Sunday, January 18, 2015

လားရိုးမြို့ကလူသတ်မှုတရုတ်ကိုအမိန့်ချမည်


လားရှိုးမြို့၏ မြို့မျက်နှာဖုံးလူကြီးအား ပြန်ပေးစွဲ၍ လူသတ်မှုကျူးလွန်းခဲ့သော တရုတ်နိုင်ငံသားများအား စတင်စစ်ဆေးနေပြီ

Dawnmanhon( ဒေါင်းမာန်ဟုန်)Today, 2:46 PM၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်ခန့်က တရုတ်နိုင်ငံ၊ ၀မ်တိန်မြို့ရှိ ၀မ်တိန် တံတားထိပ်တွင် မြန်မာနိုင်ငံသား တစ်ဦးဖြစ်သူ ဦးမျိုးမြင့်အား ပြန်ပေးဆွဲ သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသော တရုတ်သူဌေး မောအိရှင်းနှင့် တရားခံလေးဦးတို့အား တရုတ်ရဲများမှ ၂၀၁၅ခု၊ ဇန်န၀ါရီလ ၁၀ရက်နေ့တွင် ရွှေလီမြို့၌ စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ပေးဆွဲ အသတ်ခံခဲ့ရသူ ဦးမျိုးမြင့်၏ ညီဖြစ်သူ ဦးဖုန်းမြင့်အား Tomorrowမှ ဆက်သွယ် မေးမြန်းခဲ့ရာတွင် “ဦးမျိုးမြင့် ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့ရမှုအတွက် ကျွန်တော့်ကို ရွှေလီ ရဲစခန်းက ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ပါတယ်။ တရုတ် သူဌေး မောအိရှင်းတို့က ကျွန်တော့်ထံမှ တရုတ်ငွေသိန်း ၃၀၀အကြွေး ရစရာရှိလို့ဆိုပြီး၊ ထွက်ဆိုချက် ပေးထားတယ်လို့ ပြောပါတယ်။ ကျွန်တော်က ၂၀၁၁ခုနှစ် မတ်လ ၁၆ရက်က တရုတ်သံရုံးမှာ ငွေကြေးရှင်းလင်းပြီးတဲ့ စာချုပ်ကို သက်သေပြခဲ့ပါတယ်။ ပထမတုန်းက တရုတ်ရဲတွေက ကျွန်တော်တို့ မြန်မာ လုပ်ငန်းရှင်တွေကပဲ သူတို့ တရုတ်တွေကို အကြွေးပေးစရာရှိလို့ ဖြစ်ခဲ့သယောင် မဟုတ်မမှန် ထွက်ဆိုခဲ့တာ အခုလို သံရုံးအထောက်အထားနဲ့ သက်သေပြလိုက်တော့မှ သူတို့တရုတ်တွေ ကျွန်တော်တို့ကို မတရား လာလုပ်ခဲ့တာ ရှင်းလင်းသွားကြပါတယ်။ တရုတ်ပြည် ဥပဒေ အရကတော့ တရားခံတွေ သေဒဏ်ကျဖို့ များပါတယ်”ဟု ဖြေကြားခဲ့သည်။အဆိုပါ ဖြစ်စဉ်မှာ မူဆယ်မြို့ရှိ ဦးဖုန်းမြင့်ပိုင် မြန်မာ့အထွဋ်အထိတ် သတ္တုတွင်း ကုမ္ပဏီမှ နမ္မတူ ဒေသရှိ ဇင့်သတ္တု ထုတ်လုပ်မှု လုပ်ငန်းအား နိုင်ငံတော် အစိုးရမှ တရားဝင် လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်း အတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သူဌေး မောအိရှင်းဆိုသူနှင့် ချိတ်ဆက်မိခဲ့မှ တရုတ်သူဌေး မောအိရှင်း၏ သတ္တုစမ်းသပ်မှုများ လုပ်ကိုင်ခဲ့ရာ အောင်မြင်မှု မရခဲ့ပဲ ၄င်း၏မအောင်မြင်ခဲ့မှုအား တရုတ်ပြည်မှ စက်ယန္တရားများ ယူဆောင်ခဲ့ရသဖြင့် ဆုံးရှုံးနစ်နာသည်ဟု