မန္တလေးမြို့တွင်း၌ ပါဝါအိတ်ဇောတပ်၍ စည်းကမ်းမဲ့မောင်းနှင်နေသည့် ပြိုင်ကားများအား ဖမ်းဆီးရရှိမှုမရှိသေးဟုဆို
မြန်မာနိုင်ငံတွင် ပါဝါအိတ်ဇောတပ် စည်းကမ်းမဲ့ မဆင်မခြင် မောင်နှင်သည့် ပြိုင်ကားအများဆုံးရှိသည့် ရန်ကုန်မြို့၌ ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများရှိပြီး မန္တလေးမြို့တွင်း အတိုင်းအတာတစ်ခုထိ ပြိုင်ကားများ သောင်းကျန်းမှုများ ရှိနေ၍ ဖမ်းဆီးအရေးယူမှုများ၌ ပြည်သူများ ယာဉ်အန္တရာယ်က်ငးရှင်းစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေရာ လက်ရှိအချိန်ထိ စည်းကမ်းမဲ့ ပြိုင်ကားများကို ဖမ်းဆီးရရှိမှုမရှိသေးကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်ချိန်က စက်ဘီးမြို့တော်ဖြစ်ခဲ့သည့် မန္တလေးမြို့သည် ယနေ့အချိန်တွင် ဈေးနှုန်းသင့်တင့်ပြီး ခရီးတွင်သည့် မော်တော်ဆိုင်ကယ်မျိုးစုံကို လူတန်းစားအမျိုးမျိုး ၀ယ်ယူစီးနှင်လာခဲ့ရာ လက်ရှိတွင် မန္တလေးမြို့သည် ဆိုင်ကယ်မြို့တော် အဖြစ် ပြောင်းလဲတိုးတက်လာခဲ့သည်။ မန္တလေးမြို့ ခေတ်မှီတိုးတက်ပြောင်းလဲမှုများတွင် မော်တော်ကားများလည်း အတိုင်းအတာတစ်ခုထိ များပြားလာခဲ့ရာ မြို့တွင်း၌ ပြိုင်ကားများ စည်းကမ်းမဲ့စွာ မောင်းနှင်မှုများရှိနေခြင်းကြောင့် (၂၀၁၅)ခုနှစ်တွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်သည်။
‘‘ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ပြိုင်ကားတွေကို ပူးပေါင်းအဖွဲ့တွေနဲ့ ပိတ်ဆို့ဖမ်းဆီးပြီး အရေးယူနေတဲ့အတွက် ဖမ်းဆီးရရှိသော ယာဉ်များတယ်၊ မန္တလေးမြို့တွင်း၌ ဖြတ်လမ်းတွေ များတော့ စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်နေတဲ့ ပြိုင်ကားတွေက ကွေ့ပတ်ပြီး မောင်းပြေးတယ်၊ မောင်းနှင်ထွက်ပြေးစဉ် လိုက်လံဖမ်းဆီးရာ၌ လမ်းအသုံးပြုနေတဲ့ အများပြည်သူများ ယာဉ်အန္တရာယ်မဖြစ်စေရေး အဓိကထား ဆောင်ရွက်နေပါတယ် ’’ ဟု အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သောနှစ်က မန္တလေးမြို့၌ ပြိုင်ကား မောင်းနှင်သူများသည် (၈၀)လမ်း၊ (၇၈)လမ်း၊ (၇၃)လမ်း၊ (၆၂)လမ်း၊ ကျုံးပတ်လည်လမ်းတစ်လျှောက်၊ ရန်ကုန်-မန္တလေးကားလမ်းမပေါ် နှင့် မြို့တွင်းရှိ လမ်းမကြီးများပေါ် တို့တွင် ညနေ(၆)နာရီ မှ ည(၁၁)နာရီကျော် စတဲ့ မြို့တွင်း ယာဉ်တိုက်မှုဖြစ်ပွားမှု အများဆုံးဖြစ်သည့် ညပိုင်းအချိန်များတွင် စည်းကမ်းမဲ့ မဆင်မခြင်မောင်းနှင်မှုများကြောင့် ပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိသည်။ ညပိုင်း ပြိုင်ကားမောင်းနှင်သူ အများစုသည် အရက်သေစာ သောက်စား၍ မူးယစ်ဆေးဝါး သုံးစွဲထားကာ မဆင်မခြင် မောင်းနှင်ခြင်းများကြောင့် မလိုလားအပ်သောာ ထိခိုက်မှုများ ဖြစ်ပွားနိုင်ဖွယ် များသည်။
‘‘ မူးယစ်သောက်စားထားခြင်း ရှိမရှိ ကို ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးအရေးယူ ဆောင်ရွက်နေပါတယ်၊ မြို့တွင်း လူစည်ကားတဲ့ လမ်းများတွင် မဆင်မခြင် မောင်းတဲ့ ပြိုင်ကားတွေကို ဖမ်းဆီးရာမှ တော်တော်ကို သတိထား ဆောင်ရွက်နေရတယ်၊ မန္တလေးမြို့တွင်း နေရာတော်တော်များများက လမ်းဖြောင့်တော့ ဖမ်းမိဖို့ ခက်တယ်၊ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကို ဖုန်းဆက်အကြောင်းကြား တိုင်ကြားရင် အိမ်တိုင်ရာရောက် ဖမ်းဆီးမှာပါ၊ မြို့တွင်းမှာ အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြိုင်ကား နှင့် ပါဝါအိတ်ဇောတပ်ယာဉ်တွေကို ဖမ်းဆီးမှုတွေ ဆောင်ရွက်လျက်ရှိပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိတစ်ဦးက ပြောသည်။
(၂၀၁၅)ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးအတွက် (၂၀၁၄)ခုနှစ် ဒီဇင်ဘာလမှစတင်၍ မြို့တွင်း ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူမှုများသာမက ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့များက စစ်ဆေးနေမှုများ ရှိနေခြင်းကြောင့် မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပွားမှု လျော့နည်းလာမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင်း စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်နေတဲ့ ယာဉ်တွေ၊ လာဘ်ပေးလာဘ်ယူမှုတွေကို တိုင်ကြားနိုင်ရန် အရေးပေါ်ဖုန်းများ (Hot Line) ထားရှိပေးထားကြောင်း၊ စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးအရေးယူရာတွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်နေကြောင်း ၎င်းက ထပ်မံပြောသည်။
စိုင်းထူးခန့် အမရ

posted from Bloggeroid
No comments:
Post a Comment