကျော်ဝင်ရောက်မှု၊ ပိုင်နက်ကျူးလွန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုပြီး ငါန်းဇွန်မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဆန္ဒဖော်ထုတ်သူ
ဒေသခံတောင်သူတွေက Oriental News
သတင်းဂျာနယ်ကိုပြောသည်။
အဆိုပါဆန္ဒဖော်ပွဲကို မြန်မာနိုင်ငံကုန်ဈေး
နှုံန်းကျဆင်းရေးနှင့်ဒီမိုကရေစီဆင်ဆက်မ
ပြက်လှပ်ရှားသူများအဖွဲ့(MDCF) နှင့်
တောင်သူလယ်သမားအလုပ်သမားများကို
ချတ်ဆက်ကူညီဆောင်ရွက်ပေးနေသော
(FNI)အဖွဲ့တိုကကူညီပေးပြီး ငါန်းဇွန်မြို့နယ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာအင်အား ၃၀ခန့်လုံခြုံ
ရေးပေးနေမူများတွေရသည်။

No comments:
Post a Comment