Friday, January 16, 2015

အရေယူသင်ပြီး


အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ နေထိုင်သွားရာ မြေနေရာအား ထောက်လှမ်းရေးအဖွဲ့ မှ ရောင်းစားသွားဟုဆို

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 10:46 PMအာဇာနည်ခေါင်းဆောင်တဦးဖြစ်သူ သခင်မြ နေထိုင်သွားရာနေရာကို သခင်မြအမှတ်တရအဖြစ် ထုံးဘိုမြို့နေ ဒေသခံများက ပန်းခြံဆောက်လုပ်ရန် ရည်ရွယ်ထားသော်လည်း ယခင်ထောက်လှမ်းရေးခေတ်က အဆောက်အဦ ၀င်ဆောက်သွားပြီး မည်ကဲ့သို့ရောင်းစားသွားကြောင်း မသိရ၍ ဒေသခံများ မချင့်မရဲဖြစ်နေရကြောင်း ထုံးဘိုတိုက်နယ်ဒေသခံတဦး က ပြောသည်။“သခင်မြတို့က ဒီထုံးဘိုဆုံတန်း ရပ်ကွက်မှာ သူ့မိဘတွေနေတယ်။ နောက်ပိုင်းကျတော့ သခင်မြက သူ့ဦးလေးတ၀မ်း ကွဲဖြစ်တဲ့ ဦးမောင်မြနဲ့ အဲဒီနေရာကအိမ်လေးမှာ (ထောက်လှမ်းရေးဟောင်း ရောင်းသွားသောနေအိမ်နေရာ) လာနေတာ။ သခင်မြက ဒီထုံးဘိုမှာ ခဏပဲနေ သွားတာ။ ဒီမှာ မူလတန်းကျောင်းတွေ ဘာတွေတက်သွားပြီး နောက်မှ သာယာဝတီကိုပြောင်းပြီး ခုနစ်တန်းတက်တယ် လို့သိရတယ်။ ထုံးဘိုမြို့က ၁၉၆၆/၆၇ လောက်တုန်းက မီးလောင်သွားသေးတယ်။ အဲဒီမှာ ဦးလေးဥက္ကဋ္ဌဖြစ်တုန်းက ဒီနေရာလေးကို ရပ်ကွက်ပိုင်မြေအဖြစ် သတ်မှတ်ပြီး သခင်မြအမှတ်တရပန်းခြံ လေးလုပ်ဖို့ ခြံလေးခတ်ထားသေးတယ်။ အဲဒီကနေ ထောက်လှမ်းရေးကာလကြီးစိုးလာတော့ သူတို့က တခြမ်းခြမ်းပြီးယူသွားတယ်။ ဖဲ့ယူပြီးတော့ ဒါတည့်တည့် ပြောရရင်တော့ ကျွန်တော်တို့မြေကို ရောင်းစားသွားတယ်။ အဲဒီထောက်လှမ်းရေးလက်ထက်က ကျွန်တော်တို့ကိုမြေနေရာပေးပါဆိုလို့ ကျွန်တော်တို့ မြေနေရာပေးခဲ့တယ်။ကျွန်တော်တို့ပေးခဲ့တဲ့ မြေတင်မဟုတ်ဘူး သခင်မြနေခဲ့တဲ့မြေနေရာ ကျွန်တော်ထင်ပါတယ် ပေ(၄၀) လောက်တော့ပါမယ်။ အဲဒါနဲ့ နောက်ပိုင်းကျတော့ တောင်ငူဘက်မှာ လေလံတင် ရောင်းစားသွားတယ်လို့ကြားတယ်။ ကျွန်တော်တို့က အရင်ကတည်းက သခင်မြအမှတ်တရ ရုပ်တုလေး ဘာလေးအထိလုပ်ဖို့ရှိတယ်။ ကျွန်တော်က ပန်းခြံလေးလုပ်မယ်ဆိုပြီး ၀င်းလေးခတ်ထားတာ။ ပန်းခြံဘ၀တောင် မရောက်လိုက်ပါဘူး။ အဲဒီအချိန်တုန်းက သူတို့ကို ဘယ်သူမှ ဘာမှပြောရဲတာမဟုတ်ဘူးလေ။ အခုလို ပွင့်လင်းလာလို့သာပြော ရဲတာ။ ဖြစ်နိုင်ရင်တော့ ဒီနေရာလေးကို သခင်မြ အမှတ်တရပန်းခြံလေး လုပ်ချင်တာပေါ့”ဟု သခင်မြ၏ တူမ တ၀မ်းကွဲ၏ အမျိုးသားဖြစ်သူ ဦးဉာဏ်ရှင်က ပြောသည်။“ဒီနေရာလေးက သခင်မြနေခဲ့တဲ့ နေရာလေးဖြစ်တယ်။ ကျွန်တော်တို့က နဂို ကတည်းက ဒီနေရာလေးကို သခင်မြရဲ့ အမှတ်တရပန်းခြံလေးဖြစ်ဖို့ ရည်ရွယ်ခဲ့ တယ်။ သို့သော်လည်း ထောက်လှမ်းရေး (၁၁)က ပုဂ္ဂလိကလက်ထဲကို ရောင်းချ လိုက်တဲ့အတွက် ကျွန်တော်တို့ရည်ရွယ် ထားတဲ့ သခင်မြပန်းခြံလေးပျက်ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီဒေသမှာ မွေးပြီး နိုင်ငံတော်အာဇာနည်တဦးဖြစ်တဲ့ သခင်မြအမှတ်တရအနေနဲ့ ဒီနေရာလေး မှာ အမှတ်တရပန်းခြံလေးဖြစ်ချင်ပါတယ်။ နဂိုကတည်းက ထောက်လှမ်းရေးတပ်က အသုံးပြုမယ်ဆိုလို့ပေးခဲ့တာ။ အဲဒါကို အခုလို ပုဂ္ဂလိကကိုရောင်းစားတယ်ဆိုတော့ သူတို့ မှာပဲ တာဝန်ရှိတယ်လို့ ထင်ပါတယ်။”ဟု ထုံးဘိုတိုက်နယ် အုပ် ချုပ်ရေးမှူးလည်းဖြစ်၊ ပန်းတောင်းမြို့နယ် အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သူ ဦးသန်းလွင်က ပြောသည်။ကိုလေး(ပြည်)https://www.facebook.com/NewsWatchJournal?fref=photoCommentsVisit website

No comments:

Post a Comment