Tuesday, October 21, 2014

ကျူးများရွှေပြောင်းစရာနေရာမရှိဟုဆို

ဧရာဝတီးမန္တလေးမြစ်ဆိမ်ကမ်းမှအလုပ်သမားများနေထိုင်သောအိမ်များ ၁၀၀ ကျော်
အားစည်ပင်သာယာဌာနမှ ကျူးရှင်းလင်ရေးဖြစ်ရှင်ရာ နေစာရာမရှိ၍လမ်းပေါ်တက်နေမည်ဟုဆို

ကျွန်မတို့နေထိုင်လာတာနှစ်ပေါင် ၃၀ ကျော်ရှိပါပြီး ဒီဧရာဝတီဆိပ်ကမ်းမှအလုပ်
လုပ်ပြီးဒီနာမှနေခဲ့တာပါ အရင်စစ်အစိုးရလက်ထက်မှခဏခဏဖယ်
ခိုင်ပါတယ် သမ္မတကြီးဦးသိန်းစိန်လက်ထက်မှဒါဟာ
ဒုတိယအကြီမ်းပါ ပထမအကြီမ်းကတော့
၂၀၁၂ ခုနှစ်ကပါ အခုတစ်ကြီမ်းပါ သူတို့
လာဖျက်လည်းကျွန်မတို့ကသွားစရာနေရာ
မရှိပါဘူး အလုပ်ကလည်း ဒီနာမှရှိတာဆိုတော့ဖျက်သွားလည်းဒီမှဘဲ
ကလေးတွေနဲ့ နေမှပါ ကလေးတွေကကျောင်းသားတွေဆိုတော့
သူတို့ကျောင်းတွေက တဝက်တပြက်နဲ့ရွှေ့ 
ပြောင်းလိုမလွယ်သလို့ ကျွန်မတို့အလုပ်လည်းဒီနားဘဲရှိတာကြောင့်ဖြစ်သလိုနေသွားပါမယ်လို ကျူးအိမ်းများတွင်နေထိုင်လျှက်ရှိသော
မကေသွယ်အောင်က News Watchကိုပြောသည်။
ကျွန်တော်က ကလေး ၃ ယောက်ရှိပါတယ်
ကျောင်းသားတစ်ယောက်ပါတယ်
ဒီဆိပ်ကမ်းမှကုန်တင်ကုန်ချလုပ်ပါတယ်
မိသားစုစားလောက်ရုံဘဲကျွန်တော်တို့ ရပါတယ် တခြားအလုပ်လဲကျွန်တော်တို့ 
မလုပ်တတ်ပါဘူးကလေးကျောင်းကလည်း
မပြီးပြတ်တော့ ကျောင်းပညာရေးကိုလည်း
အများကြီးထိခိုတ်ရပါတယ်ဟုကိုမှုံကြီးက
ပြောသည်။။
"အရင်ဘဝကသူများအိမ်ဖျက်ခဲ့လိုဒီဘဝ
ကိုယ်အိမ်လာဖျက်တာခံရတယ်လိုဘဲ"
အမေကမှတ်ယူပါတယ် တရားသဘေားအရဆိုရင်အမေတို့ဘဝက
နေစရာနေရာရှိ သွားစရာရှိဖြစ်နေတာ ဟာ
အကုသိုလ်များခဲ့လို ထင်ပါတယ်
အသက်ကလည်းကြီးလာတော့ သားသမီး
ကလည်းမရှိ လို့ ဒီနားက လူတွေကဝိုင်ပြီး
အမေကိုအိမ်လေးဆောက်ပေးထားလိုနေ
တာနှစ်ရှိပါပြီးအသက်ကတော့ ၇၀ ကျော်
ရှိပါပြီး ဒီနားနေသူတွေကသူအလုပ်နဲ့သူ
မိုက်မိုက်ရိုင်ရိုင်တစ်ယောက်မပါပါဘူးလို
အဘွားဒေါ်ခင်တင်မှပြောသည်။
မန္တလေးစည်ပင်သာယာရေးဌာမှအဆိုပါ
"ကျူး"အိမ်း ၁၀၀ ကျော်အားအောက်တိုဘာ ၂၁ ညနေ ၃နာရီးနောက်ဆုံးထားပြီးဖျက်ပေးရန်
အကြောင်းကြားစာများပိုထားကြောင်း
ကျူးအိမ်များတွင်နေထိုင်သူများကပြော
သည်။
မိမိတို့အနေနဲ ဒီနေရာမှလွဲပြီးအခြားပြောင်း