အကြောင်းပြကာ မြန်မာ လုပ်ငန်းရှင် ဦးဖုန်းမြင့်အား ခြိမ်းခြောက်ငွေညှစ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ယင်းသို့ခြိမ်းခြောက် ငွေညှစ်ခဲ့ရာမှ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် မြန်မာလုပ်ငန်းရှင် ဦးဖုန်းမြင့်နှင့် တရုတ်သူဌေး မောအိရှင်းတို့ ရန်ကုန်မြို့ရှိ တရုတ်သံရုံးတွင် နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး၊ ဦးဖုန်းမြင့်မှ တရုတ်ယွမ်ငွေ သိန်း ၂၀နှင့် ညီမျှသော မြန်မာကျပ်ငွေအား မြန်မာ့ ရှေ့ဆောင် ဘဏ်ငွေစာရင်းမှ တဆင့် ချက်လက်မှတ်ဖြင့် အသိသက်သေများ ရှေ့မှောက်တွင် ပေးချေစာရင်း ရှင်းလင်းခဲ့ပါသည်။ယင်းကဲ့သို့ ရှင်းလင်းခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်တွင် အဆိုပါ တရုတ်သူဌေး မောအိရှင်းမှ တရုတ်လူမျိုး လေးဦးနှင့်အတူ ဦးဖုန်းမြင့်၏ အကိုရင်း ဖြစ်သူ ဦးမျိုးမြင့်အား လားရှိုးမြို့တွင် ပြန်ပေးဆွဲ ဖမ်းချုပ်ပြီး၊ ၄င်းတို့ ကားနောက်ခန်းထဲ ထည့်ကာ ဖမ်းဆီး သွားခဲ့ပါသည်။ ၄င်းတို့အနေဖြင့် ဦးဖုန်းမြင့်ထံမှ ထပ်မံငွေညှစ် တောင်းခံရန် ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။ လမ်းခရီးတွင် ဦးမျိုးမြင့်မှ ရုန်းကန်ရာ ပါးစပ်ပိတ်၊ လည်ပင်း ညှစ်ခဲ့သဖြင့် သေဆုံးသွားခဲ့ပါသည်။၎င်းမော်တော်ယာဉ်အား ကြူကုတ် (ပန်ဆိုင်း)မြို့ တစ်ဖက်ရှိ ၀မ်တိန်တံတားထိပ်တွင် တရုတ်ရဲများမှ စစ်ဆေးခဲ့ရာ ဦးမျိုးမြင့် ရုပ်အလောင်းနှင့်အတူ တရုတ် နိုင်ငံသား ငါးဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။ တရုတ်သူဌေး မောအိရှင်းဆိုသူမှ တရားဝင် ဗီဇာဖြင့် မူဆယ်၊ လားရှိုးမြို့များသို့ မကြာခဏ ၀င်ထွက်သွားလာနေသူလည်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ သေဆုံးသူ ဦးမျိုးမြင့်၏ညီ ဖြစ်သူ ဦးဖုန်းမြင့်မှ လားရှိုးနှင့် မူဆယ် ရဲစခန်းများတွင် အကိုဖြစ်သူအား တရုတ် လူမျိုးများ၏ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတို့ အတွက် တရားဝင် အမှုဖွင့်လှစ် တိုင်ကြားထားကြောင်းလည်း သိရှိရပါသည်။ယင်းအမှုဖြစ်စဉ်နှင့် ပတ်သတ်၍ ဦးဖုန်းမြင့်အား တရုတ်နိုင်ငံ၊ ရွှေလီမြို့ ရဲစခန်းတွင် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်တွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။Credit to >>> Tomorrow News JournalCommentsVisit website

No comments:

Post a Comment