Friday, October 24, 2014

မဇျွီမသတင်း

Share on facebookShare on twitterShare on google_followShare on youtubeShare on rssSaturday, 25 October 2014 08:47

စစ်ဆင်ရေးစရိတ် တိုးတောင်းဆိုမှု မေးခွန်းထုတ်ခံရ

Written by  ဝင်းကိုကိုလတ်Print Emailနေပြည်တော် (မဇ္ဈိမ)။ ။ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်အတွက် စစ်ဆင်ရေးလုပ်ငန်းအတွက် အသုံးစရိတ်ကို ပထမ ငါးလပတ်တွင် ကျပ် ၂၄ သန်းကျော် သုံးစွဲခဲ့သော်လည်း နောက်ဆုံး ခုနစ်လပတ် အတွက် ကျပ်သန်း ၂၇၄ သန်းကျော် သုံးစွဲ မည်ဟု ယခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် ဖော်ပြထားသည်။ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် ဖြတ်သန်းသွားသည့် တပ်မတော်စစ်ယာဉ်တန်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ) ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေး တို့အတွက် ငွေမတောင်းဘဲ စစ်စရိတ် ၁၁ ဆကျော် တိုးမြှင့်တောင်းခံ၍ တပ်မတော်ကို ဝေဖန်နေကြသည်။ယင်းကို ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ငြိမ်းချမ်းရေးဘာလဲ၊ ဘယ် လဲလို့ မေးမြန်းစရာဖြစ်နေပါတယ်” ဟု ယင်းနှင့်စပ်လျဉ်းသည့် ဥပဒေကြမ်းဆွေးနွေးစဉ် ပြောသည်။နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဘက်စုံဖွံ့ဖြိုး ရေးလုပ်ငန်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ရည်မှန်းချက်များမပါဝင်ပဲ စစ်ဆင်ရေးအသုံး စရိတ်များသာ ပါဝင်နေသည်ဟု ၎င်းက အောက်တိုဘာ ၂၄ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောခြင်းဖြစ်သည်။ယခုဘဏ္ဍာနှစ် လျာထားချက်အဖြစ် စစ်ဆင်ရေးအလုပ်သမားငှားရမ်းခ ၃,၈၇၃ ဒသမ ၃၆၁ ကျပ် သန်း၊ စစ်ဆင်ရေးပို့ဆောင်ခ ငှားရမ်းခ ကျပ်သန်း ၁၀၀၊ စစ်ဆင်ရေး လုပ်ငန်း ကျပ်သန်း ၂၀၀၊ စစ်ဆင်ရေ ဒေသန္တဝယ်ယူခြင်း ကျပ်သန်း ၁၂၃ ဒသမ ၃၄၀၊ စစ်ဆင်ရေးလျော်ကြေး ကျပ်၂၃သန်း၊အထွေထွေ ကျပ် ၀ ဒသမ ၀၀၁ သန်း စုစုပေါင်း ကျပ် ၄၂၈၃ သန်း ဖြစ်သည်။ယင်းစရိတ်များကို ပထမငါးလပတ်တွင် စုစုပေါင်းကျပ် ၅၇၅ ဒသမ ၉၂၆ သန်းဖြစ် ပြီး ဒုတိယ ခုနစ်လ ပတ်တွင် စုစုပေါင်း ၃၈၁၇ ဒသမ ၇၇၆ ကျပ်သန်း သုံးစွဲမည်ဖြစ်ကာ ပထမငါးလပတ်တွင် စစ်ဆင်ရေး အသုံးစရိတ် ကျပ်သန်း ၂၅ ကျော်သာ သုံးစွဲခဲ့ သော်လည်း ဒုတိယ ၇ လပတ်တွင် ကျပ် သန်း ၂၇၄ သန်းကျော် သုံးစွဲမည်ဖြစ်သည်။ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ တော်ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီဖော် ဆောင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နေဆဲ ကာလတွင် စစ်ဆင်ရေး အသုံးစရိတ်များကိုလျှော့ချ၍ ငြိမ်းချမ်းရေး စရိတ် အဖြစ်သုံးရန် ကွန်ဟိန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်း ၀ါနုက တိုက်တွန်းလိုက်သည်။ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးစသည့် ကောင်းမြတ်သည့် မူဝါဒများကို မည်ကဲ့သို့အကောင် အထည်ဖော်နေသည်ကိုမသိရဘဲ အမျိုး သားလုံခြုံရေးကိစ္စ၊ တပ်တွင်းတည်ဆောက် ရေးကိစ္စများ ကိုသာ လေ့လာတွေ့ရှိရသည်ဟု ပြောသည်။၎င်းက “ဒါမှ (ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဖော်ပြခြင်း) တိုင်းရင်းသားများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အစိုးရနဲ့ တပ်မတော်က အမှန်တကယ်ဖော်ဆောင် ပေးနေတာပါလား၊ ငါတို့ဘယ်ကဏ္ဍက ကူပေးရမလဲ၊ ဘယ်လိုပံ့ပိုးပေးရမလဲဆိုတဲ့ ယုံကြည်ချက်၊မျှော်လင့်ချက်နဲ့ ပါဝင်ကူညီ ပေးလိုစိတ်မြင့်မားလာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်ကမူ “သူက (ဒေါ်နန်းဝါနု) ဘာလဲဆိုတော့ တိုင်း ရင်းသားစည်းလုံး ညီညွတ်ရေးပြောတာ၊ အဓိက အားဖြင့် မူဝါဒကိုပြောတာ၊ ကိုယ်တို့တပ်မတော် အနေ နဲ့က ဒါက မဟာဗျူဟာပေါ့၊ ကိုယ်တို့ ဖော်ပြတာက မဟာဗျူဟာပါ”ဟု ပြောသည်။Read 4 timesback to topWe have 3932 guests and no members onlineHomeသတင်းပြည်တွင်းသတင်း Office Address: Room No. 407, 4th Floor, Pearl Condominium Block C, Kabaraye Pagoda Road, Bahan Township, Yangon-11201, MYANMAR.Phone: (95-1) 558675Email: mizzima@mizzima.comWebsites: www.mizzima.com, www.mizzimaburmese.com,www.mizzima.tv, www.mizzimaphoto.com,www.mzineplus.com, sports.mizzima.com သိုမှီးရာ© Copyright 1998 - 2013 Mizzima News. All Rights Reserved

posted from Bloggeroid

No comments:

Post a Comment