
OppositeyesToday, 1:00 PMအစိုးရမကောင်းကြောင်း၊ စစ်တပ်မကောင်းကြောင်းကို ကိုယ့်အထောက်အထားနဲ့ကိုယ် မှန်မှန်ကန်ကန် ရေးတင်ရင် ကျွန်တော် ဘာမှမပြောပါဘူး။မနေ့က သရဝဏ် (ပြည်) အကြောင်းတုံ့ပြန်ချေပ ရေးတင်လိုက်ရတာကျွန်တော်စိတ် မကောင်းပါဘူး။ အမှန်တရားနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေလို့ပါ။သရဝဏ်တို့၊ သီဟန်သွင်တို့၊ မိုက်မိုက် (ပြည်) တို့၊ ကိုခင်ဝမ်းတို့၊ ဆိုတာ ကျွန်တော် အင်မတန်နှစ်သက်တဲ့ အနုပညာသမားတွေပါ။ ဒါပေမဲ့ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ကို သတိရမိတယ်။အမေရိကန်ပြည်တွင်းစစ် အစပိုင်းကာလမှာ မြောက်ပိုင်း က ပြည်ထောင်စုတပ် ကို ထောက်ခံတဲ့ သက်ကြီးရွယ်အိုအဖေနဲ့ တောင်ပိုင်းခွဲထွက်ရေးတပ်တွေကို ထောက်ခံတဲ့ သားဖြစ်သူတို့ စကားများကြတယ်။နောက်ဆုံး သားက မြောက်ပိုင်းကို စွန့်ပြီး တောင်ပိုင်းတပ် တွေနဲ့ သွားရောက်ပူးပေါင်း ခဲ့တယ်။ အဖေက တားပါသေးတယ်၊ နောက်ဆုံး ဘယ်လိုမှ တားမရတာနဲ့ သားစိတ်ချမ်းသာအောင် လက်လျှော့ပြီး ခွင့်ပြုလိုက်တယ်။အဖိုးအိုက တော်တော်အသက်ကြီးနေပါပြီ။ တစ်နေ့ ညနေစောင်း မှုန်ရီဝေဝါးအချိန်မှာ အဖိုးအိုကို ကင်းချထားတဲ့ဘက်က ဒိုင်းခနဲ သေနတ်သံတစ်ချက်ကြားလိုက်ရတယ်။ဒါနဲ့ တပ်မှူးတွေက အဖိုးအိုနေရာကို ကမန်းကတန်းပြေးသွားပြီး ဘာဖြစ်တာလဲလို့ မေး တယ်။ အဖိုးအိုက ရန်သူမြင်းနဲ့လာတာမြင်လို့ ငါပစ်ချလိုက်တယ်လို့ ပြန်ဖြေပါတယ်။တပ်မှူးတွေက ဒီအဖိုးကြီး မမြင်မစမ်းနဲ့ ကယောင်ခြောက်ခြားဖြစ်ပြီး လျှောက်ပစ်နေသ လားမသိဘူးဆိုပြီး သိပ်မယုံချင်ဘူး။ "အဘ သေချာလို့လား၊ ကျည်ဆံဆိုတာ တန်ဖိုးရှိ တယ်နော်၊ မသေချာဘဲနဲ့ လျှောက်မပစ်ပါနဲ့" လို့ပြောလိုက်တယ်။အဖိုးအိုက "သေချာတာပေါ့ကွာ၊ ငါပစ်လိုက်တာ ရန်သူ မြင်းရောလူပါ ချောက်ထဲကိုကျ သွားတယ်ကွ" လို့ ပြန်ပြောပါတယ်။အဖိုးအိုကို မယုံတဲ့ တပ်မှူးတွေထဲက တစ်ယောက်က "အဘ... ရန်သူသေချာတယ် ဆို တာ ဘယ်လို သက်သေပြနိုင်လို့လဲ" လို့ မေးတယ်။အဖိုးအိုက "အေး...ခုနက ငါပစ်လိုက်တာ ငါ့သားကွ၊ ငါ့သား အရင်းခေါက်ခေါက်" လို့ အဲဒီတပ်မှူးကို ပြန်ပြောလိုက်ပါတယ်။ရဲကျော်သူရCommentsVisit website
No comments:
Post a Comment