"အစိုးရပိုင်စက်ရုံများကဝန်ထမ်းများ ကုပ္ပဏီ
ကိုလွဲပြောင်းခြင်းများကြောင့်တရားဝင်လူကုန်ကူခံရဟုဆို"
=======================
ဇန်နဝါရီ ၆
အစိုးရပိုင်စက်ရုံများအား ပုဂ္ဂလိကသို့ ငှားရမ်းခြင်းကြောင့် ဖြစ်ပေါ်လာသော
ပုလိပ်မြို့ ပန်ဒါစက်ရုံ၏ နောက်ဆက်တွဲ အခက်အခဲများနှင့်ပတ်သက်၍တရားဝင်လူကုန်ကူခံရဟုဆိုကာ သတင်းစာရှင်းလင်း
ပွဲကျင်ပပြုခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပုလိပ်မြို့ရှိ အမှတ်(၂)အထည်စက်ရုံ(ပုလိပ်)အား ပုဂ္ဂလိက ကုမ္မဏီ ပန်ဒါအထည်စက်ရုံသို့ ငှားရမ်းခြင်းကြောင့် စက်ရုံမှ ၀န်ထမ်း(၇၀၀)ကျော် လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲများ နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီ(၆)ရက် နေ့လည်(၁)နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၄)လမ်း၊ (၃၂)လမ်း နှင့် (၃၃)လမ်းကြားရှိ D & G Food Centre တွင် ပြုလုပ်ခဲ့သည်။
နှစ်ဖက် ညှိနှိုင်းဆွေးနွေးပြီး EC စာချုပ်ချုပ်ဆိုနိုင်ရန်၊ အလုပ်ပြန်လည်ဆင်းခွင့်ရရှိစေရန်၊ ကျန်ရှိနေသေးသည့် လုပ်ခလစာများ ပေးရန်၊ နိုင်ငံ ၀န်ထမ်းအခွင့်အရေး ရရှိရန်၊ သက်ဆိုင်ရာသို့ စာတင်အကြောင်းကြား တိုင်ကြားခဲ့သော်လည်း ယနေ့ချိန်ထိ စစ်ဆေးဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ သိရှိနိုင်စေရန်အတွက် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း ပန်ဒါစက်ရုံမှ အခြေခံအလုပ်သမား သမဂ္ဂမှ အတွင်းရေးမှူးက ပြောသည်
မြန်မာနိုင်ငံတစ်ဝှမ်းတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ဆင်းရဲမှုလျော့ချနိုင်ရေး နှင့် ဈေးကွက်စီးပွားရေးစနစ် အသွင်ကူးပြောင်းသည့်အနေဖြင့် အစိုးရပိုင်စက်ရုံများမှ ပုဂ္ဂလိကသို့ ငှားရမ်းခြင်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် စက်ရုံလုပ်သားများ အခက်အခဲများဖြင့် ရင်ဆိုင်လျက်ရှိသည်။
သက်ဆိုင်ရာသို့ တင်ပြထားချက်များကို ဇန်န၀ါရီလ ဒုတိယအပတ်အတွင်း ဆောင်ရွက်ပေးခြင်း၊ ညှိနှိုင်းမှု မရှိပါက ဇန်န၀ါရီ(၈)ရက် နှင့် (၉)ရက်နေ့တို့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်းများ၊ ဇန်န၀ါရီ(၁၂)ရက်နေ့တွင် သပိတ်စခန်းဖွင့်မည်ဖြစ်ပြီး ညှိနှိုင်းဆွေးနွေးမှု မရမချင် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်ဖြစ်ရာ တိုင်းဒေသကြီးအစိုးရရုံးရှေ့သို့ သွားရောက်ဆန္ဒပြသည်ထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပန်ဒါစက်ရုံမှ အခြေခံအလုပ်သမားသမဂ္ဂမှ ဥက္ကဌက ပြောသည်။
အဆိုပါနည်တူ တခြားသောစက်ရုံတွေက
အလုပ်များကလည်း သူတို့ဘဝတွေက
အစိုးရဝန်ထမ်းများဘဝကနေ ပုဂ္ဂလိကုမဏီများကိုရောင်ချရာတွင် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ အစိုးပိုင် စက်ရုံအလုပ်ရုံ မှာ အခြေခံအလုပ်
သမားခေ့င်များကိုတိုင်ပလိပ်အထည့်စက်
ရုံမှကျင်ပပြုလုပ်သောပွဲကိုတင်ရောင်လာခါ
OrlentalNewsသတင်းဂျာနယ်ကိုပြောသည်။

posted from Bloggeroid
No comments:
Post a Comment