Monday, October 20, 2014

ကျေးရွာတွေရဲဒုက္ခ

"တောင်ဆိုချက်(၇)ချက်ကို အောက်တိုဘာ
လအတွင်းဆောင်ရွက်မပေးပါကဆန္ဒဖော်
ထုတ်မည်သဲဖုံးလွှမ်း၍အိမ်များပျက်စီးသူများမန္တလေးမြို့ပေါ်တွင်စာနယ်ဇင်ရှင်းလင်းပွဲပြု"

မန္တလေးတိုင်းစဥ့်ကူးမြို့နယ်ရေမျက်ကျေးရွာတွင်သဲဖုံးလွှမ်း၍အိမ်များပျက်စီးဆုံးရှုံးခဲ့ပြီ လူသေဆုံးမှုများဖြစ်ပွါးခဲ့သည်ဟုတိုင်းဒေသကြီးအစိုးရအဖွဲ့ညှိနှိုင်းဆောင်ရွက်မှုများမပြုလုပ်ပေးသောကြောင့် အောက်တိုဘာလကုန်တွင် ရေမျက်ကျေးရွာ၌ ဆန္ဒပြကာ ထိုင်သပိတ်ပြုလုပ်သွားမည်ဟုဒေသခံများက ပြောသည်။"ကျွန်တော်တို့ရွာကို အခုချိန်ထိဘာမှလုပ်မပေးဘူးဗျာ။အပြင်က ပရဟိတအသင်းတွေနဲ့လူမှုရေးအဖွဲ့တွေရဲ့ကူညီထောက်ပံ့မှုပဲရှိတယ်။အစိုးရကပေးတယ်ဆိုတဲ့မြေနေရာက ကျောက်ကုန်း တွင်းတောင်တူးလို့မရဘူး။ကိုယ်ချင်းစာတရားတော့ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့အစိုးရအနေနဲ့ရှိသင့်တယ်။အခုလိုဖြစ်သွားတာသဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တယ်ဆိုရင် ဖြေနိုင်တယ်။အခုဟာက လူ့ပယောဂ ကြောင့်ဖြစ်တယ်။ဒါကငြင်းလို့မရဘူး။အဲဒါကိုလည်း အရေးယူဆောင်ရွက်ပေးတာမရှိဘူး။ဒါကြောင့် ဆန္ဒပြမယ်။ထိုင်သပိတ်လုပ်မယ်။"ဟု ရေမျက်ကျေးရွာမှ ရပ်မိရပ်ဖ ဦးစိန်ထွန်း က ပြောသည်။
ရေမျက်ကျေးရွာတွင် စက်တင်ဘာလ ၁၈ ရက်မိုးရွာသွန်းမှုကြောင့် နေအိမ်၈၂ လုံးသဲဖုံးလွှမ်းပြီး နေအိမ် ၁၄ လုံးမျှောပါပျက်စီးခဲ့ပြီး လူသုံးဦးသေဆုံးကာ ယနေ့အချိန်ထိ တစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်သည်။ထိုသို့ဖြစ်ပွါးရခြင်းမှာ စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖေါ်နေသောကုမ္ပဏီများမှ ချောင်းနက်ချောင်းအားပိတ်ဆို့၍ ရေတားတမံများပြုလုပ်၍တူးဖေါ်ခဲ့ခြင်းကြောင့် ဖြစ်ပွါးခဲ့သည်ဟုဒေသခံများကဆိုသည်။"ဖြစ်စရာအကြောင်းမရှိဘူး။အရင်ကလည်းမဖြစ်ဘူးဘူး။အခုဖြစ်တာက စီးနေတဲ့ချောင်းကိုပိတ်လုပ်လို့ အခုလိုဖြစ်တာပဲ။ရေကလှောင်သလိုဖြစ်ပြီး မိုးများတော့ တားကျိုးပြီးအခုလိုဖြစ်သွားတာပဲ။ရေတားလုပ်စဉ်ကလည်းမလုပ်ဖို့သွားတားတယ်။မရဘူး။ဆက်လုပ်တယ်။တာဝန်ခံမှု