Thursday, January 15, 2015

နည်ပညာတက္ကသိုလ်ဆန္ဒပြ


နည်းပညာတက္ကသိုလ်(မန္တလေး)ရှေ့တွင် ကျောင်းသားသမဂ္ဂများ
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြ

ဒီမိုကရေစီပညာရေးဖြစ်ပေါ်လာရေး နှင့် အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သည့်အနေဖြင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည် တို့မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက နည်းပညာတက္ကသိုလ်(မန္တလေး)ရှေ့မှစတင်ကာ ကျောင်းတွင်း တစ်ပတ်ပတ်၍ ဇန်န၀ါရီ(၁၃)ရက် နံနက်(၁၀)နာရီခွဲက ကန့်ကွက်ဆန္ဒပြခဲ့သည်။
မန္တလေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဇန်န၀ါရီ(၆)ရက်နေ့က စတင်ဖွဲ့စည်းပြီး ဇန်န၀ါရီ(၁၂)ရက်နေ့က ကျောင်းသားသမဂ္ဂအလံပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇန်န၀ါရီ(၁၃)ရက်နေ့တွင် ကျောင်းတွင်း ကျောင်းသားသမဂ္ဂဖွဲ့စည်းပြီးကြောင်း အသိပေးလိုခြင်း၊ စစ်ကျွန်ပညာရေးအလိုမရှိ၍ ဒီမိုကရေစီပညာရေးဖြစ်ပေါ်လိုခြင်း နှင့် ဇန်န၀ါရီ(၁၆)ရက်နေ့တွင် ရက်(၆၀)ရာဇသံပြည့်မည်ဖြစ်၍ သတိပေးသည့်အနေဖြင့် အသိပေးခြင်းအတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားသမဂ္ဂအဖွဲ့မှ ယာယီ ဥက္ကဌက ပြောသည်။
ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသား(၅)ဦးသည် ကျောင်းတွင် လည်ပတ်၍ ဆန္ဒထုတ်ဖော်နေစဉ် နည်းပညာတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ်မှ လာရောက်တားဆီးခြင်းများရှိသော်လည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဆက်လက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
‘‘ ကျွန်တော်တို့ ကျောင်းထဲ ရောက်ပြီး မကြာခင် နောက်က ကားကို အရှိန်နဲ့ မောင်းပြီး ကျွန်တော်တို့ ရှေ့က ပိတ်ရပ်ပြီး ဒုပါချုပ်က တားတယ်၊ သူကားကို အရှိန်နဲ့လာတာ ကျွန်တော်တို့ကိုတောင် ၀င်တိုက်မိတော့မယ်၊ ပြီးတော့ ဘာကြောင်း ကျောင်းတွင် ဒီလိုလုပ်သလဲ၊ ကြိုတင်အကြောင်းကြားခြင်းမရှိတာလဲ၊ ကျောင်းရုံးခန်းလိုက်ခဲ့လို့ ဇွတ်အတင်းခေါ်တယ်၊ နောက် ကျွန်တော်တို့သွားတဲ့ လမ်းကြောင်းတစ်လျှောက် နောက်ကိုနေ သူလက်အောက်က လူတွေ လိုက်လာတယ် ’’ ဟု ကျောင်းတွင်း ၀င်ရောက်ဆန္ဒပြစဉ် ကြုံတွေ့ရမှုများနှင့်ပတ်သက်၍ ကျောက်ဆည်ကျောင်းသားများသမဂ္ဂ ဆန္ဒပြကျောင်းသား ရဲရင့်ပိုင်မှူးက ပြောသည်။
‘‘ ကျွန်တော်တို့ အလံကို လာလုတာ ဆရာတစ်ယောက်အနေနဲ့ မကောင်းဘူးပေါ့၊ ကျောင်းတွင်း ကားကို အရှိန်နဲ့ မောင်းပြီး ရှေ့က ပိတ်ရပ်တာ၊ ကျွန်တော်တို့ အန္တရာယ်ဖြစ်နိုင်ပါတယ်၊ ကျောင်းဆိုတာ ကျောင်းသားပိုင်တယ်၊ ကျောင်းသားအခွင့်အရေးရှိသင့်တယ်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းသာဖြစ်ပါတယ်၊ နောက်ပိုင်း အခြားတက္ကသိုလ်တွေက ဗ.က.သ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး အရှိန်မြင့် လုပ်ဆောင်သွားမှာပါ၊ ရက်(၆၀)ရာဇသံပြည့်ခါနီးပြီးဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်နေပါတယ် ’’ ဟု နည်းပညာတက္ကသိုလ်(မန္တလေး) ကျောင်းသားများသမဂ္ဂ ယာယီဥက္ကဌ ကောင်းဇော်ဟိန်းက ပြောသည်။
ဆန္ဒပြရာတွင် နည်းပညာတက္ကသိုလ်(မန္တလေး) ကန်တင်းက ကျောင်းဝင်းထဲဝင်ပြီး ကျောင်းပတ်လမ်းတစ်လျှောက်ပတ်ပြီး ကျောင်းဆိုင်ကယ်စတန့်မှ ပြန်လည်ထွက်ခွာ၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
စိုင်းထူးခန့် အမရ

No comments:

Post a Comment