
ငြိမ်းချမ်းရေး ရနံ့
OppositeyesToday, 12:36 PMတိုင်းရင်းသားညီအကိုများ အားလုံး ခင်ဗျား ...နိုင်ငံတော် သမ္မတကြီးက ...ကျွန်တော့်ကို အမှာစကားပါးလိုက်ပါတယ် ...လာမယ့် ပြည်ထောင်စုနေ့  ...ဖေဖော်ဝါရီလ ၁၂ရက်နေ့ မှာ ...တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ...ကျွန်တော်တို့  လက်မှတ်ထိုး ချင်ပါတယ်တဲ့  ....( ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ၊၃.၁.၂၀၁၅ လွတ်လပ်ရေး အကြိုညစာစားပွဲ)=========================အချိန် တန်နေပါပြီ ...ဒီအချိန်ဟာ အချိန်မကျသေးဘူး ...မသင့်တော်သေးဘူးတွေ ပြောပြီး ...အချိန်ဆွဲနေရမယ့် အခါ မဟုတ်တော့ပါဘူး ....မလိုက်ချင်တဲ့  ...လက်မှတ်မထိုးချင်တဲ့ အဖွဲ့ တွေ ...နေခဲ့နိုင်ပါတယ် ....( ကေအန်ယူ ဥက္ကဌ စောမူတူးစေးဖိုး၃.၁.၂၀၁၅ လွတ်လပ်ရေး အကြိုညစာစားပွဲ )==============================အဖိုး မူတူးစေးဖိုး ...အဖိုးတို့ နဲ့ အတူ သမီးတို့ ပါမယ် .....( ဒေါ်မြရာဇာလင်း ၊ ရခိုင်တပ်မတော် ရခိုင်အမျိုးသမီး စည်းရုံးရေး တာဝန်ခံ၃.၁.၂၀၁၅ လွတ်လပ်ရေး အကြိုညစာစားပွဲ )============================အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ က ...သေချာသွားပြီလား ???ကျွန်တော်တို့ အဖွဲ့ ရယ် ...ကျွန်တော်တို့ နဲ့  စိတ်သဘောတူညီတဲ့  ...အဖွဲ့ တွေ အတွက်ကတော့ ...အားလုံး အဆင်သင့်ဖြစ်နေပါပြီ ...( ၄.၁.၂၀၁၅ ဗိုလ်ရူခံ အခမ်းအနားတွင် ...ကေအန်ယူအတွင်းရေးမှူး ဖထီးစောကွယ်ထူးဝင်း နှင့် ...နော်ဝေး ၊ ဆွစ်ဇာလန် ၊ ဂျာမဏီ သံအမတ်ကြီးတို့  ...အပြန်အလှန် နူတ်ဆက် စကားပြောပွဲမှ စကားသံတစ်ချို့  )=================================အရေးပေါ် အစီအစဉ်ပြောင်းလဲခြင်း **နိုင်ငံတော် သမ္မတကြီး၏ …၁၂.၂.၂၀၁၅ ရက် ပြည်ထောင်စုနေ့ တွင်…တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ….လက်မှတ်ရေးထိုးရန် ကမ်းလှမ်းချက်အား …သဘောတူ ဆောင်ရွက်နိုင်ရေး …၄.၁.၂၀၁၅ ရက်နေ့  နေ့ လည်၁၂နာရီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များသာ …သီးသန့်  တံခါးပိတ် ဆွေးနွေး ညှိနိုင်းမည်။From ရဲမိုးCommentsVisit website
No comments:
Post a Comment