
ဇန်နဝါရီ ၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်(၄)နှစ်ပြည့် အခမဲ့ ပညာဒါနကျောင်းများ ရံပုံငွေရှာဖွေရေး ဂီတပွဲတော်(အထက်မြန်မာပြည်)ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်ဟိန်းရစော့် ဟိုတယ်တွင် ဇန်န၀ါရီ(၁၄)ရက်နေ့ ညနေ(၅)နာရီ မှ (၁၀)နာရီက ပြုလုပ်မည်ဖြစ်ကြောင်း ရံပုံငွေရှာဖွေရေးဂီတပွဲတော်(အထက်မြန်မာပြည်)ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပညာရေးစနစ်ကို မပြောင်းလဲနိုင်ပေမယ့်၊ ပညာရေးအတွက် အထောက်အပံ့ပေးနိုင်ရန်၊ ကျောင်းသားကျောင်းသူတိုင်း ပညာလိုလားစိတ်၊ ကြိုးစားစိတ် ဖြစ်အောင် သင်ကြားပေးနိုင်ရန်၊ မြန်မာနိုင်ငံရေး အနာဂတ် ဖြစ်သည့် ကျောင်းသားကျောင်းသူများကို ပညာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်၊ တိုင်းပြည်တိုးတက်နိုင်ရန် ပညာရေးကွန်ရက်အောက်မှ ပညာရေးဒါနကျောင်းများ၊ အမေအိမ် စသဖြင့် ပညာဒါနကျောင်းတွေ လိုအပ်ချက်များစွာရှိရာ ကျောင်းရှင်သန်ဖို့ ရံပုံငွေ လိုအပ်နေခြင်းကြောင်း အခမဲ့ပညာဒါနကျောင်းများ ရံပုံငွေရှာဖွေရေး ဂီတပွဲတော်(အထက်မြန်မာပြည်)ကိ
(အထက်မြန်မာပြည်)ကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းမှရှိသည့် အခမဲ့ပညာဒါနကျောင်းများကို ထောက်ပံ့မှု ပေးနိုင်ရန်အတွက် ရံပုံငွေရှာဖွေရေးပွဲများကို ရန်ကုန်မြို့တွင်သာ ကျင်းပနေခြင်းဖြစ်ပြီး (၂၀၁၅)ခုနှစ်တွင် ရန်ကုန်မြို့၌ ဇန်န၀ါရီ(၁၃)ရက် နှင့် မန္တလေးမြို့တွင် ဇန်န၀ါရီ(၁၄)ရက် စသည့်ဖြင့် နှစ်နေရာခွဲ၍ ရံပုံငွေရှာဖွေပွဲကို ကျင်းပမည်ဖြစ်သည်။ အဆိုပါ ရံပုံငွေပွဲတွင် ရန်ကုန်တွင် လေးလံတင်ရောင်းချမှုများ။ ဈေးရောင်းပွဲတော် ထည့်သွင်း၍ ကျင်းပမည်ဖြစ်သော်လည်း မန္တလေးမြို့တွင် ဂီတပွဲတော်တစ်ခုကိုသာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အထက်မြန်မာပြည် နှင့် အောက်မြန်မာပြည်တို့တွင် ခွဲ၍ ရံပုံငွေရှာဖွေပွဲ ကျင်းပခြင်းသည့် မိမိတို့ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လိုအပ်ချက်များကို မိမိတို့ ဒေသအလိုက် ဖြည့်ဆည်းမှုများကို ကိုယ်အားကိုယ်ကိုး ဆောင်ရွက်နိုင်ရန်အတွက် နှစ်နေရာ ခွဲ၍ ကျင်းပခြင်းဖြစ်ကြောင်း၊ အထက်မြန်မာပြည် ရံပုံငွေဂီတပွဲမှ ရရှိသော ငွေများကို ပွဲကျင်းပပြီး နောက်တစ်ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ ပွင်းလင်းမြင်သာစွာ ချပြ လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ ရရှိသော ရံပုံငွေမှ (၂၅)%ကို ငွေပဒေသပင်၊ (၇၅)%ကို အထက်မြန်မာပြည် လိုအပ်ချက်များ နှင့် ထပ်မံ၍ အခမဲ့ပညာဒါနကျောင်းများ ပြုလုပ်နိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခမဲ့ပညာဒါနကျောင်းများ ရံပုံငွေရှာဖွေရေး(အထက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်
No comments:
Post a Comment