Friday, October 31, 2014

တောင်သာမြို့နယ်တွင် စက်ရေတွင်း၊ရေလှောင်ကန်နှင့်ရေတင်စက်ဖွင့်ပွဲအခမ်းအနားကျင်းပမန္တလေး    အောက်တိုဘာ ၂၃မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့ထည့်ဝင်လှူဒါန်းခဲ့သော မန္တလေး တိုင်းဒေသကြီး တောင်သာမြို့နယ်ကန်မြဲကျေးရွာအုပ်စု ဇေယျသုခ(အရှေ့)ကျေးရွာ စက်ရေတွင်း၊ရေ လှောင်ကန်နှင့်ရေတင်စက်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲကအဆိုပါကျေးရွာရှိ စက်ရေတွင်းအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှဥက္ကဌ၊ ဒုတိယ ဥက္ကဌများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌကဆင်းရဲမှုလျော့ချရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတစ်ဘက်တစ်လမ်းမှကူညီဆောင်ရွက်ရင်း တကယ် လိုအပ်သော၊အခက်အခဲဖြစ်နေသောကျေးရွာများကိုကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဘက်တစ်လမ်းမှဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းပြောကြားပြီး စက်ရေတွင်း၊ရေလှောင်ကန်နှင့် ရေတင်စက်တို့ကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့်ကန်မြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာကမည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကာ စက်ရေတွင်း၊ရေလှောင်ကန်နှင့် ရေတင်စက်လည်ပတ်နေမှုကိုကြည့်ရှုကြသည်။ထို့နောက် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာရှိအဘိုး၊အဘွားများ၊ကျောင်းသား ကျောင်း သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ကျေးရွာအမျိုးသမီးအဖွဲ့ဝင်များနှင့် ရွာသူ/ရွာသားများအားထောက်ပံ့ငွေများ၊စားသောက်ဖွယ်ရာများ၊ အ၀တ်အစားများနှင့် ဆေးဝါးများကိုပေးအပ်လှူဒါန်းကြပြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှတာဝန်ရှိသူများက စက်ရေတွင်းနှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့်ကျေးရွာအထောက်အကူပြုအဖွဲ့အား ရန်ပုံငွေကျပ် တစ်သိန်း၊စက်ရေတွင်းစက်သုံးဆီအတွက် ကျပ်နှစ်သိန်းနှင့်လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။အဆိုပါကျေးရွာသည် ယခင်မိုးတွင်းကာလက ကျေးရွာအနီးရှိဘစီကန်နှင့်ဇလုပ်ကြီးကန်တို့မှ သောက်သုံးရေနှင့် သုံးရေတို့အားတစ်မိုင်ခန့်ကွာဝေးသော မြို့ဘကျေးရွာမှတစ်ဆင့် သွားရောက်ခပ်ယူသုံးစွဲခဲ့ရပြီး နွေရာသီနှင့်ဆောင်းရာသီကာလတို့တွင်လည်းကန်ရေများခမ်းခြောက်၍ ရေအခက် အခဲများဖြစ်ပေါ်သဖြင့် မြို့ဘကျေးရွာရှိစက်ရေတွင်းသို့သာ သွားရောက်ခပ်ယူသုံးစွဲနေခဲ့ရသည့် ရေရှားပါးသောအရပ်ဒေသဖြစ်ခဲ့သည်။ယခုအခါ ဇေယျသုခကျေးရွာအတွက် စက်ရေတွင်း၊ ရေလှောင်ကန်နှင့်ရေတင်စက်တို့ကိုမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှ ငွေကျပ် စုစုပေါင်း(၂၀၁၄၆၂၈၃)ကျပ် အကုန်အကျခံထည့်ဝင်လှူဒါန်း၍အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သဖြင့် ယင်းကျေးရွာရှိ အိမ်ခြေ(၁၈၀)နှင့်လူဦးရေ(၉၉၀)တို့မှာ ရာသီမရွေး သောက်သုံးရေနှင့် သုံးရေတို့ကိုဖူလုံစွာရရှိနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့်ယင်းကျေးရွာအတွက် စက်ရေတွင်းကို၂၀၁၄ခုနှစ် မတ်လ(၅)ရက်က စတင်တူးဖော်ခဲ့ပြီး စက်ရေတွင်းအနက်မှာပေ(၈၀၀)ရှိကာ တစ်နာရီလျှင် ရေဂါလံ(၁၅၀၀) ထွက်ရှိ၍ အုတ်ရေလှောင်ကန်မှာလည်းဂါလန်(၅၀၀၀)သိုလှောင်ထားနိုင်ကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment