Wednesday, January 21, 2015

ထောင်ဖေါက်ထွက်ပြေ


ဟင်္သာတ အကျဉ်းထောင်ပြေးများ ဖမ်းမိခြင်း မရှိသေး

by ဒီဗွီဘီDVB | DVBToday, 9:58 AMထွက်ပြေး အကျဉ်းသားတွေ ပြန်လည်ဖမ်းဆီးရမိရေးအတွက် ဟင်္သာတမြို့တွင်းနဲ့ မြို့ဝင်၊ မြို့ထွက်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဇန်န၀ါရီ ၂၂ ရက်နေ့ နံနက် ၇ နာရီအထိ ဖမ်းဆီးရရှိခြင်း မရှိသေးဘူးလို့ ဒေသခံ ပြည်သူပြည်သား သတင်းထောက်က ပြောပါတယ်။ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေကို အမှတ် ၁ မြို့မရဲစခန်းက လိုက်လံရှာဖွေစုံစမ်းနေတာ ဖြစ်ပါတယ်။ထွက်ပြေးသွားသူတွေက ဟင်္သာတအကျဉ်းထောင်မှာ ဆိုင်ကယ်ခိုးမူနဲ့ ထောင်ဒဏ် ၃ နှစ်ကျခံနေရတဲ့ သက်ပိုင်စိုး (ခ) အုန်းသီး၊ ထွန်းထွန်းနိုင် (ခ) လဒူနဲ့ ကြေးနန်းကြိုးခွေ ရောင်းမူနဲ့ အမူရင်ဆိုင်နေတဲ့ အချုပ်သား ဖိုးချို (ခ) ကျော်ဇေယျတို့ ဖြစ်ပါတယ်။ဇန်န၀ါရီ ၂၁ ရက် မနက် ၁ နာရီဝန်းကျင်က ဟင်္သာတအကျဉ်းထောင်အတွင်း တရားစခန်း ဖွင့်လှစ်အသုံးပြုနေတဲ့ အိပ်ဆောင်အပေါ်ထပ် ကြမ်းခင်းနဲ့ အောက်ထပ် သစ်သားတန်းတွေကို ဖောက်ထွင်းခဲ့တာဖြစ်ပါတယ်။ဒီနောက် ဝက်လားဆောင် အရှေ့ဘက် အုတ်ရိုးပေါ်ကတဆင့် စောင်နဲ့ အင်္ကျီတွေကို အသုံးပြုပြီး ထောင်နံရံပေါ် ကျော်တက်ထွက်ပြေးသွားခဲ့တာဖြစ်ပြီး အခုချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ဟင်္သာတမြို့နယ် အ၀င်အထွက်ဖြစ်တဲ့ ဒူးယား၊ နိဗ္ဗာန်နဲ့ တလုပ်ထော် ကျေးရွာအုပ်စုတွေမှာ နယ်မြေရဲစခန်းတွေရဲ့ တာဝန်ရှိသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး ဆက်လက်ရှာဖွေဆဲ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကလည်း ဟင်္သာတ အကျဉ်းထောင်ကနေ ထောင်သားတွေ ထွက်ပြေးခဲ့ဖူးတာရှိပါတယ်။The post ဟင်္သာတ အကျဉ်းထောင်ပြေးများ ဖမ်းမိခြင်း မရှိသေး appeared first on DVB.CommentsVisit website

No comments:

Post a Comment