တာဝန်ယူမှုမရှိတဲ့ကုမ္ပဏီတွေကိုလည်းအရေးယူဖို့တောင်းဆိုသွားမယ်။"ဟုကိုလွမ်းဝေကပြောသည်။တိုင်းဒေသကြီးအစိုးရအဖွဲ့အား ရွှေ့ပြောင်းစရိတ်လုံလောက်စွာပေးရန်၊လုံလောက်သောလူနေမှုအဆင့်အတန်းရှိသည့်နေရာသို့ ရွှေ့ပြောင်းပေးရန်၊ဆုံးရှုံးနစ်နာမှုများအတွက် ရွှေတူးဖေါ်နေသောကုမ္ပဏီများနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးရန်၊ရေတားတမံများပြုလုပ်ခဲ့သော လှမျိုးကျော် ကုမ္ပဏီနှင့်သိဒ္ဓိအောင်ရွှေမိုး ရွှေတူးဖေါ်ရေးကုမ္ပဏီများအားအရေးယူပိတ်ပေးရန်။
သဘာဝပက်ဝန်းကျင် ထိခိုတ်မှုရှိနိုင်သော
သတ္ထုတွင်းလုပ်ငန်းများအား နိုင်ငံတော်အစိုရမှ လုပ်ဆောင်ခွင့်ပေးရန်။
လူထုဘက်မှ ရပ်တည်မှုမရှိသော အုပ်ချုပ်
ရေးအာဏာပိုင်များအားဖယ်ရှားပေးရန်။
သေဆုံးသောကိုယ်ဝန်ဆောင် မခိုင်စိုးဝါ
အသက်(၂၂)နှစ် မောင်ပြည့်စုံဦး အသက်
(၂)နှစ် မရတနာစိုး အသက်(၇)နှစ်တို့ သေးဆုံးမှု အပေါ်တွင်လည်း
ကျန်ရစ်သူမိသားစုများအားစိတ်ကျေနပ်မှု
ရရှိအောင်အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန်
စသည်တို့တောင်းဆိုသွားမည်ဟုဒေသခံများကပြောသည်။
အခင်းဖြစ်ပွားသည့် ညကဘဲမောင်ပြည့်စုံဦး
အသတ် (၂)အလောင်ဘဲတွေရှိပြီး
မတရနာစိုးအသက်(၇)အလောင်ကတော့
တစ်ပက်နေပြီးမှသဲများဖုံးနေသောနေရာမှ
တွေရှိရပါတယ်
မခိုင်စိုးဝါကိုယ်ဝန်ဆောင်မိခင်အလောင်က
တော့ယနေ့အချိန်အထိမတွေရသေကြောင်းအိမ်ခြေ ၉၆ အိမ်အတည်ဒုက္ခရောက်နေတာကိုတောင်
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ရွှေကုမ္ပဏီများက
မိမိတို့လုပ်ငန်းမပြက်ဆက်လုပ်နေပြီး
သူတို့ကြောင့်ဖြစ်ခဲ့သော ဒီကျေးရွာကိုယနေ့ အချိန်အထိ မေးမြန်စုံစမ်းခြင်းမရှိတာတွေ
ပုဂ္ဂလိကစီးပွားသမားများဘက်မှရွှေကုမ္ပဏီ
တွေဘက်ကလိုက်နေသောမြို့နယ်အာဏာပိုင်များကိုကျွန်တော်ကျေးရွာနေပြည်သူများ
အားလုံးကမကျေနပ်ပါဘူးလိုကိုလွှမ်းဝေက
ပြေားသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဒေသခံများမှ အောက်တိုဘာ ၁၉ ရက် တွင်မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်
ရတနာပုံတက္ကသိုလ်လမ်းထိပ်ရှိ(F.N.I)ရုံး
တွင်
သတင်းစာရှင်းလင်းပွဲပြုလုပ်ထားသည်။


posted from Bloggeroid

No comments:

Post a Comment