အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်ဇုန်ဝင်ကြေးများလေလွှင့်မှုမရှိစေဘဲအပြည့်အ၀ရရှိနိုင်ရန်အိုးတုတ္တတန်းဆိပ်တွင် ထပ်တိုးကောက်ခံသွားရန်စီစဉ်နေမန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သာအင်းဝမြို့ဟောင်း တွင်ရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးများလေလွှင့်မှုမရှိစေဘဲအပြည့်အ၀ရရှိနိုင်ရန်အိုးတုတ္တတန်း ဆိပ်တွင် ထပ်တိုးကောက်ခံသွားရန်အစီအစဉ်ရှိကြောင်းရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။“အင်းဝမြို့ဟောင်းကိုဝင်လာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေဆီကရှေးဟောင်းဇုန်ဝင်ကြေးတွေ မလစ်ဟင်းအောင်၊ အပြည့်အ၀ရရှိအောင်အိုးတုတ္တတန်းဆိပ်ကနေ ထပ်တိုးကောက်ခံသွားဖို့ အစီအစဉ်ရှိပါတယ်။ အင်းဝမှာဇုန်ဝင်ကြေးကောက်ခံနေတဲ့နေရာနှစ်နေရာရှိတယ်။ အဲဒီနေရာတွေက တော့မယ်နုအုတ်ကျောင်းနဲ့ ဗားကရာကျောင်းတို့ဖြစ်တယ်။ တခြားပြတိုက်တွေမှာတော့သူတို့ဟာသူ တို့ အစီအစဉ်တွေနဲ့ ကောက်ခံနေတာတွေလည်းရှိတယ်။နိုင်ငံခြားသားတွေက အိုးတုတ္တတန်းကနေ ဒုဌ၀တီမြစ်ကိုဖြတ်ပြီးအင်းဝနယ်ထဲဝင်လာမယ်။ ဒီလိုဝင်လာတဲ့အချိန်မှာ မယ်နုအုတ်ကျောင်းကိုဝင်ချင်မှဝင်မယ်။ ဗားကရာကိုလည်းဝင်ချင်မှဝင်မယ်။ ဘာကြောင့်လဲဆိုတော့အင်းဝမှာ ရှေးဟောင်း အဆောက်အအုံတွေက အများကြီးပဲ။ဒီနှစ်နေရာကိုမ၀င်တော့ဘူး။ တခြားနေရာတွေကိုပဲ ကြည့်ကြ တော့ဇုန်ဝင်ကြေးမှာနစ်နာမှုတွေဖြစ်ပေါ်နေတယ်။ အဲဒါကြောင့်ရှေးဟောင်းဇုန်ဝင်ကြေး အပြည့်အ၀ ရရှိအောင်၊လေလွှင့်မှုမရှိအောင်လို့ အခုလိုအိုးတုတ္တတန်းကနေ ထပ်တိုးကောက်ခံဖို့ စီစဉ်နေခြင်းဖြစ် ပါတယ်။မန္တလေးမှာတော့ ဇုန်ဝင်ကြေးနစ်နာမှုက နည်းပါးပါတယ်။”ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန်နေရာများဖြစ်သောမန္တလေး ရွှေကျောင်း ကြီးနှင့် မြနန်းစံကျော်ရွှေနန်းတော်၊အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ မယ်နုအုတ်ကျောင်းနှင့်ဗားကရာသစ်သားကျောင်း၊ အမရပူရမြို့ ဗားကရာကျောင်းနှင့်ပြဒါးလင်ဂူတို့ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့်ရှေးဟောင်းယာဉ်ကျေးမှုဇုန်နေရာများသို့သွားရောက်လိုပါက တစ်ဦး လျှင်prepaidကတ်ငွေကျပ်(၁၀၀၀၀)တန်ဝယ်ယူ၍ တိုင်းဒေသကြီးအတွင်းရှိ မည်သည့်ရှေးဟောင်း ယဉ်ကျေးမှုဇုန်နေရာမဆိုဝင်ရောက်ကြည့်ရှုနိုင်သည်။အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များအားဇုန်ဝင်ကြေး ငွေကောက်ခံသည့်နေရာများမှာ ဗားကရာသစ်သားကျောင်းနှင့်မယ်နုအုတ်ကျောင်းတို့ဖြစ်သည်။ အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့လာရောက်လေ့လာလည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့်ယင်းကျောင်းနှစ်ကျောင်းကိုဝင်ရောက်လေ့လာမှသာလျှင် ဇုန်ဝင်ကြေးငွေ ပေးဆောင်ရပြီး ကျန်သည့်အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသအခြားနေရာများအားလေ့လာမည်ဆိုပါက ရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးပေးဆောင်စရာမလိုသည့်သဘောဖြစ်ပေါ်နေသည့်အတွက်ရှေး ဟောင်း ယဉ်ကျေးမှုဇုန်ဝင်ကြေးများလေလွှင့်မှုမရှိစေဘဲအပြည့်အ၀ရရှိနိုင်ရန် ယခုကဲ့သို့ အိုး တုတ္တတန်းဆိပ်တွင်ထပ်တိုးကောက်ခံသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ယဉ်ကျေးမှုဇုန်နေရာများသို့ဝင်ရောက်ကြည့်ရှုသူများထံမှ ရရှိသောရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးငွေများမှာ နိုင်ငံတော်ဘဏ္ဍာငွေသို့ထည့်သွင်းပေးလျက်ရှိကြောင်း နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး) အနေဖြင့်ရှေးဟောင်းယဉ်ကျေးမှုနေရာများအားပြုပြင်မွမ်းမံခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မန္တလေး သင်္ကန်းဈေးကွက်တွင် ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်းနှင့်အီတလီပိုးသင်္ကန်းများမှာ အထူးရောင်းအားကောင်းလျက်ရှိနေကထိန်ကာလရာသီသို့ရောက်ရှိတော့မည်ဖြစ်သဖြင့် မန္တလေးသင်္ကန်းဈေးကွက်တွင်သံဃာတော်များ အား ဆက်ကပ်လှူဒါန်းရန် အရည်အသွေးကောင်းမွန်သောဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်းနှင့် အီတလီပိုးသင်္ကန်းများမှာအထူးရောင်းအားကောင်းလျက်ရှိနေကြောင်းသိရသည်။ယခုနှစ်မန္တလေးသင်္ကန်းဈေးကွက်တွင် ထိုင်းနိုင်ငံထုတ် စီဝိုင်စီသင်္ကန်းများအသစ်ဝင်ရောက်လာပြီး ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်း၊အီတလီပိုးသင်္ကန်းများ၊ တရုတ်နိုင်ငံထုတ် စကိတ်ပါး၊ စကိတ်ထူ၊သရီးရိုင်ဖယ်နှင့် စီဝိုင်စီသင်္ကန်းများ၊ ကိုရီးယားနိုင်ငံထုတ်ရိုင်ဖယ်၊လီနင်နှင့် နှစ်(၁၀၀)ချည်ဖြင့် ရက်လုပ်ထားသော ပြည်တွင်းဖြစ်သင်္ကန်းများကို ရောင်းချပေးလျက်ရှိရာ ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီသင်္ကန်းနှင့် အီတလီပိုးသင်္ကန်းများမှာ အထူးရောင်းအားကောင်းလျက်ရှိသည်။“သင်္ကန်းနဲ့ပတ်သက်လို့ပစ္စည်းအသစ်တွေဝင်ရောက်လာပေမယ့်ဂျပန်နိုင်ငံထုတ်သင်္ကန်းတွေကတော့ အရောင်းသွက်နေပါတယ်။ သူကအ၇ည်အသွေးလည်းကောင်းတယ်၊ မာတင်သားနဲ့ချုပ်လုပ်ထားတဲ့ အတွက် ပေါ့ပါးပြီးသံဃာတော်တွေ ရုံရတာလွယ်ကူတဲ့အပြင် လျော်ဖွတ်ပြီးရင်လည်း ခဏလေးနဲ့ခြောက်သွေ့တယ်။ ဒါကြောင့်ဒီသင်္ကန်းကိုပဲ လှူမယ့် ဒါယကာ၊ဒါယိကာမတွေကရွေးချယ်ဝယ်ယူ လှူဒါန်းကြတယ်။ ဒီနှစ်ထူးခြားတာကတော့ ဒီဂျပန်သင်္ကန်းအပြင်ဈေးကြီးတဲ့အီတလီပိုးသင်္ကန်းတွေပါ အရောင်းသွက်နေတာတွေ့ရတယ်။ သူကပိုးသားနဲ့ရက်လုပ်ထားတဲ့အတွက် နူးညံ့တယ်လေ။ ဒါကြောင့် လှူဒါန်းတဲ့ သူတွေကသံဃာတော်တွေကို အကောင်းဆုံးတွေမှ ရွေးချယ်လှူဒါန်းနေကြ ပါတယ်။”ဟုရွှေထိပ်တန်း သင်္ကန်းတိုက်မှ ကိုထွန်းနိုင်စိုးကပြောသည်။ထို့အပြင်ကထိန်ခင်းရန်အချန်မီမပြင်ဆင်နိုင်သူများအတွက်မိုးပေါ်ကျကထိန်လှူဒါန်းနိုင်ရန်သင်္ကန်းနှင့် ပရိက္ခရာအစုံပါသည့် ကြိမ်ခြင်းများအားပါဝင်သည့်ပစ္စည်းအမျိုးအစားပေါ်မူတည်၍ တစ်ခြင်းလျှင် ငွေကျပ် ၁၃၀၀ကျပ်မှ၆၀၀၀၀ကျပ်အထိ အသင့်ဝယ်ယူလှူဒါန်းနိုင်ရန်စီစဉ်ရောင်းချပေးလျက်ရှိသည်။သင်္ကန်းဈေးနှုန်းများအနေဖြင့် ထိုင်းနိုင်ငံထုတ် ဘိုမစီဝိုင်စီသင်္ကန်းမှာငွေကျပ် ၂၀၀၀၀၊ ဂျပန်နိုင်ငံထုတ် ဘိုမစီဝိုင်စီ သင်္ကန်း ငွေကျပ်၂၂၀၀၀မှ၅၅၀၀၀ ၀န်းကျင်၊ အီတလီပိုးသင်္ကန်းမှာ ငွေကျပ်၅၅၀၀၀၊ တရုတ်နိုင်ငံထုတ်စကိတ်ပါး၊ စကိတ်ထူ၊ သရီးရိုင်ဖယ်နှင့် စီဝိုင်စီသင်္ကန်းများများမှာငွေကျပ်၆၅၀၀မှ ၁၀၀၀၀၀န်းကျင်၊ ကိုရီးယားနိုင်ငံထုတ်ရိုင်ဖယ်၊လီနင်များမှာ ငွေကျပ် ၁၂၀၀၀မှ ၂၀၀၀၀ ၀န်းကျင်နှင့်နှစ်(၁၀၀)ချည်ဖြင့် ရက်လုပ်ထားသော ပြည်တွင်းဖြစ် သင်္ကန်းများမှာ ငွေကျပ်၆၅၀၀မှ ၆၅၀၀၀၀အထိရှိပြီး ဥာတ်သင်္ကန်းများကိုလည်း အခန်းအနည်းအများပေါ်မူတည်၍ကျပ်၁၀၀၀၀မှ ၁၅၀၀၀၀အထိရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် စက်ရေတွင်း၊ရေလှောင်ကန်နှင့်ရေတင်စက်ဖွင့်ပွဲအခမ်းအနားကျင်းပမန္တလေး အောက်တိုဘာ ၂၃မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့ထည့်ဝင်လှူဒါန်းခဲ့သော မန္တလေး တိုင်းဒေသကြီး တောင်သာမြို့နယ်ကန်မြဲကျေးရွာအုပ်စု ဇေယျသုခ(အရှေ့)ကျေးရွာ စက်ရေတွင်း၊ရေ လှောင်ကန်နှင့်ရေတင်စက်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၁ ရက် နံနက် ၁၀ နာရီခွဲကအဆိုပါကျေးရွာရှိ စက်ရေတွင်းအနီးရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှဥက္ကဌ၊ ဒုတိယ ဥက္ကဌများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများ၊ဖိတ်ကြားထားသူများတက်ရောက်ကြသည်။အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌကဆင်းရဲမှုလျော့ချရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတစ်ဘက်တစ်လမ်းမှကူညီဆောင်ရွက်ရင်း တကယ် လိုအပ်သော၊အခက်အခဲဖြစ်နေသောကျေးရွာများကိုကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများနှင့်ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ဘက်တစ်လမ်းမှဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းပြောကြားပြီး စက်ရေတွင်း၊ရေလှောင်ကန်နှင့် ရေတင်စက်တို့ကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံ အမျိုးသမီး များနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့်ကန်မြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာကမည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကာ စက်ရေတွင်း၊ရေလှောင်ကန်နှင့် ရေတင်စက်လည်ပတ်နေမှုကိုကြည့်ရှုကြသည်။ထို့နောက် အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျေးရွာရှိအဘိုး၊အဘွားများ၊ကျောင်းသား ကျောင်း သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ကျေးရွာအမျိုးသမီးအဖွဲ့ဝင်များနှင့် ရွာသူ/ရွာသားများအားထောက်ပံ့ငွေများ၊စားသောက်ဖွယ်ရာများ၊ အ၀တ်အစားများနှင့် ဆေးဝါးများကိုပေးအပ်လှူဒါန်းကြပြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန ညွှန်ကြားရေးမှူးကဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှတာဝန်ရှိသူများက စက်ရေတွင်းနှင့် ပတ်သက်သော စာရွက်စာတမ်းများနှင့်ကျေးရွာအထောက်အကူပြုအဖွဲ့အား ရန်ပုံငွေကျပ် တစ်သိန်း၊စက်ရေတွင်းစက်သုံးဆီအတွက် ကျပ်နှစ်သိန်းနှင့်လက်ဆောင်ပစ္စည်းများပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။အဆိုပါကျေးရွာသည် ယခင်မိုးတွင်းကာလက ကျေးရွာအနီးရှိဘစီကန်နှင့်ဇလုပ်ကြီးကန်တို့မှ သောက်သုံးရေနှင့် သုံးရေတို့အားတစ်မိုင်ခန့်ကွာဝေးသော မြို့ဘကျေးရွာမှတစ်ဆင့် သွားရောက်ခပ်ယူသုံးစွဲခဲ့ရပြီး နွေရာသီနှင့်ဆောင်းရာသီကာလတို့တွင်လည်းကန်ရေများခမ်းခြောက်၍ ရေအခက် အခဲများဖြစ်ပေါ်သဖြင့် မြို့ဘကျေးရွာရှိစက်ရေတွင်းသို့သာ သွားရောက်ခပ်ယူသုံးစွဲနေခဲ့ရသည့် ရေရှားပါးသောအရပ်ဒေသဖြစ်ခဲ့သည်။ယခုအခါ ဇေယျသုခကျေးရွာအတွက် စက်ရေတွင်း၊ ရေလှောင်ကန်နှင့်ရေတင်စက်တို့ကိုမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှ ငွေကျပ် စုစုပေါင်း(၂၀၁၄၆၂၈၃)ကျပ် အကုန်အကျခံထည့်ဝင်လှူဒါန်း၍အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သဖြင့် ယင်းကျေးရွာရှိ အိမ်ခြေ(၁၈၀)နှင့်လူဦးရေ(၉၉၀)တို့မှာ ရာသီမရွေး သောက်သုံးရေနှင့် သုံးရေတို့ကိုဖူလုံစွာရရှိနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့်ယင်းကျေးရွာအတွက် စက်ရေတွင်းကို၂၀၁၄ခုနှစ် မတ်လ(၅)ရက်က စတင်တူးဖော်ခဲ့ပြီး စက်ရေတွင်းအနက်မှာပေ(၈၀၀)ရှိကာ တစ်နာရီလျှင် ရေဂါလံ(၁၅၀၀) ထွက်ရှိ၍ အုတ်ရေလှောင်ကန်မှာလည်းဂါလန်(၅၀၀၀)သိုလှောင်ထားနိုင်ကြောင်း သိရသည်။