ရွှေနေထိုင်စရာနေရာမရှိကြောင်း
အိမ်းများဖျက်သွားခဲ့လျှင် ဒီနေရာမှဘဲ
ဖြစ်သလိုနေထိုင်ပြီး ဧရာဝတီမြစ်ကမ်း
အလုပ်သမားအဖြစ်နဲ့သာအလုပ်ကိုင်နေ
ကြောင်း မန္တလေးစည်သာယာကိုလည်း
အပြစ်မမြင်ပါဘူးသူတို့ကိုတိုင်က ကျူးအဖြစ်နဲ့ နေထိုင်ခဲ့သူများဖြစ်ပါသည်ဟု
News Watchကိုပြောသည်။
အဆိုပါကိစ္စများနှင့်ပက်သက်၍မန္တလေးမြို့
ချမ်းအေးသာစံမြို့နယ် ဒေဝန်အနောက်ရပ်
ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်
မေးခဲရာ
သူတို့ တတွေက ကျူးအိမ်တွေပါ၁၉၉၅/
၁၉၉၆ခုနှစ်က မြို့တော်ဥယျာဉ်ကြီးတည်
ဆောက်ခဲ့ရာမှဖယ်ပေးလိုက်ရသောအိမ်
များတွင်အိမ်ဌားနေသူများဖြစ်ပြီး နိုင်ငံတော်ကအစားပေးခဲ့ရာမှအိမ်ရှင်တွေ
ကခေါ်သွားတာပါသလို ကျန်ရစ်သူများက
ဖြစ်သလိုနေထိုင်လာတာ ယနေ့ အထိပါဘဲ
သူတို့ဒီနားမှနေထိုင်တဲ့အတွက်မည်သူမှ
မထိခိုတ်ပါဘူး ဒီရပ်ကွက်အိမ်ထောင်စုဝင်
များဖြစ်ပါတယ် ဧရာဝတီမြစ်အတွင်မှ ခိုး
ဆိုးသူများနဲ့ ဒီလူတွေနဲ့မဆိုင်ပါဘူး
အများဆုံးကတော့ ဈေးသည်နဲ့ မြစ်ဆိပ်
အလုပ်သမားများနေထိုင်လျှက်ရှိကြောင်း
မန္တလေးမြို့တော်စည်ပင်သာယာရေးက
ဒီနေရာတွေကိုစီမံကိန်တခုရှိလို သူတို့အိမ်
တွေကိုဖျက်သိမ်းပေးရန် ကျွန်တော်တို့ရုံ
ကိုလာပြီး ကွက်ဆိပ်မှူးတစ်ဦးအားခေါ်ပြီး
စာလာပို့ တာတော့သိရပါတယ်
ကျွန်တော်အနေနဲ့ သူတို့ ဒီရပ်ကွက်မှအိမ်
ဌားပြန်နေမယ်ဆိုရင်မလုံလောက်ပါဘူး
တခြားနေရာလည်း သူတို့ ကမပြောင်းခြင်း
ကြတာကတော့ သူအလုပ်ကဒီနာမှရှိနေတာကြောင့်လို
အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင်ကဖြေကြား
ခဲ့ပါသည်။
အဆိုပါကိစ္စများနှင့်ပက်သက်၍ ကျူးအိမ်များဆောက်နေသူများကမန္တလေးတိုင်းဒေသကြီးအစိုးရထံသို့ 
သနားခံစာတင်ထားကြောင်းပြော၍သိရပါသည်။
အောက်တိုဘာ ၂၁ နေ့ ညနေ ၃ နာရီ
နောက်ဆုံးထား၍ကျူးအိမ်များကိုဖျက်ခိုင်ခဲ့
သော်လည်း မနက်ပိုင်ကသာစည်ပင်သာယာမှ
ဝန်ထမ်းများအသိပေးခဲ့သော်လည်းည ၇
နာရီးအချိန်အထိလာရောက်ဖျက်တာမရှိပါ
ဟု ဧရာဝတီ မြစ်ကမ်းအလုပ်သမားကျူး
နေအိမ်တွင်နေထိုင်သူများကပြောသည်။

posted from Bloggeroid

No comments:

Post a Comment