ပရိသတ်ပေးသည့် အကောင်းဆုံးဘောလုံးသမားဆု ရွန်းနီ ရရှိ
by ဒီဗွီဘီDVB | DVBToday, 9:35 AMပရိသတ်တွေ ပေးတဲ့ ၁ နှစ်တာ အင်္ဂလန်အကောင်းဆုံး ဘောလုံးသမားဆုကို မန်ယူကပ္ပတိန် ရွန်းနီက ရရှိသွားပါတယ်။ပရိသတ်တွေရဲ့ မဲပေးမှုမှာ ရွန်းနီက ၂၇ ရာခိုင်နှုန်း နဲ့ ပထမ၊ ၀ဲလ်ဘက်က ၁၁ ရာခိုင်နှုန်း နဲ့ ဒုတိယ၊ စတာလင်က ၇ ရာခိုင်နှုန်းနဲ့ တတိယရရှိခဲ့ပါတယ်။စတီဗင်ဂျရတ် အနားယူသွားပြီးနောက် အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်သူ ရွန်းနီ ဟာ ၁၃ ပွဲကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။အင်္ဂလန်အတွက် ပွဲ ၁၀၀ ပြည့် ကစားတားတဲ့အပြင် ဂိုးအများဆုံး စံချိန်တင်ထားတဲ့ ဘော်ဘီချာလ်တန်ရဲ့ စံချိန်ကိုမီဖို့ ၃ ဂိုးသာ လိုပါတော့တယ်။အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆုကို မန်စီးတီးအသင်းက ဒတ်ဂန်က ရရှိခဲ့ပြီး ယူ- ၂၁ တနှစ်တာ အကောင်းဆုံးကို ဘီရာဟီနိုက ရရှိခဲ့ပါတယ်။The post ပရိသတ်ပေးသည့် အကောင်းဆုံးဘောလုံးသမားဆု ရွန်းနီ ရရှိ appeared first on DVB.CommentsVisit website

posted from Bloggeroid
No comments:
Post a Comment