Sunday, October 19, 2014

အမရပူရပထမရွှေနိုင်ငံ

အသက်ကလေးရယ်မှရှည်စေလို မန်တောင်ရိပ်ခို
ကျန်ရစ်သူနေလိုကောင်ဘိုးတော်မြို့ဟောင်

ပထမဆုံးသောနိုင်ငံတစ်ခုထဲတွင်ပါဝင်ခဲသောအမရပူရပထမရွှေနိုင်ငံယခုလက်ရှိ
မန္တလေးမြို့တော်၏တောင်ဘက်တည်ရှိသောကြောင့် တောငိမြို့ဟု အများခေါ်ဆို
တွင်ခဲသောမြို့တစ်မြို့ဖြစ်ပါသည်။
အသက်ကလေးရယ်ရှည်စေလိုမန်တောင်
ရိပ်ခိုဆိုသောစကားသည် မန္တလေးတောင်
အရိပ်ခိုခိုင်ခြင်းမဟုတ်ပါ
နောက်တစ်ချိန် မန္တလေးမြို့တော်ကို
အလည်နောက်လာသောအခါ အမရပူရမြို့
ခေါ်တောင်မြို့ဘက်တွင်ရှိသော မိုကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလာ၏
ဝိပသာနာတရားတော်တို့ အားအသက်ရှည်
တုံးအသက်ရှိအချိန်ကလေးမှပွားများနိုင်ရန်
အတွက်နမိတ်စကားအဖြစ်ထားခဲခြင်းဖြစ်သည်အမရပူရဆိုသောစကားမှသေခြင်းကင်သောမြို့ဟုဆိုသောကြောင်းမန္တလေးမြို့တော်၏တောင်ဘက်တွင်ရှိသော တောင်မြို့
ကိုခိုလုံပြီးတရာဘဝနားပွားများနိုင်ရန်ဖြစ်ပြီး
ကျန်ရစ်သူနေကောင်ဘိုးတော်မြို့ဟောင်
ရှေးယခင်ဘုရင်မင်းမြတ်များလက်ထက်က
ဘိုးတော်မင်းတရားကြီးထိနန်းစံဆင်တည်
ထားခဲသောအမရပူရခေတ်မှဆိုရင်
တကောင်ကျော်ရင်နတ်ဆိမောင်းသံကြား
ခဲသောကြောင့် ယခုအချိန်အထိလည်
အင်အိုင်မြို့တည်ထားသောအမရပူရမြို့ဟာ
ရဟန်သံဃာများအများဆုံးထွက်ရှိလျှက်ပြီး
ယာဉ်ကျေးမှုမြန်မာလက်ရာများဖြစ်ကိုယ်ထိ
ကိုယ်နန်ဖြစ်ရိုရာယက္ကန်းအလုပ်ဖြစ်အသက်မွေဝမ်းကြောင်အလုပ် လုပ်ကိုင်ပြီး
နေလာခဲ့သောမြို့တစ်မြို့ဖြစ်ပါသည်။

