Saturday, January 31, 2015

မန္တလေးပြသာနာ

"မန္တလေး "ချစ်စိတ်"မန္တလေးပုံရိပ်မဂ္ဂဇင်း
အယ်ဒီတာအကွဲအပြဲနဲငွေကြေးကိစ္စအရှုပ်
တော်ပုံ"
======================
မန္တလေး ဇန်နဝါရီ ၂၅
မန္တလေးမြို့သည် မြန်မာဘုရင်နောက်ဆုံး
နန်းစိုက်ရာမြို့ကြီးတစ်မြို့ဖြစ်သည်နှင့်အညီ
မြန်မာယဉ်ကျေးမှုအမွေအနှစ်များစုစည်းရာ
နေရာတစ်ခုဖြစ်သည်။ ဟိုယခင်က မန္တလေးအခြေစိုက်မဂ္ဂဇင်းများထုတ်ဝေခဲ့ကြသော်လည်း ရေရှည်တည်တံမှုမရှိခဲ့သဖြင့်
မန္တလေးအချစ်သူများအနေနှင့်အားမလို
အားမရဖြစ်နေခဲကြသည်။
ယခုအခါ မန္တလေးအခြေစိုက် မဂ္ဂဇင်းတစ်စောင်ဖြစ်သော မန္တလေးချစ်စိတ် မန္တလေးပုံရိတ် မဂ္ဂဇင်းထွက်ပေါ်လာကြောင့် မန္တလေးစာပေအသိုင်းအဝိုင်းနှင့်စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားစွာဖြင့်လက်ကမ်း
ကြိုဆိုခဲကြသည်။ မဂ္ဂဇင်းနာမည်တစ်ခုတည်းနှင့်ပင်
မန္တလေးပရိတ်သတ်က အားရကျေနပ်နေ
ကြသည်မှာအမှန်ပင်ဖြစ်သည်။
မဂ္ဂဇင်းအတွဲ(၁)အမှတ်(၁)ထွက်လိုက်သောအခါ ပြိုက်ခနဲ ကုန်သွားသည်။
မဂ္ဂဇင်းအယ်ဒီတာအဖွဲ၏ ကျိုးစားမှုကိုစာ
ဖတ်ပရိတ်သတ်ကျေနပ်ခဲကြသည်။အတွဲ
(၁)အမှတ်(၂)ထွက်အပြီးတွင်အယ်ဒီတာ
အဖွဲ့ အကြား အက်ကြောင်းထွက်သံတချို့
အပြင်လောကတွင် ပြန်လွင်လာသည်။
အယ်ဒီတာအပြောင်းအလဲအချိုဖြစ်ပေါ်လာ
သည်ကိုတွေရှိရသည်။
အတွဲ(၁)အမှတ်(၃)ထွက်ပြီး နောက်ထပ်
အယ်ဒီတာအဖွဲ့ အပြောင်းအလဲဖြစ်ပေါ်လာ
ပြန်သည်ကိုတွေ့ လိုက်ရသည်။
ထိုကဲ့သို့ အယ်ဒီတာအပြောင်းအလဲနှင့်ပက်
သက်၍ မဂ္ဂဇင်းမှထွက်ခွာလာသော အတိုင်
ပင်ခံအယ်ဒီတာကြည်မင်းဝေ(ဆင်ကျွန်း)
နှင့်အယ်ဒီတာအဖွဲ့ ဝင် (ပေါ်ထွန်း/ကျောက်
မီး)တို့က၎င်းတို့အနေနှင့်ပက်သက်၍
၂၅.၁.၂၀၁၅ ရက်နေ့က နေ့လည် ၁ နာရီ
တွင် ၆၈ လမ်းနှင့် မနော်ဟရီလမ်းထောင့်
ရှိ သစ္စာနွယ်ခန်းမတွင်သတင်းစာရှင်းလင်း
ပွဲပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အယ်ဒီ
တာအဖွဲ့ ဝင် ပေါ်ထွန်း(ကျောက်မီး)က
စတင်ရှင်းလင်းပြောကြားခဲ့ရာတွင်
ဒီလိုသတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းသည် လူတစ်ဦးတစ်ယောက်ကိုမုန်းတီး၍မ
ဟုတ်ကြောင်း မန္တလေးချစ်စိတ် မန္တလေး
ပုံရိတ်မဂ္ဂဇင်းနှင့်အဖွဲအစည်းပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေလိုသော ရည်ရွယ်ချက်နှင့်ပြုလုပ်ခြင်းမဟုတ်ကြောင်း
ဒီမဂ္ဂဇင်းမှအယ်ဒီတာာနှစ်ယောက်ပြောက်
ကွယ်ခဲ့ခြင်းနှင့် နုတ်ထွက်ရခြင်းကိုအများ
သိစေလို၍ဖြစ်ကြောင်းတို့ကို အကျယ်တဝင့်ရှင်းပြခဲ့သည်။
ရဟန်းစာဆိုတစ်ဦးဖြစ်သော်လည်းမဂ္ဂဇင်း
စာစီစာရိုတ်ကစ၍အစစကူညီလုပ်ဆောင်
ခဲ့သည်မှာမဂ္ဂဇင်းမထုတ်မီ မန္တလေးချစ်စိတ်
မန္တလေးပုံရိပ် ကဗျာစာအုပ်ထုတ်ဝေစဉ်က
ထဲက အားတင်သရောလုပ်ဆောင်ပေးခဲခြင်းသည်။
အယ်ဒီတာတစ်ယောက်လုပ်လို၍မဟုတ်
ကြောင်းအလုပ် လုပ်ရာတွင်မိမိနေထိုင်ရာ
ပုသိမ်ကြီးမြို့နယ် ကျောက်မီးရွာမှ မန္တလေး
ထိအောင်ကိုယ်စာရိတ်နဲ့ကိုယ်လာရောက်
လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုကိုပြောခဲ
သည်။
စာပေကိုချစ်မြတ်နိုးတဲ့စိတ်တစ်ခုထဲနဲ့လုပ်
ဆောင်ခဲ့သော်လည်းနောက်ဆုံးတွင်
မဂ္ဂဇင်းမှနုတ်ထွက်ရတဲ့အဆင့်ကိုရောက်
ခဲ့ကြောင်း အယ်ဒီတာ ဆရာ မင်းဏီလူက
ထုပ်ပယ်၍ထွက်ခဲ့ကြရခြင်းဖြစ်ကြောင်း
မိမိတို့ဒီလိုထွက်ခဲ့ရခြင်းသည် မရှိမသားလုပ်ခဲ့ လုပ်လိုငွေကြေးအလွဲသုံး
စားလုပ်ခဲ့လိုမဟုတ်ကြောင်း အယ်ဒီတာ
ချုပ်ဆရာမင်းဏီလူသည် မိမိတို့အသင်းစ
တင်တည်ထောင်စဉ်က အသင်းဝင်တစ်ဦး
လျှင် ၃၀၀၀ိ ကောက်ခံပြီးလစဉ်ကြေး
၁၀၀၀ိ ပေးသွင်းခဲရသော်လည်း ယခုချိန်ထိ
ရှင်းတမ်း မရှင်းခဲ့ကြောင်းတိုကိုပြောဆိုခဲ့သည်။
ဆက်လက်၍ဆရာကြည်မင်းဝေ/ဆငိကျွန်း
ကရှင်းလင်းပြောကြားခဲ့ရာတွင်
မိမိတို့သတင်းစာရှင်လင်းပွဲပြုလုပ်ရခြင်းသည် ရေးဖော်ညီကိုမောင်နှမများနှင့်မိမိတို့၏
ဂုဏ်သိက္ခာအတွက်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း မိမိအနေနှင့် မဂ္ဂဇင်းစတင်ပြုလုပ်ချိန်မှစ၍ အစစအရာရာပြုလုပ်ခဲ့ကြကြောင်း
အယ်ဒီတာချုပ်အနေနှင့်မဂ္ဂဇင်းစတင်ချိန်မှစ၍ အချင်းချင်းသွေးကွဲအောင်ဆောင်ရွက်
ခဲ့ကြောင်းအယ်ဒီတာအပြောင်းအလဲကိုလဲ
သူတစ်ထင်သလိုလုပ်နေကြောင်းတိုကို
ပြောပြခဲသည်။
ဤမဂ္ဂဇင်းအတွက်လိုအပ်သော ငွေများကို
မန်းရေတံခွန်တောင်ဆရာတော်ရှင်ခေမာစာရမှစိုက်ထုတ်ပေးပါသဖြင့်ငွေကြေးရှင်း
တမ်းထုတ်ရန်အခြားသူများကလဲပြောနေ
ကြောင်းငွေကြေးရှင်တမ်းထုတ်မှသာ
သဘာဝကြကြောင်းတို့ကိုမိမိကပြောဆိုသောအခါမှ ဘယ်သူကိုမှမရှင်းတမ်းထုတ်
စရာမလိုကြောင်းကိုOrientalသတင်းဂျာနယ်နှင့်တွေ့ဆုံစဉ်ပြောသည်။
မဂ္ဂဇင်းနှစ်အုပ်ထုတ်အပြီးထုတ်ပြန်ထားသောငွေစာရင်းရှင်းတမ်းသည် အယ်ဒီတာ
ချုပ်တစ်ဦးနှင့်သာဆိုင်ကြောင်းမဂ္ဂဇင်းတွင်
ပါဝင်နေသောအခြားမည်သူတစ်ဦးတစ်ယောက်နှင့်မှမသက်ဆိုင်ကြောင်း နောက်
တချိန်တွင်မဂ္ဂဇင်း၏ငွေရေးကြေးရေးနှင့်
ပက်သက်၍သို့လောသိုလောအထင်မခံနိုင်
သောကြောင့် ခုလိုရှင်းလင်းပွဲလုပ်ရကြောင်း
လူကြီးမင်းတို့အနေနဲ့ပေးဝေထားသောငွေ
စာရင်းရှင်းတမ်းကိုလေ့လာကြည့်လျှင်ငွေစာရင်း၏အခြေအနေမှန်ကိုသိနိုင်ကြောင်း
တို့ကိုရှင်းပြခဲသည်။
သတင်းထောက်များမှမဂ္ဂဇင်းရှင်းတမ်းနှင့်
ပက်သက်၍မေးမြန်းရာတွင် ရှင်းတမ်း၏
ဟာကွက်များကိုဆရာကြည်မင်းဝေ ဆင်ကျွန်းက အသေးစိပ်ပြောကာ၎င်းရှင်း
တမ်းသည်အယ်ဒီတာချုပ်ဆရာ မင်းဏီလူ၏တာဝန်သာဖြစ်ကြောင်းပြောဆို
ခဲ့သည်။


Posted via Blogaway

No comments:

Post a Comment