မန္တလေး(၅)မြို့နယ်အတွင်းရှိခွေအငှားဆိုင်များအား နိုဝင်ဘာ(၃)ရက်မှစတင်ကာကွင်းဆင်းစစ်ဆေးအရေးယူမှုများဆောင်ရွက်သွားမည်မြန်မာဗီဒီယိုဇာတ်ကားဖွံ့ဖြိုးတိုးတက်ရေးအတွက် All MasterPlanစီမံချက်ကို ပြုလုပ်ဆောင်ရွက်ထားရှိရာ မန္တလေး(၅)မြို့နယ်အတွင်းရှိခွေအငှားဆိုင်များတွင် တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့ဗီစီဒီ/ဒီဗီဒီအချပ်များ ငှားရမ်းလုပ်ကိုင်ခြင်းမရှိစေရန်နှင့်လုပ်ငန်းလိုင်စင်မရှိဘဲဖွင့်လှစ်သည့်ဆိုင်များပပျောက်စေရန်ယခုနှစ်နိုဝင်ဘာ (၃)ရက်မှစတင်၍ကွင်းဆင်းစစ်ဆေးအရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ(၂၁)ရက် နေ့က ကျင်းပသည့် တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့၊စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီအစည်းအဝေးမှ သိရသည်။“ကျွန်တ်ာတို့တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့အနေနဲ့AllMasterPlanစီမံချက်ကို စတင်ဆောင်ရွက်နေပါတယ်။ဒီလိုဆောင်ရွက်ရာမှာစီမံချက်ကိုပထမ၊ ဒုတိယနဲ့ တတိယအဆင့်ဆိုပြီးသုံးပိုင်းခွဲပြီး လုပ်ဆောင်နေတာပါ။ပထမအဆင့်အနေနဲ့ မန္တလး (၅)မြို့နယ်မှာရှိတဲ့ လုပ်ငန်းလိုင်စင်ရရှိထားသောခွေအငှားဆိုင်တွေနဲ့ တရားမ၀င် ရောင်းချနေတဲ့ဈေးနဲ့လမ်းဘေးကပျံကျခွေအရောင်းဆိုင်တွေမှာမြန်မာဇာတ်ကားဆင်ဆာမဲ့ခိုးကူးခွေတွေမရှိ စေဖို့တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီကကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေတယ်။ ဒုတိယအဆင့်အနေနဲ့မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်(၂၈)မြို့နယ်ကို ဆက်လက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမှာပါ။ တတိယအဆင့်မှာတော့တိုင်းဒေသကြီးအတွင်းမှာ အားလုံးပပျောက် သွားအောင်ဆောင်ရွက်မှာပါ။နောက်ပြီးMasterခွေတွေကို CDကနေ DVDတွေပြောင်းလဲထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ယခုနှစ် နိုဝင်ဘာလောက်မှာ DVDအနေနဲ့ဖြန့်ချိပေးသွားမှာပါ။”ဟုမန္တလေးတိုင်းဒေသကြီး ဗီဒီယိုအခြေခံ အဖွဲ့၊စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီဥက္ကဌဦးသိန်းရွှေကပြောသည်။“ခွေအငှားဆိုင်တွေ တိုးတက်ရေးနဲ့ ဆုတ်ယုတ်မှုမရှိစေဖို့အတွက်ကျွန်တော်တို့စည်းကမ်းထိန်းသိမ်းရေးကို ဖွဲ့စည်းခဲ့ပြီးလုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်။အဲဒီလိုလုပ်ဆောင်တဲ့အခါအပြင်ကလမ်းဘေးဈေးသည်တွေ၊တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့တွေကိုကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံးလိုက်လံရှင်းလင်းခဲ့ တယ်။ဒီလိုရှင်းလင်းတဲ့အကြောင်းကလည်းလိုင်စင်ရယူထားတဲ့ခွေအငှားဆိုင်တွေနစ်နာမှာစိုးလို့ အပြင်ကိုအရင်ရှင်းလင်းခြင်းဖြစ်ပါတယ်။ အဲဒီလိုရှင်းလင်းခဲ့လို့အခုချိန်မှာအထိုက်အလျှောက်လျှော့နည်းနေပါပြီ။ အခုအချိန်မှာ(၅)မြို့နယ်အတွင်းမှာဖွင့်လှစ်နေတဲ့ခွေအငှားဆိုင်တွေမှာတရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့ ဗီစီဒီ/ ဒီဗွီဒီအချပ်တွေငှားရမ်းလုပ်ကိုင်ခြင်းမရှိစေဖို့ကွင်းဆင်းစစ်ဆေးအရေးယူမှုတွေပြုလုပ်တော့မှာပါ။ ဒီလို လုပ်ခဲ့ ရင်လည်းတရားဝင်လိုင်စင်ရယူပြီးဖွင့်လှစ်နေတဲ့ခွေအငှားဆိုင်တွေကိုကြိုတင်အသိပေးပြီးမှဆောင်ရွက်သွားမှာ ပါ။ ဒီလိုကွင်းဆင်းဆောင်ရွက်ရာမှာ ကျွန်တော်တို့နဲ့အတူခရိုင်ရဲတပ်ဖွဲ့နဲ့အတူပူးပေါင်းဆောင်ရွက်သွားမှာပါ။ နောက်ပြီးအပြင်ကလမ်းဘေးဈေးသည်တွေ၊တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့အခွေတွေရောင်းနေချနေကြောင်းသိရှိခဲ့လျှင်အကြောင်းကြားတိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့မြန်မာဗီဒီယိုဇာတ်ကားဖွံ့ဖြိုးတိုးတက်ဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်သွားမှာပါ။”ဟုစည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီအတွင်းရေးမှူးကပြောသည်။“ကျွန်တော်တို့ဖြန့်ချိရေးအနေနဲ့ တစ်ရက်ကို သုံးကားနှုန်းနဲ့တစ်လကိုခွေ(၆၀)ကနေ (၈၀)အထိဖြန့်ပေးပါတယ်။ အခွေတစ်ခွေရဲ့ဈေးနှုန်းကနာမည်ကြီးမင်းသားပေါ်မူတည်ပြီး ဈေးကအတိအကျမရှိဘူး။အနည်းဆုံး(၂၀၀၀)ကနေအများဆုံး(၃၅၀၀)ထိရှိတယ်။ အခုချိန်မှာဖြန့်ချိမှုအပိုင်းကအရင်နှစ်တွေလောက် ဖြန့်ချိမှုအားက မကောင်း တော့ဘူးကျဆင်းနေတယ်။ဒီလိုကျဆင်းနေတဲ့အကြောင်းက ရုပ်သံလိုင်းတွေတိုးပွားလာမှုရယ်၊အခြေခံလူတန်းစားတွေ စီးပွားရေးကျဆင်းနေမှုရယ်၊ဆင်ဆာမဲ့ခိုးကူးမှုတွေရယ်ကြောင့်ဖြစ်ပါတယ်။”ဟုမန္တလေးတိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ စည်းရုံးရေးမှူးက ပြောသည်။မန္တလေး(၅)မြို့နယ်အတွင်းတွင် ယခင်ကလုပ်ငန်းလိုင်စင်ဖြင့်ဖွင့်လှစ်ထားသောခွေအငှားဆိုင်ပေါင်း(၅၀၀) ကျော်ရှိခဲ့ပြီး ယခုအချိန်တွင်ဆိုင်ပေါင်း(၄၀၀)ကျော်သာရှိတော့သည့်အတွက် ခွေအငှားဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ကြိုတင်အကြောင်းကြားမှုများဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည်။မန္တလေး(၅)မြို့နယ်ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ချမ်းမြသာစည်နှင့် ပြည်ကြီး တံခွန်မြို့နယ်တို့တွင်ရှိသည့်ခွေအငှားဆိုင်များအား နိုဝင်ဘာ(၃)ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီအနေဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးအရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ရာ တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့ဗီစီဒီ/ဒီဗွီဒီအချပ်များ စစ်ဆေးတွေ့ရှိ ပါက ပြစ်မှုဆိုင်ရာဥပဒေအရပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင်ပထမဦးဆုံးရွေ့လျားကရ၀ိတ်ရေပေါ်ဟိုတယ်တည်ဆောက်မှု၉၀ရာခိုင်နှုန်းကျော်ပြီးစီးမန္တလေး အောက်တိုဘာ ၂၆ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ကမ္ဘာ့အဆင့်မီ ရွေ့လျားသွားလာနိုင်သောကရ၀ိတ်ရေပေါ်ဟိုတယ်ကြီးတစ်ခုအား မြန်မာနိုင်ငံသားစွန့်ဦးတည်ထွင်လုပ်ငန်းရှင်တစ်ဦးမှ မန္တလေး မြို့ ဧရာဝတီမြစ်အတွင်း၌မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်သော ပန်းဆယ်မျိုးအတတ်ပညာများဖြင့်တည်ဆောက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ယင်း ကရ၀ိတ်ရေပေါ်ဟိုတယ်ကြီးကို ၂၀၁၃ခုနှစ် မတ်လ ၃ ရက်နေ့က စတင်တည်ဆောက်၍သုံးထပ်ဆောင်အမျိုးအစား အလျား ပေ ၂၅၀ အနံပေ ၇၀ ရှိကာ ဧရာဝတီမြစ်ရေအထက်သုံးထပ်ဆောင်ထိပ်ထိ အမြင့် ၃၄ ပေ ၈ လက်မရှိပြီးရွေ့လျားသွားလာနိုင်ရေးအတွက် မြင်းကောင်ရေ ၃၆၀ရှိ ၈ လုံးထိုးအင်ဂျင် ၂လုံးတပ်ဆင်ထားကာ ကရ၀ိတ်ညီနောင်အပေါ်တွင် တည်ရှိနေသည့်အဆောက်အဦးတစ်ခုသဖွယ် ရေပြင်ထက်တွင် ၀င့်ဝင့်ကြွားကြွား တည်ရှိနေပေသည်။ကရ၀ိတ်၏ နံရံများပေါ်တွင် ချိတ်ဆွဲထားသော ခြူးပန်းခြူးနွယ်ကနုတ်ပန်းများတွင်လည်း သူ့အဓိပ္ပါယ်သူ ဆောင်သော သဘောတရားများပါရှိပြီးဘယ်တောင်ပံတွင် အေးမြသော၊လင်းလက်သော သဘော ဆောင်သည့် ‘လ’ပုံသဏ္ဍာန်ယူထားပြီးညာတောင်ပံတွင် ထွန်းလင်းသော၊ တောက်ပရဲရင့်သော သဘောဆောင်သည့်” နေမင်း”၏ပုံသဏ္ဍာန် နက္ခတ်တာရာတို့၏ သဘောဆောင်သော ရုပ်လုံးရုပ်ကြွကနုတ်ပန်းများကိုဦးထိပ်တွင်လည်းကောင်း ထားရှိပြီး သင်္ဘောအတွင်း အခန်း (၁၂)ခန်းမှာလည်း ၁၂လရာသီ၏ သဘောသဘာဝကိုဆောင်သည့် ၁၂ရာသီပွင့်သောပန်းများလည်းထားရှိသွားမည်ဖြစ်သည်။ အဓိကထူးခြားချက်အနေဖြင့် ထိုကရ၀ိတ်ဟိုတယ်အား သစ်သားများဖြင့်သာတည်ဆောက်ထားပြီး ကွမ်းသီးပင်၏ အသားများကိုအသုံးပြုထား ကာ ပိုမိုခိုင်မာစေရေးအတွက် Steel Structure၊သံဖရိန်များဖြင့်လည်း ထိန်းညှိပေးထားသည်။ ဖောင်တော်၏ အမြီးပိုင်းတွင်လည်း၇ နေ့ ခုနှစ်ရက် နေ့နံအလိုက် အဓိပ္ပါယ်ရှိသော ကနုတ်များနှင့် ၂၄ပစ္စည်းစက်ဝိုင်းပုံသဏ္ဍာန်ပါသော ကနုတ်ပန်းများဖြင့် ခြယ်သ ထားပြီးရှေးမြန်မာဘုရင်မင်းမြတ်များမင်းခမ်းမင်းနားဖြင့်တိုင်းခန်းလှည့်လည်ရာတွင် အသုံးပြုသောစီးတော်ယာဉ်ဖြစ်သည့် မြင့်မြတ်သော