မန္တလေး(၅)မြို့နယ်အတွင်းရှိခွေအငှားဆိုင်များအား နိုဝင်ဘာ(၃)ရက်မှစတင်ကာကွင်းဆင်းစစ်ဆေးအရေးယူမှုများဆောင်ရွက်သွားမည်မြန်မာဗီဒီယိုဇာတ်ကားဖွံ့ဖြိုးတိုးတက်ရေးအတွက် All MasterPlanစီမံချက်ကို ပြုလုပ်ဆောင်ရွက်ထားရှိရာ မန္တလေး(၅)မြို့နယ်အတွင်းရှိခွေအငှားဆိုင်များတွင် တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့ဗီစီဒီ/ဒီဗီဒီအချပ်များ ငှားရမ်းလုပ်ကိုင်ခြင်းမရှိစေရန်နှင့်လုပ်ငန်းလိုင်စင်မရှိဘဲဖွင့်လှစ်သည့်ဆိုင်များပပျောက်စေရန်ယခုနှစ်နိုဝင်ဘာ (၃)ရက်မှစတင်၍ကွင်းဆင်းစစ်ဆေးအရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ(၂၁)ရက် နေ့က ကျင်းပသည့် တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့၊စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီအစည်းအဝေးမှ သိရသည်။“ကျွန်တ်ာတို့တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့အနေနဲ့AllMasterPlanစီမံချက်ကို စတင်ဆောင်ရွက်နေပါတယ်။ဒီလိုဆောင်ရွက်ရာမှာစီမံချက်ကိုပထမ၊ ဒုတိယနဲ့ တတိယအဆင့်ဆိုပြီးသုံးပိုင်းခွဲပြီး လုပ်ဆောင်နေတာပါ။ပထမအဆင့်အနေနဲ့ မန္တလး (၅)မြို့နယ်မှာရှိတဲ့ လုပ်ငန်းလိုင်စင်ရရှိထားသောခွေအငှားဆိုင်တွေနဲ့ တရားမ၀င် ရောင်းချနေတဲ့ဈေးနဲ့လမ်းဘေးကပျံကျခွေအရောင်းဆိုင်တွေမှာမြန်မာဇာတ်ကားဆင်ဆာမဲ့ခိုးကူးခွေတွေမရှိ စေဖို့တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီကကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေတယ်။ ဒုတိယအဆင့်အနေနဲ့မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်(၂၈)မြို့နယ်ကို ဆက်လက်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမှာပါ။ တတိယအဆင့်မှာတော့တိုင်းဒေသကြီးအတွင်းမှာ အားလုံးပပျောက် သွားအောင်ဆောင်ရွက်မှာပါ။နောက်ပြီးMasterခွေတွေကို CDကနေ DVDတွေပြောင်းလဲထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ယခုနှစ် နိုဝင်ဘာလောက်မှာ DVDအနေနဲ့ဖြန့်ချိပေးသွားမှာပါ။”ဟုမန္တလေးတိုင်းဒေသကြီး ဗီဒီယိုအခြေခံ အဖွဲ့၊စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီဥက္ကဌဦးသိန်းရွှေကပြောသည်။“ခွေအငှားဆိုင်တွေ တိုးတက်ရေးနဲ့ ဆုတ်ယုတ်မှုမရှိစေဖို့အတွက်ကျွန်တော်တို့စည်းကမ်းထိန်းသိမ်းရေးကို ဖွဲ့စည်းခဲ့ပြီးလုပ်ငန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်။အဲဒီလိုလုပ်ဆောင်တဲ့အခါအပြင်ကလမ်းဘေးဈေးသည်တွေ၊တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့တွေကိုကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံးလိုက်လံရှင်းလင်းခဲ့ တယ်။ဒီလိုရှင်းလင်းတဲ့အကြောင်းကလည်းလိုင်စင်ရယူထားတဲ့ခွေအငှားဆိုင်တွေနစ်နာမှာစိုးလို့ အပြင်ကိုအရင်ရှင်းလင်းခြင်းဖြစ်ပါတယ်။ အဲဒီလိုရှင်းလင်းခဲ့လို့အခုချိန်မှာအထိုက်အလျှောက်လျှော့နည်းနေပါပြီ။ အခုအချိန်မှာ(၅)မြို့နယ်အတွင်းမှာဖွင့်လှစ်နေတဲ့ခွေအငှားဆိုင်တွေမှာတရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့ ဗီစီဒီ/ ဒီဗွီဒီအချပ်တွေငှားရမ်းလုပ်ကိုင်ခြင်းမရှိစေဖို့ကွင်းဆင်းစစ်ဆေးအရေးယူမှုတွေပြုလုပ်တော့မှာပါ။ ဒီလို လုပ်ခဲ့ ရင်လည်းတရားဝင်လိုင်စင်ရယူပြီးဖွင့်လှစ်နေတဲ့ခွေအငှားဆိုင်တွေကိုကြိုတင်အသိပေးပြီးမှဆောင်ရွက်သွားမှာ ပါ။ ဒီလိုကွင်းဆင်းဆောင်ရွက်ရာမှာ ကျွန်တော်တို့နဲ့အတူခရိုင်ရဲတပ်ဖွဲ့နဲ့အတူပူးပေါင်းဆောင်ရွက်သွားမှာပါ။ နောက်ပြီးအပြင်ကလမ်းဘေးဈေးသည်တွေ၊တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့အခွေတွေရောင်းနေချနေကြောင်းသိရှိခဲ့လျှင်အကြောင်းကြားတိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့မြန်မာဗီဒီယိုဇာတ်ကားဖွံ့ဖြိုးတိုးတက်ဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်သွားမှာပါ။”ဟုစည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီအတွင်းရေးမှူးကပြောသည်။“ကျွန်တော်တို့ဖြန့်ချိရေးအနေနဲ့ တစ်ရက်ကို သုံးကားနှုန်းနဲ့တစ်လကိုခွေ(၆၀)ကနေ (၈၀)အထိဖြန့်ပေးပါတယ်။ အခွေတစ်ခွေရဲ့ဈေးနှုန်းကနာမည်ကြီးမင်းသားပေါ်မူတည်ပြီး ဈေးကအတိအကျမရှိဘူး။အနည်းဆုံး(၂၀၀၀)ကနေအများဆုံး(၃၅၀၀)ထိရှိတယ်။ အခုချိန်မှာဖြန့်ချိမှုအပိုင်းကအရင်နှစ်တွေလောက် ဖြန့်ချိမှုအားက မကောင်း တော့ဘူးကျဆင်းနေတယ်။ဒီလိုကျဆင်းနေတဲ့အကြောင်းက ရုပ်သံလိုင်းတွေတိုးပွားလာမှုရယ်၊အခြေခံလူတန်းစားတွေ စီးပွားရေးကျဆင်းနေမှုရယ်၊ဆင်ဆာမဲ့ခိုးကူးမှုတွေရယ်ကြောင့်ဖြစ်ပါတယ်။”ဟုမန္တလေးတိုင်းဒေသကြီး ဗီဒီယိုအခြေခံအဖွဲ့မှ စည်းရုံးရေးမှူးက ပြောသည်။မန္တလေး(၅)မြို့နယ်အတွင်းတွင် ယခင်ကလုပ်ငန်းလိုင်စင်ဖြင့်ဖွင့်လှစ်ထားသောခွေအငှားဆိုင်ပေါင်း(၅၀၀) ကျော်ရှိခဲ့ပြီး ယခုအချိန်တွင်ဆိုင်ပေါင်း(၄၀၀)ကျော်သာရှိတော့သည့်အတွက် ခွေအငှားဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ကြိုတင်အကြောင်းကြားမှုများဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည်။မန္တလေး(၅)မြို့နယ်ဖြစ်သော အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ချမ်းမြသာစည်နှင့် ပြည်ကြီး တံခွန်မြို့နယ်တို့တွင်ရှိသည့်ခွေအငှားဆိုင်များအား နိုဝင်ဘာ(၃)ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီအနေဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးအရေးယူမှုများဆောင်ရွက်သွားမည်ဖြစ်ရာ တရားမ၀င်လိုင်စင်မဲ့၊ဆင်ဆာမဲ့ဗီစီဒီ/ဒီဗွီဒီအချပ်များ စစ်ဆေးတွေ့ရှိ ပါက ပြစ်မှုဆိုင်ရာဥပဒေအရပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။


posted from Bloggeroid
No comments:
Post a Comment