
Jan 6, 2015
အမျိုးသမီး ဗိုလ်လောင်းများ ဒုတိယအကြိမ်ခေါ်ယူ
ဗိုလ်ရှုခံအခမ်းအနားတွင် တက်ရောက်ချီတက်နေသော အမျိုးသမီးဗိုလ်လောင်းများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)တပ်မတော်က အမျိုး သမီးဗိုလ်လောင်းများကို ဒုတိယ အကြိမ် ခေါ်ယူရာတွင် ပါရဂူနှင့် မဟာဘွဲ့ရအိမ်ထောင်မရှိသူများ ကို ဦးစားပေးရွေးချယ်ခေါ်ယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဌာန ချုပ်မှ သတင်းရရှိသည်။နှစ်ပေါင်း ၆၀အတွင်း တပ်မ တော်က ပထမဆုံးအကြိမ်အဖြစ် အရပ်သားအမျိုးသမီးဘွဲ့ရများ ကို ၂၀၁၃ ဒီဇင်ဘာတွင်ခေါ်ယူခဲ့ သည်။‘‘ဇန်န၀ါရီ ၃ ရက်မှ ဖေဖော် ၀ါရီ ၃ ရက်အထိ တစ်လအတွင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်တွေမှာ လျှောက်လွှာ လာ ရောက်ထုတ်ယူနိုင်ပါတယ်။ဖောင်ဖြည့်ပြီးရင် ဖေဖော်ဝါရီ ၃ ရက် ထက် နောက်မကျဘဲ ပြန်ပို့ပေးရ မှာ ဖြစ်ပါတယ်။ အခုတစ်ခေါက် ခေါ်တဲ့ ဘွဲ့တွေက အမျိုးအစား ၄၂ မျိုးသတ်မှတ်ထားပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးစစ်ဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ဗိုလ်သင်တန်းတက်ရောက် ရန် လျှောက်ထားသူ အမျိုးသမီး များသည် ရိုးရိုးဘွဲ့ရဖြစ်ပါက အ သက် (၂၅) နှစ်၊ မဟာဘွဲ့ရဖြစ်ပါက အသက် (၂၇) နှစ်နှင့် ပါရဂူဘွဲ့ရဖြစ်ပါက အသက် (၃၀) ထက်မ ကျော်ရဟု သတ်မှတ်ထားကြောင်း၎င်းက ပြောသည်။‘‘ဒီနှစ်လည်း ပါရဂူနဲ့ မဟာ ဘွဲ့တွေကို ဦးစားပေးခေါ်ဖို့ ရှိပါ တယ်။ ဘွဲ့ကတော့ ၄၂ မျိုး သတ် မှတ်ထားတယ်ဆိုတော့ ဘွဲ့အမျိုး အစားအစုံပဲ ဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။ပြီးခဲ့သည့်နှစ်က မြန်မာတစ် နိုင်ငံလုံးမှ လျှောက်ထားသူ ဘွဲ့ရ အမျိုးသမီး ၃,၀၀၀ ကျော်အနက် ၁၀၀ ဦးအား ဗိုလ်သင်တန်းတက် ရောက်ရန် ရွေးချယ်ခဲ့ပြီးနောက် ၂၀၁၄ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း မှော်ဘီရှိ အမျိုးသမီးဗိုလ်သင်တန်းကျောင်းတွင် ခြောက်လကြာ စစ်သင်တန်းပေးခဲ့သည်။တပ်မတော်သမိုင်းတွင် ပထမဆုံးအမျိုးသမီးဗိုလ်လောင်း သင်တန်းဆင်း ၁၀၀ ဦးအား တပ်မတော်ကြည်း၊ ရေ၊ လေတပ်ဖွဲ့အားလုံး၌ ပြန်တမ်းဝင်အရာရှိအဖြစ် သြဂုတ် ၂၇ ရက်မှစ၍ ခန့်အပ်ခဲ့ပြီး တပ်မတော်ကြည်းတွင် ၉၂ ဦး၊ တပ်မတော်ရေတွင် ငါးဦးနှင့် တပ်မတော်လေတွင် သုံးဦးခန့်အပ်ခဲ့သည်။ပြီးခဲ့သည့်နှစ်က အဝေးသင် ဘွဲ့ရများကို လျှောက်ထားခွင့်ပြု ခဲ့သော်လည်း နောက်ပိုင်းတွင် ဗိုလ်လောင်းလျှောက်ထားသူအ မျိုးသမီးများပြားသည့်အတွက် အ ဝေးသင်ဘွဲ့များကို လျှောက်လွှာ ထုတ်ပေးခြင်းရပ်ဆိုင်းခဲ့သည်။ ယခင်နှစ်က ခေါ်ယူထားသူများမှာပါရဂူဘွဲ့၊ မဟာဘွဲ့နှင့် နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းပြီး သူ အများစုဖြစ်ကြောင်း ဗိုလ်ရွေးအဖွဲ့မှ သတင်းရရှိသည်။အေးသူစံ7 DaysOppositeye myanmar at 11:31 AMShare
No comments:
Post a Comment
သင်အမြင်ကို သင်မြင်သည့်အတိုင်း ရေးသားနိုင်သည်။ သင်၏ အပြောအဆိုနှင့် သင်၏အတွေးသည် သင်၏အရည်အချင်းပင်ဖြစ်သည်။‹›HomeView web versionPowered by Blogger.
No comments:
Post a Comment