Saturday, October 18, 2014

မြန်မာခြင်းကမ္ဘာအသိအမှတ်ပြုအာကစားဖြစ်လာပြီး

မြန်မာရိုးရာခြင်းလုံးကစားနည်ကို
အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းအဖွဲ့ ချုပ်
(ISTAF)၏SUPERSERIES ပြိုင်ပွဲများတွင်
မြန်မာနိုင်ငံကမှတ်ကျောက်တင်စမ်းသပ်ခံခွင့်ကြုံပြီး။

အောက်တိုဘာ ၁၅
နေပြည်တော် သင်္ဂဟဟိုတယ်ခန်းမဆောင်
တွင်နေ ၂ နာရီအချိန်ကမြန်မာရိုရာခြင်းလုံး
ကစားနည်နှင့် ပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းကစားနည်း
ပညာကိုကမ္ဘာအဆင်မီအားကစားအဖြစ်
နိုင်ငံတကာအသိအမှတ်ပြုပွဲကျင်ပခဲ့ပါသည်။

လာမည့်အောက်တိုဘာလ ၃၀ ရက်နေ့ မှ
နိဝင်ဘာလ ၂ ရက်နေ့ အထိကျင်းပမည့်
ISTAF SUPERSERIES MYANMAR 2014/2015 ပိုက်ကျော်ခြင်း(Sepaktkraw)
ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအားကြိုဆိုရန်
အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့်မြန်မာ့နေပြည်တော်သည်အရနုန်အဟုန်အပြည့်ဖြင့်
အသင့်ရှိနေပါပြီး မကြာမီကကျင်းပခဲ့သည့်
အာရှပွဲများနောက်ပိုင်းမြန်မာအသင်းအနေဖြင့် ၄င်း၏ပထမဆုံးမှတ်ကျောက်တင်စမ်းသပ်မှုအားတွေ့ကြုံရမည်ဟုအားကစားဒုဝန်ကြီး
ဦးဇော်ဝင်းမှပြောသည်။