အမရပူရမြို့တော်နန်တည်စဉ်မှယခုတောင်သမန်အင်၏မြောက်ဘက်တွင်အမရနန်တော်ရာနေရာဖြစ်ခဲပါသည်
တောင်သမန်အင်ကြီးမှဆိုရင်တော့
ကျောက်တော်ကြီးဘုရား ပုထိုတော်ကြီးဘုရား ရွှေကူကြီးဘုရား
တောင်မင်းကြီးဘုရားများမှ ဦးပိန်တံတား၏
မြောက်ဘက်ရှိအင်ကြီးကိုဝိုင်ပြီးတည်ထားခြင်းဖြစ်ပြီး အလွန်တခိုးကြီးလှသောဘုရား
များအဖြစ်နေ့ တိုင်တည်ရှိနေပါသည်။
ဦးပိန်တံတားကြီးမှနှစ်ပေါင် ၁၆၀ ကျော်ရှိပြီး
နိုင်ငံခြားသားများမှကမ္ဘာသစ်သားတံတား
အကြီးဆုံးအရှည်ဆုံးအဖြစ်အသိအမှတ်ပြု
ခဲကြပါသည်
အဆိုပါ ဦးပိန်တံတား၏တောင်ဘက်အင်
ရေဝင်နယ်နမိတ်အဆုံးတွင်မကြမီက တည်
ထားသော်ရတနာကျောက်စိမ်းစေတီကြီး
အဖြစ် ကမ္ဘာအကြီးဆုံးကျောက်စိမ်းစေတီ
တော်အဖြစ်မြန်မာကျောက်မျက်ရတနာစေ
တီးမြန်မာသယံဇတအမွေနစ်တခုအဖြစ်
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖူမျော်ခွင့်ရရှိ
နိုင်ရန်အမရပူရမြို့အတွင်မှတည်ထားကိုးကွယ်ရရှိခဲ့ပါသည်။
ကျောက်စိမ်းစေတီတော်ကြီးမှဆင်ရွာ မြင်းမူကျေးရွာအနီတွင်တည်ထားခြင်း
အင်ဝ စစ်ကိုင် အမရပူရ ရန်ကုန် မန္တလေး
အမြန်လမ်းမပေါ်မှလဲလှမ်၍ဖူးမျော်လိုရပါသည်။
တဘောင်တွေနမိတ်တွေဖြစ်တည်ရှိခဲ့သော
အမရပူရမြို့နယ်အတွင်မှစွယ်တော်မြတ်စေ
တီး ယခု ကျောက်စိမ်းစေတီတော်ကြီးများ
ပေါ်ထွက်လာသလို အမရပူရဥယာဉ်တော်
ရွာက မိုးကုတ်ဆရာတော်ဘုရားပေါ်ထွက်
ခဲပါသည် မဟာဂန္ဓာရုံဆရာတော်ဘုရာကြီး
တူမောင်းဆရာတော်ဘုရားကြီးတို့မှ
မြန်မာနိုင်ငံအတွက်ဗုဒ္ဓသသာနာအတွင်
ဆီမီးထွန်းလင်းနိုင်ခဲ့သောဆရာတော်ကြီးများပေါ်ထွက်ခဲပါတယ်။
ကျောက်စိမ်းစေတီတော်ကြီးကို
ရွှေသုဝဏ်ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသဒ္ဓိယ
အရှင်မြတ်က ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးဟု ဘွဲ့ တော်ဆက်ကပ်ထားပါသည်
မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူ
ကမ္ဘာသား ပူဇော်သူအားလုံးတို့ အား
ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည်စုံစေလျှက်အေးချမ်သာယာမှုကို ခံစားနိုင်ကြစေရန်
ရည်မှန်း၍တည်ထားသည်ဖြစ်ရာ ဘွဲ့တော်
အရ အထွေထွေအပြားပြားသော ကိုးကွယ်
ဆည်းကပ်သူအပေါင်းတို့သည်
အရာရာတိုးတက်ခြင်း တောက်ပခြင်း ထွန်းတောက်ခြင်း ဂုဏ်သတင်းကျော်ကြား
ပြည့်စုံခြင်း ချမ်းသာကြွယ်ဝခြင်း ဘေးအန္တရာယ်ကင်းရှင်းခြင်းနှင့် လိုတိုင်းတ
တိုင်းပြည့်စုံခြင်းစသည့် ဂုဏ်ကျေးဇူးများကို
ရရှိစေနိုင်မည်ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်
ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု ကွင်အမှတ်
(၆၂၈)ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး
၏မိုင်တိုင်(၃၆၁)အနောက်ဘက်ပေ(၆၀၀၀)အကွာ စစ်ကိုင်း လမ်းခွဲ ဒွေးလမ်း၏မိုင်တိုင်(၄/၇)တောင်ဘက်ပေ
၁၀၀၀ အကွာတွင် တည်ရှိပြီးရန်ကုန် မန္တလေးအမြန်လမ်းမကြီးအထက် ၉ ပေး
မြင့်ပြီး ဧက ၅ ဧက အကျယ်အဝန်းရှိ ကုန်
မြေပေါ်တွင်တည်ထားခြင်းဖြစ်ရာ ရင်ပြင်တော် အကျယ်အဝန်းမှာ အလျား
၁၃၃ ပေ ၆ လက်မနှင့် အနံ ၁၃၃ပေ ၆လက်မတည်ထားတာကိုတွေ့နိုင်ပါသည်
မြေနေရာအလှူရှင် ကျောက်စိမ်းဒီဇိုင်းများနှင့်ပန်းပုပုံများ ထုဆပ်စီမံခန့်ခွဲကပ်လှူပညာရှင်မှာ
ဦးစိုးနိုင်(အေးအေးခိုင်ကျောက်မျက်ကုမ္ပဏီ
)မှဖြစ်ပြီး တည်ထားရာတွင် လှူဒါန်းမှုကုန်
ကျစရိတ်အဖြစိ ကျောက်စိမ်းတန်ဖိုးများမပါ
ပဲ ငွေကျပ်သိန်းပေါင်း လေးသောင်းကျော်
ရှိနေပြီးဖြစ်ကာ ကျောက်စိမ်းများတန်ဖိုးမှာ
ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်အနည်း
ဆုံးဖြစ်ပါသည်။
စေတီတော်မြတ်ကြီး တည်ထားရေးဦးစီးကော်မတီအား
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံ
တော်သမ္မတတရုံး၏(၂၃.၁၀.၂၀၁၂)ရက်စွဲ
ပါအမိန့် ကြေညာစာအမှတ်(၇၈/၂၀၁၂)
အရလည်းကောင်း လုပ်ငန်းဆပ်ကော်မတီ
များအားသာသနာရေးဝန်ကြီးဌာန၏
၂၇ ၁၀ ၂၀၁၂ ရက်စွဲပါအမိန့်ကြေညာစာ
အမှတ် ၃/၂၀၁၂ နှင့် ၅ ၁၂ ၂၀၁၂ရက်စွဲပ်
အမိန့်ကြေညာစာအမှတ် ၅/၂၀၁၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၏
၂၉ ၁၂ ၂၀၁၃ ရက်စွဲဖြင့်စာအမှတ်၂/၄-၈ဦး၅(၉၈၀)တို့အရဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။

