Friday, October 31, 2014

မန္တလေးမြို့သို့ ကုန်စည်စီးဆင်းမှု ကုန်းကြောင်းတွင် စစ်ဆေးမှုများနေသဖြင့်
ရေကြောင်းမှ ၀င်ရောက်လာမှု များပြားနေ၍ Moblie Team အဖွဲ့များဖြင့် စစ်ဆေးမည်

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ အဓိကအားထားရသည့် မန္တလေးမြို့သို့ ကုန်စည်စီးဆင်းမှုသည် ကုန်းကြောင်းမှ ၀င်ရောက်မှုထက် ရေကြောင်းမှ ၀င်ရောက်လာမှု များပြားနေ၍ မိုဘိုင်းတီးစ်(Mobile Team)အဖွဲ့များဖြင့် နိုဝင်ဘာလအတွင်း ပညာပေးကာလအဖြစ် စစ်ဆေးအရေးယူမှုများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
တရားမ၀င်ကုန်သွယ်မှု့ တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စက်မှုလက်မှုလုပ်ငန်းရှင်များ နှင့် ကုန်သည်ကြီးများအသင်း၊ သတင်းနှင့်ပြန်ကြားရေးရုံး တို့ ပူးပေါင်း၍ မိုဘိုင်းတီးစ်(Mobile Team)အဖွဲ့များဖြင့် ဧရာဝတီမြစ်တစ်လျှောက် တရားမ၀င် ကုန်သွယ်မှုများကို တားဆီးကာကွယ်ခြင်း နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်မှ တားမြစ်ထားသည့် အရက်၊ စီးကရက်၊ ဘီယာ၊ ၀ိုင် စသည့် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက အကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ ကုန်ပစ္စည်းများ ခေတ္တသိမ်းဆည်းထားခြင်း၊ ကုန်ပစ္စည်းအပေါ်မူတည်၍ ဒဏ်ကြေးပေးဆောင်ပြီး ပြန်လည်ရွေးရမည်ဖြစ်သည်။ တရားမ၀င်ကုန်ပစ္စည်းများ စစ်ဆေးတွေ့ရှိပါက ဥပဒေအတိုင်း အရေးယူသွားမည်ဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ဖျက်ဆီးသွားမည်ဖြစ်သည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာလမှစတင်၍ ထိရောက်စွာ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မန္တလေးမြို့သို့ တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံတို့မှ ရေကြောင်းဖြင့် အဓိက ကုန်စည်ဝင်ရောက်မှုများပြားနေပြီး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

posted from Bloggeroid

No comments:

Post a Comment