Wednesday, January 14, 2015

အမျိုးသားပညာရေးဆန္ဒဖော်ထုတ်မည်

အမျိုးသား ပညာရေး ဥပဒေ မပြင်ဆင်ပေးပါက ဇန်န၀ါရီလ ၁၈ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်မည်ဟုဆို

Dawnmanhon( ဒေါင်းမာန်ဟုန်)Yesterday, 10:54 PMအမျိုးသား ပညာရေး ဥပဒေအား အစိုးရဘက်မှ ရက်ပေါင်း၆၀ပြည့်သည့် ဇန်န၀ါရီလ ၁၇ ရက်နေ့အထိ ပြင်ဆင်ပေးခြင်း မရှိပါက ဇန်န၀ါရီလ ၁၈ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက် ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ကိုမင်းသွေးသစ်က Tomorrowသို့ ပြောကြားသည်။“အစိုးရဘက်က ဒီရက်ပေါင်း ၆၀ အတွင်း မလိုက်လျောဘူးဆိုရင် ကျွန်တော်တို့က ရက်ပေါင်း ၆၀ ပြည့်ပြီး ၆၁ရက်ဖြစ်တဲ့ ဇန်န၀ါရီ ၁၈ ရက်ကနေစပြီး၊ ကျောင်းသားတွေ ကိုယ့်နယ်နဲ့ကိုယ် သပိတ်မှောက်ဖို့ စီစဉ်ထားပါတယ်”ဟု ကိုမင်းသွေးသစ်က ပြောကြားသည်။ထိုသို့ သပိတ်မှောက် ဆန္ဒပြရာတွင်လည်း နယ်များအလိုက် တစ်နိုင်ငံလုံးတွင် တစ်ချိန်တည်း တစ်ရက်တည်း ပြုလုပ်သွားမည်ဖြစ်ပြီး၊ ယင်းသို့ သပိတ်မှောက် ဆန္ဒပြရန်အတွက် Action ကော်မတီ ဖြစ်သော လူငယ်အခြေပြု လူမှုရေး အဖွဲ့ ၃၀ ကျော်အား ဖိတ်ခေါ်ထားကြောင်းနှင့် ယင်းအဖွဲ့များမှလည်း ရက်ပေါင်း ၆၀ ပြည့် သပိတ်တွင် ၀န်းရံပါဝင်မည် ဖြစ်ကြောင်းကိုလည်း သတင်း ရရှိထားကြောင်း ကိုမင်းသွေးသစ်က ဆိုသည်။လက်ရှိ အခြေအနေတွင် အမျိုးသားပညာရေး ဥပဒေအား အစိုးရဘက်မှ ပြင်ဆင်ပေးရန် ကမ်းလှမ်းမှုများ မရှိသေးကြောင်း အချို့သော ကျောင်းသားတို့၏ သပိတ်မှောက် ဆန္ဒပြမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခနှင့် ပါမောက္ခချုပ်များမှ ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ယင်းညှိနှိုင်းမှုသည် တရားမ၀င်ကြောင်းနှင့် အစိုးရမှ ညှိနှိုင်းမည် ဆိုပါက အမျိုးသား ပညာရေး ဥပဒေအား ညှိနှိုင်းရန် အခွင့် အာဏာရှိသည့် အစိုးရမှ ကိုယ်စားလှယ် အဖြစ် စေလွှတ်သူများကိုသာ ညှိနှိုင်းလိုကြောင်း ၄င်းကဆိုသည်။ကိုလူသစ်http://www.tomorrow.com.mm/?q=articles/1330 CommentsVisit website

posted from Bloggeroid

No comments:

Post a Comment