ဘာသာပေါင်းစုံရှိသည့်အနက် ဗုဒ္ဓဘာသာသည်
အခိုင်အမာဆုံးနှင့် အမြတ်ဆုံးဟုကမ္ဘာဘာသာပေါင်းစုံ ညီလာခံမှ
ဆုံးဖြတ်ကြပါသည်။
မေတ္တာတရားကို အခြေခံသောကြောင့်
မေတ္တာကိုအရင်းခံ၍ သာသနာပြုခဲ့ကြသော
အရနယာပုဂ္ဂိုလ်များသည် လူသားများဖြစ်ကြသဖြင့်တစ်နေ့ ကျလျှင်
ကွယ်ပျောက်ကုန်ကြပေသည်။ဥပမာ
အရိယာပုဂ္ဂိုလ်များမှစ၍ အိန္ဒိယနိုင်ငံအသောကမင်းကြီးတို့အထိ
ဥရောပတိုက် အာရှာတိုက်နိုင်ငံများသည်
ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ခဲ့ပြီးသာသနာပြုခဲ့
ကြပါသည်။
၎င်းတို့ကွယ်လွန်သောအခါယင်းကဲ့သို့ 
အစိုးရမင်းများမပေါ်ပေါင်ခဲ့၍ သာသနာ
ကွယ်ပျောက်ခဲ့ပါသည်။ ယခုခေတ်များတွင်
လည်း ဥပမာ လက်တီဆရာတော် မဟာစည်ဆရာတော် မိုးကုတ်ဆရာတော်
မရှိကြတော့ပါ။ ယနေ့ ဆိုလျှင်ကမ္ဘာအနှံသို့
သာသနာပြုလျှက်ရှိသော သီတဂူဆရာတော်ကဲ့ သို့ ပုဂ္ဂိုလ်များ
မရှိတော်မှုခဲ့လျှင်နောက်ထပ်သာသနာပြုရန်
ရဟန်းသံဃာပေါ်ပေါက်ဖို့ ခဲယဉ်းလှပါသည်။
ထို့ကြောင့် ဘာသာ သာသနာအရေးမမှေး
မှိန်စေရန်နောက်တွင် အရေးကြီးလှပါသည်
ရုပ်ဝတ္ထုများအနေဖြင့် ဗုဒ္ဓဘာသာ သာသတာတော်သည်
ဗုဒ္ဓသာသနိကအဆောက်အဦးစေတီပုထိုး
များ ယနေ့မရှိခဲ့လျှင် အထက်ဖော်ပြပါသကဲ့
သို့ ဆရာတော်ကြီးများ အရိယာပုဂ္ဂိုလ်များ
ကဲ့သို့ ကွယ်ပျောက်ခဲ့လျှင် ကျွန်တော်တို့ 
အနေဖြင့်လက်တွေ့ ဘာကိုအထောက်အထားပြနိုင်ကြပါမည်နည်း
ထိုနည်းတူစွာ နောက်တွင်လည်းဘာသာရေးအဆောက်အဦးများမရှိခဲလျှင်
ဗုဒ္ဓဘာသာသည် မှေးမှိန်နိုင်ပါသဖြင့်
"ဝေရော်စန"ကျောက်စိမ်းစေတီကဲ့သို့တန်ဖိုးကြီးမာသည့် စေတီတော်များ ခိုင်မာစွာ
တည်ထားခဲ့ရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ကျောက်စိမ်း
များထွက်ရှိရာ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်
ကျောက်စိမ်းဆိုသည်မှရတနာကိုးပါးအနက်
တစ်မျိုးအပါအဝင်ဖြစ်ပြီး သဘာဝသယံဇတပစ္စည်းဖြစ်သောကြောင့်
နောက်တစ်ချိန်ဝယ်ကွယ်ပျောက်သွားနိုင်
ချေရှိပါသည်။
သို့ဖြစ်၍တန်ဖိုးကြီးမားသည့်ကျောက်စိမ်း
များဖြင့်တည်ထားကိုးကွယ်သည့် ဝေရောစနစေတီတော်မြတ်ကြီးကို စိတ်ဝင်
