
လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်း
by ဒီဗွီဘီDVB | DVBYesterday, 11:52 AMလက်ကျန် နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီ ပြင်ဆင်ဖွဲ့စည်းရာမှာ ကော်မတီဝင်တွေကို အသိမပေးဘူးလို့ ကော်မတီဝင်တဦးက ပြောပါတယ်။နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီအစား နိုင်ငံရေး အကျဉ်းသားရေးရာ ကော်မတီအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြ ထားပါတယ်။ဒီလို ပြင်ဆင်ဖွဲ့စည်းလိုက်ပေမယ့် ကော်မတီဝင်ကို အသိပေးတာ မရှိဘူးလို့ ကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။“အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို လုံးဝ တိုင်ပင်ခြင်း မရှိသေးပါဘူး။ သတင်းစာထဲမှာ နာမည်ပြောင်းလိုက်တယ်ဆိုတာ ဒါက အစိုးရက ပြောင်းတာပါ။ ကျနော်တို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို ဘာတခုမှ အကြောင်းကြားခြင်း မရှိသေးပါဘူး။”ပြီးခဲ့တဲ့ ကော်မတီရဲ့ နောက်ဆုံးအစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသား အားလုံးနဲ့ ဆိုင်တဲ့ ခေါင်းစဉ်တခု ပြောဖို့ ဆွေးနွေးမှုတော့ ရှိခဲ့ပမယ့် တစုံတရာအတည်ပြုချက် မရှိသေးဘူးလို့လည်း ဦးရဲအောင်က ပြောပါတယ်။“ဒါအစိုးရက သူ့ဘာသူ ကြေညာတာပါ။ ကျနော်တို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို မဖျက်သိမ်းရသေးပါဘူး။ ဒါကို ဖျက်သိမ်းဖို့အတွက် အစည်းအဝေး ခေါ်ရဦးမှာပါ။”ဒီကော်မတီကို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအရ ပြင်ဆင်ဖွဲ့စည်းတယ်လို့ ပါရှိပေမယ့် ဘာကြောင့် ဒီလို ပြင်ဆင်ဖွဲ့စည်းရလဲဆိုတာက ဖော်ပြထားခြင်း မရှိဘူးပါဘူး။The post လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်း appeared first on DVB.CommentsVisit website
No comments:
Post a Comment