မြန်မာနိုင်ငံ၏မြို့တော်သစ်ကြီးတွင်ကျင်းပမည့် ISTAF SuperSeries Myanmar2014;
2015ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး၌၄င်းတို့၏
ကျွမ်းကျင်းမှုစွမ်းရည်များကို ပြသရန်
အမျိုးသားအသင်းများအနေဖြင့် ထိုင်း
မလေးရှား အသ်ဒိုနီးရှား စင်ကပူ ဂျပန် ကိုရီးယား မြန်မာ တရုတ် တို့က ပါဝင်ယှဉ်
ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသမီးအသင်းများ
အနေဖြင့်ထိုင် ဗိယက်နမ် မလေးရှား ဂျပန် မြန်မာနှင့်အင်ဒိုနီးရှားတို့ ကပါဝင်ယှဉ်ပြိုင်
ကြမည်နိုင်ငံပေါင် ၉ နိုင်ငံပါဝင်ကာစားပြီး
မြန်မာရိုရာခြင်းလုံးကာစားနည်းမှတော့
၁၃ နိုင်ငံပါဝင်ကစားသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံခြင်းလုံးဥက္ကဋ္ဌဦးစိုးနိုင်မှပြောသည်
Incheon Asian Gamesတွင် Regu Divsion(တစ်သင်းသုံးဦးပြိုင်ပွဲအမျိုးအစား)
၌ အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်း
တို့ ရွှေတံဆိပ်ခူးခဲသည့် ထိုင်းနိုင်ငံသည်
၎င်း၏ချန်ပီယန်ဘွဲ့ အားကာကွယ်ရန်
ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့ပိုက်ကျော်ခြင်းအဖွဲ့ ချုပ်(MSTF)သည် ISAF Super Series
Myanmar2014/2015 အားမြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံ
ကျင်းပရန်အပြည်ပြည်ဆိုင်ရာပိုက်ကျော်ခြင်းအဖွဲ့ ချုပ်(ISTAF)နှင့် နားလည်မှုစာချွန်
လွှာ(MoU)ရေးထိုးခဲ့သည်။ ISTAF နှင့်
၎င်း၏တရားဝင်ဘဏ္ဍရေးနှင့်ဖွံဖြိုး တိုးတက်ရေး တွဲဖက်ဖြစ်သည့် Asia Spots
Venture pte Ltd(ASV)တို့သည်
ယခုနှစ်ISTAF Super Series ပြိုင်ပွဲသတ်
မှတ်ပုံစံအားအပြောင်းအလဲများပြုခဲ့သည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကြီးအားအိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းအားဖြင့်
အိမ်ရှင်နိုင်ငံ၏ပိုက်ကျော်ခြင်းအားကစား
တိုးတက်ဖွံ့ ဖြိုးစေမည့်အလားအလာကောင်းဖြစ်ရာ
မြန်မာနိုင်ငံအားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက မြန်မာ
နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ ချုပ်၏ကြိုးပမ်းဆောင်ရွက်ချက်အားချီးကျူး
အားပေးပြောဆိုခဲ့ကြောင်း အားကစား
ဒုဝန်ကြီးဦးဇော်ဝင်းမှကိုယ်စားပြောပေးခဲ့ပါသည်။
ပိုက်ကျော်ခြင်းအားကစားနှင့်ပက်သက်၍
မြန်မာတွင်ရှည်လျားသည့်သမိုင်းကြောင်းရှိ
ပြီး မြန်မာအမျိုးသားအသင်းနှင့်အမျိုးသမီး
အသင်းတို့၏ စွမ်းဆောင်ချက်များအတွက်
အလွန်ဂုဏ်ယူကြောင်း ပိုက်ကျော်ခြင်းအား
ကစားသည် မြန်မာနိုင်ငံတွင် လျှင်မြန်မာစွာ
ကျယ်ပြန့် လာလျှက်ရှိသည်ကို ဝမ်းမြောက်
ကြောင်း မိမိတို့ ၏ အသင်းများစဉ်ဆက်မ
ပြက်ဖွံဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားရန်မျှော်လင့်လျှက်
ရှိကြောင်း ဤပြိုင်ပွဲကြီးအားအိမ်ရှင်အဖြစ်
လက်ခံကျင်းပရခြင်းသည်လည်းအောင်မြင်
မှုတစ်ရပ်ဖြစ်ကြောင်းယနေ့ နေပြည်တော်၌
ပြုလုပ်သည့် ISTAF SuperSeries Myanmar 2014/15သတင်းစာရှင်းလင်းပွဲ
တွင် မြန်မာနိုင်ငံ အားကစား ဝန်ကြီးဌာန
ဒုဝန်ကြီးဦးဇော်ဝင်ကNews watchကိုပြောသည်။
၂၀၁၃ ခုနှစ်ရှေ့တောင်အာရှအားကစားပြိုင်
ပွဲကျင်းပခဲ့သည့်နေပြည်တော် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံအားကစားရုံ၌ပင်
ISTA SuperSeries Myanmar2014/15
အားအိမ်ရှင်နိုင်ငံအဖြစ်ဂုဏ်ယုစွာလက်ခံကျင်းပမည် ဖြစ်ကြောင်း အားကစားရုံအား
ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲအတွက်
