ISIS များကို တိုက်ခိုက်လျက် ရှိသည့်နိုင်ငံများကို ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကတိပြု
Dawnmanhon( ဒေါင်းမာန်ဟုန်)Yesterday, 9:21 PMကိုင်ရို ၊ ၁၈-၁-၂၀၁၅အကြမ်းဖက် တိုက်ခိုက်မှု များသည် အရှေ့ အလယ်ပိုင်းရှိ နိုင်ငံများသို့ ပျံ့နှံ့လာမည် ဆိုပါက တိုင်းတာ၍ မရနိုင်သည့် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က သတိပေး ပြောကြားလိုက်ပြီး ISIS စစ်သွေးကြွ များကို တိုက်ခိုက်လျက် ရှိသည့် နိုင်ငံများကို ဒေါ်လာသန်း ၂ဝဝ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ကတိပေး ခဲ့သည်။ထို့ပြင် ဂျပန် အစိုးရသည် အရှေ့ အလယ်ပိုင်း ရှိ နိုင်ငံများ အတွင်း ဖွံ့ဖြိုး တိုးတက်ရေး နှင့် လူသားချင်း စာနာသည့် အကူအညီများ အတွက် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကို ပေးအပ် သွားမည်ဖြစ်ပြီး အီရတ်နှင့် ဆီးရီးယား နိုင်ငံအတွင်းမှ ဝင်ရောက် လာသည့် ဒုက္ခသည်များ အတွက် လိုအပ်သည့် အကူအညီ များကို ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း အီဂျစ် အာဏာပိုင် များနှင့် ယမန်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် အာဘေး က ပြောကြား ခဲ့သည်။ဂျပန်အစိုးရက ပေးအပ်သည့် ငွေကြေး အကူအညီ များသည် ဒုက္ခသည် များကို လက်ခံ ထားသည့် နိုင်ငံ အများစုသို့ ပေးအပ် သွားမည်ဖြစ်ပြီး ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီး တစ်ဦးက ပြောကြား ခဲ့သည်။ထို့ပြင် ဂျပန်နိုင်ငံ သည် အီဂျစ်နိုင်ငံ အတွင်းရှိ လျှပ်စစ် ထုတ်လုပ်ရေး ကဏ္ဍတွင် တိုးတက် လာစေရေး အတွက် ချေးငွေများ ကိုလည်း ပေးအပ် သွားမည် ဖြစ်သည်။ဂျပန် ဝန်ကြီးချုပ် အာဘေး သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်း ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ချိန် မှစ၍ ကမ္ဘာ့ အလယ်တွင် နိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့် နိုင်စေရေး အတွက် လုပ်ဆောင် ခဲ့ပြီး အရှေ့ အလယ်ပိုင်းရှိ ရေနံ ပေါကြွယ်ဝ သည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅ဝ ခန့်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ဖြစ်သော်လည်း အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် တောင်ကိုရီးယား နိုင်ငံတို့သို့ သွားရောက် လည်ပတ်ခြင်း မရှိသေးကြောင်းသိရသည်။PyiChitTharhttp://www.pyichitthar.com/2015/01/isis_17.htmlCommentsVisit website
No comments:
Post a Comment