သဘောကိုဆောင်သည့်ကရ၀ိတ်ဖောင်တော်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်ပါက နေ၊ လ၊ နက္ခတ်တာရာလောကဓါတ်တစ်ခုလုံး ပါဝင်သော စကြ၀ဠာကြီးတစ်ခုသဖွယ်ဖန်တီးထားခြင်းလည်းဖြစ်သည်။ “ဟိုတယ်ဆိုတာလူကိုလူခြင်းဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက် ၀န်ထမ်းတွေကိုမြန်မာ့ယဉ် ကျေးမှုကို ဖော်ဆောင်နိုင်တဲ့ ဧည့်ဝတ်ကျေပွန်မှုတွေကိုကမ္ဘာကသိအောင် ဆောင်ရွက်နေခြင်းဖြစ်ပါ တယ်။ ၀န်ဆောင်မှုအနေနဲ့ ဟိုတယ်အတွင်းအတွေ့အကြုံကောင်းရှိသည့် မြန်မာနိုင်ငံ သား သင်္ဘောသား ၀န်ထမ်း ၂၀ဦး၊ဟိုတယ်ဝန်ထမ်းကိုးဆယ်ကျော်နဲ့ ဖွဲ့စည်းထားတယ်။ မြန်မာနိုင်ငံသားဝန်ထမ်းများနှင့် အရည်အချင်းရှိသော ၀န်ဆောင်မှုအပြည့်အ၀ပေးနိုင်သောဝန်ထမ်းများဖြစ်စေရေး ဟိုတယ် မဖွင့်လှစ်မီ သုံးလအကြိုမှာပင် လစာပြည့်နဲ့သင်တန်းများ ပို့ချပေးလျက်ရှိပါတယ်။ သစ်သားနဲ့တည်ဆောက်ထားတဲ့အဆောက်အအုံဖြစ်သည့်အလျောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကို လည်း ဆောင်ရွက်ထားတယ်။ဟိုတည်အတွင်းတည်းခိုနေထိုင်သူများတွက် ကျန်းမာရေးဆေးမှူးများကိုလည်းထားရှိဆောင်ရွက်သွားမှာပါ။”ဟုကရ၀ိတ်ရေပေါ်ဟိုတယ်အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်း က ပြောသည်။ ဟိုတယ်ပေါ်သို့ ရောက်ရှိလာသော ဧည့်သည်များအနေဖြင့်လည်း ထိုနေလနက္ခတ်တာရာများအစွမ်းအားဖြင့် မင်္ဂလာရှိခြင်း၊စိတ်အေးချမ်းသာခြင်းများရရှိရေးကိုလည်း ရည်ရွယ်တည်ဆောက် ထားခြင်းဖြစ်သည်။ဖောင်တော်ဦးထိပ်တွေင် ထားရှိသော ဆင်ဖြူတော် ၂ ကောင်မှာလည်းပန်းဆယ်မျိုးအတတ်ပညာများအနက်မှ ပန်း ၆ မျိုးတို့ဖြင့်ထုလုပ်ထားခြင်းဖြစ်သည်။ မြန်မာ ဘုရင်များ၏မင်းခမ်းမင်းနားအဆောင်အယောင်ရုပ်တုများ၊ မေခလာနတ်သမီးရုပ်တု၊ နတ်မင်းကြီး၎ ပါးရုပ်တု၊ ရုပ်သေးပညာ၊ တစ်ပင်တိုင်ခြင်းလုံးပညာ၊တိုင်းရင်းသားရိုးရာအကများကိုလည်း မင်္ဂလာခန်းမအတွင်း ခင်းကျင်းပြသမည်ဖြစ်သည်။ ကရ၀ိတ် ရေပေါ်ဟိုတယ်တွင် အထပ်သုံး ထပ်ပါရှိပြီးအပေါ်ဆုံးထပ်အတွင်း လူ ၂၅၀ဆံ့ မင်္ဂလာခန်းမ တစ်ခု၊နှစ်ယောက်အိပ်အခန်း(၂၆)ခန်း၊ နှစ်ယောက်အိပ်အထူးခန်း(၄)ခန်းနှင့်မိသားစုခန်း(၃)ခန်း စုစုပေါင်း (၃၉)ခန်းပါဝင်မည်ဖြစ်သည်။ ထိုနောက် အလျား၁၈ပေ အနံ ၁၂ ပေရှိသည့် ရေစိမ်ကန်တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။တည်းခိုခနှုန်းထားများကိုလည်း နိုင်ငံတကာအဆင့်ထက် မပိုသော အဖိုးအခများနှင့်လည်းကောင်း၊ ပြည်တွင်း ကုန်းပေါ်ရှိ ဟိုတယ်များထက် မပိုသောဈေးနှုန်းများဖြင့်သာ ၀န်ဆောင်မှုပေး သွားမည်ဖြစ်သည်။ ဟိုတယ်အပေါ်မှ ရေ၊မြေ၊တော၊တောင်၊တိမ်၊ဝေဟင်၊အာကာသ၊ ဘေး ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများ၏အလှအပ ရှုခင်းများကိုလည်း တစ်ပြိုင်တည်းကြည့်ရှုနိုင်မည်ဖြစ်သည်။ ကရ၀ိတ်ဖောင်တော်ကြီးကိုလည်းနေ့စဉ် ညနေ ၄ နာရီမှ ၆နာရီအထိ မင်းကွန်း ပုထိုးတော်ကြီးကိုအနီးကပ်ဖူးမျှော်နိုင်ရန်လည်းကောင်း၊မန္တလေးတောင်ပေါ်ရှိဘုရားများအား မြစ် အတွင်းမှဖူးမြော်နိုင်ရန်လည်းကောင်း၊ စစ်ကိုင်းတံတားကြီးနှင့်မင်းဝံတောင်ရိုးရှိစေတီပုထိုးများအား လည်းကောင်း၊နေ၀င်ဆည်းဆာအလှများနှင့် မန္တလေးရှိ သိသင့်သိထိုက်သည့် နေရာများအားကြည့်ရှုနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ အစားအသောက်များအနေဖြင့်လည်းဥရောပ၊အာရှအစား အစာ၊ တရုတ်အစားအစာနှင့် မြန်မာ့ရိုးရာမုန့်ဟင်းခါး၊ကြာဇံဟင်းခါးအကြော်စုံအစရှိသည့် အစားအစာများလည်းရရှိနိုင်မည်ဖြစ်သည်။ ကရ၀ိတ်ဟိုတယ်တည်ဆောက်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရန်ကုန်ကန်တော်ကြီး၌ လည်းကောင်း၊ ကျောက်ဆည်မြို့တွင်လည်းကောင်း၊ ယခင်မန္တလေးတွင်လည်းကောင်း ကရ၀ိတ်ပုံ အဆောက်အအုံများရှိခဲ့သော်လည်းမြစ်ကြောင်းအတွင်း သဘာဝငှက်ကရ၀ိတ်များကဲ့သို့ ရှင်သန်သွား လာနေသောရေပေါ်ကရ၀ိတ်ဖောင်တော်ကြီးအား တည်ဆောက်လိုခြင်းဖြစ်ပြီး မန္တလေးသားတစ်ယောက်အနေဖြင့် မြန်မာ့လက်မှုအနုပညာများဖြစ်သော ဘုရားမတင် နတ်မ၀င်လူတွင်ပန်းဆယ်မျိုးဟုခေါ်သော `ပဲ၊တိမ်၊တဉ်း၊တော့၊ရန်၊ပု၊မော့၊ပွတ်၊ချီ၊ယွန်း´ဟုခေါ်ဝေါ်သည့် ပန်းဆယ်မျိုး အတတ်ပညာများအားကမ္တာကသိရှိစေလိုခြင်း၊ မြန်မာနိုင်ငံ အတွင်းပွင့်လင်းလာသောနိုင်ငံတကာခရီးသွားလုပ်ငန်းများတိုးတက်လာမှုနှင့်အတူ တစ်မူထူးခြားသောရေပေါ်ဟိုတယ်တစ်ခု တည်ဆောက်ပြီး မြန်မာ့ခရီးသွားလုပ်ငန်းအားတစ်ဘက်တစ်လမ်းမှ ပိုမိုတိုးတက်စေရေးအတွက်လည်းကောင်းရည်ရွယ်လျက်တည်ဆောက်ခြင်းဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။ အဆိုပါကရ၀ိတ်ရေပေါ်ဟိုတယ်အား American Certificate2011-2012 နှင့်ရုရှားနိုင်ငံမှ ပေးအပ်သော ရေကြောင်းသိပ္ပံပညာရှင်လက်မှတ်ရမြန်မာနိုင်ငံသားပညာရှင်တစ်ဦးမှ ဒီဇိုင်းရေးဆွဲပြီးပြည်တွင်းလက်မှုအနုပညာရှင်များဖြင့်သာတည်ဆောက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၈ရက်နေ့က လူဦးရေ ၁၀၀၀ ထောင်ကျော်တင်ဆောင်ပြီးစမ်းသပ်မောင်းနှင်မှုများလည်းဆောင်ရွက်ခဲ့ပြီး နိုဝင် ဘာလအတွင်းအပြီးသတ်ဆောင်ရွက်ပြီး မကြာမီတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်
မန္တလေးမြို့တွင်ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေသည်တစ်ရှိန်ထိုးတိုးတက်များပြားမှုမရှိဟုဆိုမန္တလေးမြို့တွင် တိုးတက်လာသည့် ယာဉ်စီးရေ၊လူဦးရေနှင့်မြို့ပြအနေအထားတို့အရ ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေသည်တစ်ရှိန်ထိုးတိုးတက်များပြားမှုမရှိကြောင်းအမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့မှသိရသည်။“မန္တလေးမြို့ဟာတစ်နှစ်ထက်တစ်နှစ်လူဦးရေတိုးတက်လာတာနဲ့အမျှမော်တော်ယာဉ်နဲ့ဆိုင်ကယ်အစီးရေတွေကလည်းများပြားလာတယ်။ဒီလိုများပြားလာခဲ့ပေမယ့်ယာဉ်မတော်တဆဖြစ်ပွားမှုတွေကတိုးတက်လာခြင်းမရှိပါဘူး။နှစ်အလိုက်စံနှုန်းအရတိုးတက်များပြားလာသောယာဉ်အစီးရေကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုများဟာတိုးတက်ဖြစ်ပွားလာမယ်လို့မျှော်မှန်းနိုင်သော်လည်းလက်ရှိအခြေအနေမှာတော့ယာဉ်မတော်တဆဖြစ်ပွားမှုတွေဟာယာဉ်စီးရေနဲ့ဖြစ်ပွားမှုရာခိုင်နှုန်းနှိုင်းယှဉ်တွက်ချက်ကြည့်ပါက၂၀၁၃ခုနှစ်မှာ(.၀၅)ရာခိုင်နှုန်းဖြစ်ပွားပြီး၂၀၁၄ခုနှစ်မှာတော့(.၀၄)ရာခိုင်နှုန်းသာဖြစ်ပွားတဲ့အတွက်ယာဉ်မတော်တဆဖြစ်ပွားမှုအခြေအနေကလျော့နည်းကျဆင်းတယ်လို့ပြောလို့ရသလိုတစ်ရှိန်ထိုးတိုးတက်များပြားမှုမရှိဘူးလို့လည်းပြောလို့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးစနစ်ဆောင်ရွက်မှုတွေဟာအောင်မြင်အကျိုးဖြစ်ထွန်းတယ်လို့ ပြောလို့ရတယ်။ယာဉ်မတော်တဆမှုတွေရဲ့၇၅ရာခိုင်နှုန်းကမော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှုတွေများနေပြီးဖြစ်စဉ်တွေကို စိစစ်လိုက်တဲ့အခါညပိုင်း၆နာရီမှ၁၂နာရီအတွင်းအမျာဆုံးဖြစ်ပေါ်နေတာကိုတွေ့ရတယ်။ ဒါ့ကြောင့်ကျွန်တော် တို့ဟာ ညပိုင်းကိုဦးစားပေးပြီးစစ်ဆေးအရေးယူလျက်ရှိပါတယ်။”ဟုအမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးသိန်းကိုကိုက ပြောသည်။မန္တလေးမြို့တွင် ၂၀၁၃ခုနှစ်က ကားအစီးရေ(၆၉၃၃၁)စီးသာရှိပြီး၂၀၁၄ခုနှစ်တွင်(၁၀၈၁၃၈)စီးအထိ ရှိခဲ့သည်။ မော်တော်ဆိုင်ကယ်မှာလည်း ၂၀၁၃ခုနှစ်ကအစီးရေ(၄၇၈၃၂၃)စီးရှိပြီး ၂၀၁၄ခုနှစ်တွင် (၆၆၃၈၉၉)စီး အထိ ရှိခဲ့ရာ၂၀၁၄ခုနှစ်တွင်မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်စုစုပေါင်းယာဉ်အစီးရေ(၇၇၂၀၃၇)စီးအထိရှိခဲ့ကြောင်း အမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။“ကျွန်တော်တို့တပ်ဖွဲ့ဝင်အင်အားနဲ့ တိုးပွားလာတဲ့ယာဉ်စီးရေဟာမမျှတအောင်ပဲ တစ်အားများပြားနေတယ်။လူနှစ်ယောက်မှာဆိုင်ကယ်တစ်စီးနှုန်းအသုံးပြုနေတဲ့အနေအထားကိုမှတ်တမ်းအချက်အလက်တွေအရတွေ့ရတယ်။ တပ်ဖွဲ့ဝင်အင်အားနဲ့ ယခုရှိနေတဲ့ဆိုင်ကယ်အရေအတွက် ယှဉ်လိုက်ရင်တပ်ဖွဲ့ဝင်တစ်ဦးဟာဆိုင်ကယ်အစီးရေ(၃၇၀၀)ကိုယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအတွက်ထိန်းသိမ်းပေးနေရသလိုဖြစ်နေတယ်။ဒီလိုဝန်နဲ့အားမမျှတဲ့အနေအထားဖြစ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့ကကိုယ်စီအသိတရားရှိမှသာလျှင် ယာဉ်တိုက်မှုအန္တရာယ်ကကင်းရှင်းသွားမှာပါ။ နောက်ပြီး စည်းကမ်းမရှိလို့ဖမ်းဆီးအရေးယူပြီး ဒဏ်ငွေ ဆောင်ခိုင်း နေတယ်ဆိုတာကလည်းပြည်သူတွေနစ်နာအောင်လုပ်ဆောင်နေတာမဟုတ်ဘူး။ စည်းကမ်းလိုက်နာနိုင်အောင်လို့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ပြည်သူတွေစည်းကမ်းလိုက်နာနေရင် ကျွန်တော်တို့ အနေနဲ့ ဖမ်းဆီးတာလည်းမရှိဘူး။ ဒဏ်ငွေဆောင်ခိုင်းစရာလည်းမလိုပါဘူး။”ဟုယင်းကဆက်လက်ပြောကြား သည်။မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်အစီးရေတိုးတက်များပြားလာသော်လည်းယာဉ်မတော်တဆ ဖြစ်ပွားမှုမှာ ၂၀၁၃ခုနှစ်ဇန်န၀ါရီမှ စက်တင်ဘာအထိယာဉ်မတော်တဆဖြစ်ပွားမှု၂၉၅မှုတွင် သေဆုံးသူ(၁၃၅)ဦးနှင့်ဒဏ်ရာရသူ(၃၉၄)ဦးရှိခဲ့ပြီး မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသောယာဉ်မတော်တဆမှု(၂၀၂)မှုတွင်သေဆုံးသူ(၉၄)ဦး၊ဒဏ်ရာရသူ(၂၃၄)ဦးပါဝင်ခဲ့သည်။၂၀၁၄ခုနှစ်ဇန်န၀ါရီလမှစက်တင်ဘာလအထိယာဉ်မတော်တဆမှု (၃၀၉)မှုတွင် သေဆုံးသူ(၁၃၆)ဦး၊ ဒဏ်ရာရသူ(၃၅၁)ဦး ရှိပြီးမော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားသော ယာဉ်မတော်တဆမှု(၂၃၄)မှုတွင်သေဆုံးသူ(၁၀၃)ဦး၊ ဒဏ်ရာရသူ(၂၄၂)ဦးပါဝင်ခဲ့ရာ ၂၀၁၃ခုနှစ်ထက်ယခုနှစ်သည် ယာဉ်မတော်တဆဖြစ်ပွားမှုမှာ လျှော့နည်းကျဆင်းနေသည်ကိုတွေ့ရသည်။အမှတ်(၁၁)ဒုတိယယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲအနေဖြင့်မန္တလေးမြို့တွင်းယာဉ်လမ်းရှင်းလင်းရေးအတွက် မြို့တွင်း အချက်ပြမီးပွိုင့်(၃၂)နေရာ၊လမ်းဆုံလမ်းခွ(၁၉)နေရာ၊ကျောင်းလမ်းရှင်း(၁၅)နေရာတို့တွင် ယာဉ်ထိန်း အင်အား(၁၂၇)ဦးဖြင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင်ပြည်သူများယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာစေ ရေးအတွက်မန္တလေးမြို့အတွင်းရှိရပ်ကွက်/လမ်းပိုင်းများအလိုက်ပူးပေါင်းစစ်ဆေးရေးအဖွဲ့(၃၁)ဖွဲ့ဖြင့်အချိန်ပိုင်းအလိုက်စစ်ဆေးအရေးမှုများပြုလုပ်လျက်ရှိရာ ၂၀၁၄ခုနှစ်စက်တင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ်(၅၈၃၉)စီးတွင်အမှုပေါင်း(၅၉၅၇)မှုနှင့်မော်တော်ဆိုင်ကယ်(၄၃၉၈၇)စီးတွင်အမှုပေါင်း(၄၄၂၇၀)တို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့သည်။မန္တလေးမြို့အတွင်း ယာဉ်သွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက်လည်းမီးပွိုင့်တပ်ဆင်ခြင်း၊ လမ်းပိုင်းချဲ့ထွင်ပြုပြင်ခြင်း၊လမ်းညွှန်အမှတ်အသားများတပ်ဆင်ခြင်းတို့အားတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်မြို့ပြ၀န်ဆောင်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင်ပါဝင်သောခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲမှုစနစ်နှင့်သတ်မှတ်ဆိုင်ကယ်မောင်းနှင်သည့်လမ်းများတွင်ညပိုင်းအန္တရာယ်မဖြစ်အောင်ဓာတ်မီးတိုင်များ၌မီးလုံးများတပ်ဆင်ပေးရန်တို့ကို အကြံပြုတင်ပြထားကြောင်း သိရသည်။စိုင်းထူးခန့်=အမရ

posted from Bloggeroid
No comments:
Post a Comment