အထူးတည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့်နေပြည်တော်တွင်ယှဉ်ပြိုင်ကြမည့်ကမ္ဘာ့ 
အကောင်းဆုံးပိုက်ကျော်ခြင်းအသင်းများ
အားနောက်ထပ်တစ်ကြိမ်ကြိုဆိုခွင့်ရသည့်
အတွက်ကျေနပ်အားရမိပါကြောင်း
ISTASuper Series Myanmar2014/15
၏ပထမဆုံးခြေလှမ်းအားမြန်မာနိုင့်ငံတွင်
ယုံကြည်စိတ်ချစွာလှမ်းခဲ့သည့်အတွက်
ISTAFနှင့်ASVတို့ကို အားကစားဝန်ကြီးဌာန ကိုယ်စားကျေးဇူးတင်ရှိကြောင်း
ဤပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံ၏ပိုက်ကျော်
ခြင်း အားကစားတို့တက်ဖွံဖြိုးစေမည့်အလားအလာကောင်းဖြစ်မည်ဟု မိမိတို့ မျော်လင့်ပါကြောင်း
ISTAF Super Series Myanmar2014/15ပြိုင်ပွဲကြီးအတွက်
မြန်မာ့အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း တို့သည်အားသွန်ခွန်စိုက်ကြိုးစားလျှက်ရှိ
ကြောင်း ယခင်ISTAFSuperSeries
ပြိုင်ပွဲများထက် ပိုမိုအစွမ်းပြနိုင်မည်ဟု
မိမိတို့ယုံကြည်ကြောင်း အိမ်ရှင်ပရိသတ်များရှေ့၌
ရွှေတံဆိတ်ပင်ဆွတ်ခူးနိုင်ကြောင်း၎င်းကပြောကြားခဲ့သည်။
ISTAF Super Series2014/15တွင်ပြိုင်ပွဲ
အမျိုးအစား(၄)မျိုးပါဝင်မည်ဖြစ်ပြီး
နေပြည်တော်၌ အဖွင့်ခြေလှမ်းအားစတင်ပြီ
းနောက် ဒုတိယခြေလှမ်းအနေဖြင့်
တောင်ကိုရီးယားနိင်ငံ ဆိုးလ်မြို့ သို့ပြောင်း
ရွှေ့ ကျင်ပမည်ဖြစ်သည်
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ ချုပ်အား
အားကစားဝန်ကြီးဌာနမှ ကျောထောက်နောက်ခံပြုလျှက်ရှိရာISTAF
SupetSeriesMyanmar2014/15ပထမဆုံးအကြိမ် အောင်မြင်စွာကျင်ပပေးပြီး
ဒုတိယအဆင့်သို့ပို့ဆောင်ပေးမည့် မြန်မာ
နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏စွမ်းရည်အား
မိမိတို့ အပြည့်အဝ ယုံကြည်ကြောင်း
မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်(MSTF)
သည် ပြိုင်ပွဲကြီးအတွက် လိုအပ်သည့်အစီ
အမံများကို ပြုလုပ်ပြီးဖြစ်ကြောင်း ယခင်
အားကစားပွဲများကို ပြုလုပ် ကျင်းပခဲ့သည့်
နေရာများ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို
ကျင်းပရန် ISTAF အနေဖြင့်ဆန္ဒမရှိကြောင်း ကိုရီယားနိုင်ငံသည်လည်း
မြန်မာနိုင်ငံကဲသို့ပင်ISTAF SuperSeries
အားပထမဆုံးအကြိမ်အိမ်ရှင်အဖြစ်လက်ခံ
ကျင်းပမည်ဖြစ်ကြောင်းISTAFအထွေထွေ
အတွင်းရေမှူးချုပ် ဒါတိုအပ်ဒွလ်ဟလင်မ်ကာဒရ်ကပြောကြားခဲ့သည်။
ယခုအစီအစဉ်သည် ပိုက်ကျော်ခြင်းအားကစားကို နိုင်ငံတကာ
အဆင့် တိုးတက်ဖွံ့ဖြိုးစေရန် စဉ်ဆက်မပြက်ကြိုးပမ်းလျှက်ရှိသည့် ASV
and ISTAF တို့၏ကြိုးပမ်မှုအား ကြိုဆိုသည့် ခြေလှမ်းအဖြစ် ရှူမြင်ကြောင်း
ဤအားကစားရာသီ၏ ပြောင်မြောက်သောအခန်းကဏ္ဍ၏အစနိဒါန်းဖြစ်ကြောင်းASia Sports Ventures(AVS)၏Chief Operating Officerဖြစ်သူ Venu Ramadassကပြောကြားခဲ့သည်။
ဤအဆင့်မြင့်ပြုင်ပွဲအား မြန်မာနိုင်ငံ ပထမ
ဆုံးအကြိမ်ကျင်းပခြင်းသည်
ပိုက်ကျော်ခြင်းအားကစားကို နိုင်ငံတကာအဆင့်ချဲ့ ထွင်ရန်ကြိုးပမ်းလျှက်ရှိသည့်မိမိတို့ ၏ရည်
မှန်းချက်များ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်းဤအားကစားအား လူကြိုက်များသည့်အားကစားဖြစ်စေရန်
ISTAF, ASia Sports Venturesနှင့်အခြား
အဖွဲ့အစည်းတို့ကမည်မျှ အရေးတယူပြကြိုးပမ်းလျှက်ရှိသည်ကို
ပေါ်လွင်စေကြောင်းလည်း မစ္စတာရမဒါးစ်
ကထပ်လောင်းပြောကြားခဲ့သည်။
မြန်မာရိုရာခြင်းလုံးအားကစားနည်တွင်လည်း၁၃ နိုင်ငံဝင်ရောက်ကစားရာတွင်ဘဒါဇီနိုင်ငံပါဝင်ကစားမည်ဖြစ်ကြောင်းသိရသည်။
စိုင်းထူးခန့် (အမရ)


posted from Bloggeroid

No comments:

Post a Comment