အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသတွင်ဇုန်ဝင်ကြေးများလေလွှင့်မှုမရှိစေဘဲအပြည့်အ၀ရရှိနိုင်ရန်အိုးတုတ္တတန်းဆိပ်တွင် ထပ်တိုးကောက်ခံသွားရန်စီစဉ်နေမန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သာအင်းဝမြို့ဟောင်း တွင်ရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးများလေလွှင့်မှုမရှိစေဘဲအပြည့်အ၀ရရှိနိုင်ရန်အိုးတုတ္တတန်း ဆိပ်တွင် ထပ်တိုးကောက်ခံသွားရန်အစီအစဉ်ရှိကြောင်းရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)မှ သိရသည်။“အင်းဝမြို့ဟောင်းကိုဝင်လာမယ့် နိုင်ငံခြားခရီးသွားဧည့်သည်တွေဆီကရှေးဟောင်းဇုန်ဝင်ကြေးတွေ မလစ်ဟင်းအောင်၊ အပြည့်အ၀ရရှိအောင်အိုးတုတ္တတန်းဆိပ်ကနေ ထပ်တိုးကောက်ခံသွားဖို့ အစီအစဉ်ရှိပါတယ်။ အင်းဝမှာဇုန်ဝင်ကြေးကောက်ခံနေတဲ့နေရာနှစ်နေရာရှိတယ်။ အဲဒီနေရာတွေက တော့မယ်နုအုတ်ကျောင်းနဲ့ ဗားကရာကျောင်းတို့ဖြစ်တယ်။ တခြားပြတိုက်တွေမှာတော့သူတို့ဟာသူ တို့ အစီအစဉ်တွေနဲ့ ကောက်ခံနေတာတွေလည်းရှိတယ်။နိုင်ငံခြားသားတွေက အိုးတုတ္တတန်းကနေ ဒုဌ၀တီမြစ်ကိုဖြတ်ပြီးအင်းဝနယ်ထဲဝင်လာမယ်။ ဒီလိုဝင်လာတဲ့အချိန်မှာ မယ်နုအုတ်ကျောင်းကိုဝင်ချင်မှဝင်မယ်။ ဗားကရာကိုလည်းဝင်ချင်မှဝင်မယ်။ ဘာကြောင့်လဲဆိုတော့အင်းဝမှာ ရှေးဟောင်း အဆောက်အအုံတွေက အများကြီးပဲ။ဒီနှစ်နေရာကိုမ၀င်တော့ဘူး။ တခြားနေရာတွေကိုပဲ ကြည့်ကြ တော့ဇုန်ဝင်ကြေးမှာနစ်နာမှုတွေဖြစ်ပေါ်နေတယ်။ အဲဒါကြောင့်ရှေးဟောင်းဇုန်ဝင်ကြေး အပြည့်အ၀ ရရှိအောင်၊လေလွှင့်မှုမရှိအောင်လို့ အခုလိုအိုးတုတ္တတန်းကနေ ထပ်တိုးကောက်ခံဖို့ စီစဉ်နေခြင်းဖြစ် ပါတယ်။မန္တလေးမှာတော့ ဇုန်ဝင်ကြေးနစ်နာမှုက နည်းပါးပါတယ်။”ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုဇုန်နေရာများဖြစ်သောမန္တလေး ရွှေကျောင်း ကြီးနှင့် မြနန်းစံကျော်ရွှေနန်းတော်၊အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ မယ်နုအုတ်ကျောင်းနှင့်ဗားကရာသစ်သားကျောင်း၊ အမရပူရမြို့ ဗားကရာကျောင်းနှင့်ပြဒါးလင်ဂူတို့ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်များအနေဖြင့်ရှေးဟောင်းယာဉ်ကျေးမှုဇုန်နေရာများသို့သွားရောက်လိုပါက တစ်ဦး လျှင်prepaidကတ်ငွေကျပ်(၁၀၀၀၀)တန်ဝယ်ယူ၍ တိုင်းဒေသကြီးအတွင်းရှိ မည်သည့်ရှေးဟောင်း ယဉ်ကျေးမှုဇုန်နေရာမဆိုဝင်ရောက်ကြည့်ရှုနိုင်သည်။အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် နိုင်ငံခြားသားခရီးသွားဧည့်သည်များအားဇုန်ဝင်ကြေး ငွေကောက်ခံသည့်နေရာများမှာ ဗားကရာသစ်သားကျောင်းနှင့်မယ်နုအုတ်ကျောင်းတို့ဖြစ်သည်။ အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသသို့လာရောက်လေ့လာလည်ပတ်ကြသည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့်ယင်းကျောင်းနှစ်ကျောင်းကိုဝင်ရောက်လေ့လာမှသာလျှင် ဇုန်ဝင်ကြေးငွေ ပေးဆောင်ရပြီး ကျန်သည့်အင်းဝယဉ်ကျေးမှုအမွေအနှစ်ဒေသအခြားနေရာများအားလေ့လာမည်ဆိုပါက ရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးပေးဆောင်စရာမလိုသည့်သဘောဖြစ်ပေါ်နေသည့်အတွက်ရှေး ဟောင်း ယဉ်ကျေးမှုဇုန်ဝင်ကြေးများလေလွှင့်မှုမရှိစေဘဲအပြည့်အ၀ရရှိနိုင်ရန် ယခုကဲ့သို့ အိုး တုတ္တတန်းဆိပ်တွင်ထပ်တိုးကောက်ခံသွားရန်စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ယဉ်ကျေးမှုဇုန်နေရာများသို့ဝင်ရောက်ကြည့်ရှုသူများထံမှ ရရှိသောရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေးငွေများမှာ နိုင်ငံတော်ဘဏ္ဍာငွေသို့ထည့်သွင်းပေးလျက်ရှိကြောင်း နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး) အနေဖြင့်ရှေးဟောင်းယဉ်ကျေးမှုနေရာများအားပြုပြင်မွမ်းမံခြင်းနှင့်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။မြက်သစ်ခိုင်


posted from Bloggeroid
No comments:
Post a Comment