စားမှုကြောင့်လာရောက်စူးစမ်းလေ့လာသူများရင်ထဲတွင် စေတနာသဒ္ဓါတရားများတဖွား
ဖွားပေါ်ပေါက်လာကာ ထေရဝါဒဗုဒ္ဓဘာသာ
အပေါ်သက်ဝင်ယုံကြည်မှုများကိုပိုမိုဖြစ်ပေါ်
စေနိုင်သဖြင့် ဗုဒ္ဓသာသနာတော်ပြန်ပွားရေး
အတွက် ကြီးစွာသော အထောက်အပံ့ကို
ဖြစ်စေနိုင်ပါသည်။ ကျောက်စိမ်းစေတီတော်မြတ်ကြီးဆိုသည်မှာ
မြန်မာနိုင်ငံတွင်သာတည်ရှိရမည်ဟူသော
ရည်ရွယ်ချက်ဖြင့်တည်ထားခြင်းဖြစ်သော
ကြောင့် နိုင်ငံအတွက်အထင်ကရပြယုဂ်
တစ်ခုဖြစ်လာမည် ဖြစ်ပါသည်။
ကမ္ဘာ့ဂင်းနက်စ် စံချိန်မှတ်တမ်းဝင်သည်အထိ
ရည်မှန်းထားသည်ဖြစ်ရာပြည်တွင်းရှိနိုင်ငံ
တကာခရီးသွားလုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက်လာစေနိုင်မည်ဖြစ်သည်။
အကယ်၍ကျောက်စိမ်းသယံဇာတကုန်ဆုံး
သွားချိန်ရောက်ရှိပါက မြန်မာနိုင်ငံသည်
ကမ္ဘာပေါ်တွင် အရည်အသွေး အကောင်း
ဆုံးကျောက်စိမ်းများထွက်ရှိရာနိုင်ငံဖြစ်သည်ဆိုသည့်အချက်ကို
စေတီတော်မြတ်ကြီးကသာ အခိုင်အမာရည်ညွန်းပြသပေးနိုင်မည်ဖြစ်ပါသည်။
ယခုကဲ့သို့ကျောက်စိမ်းစေတီတော်မြတ်ကြီး
သည်ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှလွဲ၍တခြားမည်သည့်နိုင်ငံများ
တွင်မှ ထပ်မံတည်ထားရန် မဖြစ်နိုင်သော
ထူးခြားသည့် စေတီတော်မြတ်ကြီးဖြစ်ပါသည်။
ကျောက်စိမ်းစေတီတော်မြတ်ကြီးသို့ 
လာရောက်ဖူးမြော်ကြည်ညိုသူများအပန်းဖြေအနားယူနိုင်ရန်အတွက်
ပက်လည်တွင် ဥယျာဉ်သဖွယ် ဖန်တီးထား
မည်ဖြစ်ရာသစ်ပင်ပန်းမန်များဖြင့်အလှဆင်
စိုက်ပျိုးထားရှိမည်ဖြစ်သည်။
ယင်းကဲ့သို့ စေတီတော်ပက်လည်တွင်ဘုရားဖူးမိဘပြည်သူများအတွက် အဆင်ပြေချောမွေ့ စွာ
နားခိုအပန်းဖြေဖူးမြော်ကြည်ညိုနိုင်စေရေး
အတွက်လိုအပ်သော မြေပြင်ရူခင်းပုံစံများ
ကိုတည်ဆောက်လျှက်ရှိပါသည်။
ကမ္ဘာမှတစ်ဆူတည်သောမြန်မာနိုင်ငံက
ကျောက်စိမ်းစေတီတော်မြတ်ကြီးကို
မည်သူမဆိုလာရောက်ဖူးမြော်နိုင်ရန်
အသက်ကလေးရယ်ရှည်စေလိုမန်တောင်
ရိပ်ခို ကျန်ရစ်သုနေလိုကောင် ဘိုးတော်မြို့
ဟောင်ဖြစ်တဲ့ အမရပူရပထမရွှေနိုင်ငံကို
လာရောက်ပြီးဘုရားဖူးမြော်နိုင်ရန်တင်ပြ
လိုက်ရပါသည်။


posted from Bloggeroid

No comments:

Post a Comment