မြန်မာနိုင်ငံတွင် ရထားတွဲ နှင့် စက်ခေါင်းများ လိုအပ်ချက် ဖြည့်တင်းနိုင်ရန်
မန္တလေးမြို့ မြစ်ငယ်တွင် ရထားတွဲသစ် တည်ဆောက်ရေး စက်ရုံသစ် တည်ဆောက်မည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် နှင့် နိုင်ငံတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝှမ်းသို့ မီးရထားဖြင့် ခရီးသွားလာရေးလွယ်ကူစေရန် မီးရထားလမ်းများ၊ ရထားတွဲများ၊ မီးရထားစက်ခေါင်းများ အဆင့်မြှင့်တင် တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ မြန်မာနိုင်ငံ၏ ရထားတွဲ နှင့် စက်ခေါင်းလိုအပ်ချက်ကို မြစ်ငယ်တွင် ရထားတွဲသစ်တည်ဆောက်ရန် စက်ရုံသစ်တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊ အဲဒီ စက်ရုံက နှစ်စဉ် လူစီးတွဲ (၁၂၀)လောက် ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချေးငွေနဲ့ မြစ်ငယ်တွင် ရထားတွဲသစ်တည်ဆောက်ရေး စက်ရုံသစ်ကို တည်ဆောက်ဖို့နဲ့၊ နေပြည်တော်တွင် စက်ခေါင်းသစ်တည်ဆောက်ရေး စက်ရုံတည်ထောင်၍ တစ်နှစ်ကို စက်ခေါင်း(၁၀)လုံး ထုတ်လုပ်သွားဖို့ရှိပါတယ် ’’ ဟု မန္တလေးတိုင်းဒေသကြီး ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
‘‘ အဲဒီ စက်ရုံတွင် မပြီးခင် ရွာထောင် ဒီဇယ်စက်ခေါင်း နှင့် အင်းစိန် စက်ခေါင်းရုံတို့မှ အကြီးတန်းပြုပြင်ပြီးစီးသော စက်ခေါင်းများဖြင့် အစားထိုးပြေးဆွဲခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်၊ မြန်မာနိုင်ငံ၏ တွဲလိုအပ်ချက်ကို ဖြည့်တင်းနိုင်ရန် ချေးငွေဖြင့် လေအေးပေးစက်ပါတဲ့ အထက်တန်းတွဲများ၊ လေအေးပေးစက်မပါတဲ့ အထက်တန်းတွဲများ၊ ရိုးရိုးတန်းတွဲများ စသည့်ဖြင့် တွဲ(၁၀၀) နှင့် စက်ခေါင်းသစ်(၂၈)လုံး ၀ယ်ယူနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ် ’’ ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။
မြစ်ငယ်တွင် ရထားတွဲသစ်တည်ဆောက်ရေး စက်ရုံသစ်ပြီးစီးပါက အဆိုပါ စက်ရုံမှ ထွက်ရှိသည့် ရထားတွဲသစ်များကို မြန်မာမီးရထားမှ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အစုန်-အဆန်ရထားအသစ်များ နှင့် လိုအပ်ချက်ရှိသည့် အခြားနေရာဒေသများတွင် လိုအပ်ချက်ဖြည့်တင်း၍ ရထားသစ်များ ပြေးဆွဲနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid
No comments:
Post a Comment