Thursday, January 8, 2015

ဒီဖြစ်နေ

နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီ ဖွဲ့စည်းပုံ AAPP စိုးရိမ်

သတင်းများToday, 10:40 AMအစိုးရက အသစ်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားရေးရာကော်မတီကို ဦးဆောင်ခွင့် ရထားသူဟာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီး တရားစွဲထောင်ချနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကပဲ ဖြစ်နေတဲ့အတွက် စိုးရိမ် စရာဖြစ်တယ်လို့  AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောပါတယ်။ ဒါနဲ့ ပတ်သက် လို့  AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က"ဒီအဖွဲ့ရဲ့ဆုံးဖြတ်ချက်က အရင်တုန်းက နိုင်ငံရေးအကျဉ်းသား စီစစ်ရေး ကော်မတီကို ပြည်ထောင်စု ဝန်ကြီးကဦးဆောင်တယ်၊ အခုဒီအဖွဲ့မှာ ကျတော့ ပြည်ထဲရေးရဲ့ဒုဝန်ကြီး က ဦးဆောင်တယ်၊ ကျနော် သတိထားမိတာက တကယ်တန်းမြန်မာနိုင်ငံရဲ့အဖမ်း အဆီးတွေဟာ ပြည်ထဲရေးက ဦးဆောင်ပြီး လုပ်နေတာဖြစ်ပါတယ်၊ အဖမ်းအဆီးကို ဦးဆောင်ပြီးလုပ်နေတဲ့ အဖွဲ့အစည်းကနေပြီးတော့ ဒီအဖွဲ့မှာ ဦးဆောင်တဲ့အခါကျတော့ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရမလဲ ဆိုတဲ့အပေါ်မှာတော့ ကျနော် တို့က စိုးရိမ်စိတ်ရှိပါတယ် "ဒါ့အပြင် ဒီကော်မတီအနေနဲ့ ကျန်နေသေးတဲ့နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရေး ဆောင်ရွက်မှာလား၊ ဒါမှ မဟုတ် နိုင်ငံရေးအကျဉ်းသားတွေ ရဲ့ ထောင်တွင်းနေထိုင်စားသောက်မှုတွေကိုပဲ ဆောင်ရွက်မှာလား ဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ အမိန့်ချမှတ်ခံရပြီးသား နိုင်ငံရေး အကျဉ်းသား ၁၆၀ နီးပါးနဲ့ အမှုရင်ဆိုင်ရဆဲ နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိတယ် လို့ပြောပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ရေးက အဓိကကျသလို၊ လွတ်လာပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိတ်ပိုင်း ရုပ်ပိုင်းဒဏ်ရာတွေကို ပြန်လည်ကုစားဖို့နဲ့ ဘဝပြန်လည် ထူထောင်ဖို့ အတွက် လွှတ်တော်က ဥပဒေတစ်ရပ်ပြဌာန်း ဆောင်ရွက်သင့်တယ်လို့ AAPP က ပြောပါတယ်။AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းခဲ့ပါတယ်။CommentsVisit website

No comments:

Post a Comment