Wednesday, January 7, 2015

မန္တလေး

တော်ဝင်နှင်းဆီဆေးရုံမှ တရုတ်နိုင်ငံသားခြောက်ဦး စစ်ဆေးဆဲကာလ နေရပ်ပြန်သွားမှု ခုံဖွဲ့စစ်ဆေး

OppositeyesToday, 4:00 AMမန္တလေး၊ ဇန်နဝါရီ ၆တော်ဝင်နှင်းဆီဆေးရုံ တတိယထပ်တွင် လိုင်စင်မရှိဘဲ ဖွင့်လှစ်သည့် Health News အထူးကုဌာနရှိ တရုတ်နိုင်ငံသား ခြောက်ဦးသည် စုံစမ်းစစ်ဆေး ခံနေရဆဲကာလ အောက်တိုဘာလ အတွင်းက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ထမ်းများကို ခုံဖွဲ့စစ်ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“ခုံဖွဲ့စစ်ဆေးနေတယ်။ ပေါ်ပေါက်တဲ့အပေါ်မှာ မူတည်ပြီး လိုအပ်သလို အရေးယူဖို့ အစီအစဉ်ရှိတယ်” ဟု ၎င်းကဆိုသည်။အဆိုပါ တရုတ်နိုင်ငံသားများကို နိုင်ငံအတွင်းမှ မထွက်ခွာရန် အသိပေး ပြောကြားထားပြီး စောင့်ကြည့်စာရင်း သွင်းထားသည့် အချိန်တွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ရာ ၎င်းတို့ကို အမည်ပျက်စာရင်း သွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။လိုင်စင်မရှိဘဲ ဆေးကုသနေသည့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလခန့်က ဝင်ရောက် စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက် အသီးသီးကို သက်ဆိုင်ရာ ဌာနများသို့ တင်ပြနေကာ အရေးယူမှု မပြုလုပ်ရသေးသည့် အချိန်တွင် ထွက်သွားခဲ့သဖြင့် အမှုအတွက် စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ အမှုအတွက် ၎င်းတို့ကို စစ်ဆေးနိုင်ရေး နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးက ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ တင်ပြထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“သူတို့ကို သံသယရှိသူအနေနဲ့ အမှုဖွင့်ထားတယ်။ တကယ်ကျူးလွန်တာ ဟုတ်မဟုတ် စစ်ဆေးဖို့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးက တရုတ်နိုင်ငံနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်သွားမှာ” ဟု ၎င်းကဆိုသည်။အဆိုပါ ဆေးကုသခန်းတွင် တရုတ်နိုင်ငံသား လုပ်ငန်းရှင်သည် ပုဂ္ဂလိက ဆေးရုံလုပ်ငန်း လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခဲ့သဖြင့် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃ အရ အရေးယူခဲ့ပြီး တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်သည် မိမိရရှိသော လိုင်စင်ကို သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးခွင့်ရှိသော ဗဟိုအဖွဲ့သို့ မဟုတ် မြို့နယ်၊ တိုင်းဒေသကြီးကြပ်ရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူ တစ်ဦးထံသို့ လွှဲပြောင်း ငှားရမ်းခဲ့သဖြင့် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃/၃၅ အရ အမှုဖွင့် အရေးယူခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။ယင်းအပြင် မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော ဆေးကုသခွင့် လိုင်စင်မရှိဘဲ ကုသနေသည့် တရုတ်နိုင်ငံသား ဆရာဝန်နှင့် သူနာပြု ဆရာမတို့ကို မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ ၄၁ အရနှင့် ဆေးကုသသည့် လုပ်ငန်း ဆောင်ရွက်ရာတွင် လုပ်ငန်းအလိုက် ကျွမ်းကျင်မှု ရှိကြောင်း သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းက ထုတ်ပေးသည့် လိုင်စင် မှတ်ပုံတင်လက်မှတ်၊ ခွင့်ပြုချက်၊ သင်တန်းဆင်း လက်မှတ်မရှိသော ဆရာဝန်နှင့် သူနာပြုများကို တာဝန်ပေးအပ် ကုသဆောင်ရွက် စေခဲ့သဖြင့် တရုတ်နိုင်ငံသား လုပ်ငန်းရှင်နှင့် တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင်တို့ကို မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ ၄၂ အရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ ထပ်မံသိရသည်။ယင်းတရုတ်နိုင်ငံသား ခြောက်ဦးသည် တည်းခိုသည့် နေရာတွင် ရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ အကြောင်းကြားခဲ့ခြင်း မရှိသဖြင့် ၁၉၄၀ ပြည့်နှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၅ (၁) နှင့် နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားစဉ်က ဖော်ပြထားသည့် အလုပ်အကိုင်များနှင့် မသက်ဆိုင်သည့် လုပ်ငန်းများ (ဆရာဝန်/သူနာပြု) ဆောင်ရွက်နေခြင်း၊ မှတ်ပုံတင်ထားသည့် ဟိုတယ်/တည်းခိုခန်းများတွင် တည်းခို နေထိုင်ရမည့်အစား နေအိမ်တွင် နေထိုင်ခွင့် ခွင့်ပြုမိန့် တစ်စုံတစ်ရာ မရရှိဘဲ နေထိုင်ခြင်းတို့ကြောင့် လဝက အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ အမှုဖွင့်ထားပြီး ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရသည်။CommentsVisit website

posted from Bloggeroid

No comments:

Post a Comment